Golden City Promotion
×

ေတးစီးရီးေပါင္း ၁၉၀ ေက်ာ္ျဖင့္ တစ္ေခတ္တစ္ခါက ေအာင္ျမင္ေက်ာ္ခဲ့ေသာ အဆိုေတာ္ ေမရြက္ဝါက တက္သစ္စ လူငယ္ေတးသံရွင္မ်ားအေနနဲ႔ ဝါရင္းအႏုပညာရွင္မ်ားကို ေလးစားဂါရဝထားဖို႔ လိုေၾကာင္း သတိေပးလိုက္ပါတယ္။

ယခုအခါ အသက္ ၅၄ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေမရြက္ဝါက သူမရဲ့ ေအာင္ျမင္ခဲ့တဲ့ သီခ်င္းမ်ားကို တက္သစ္စအႏုပညာရွင္မ်ားက အႀကိမ္ႀကိမ္ ျပန္လည္သီဆိုေနၾကသည္ကို ေတြ႕ျမင္ၾကရေၾကာင္း ေျပာျပပါတယ္။
သူတို႔ေခတ္က ပင္ကိုယ္အသံကိုပဲ အဓိကအားကိုးခဲ့ရၿပီး အေကာင္းဆုံးသီဆိုခဲ့ရေၾကာင္း၊ မွားသြားတဲ့အခါ အစ/အဆုံး ျပန္လည္တီးခတ္ သီဆိုရသည့္အတြက္ တန္ဖိုးလည္း ပို၍ ထားျဖစ္ေၾကာင္း ေျပာပါတယ္။ ယေန႔ေခတ္မွာေတာ့ နည္းပညာ တိုးတက္ထြန္းကာလာသည့္အတြက္ နည္းနည္းႀကိဳးစားရင္ မ်ားမ်ားျဖစ္ထြန္းဖို႔ အလားအလာရွိတဲ့ အခ်ိန္ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ျပန္ဆိုေတးေတြအေပၚမွာေတာ့ ေပါ့တယ္လို႔ ခံစားေၾကာင္း သုံးသပ္ပါတယ္။

တက္သစ္စ အဆိုရွင္မ်ားနဲ႔ ပက္သက္ၿပီး အခ်ိဳ႕က သီခ်င္းေခြေတာင္ မထြက္ရေသးဘူး၊ သီခ်င္းဆိုၿပိဳင္ပြဲက ေတာ့ပ္တန္းဝင္ကာစရွိေသးတယ္ ဝါရင့္အႏုပညာရွင္ႀကီးမ်ားနဲ႔ ဆုံတဲ့အခါ ႏွုတ္ဆက္ဖို႔ ေနေနသာသာ ေနရာေတာင္မေပးခ်င္ၾကဘူးလို႔ဆိုပါတယ္။ ဒါ့အျပင္ အန္တီက သမီးကို မသိဘူးလားလို႔ ျပန္ေမးတာေတာင္ခံခဲ့ရေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဒါေၾကာင့္မို႔ တက္သစ္စမ်ားအေနနဲ႔ နယ္ပယ္တစ္ခုကို ဝင္ေတာ့မယ္ဆိုရင္ အဲဒီနယ္ပယ္က လူပုဂၢိဳလ္ေတြရဲ့ ျဖတ္သန္းလာခဲ့တဲ့ သမိုင္းေၾကာင္းနဲ႔ ေခတ္ၿပိဳင္ေတြကို သိထားဖို႔လိုၿပီး ဝါရင္အႏုပညာရွင္မ်ားအေပၚ ဂါရဝတရားနဲ႔ ေလးေလးစားစား ဆက္ဆံတတ္ဖို႔ တိုက္တြန္းလိုက္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ကိုးကား - ျမန္မာ့အလင္း
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#
တေးစီးရီးပေါင်း ၁၉၀ ကျော်ဖြင့် တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ခဲ့သော အဆိုတော် မေရွက်ဝါက တက်သစ်စ လူငယ်တေးသံရှင်များအနေနဲ့ ဝါရင်းအနုပညာရှင်များကို လေးစားဂါရဝထားဖို့ လိုကြောင်း သတိပေးလိုက်ပါတယ်။

ယခုအခါ အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မေရွက်ဝါက သူမရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းများကို တက်သစ်စအနုပညာရှင်များက အကြိမ်ကြိမ် ပြန်လည်သီဆိုနေကြသည်ကို တွေ့မြင်ကြရကြောင်း ပြောပြပါတယ်။
သူတို့ခေတ်က ပင်ကိုယ်အသံကိုပဲ အဓိကအားကိုးခဲ့ရပြီး အကောင်းဆုံးသီဆိုခဲ့ရကြောင်း၊ မှားသွားတဲ့အခါ အစ/အဆုံး ပြန်လည်တီးခတ် သီဆိုရသည့်အတွက် တန်ဖိုးလည်း ပို၍ ထားဖြစ်ကြောင်း ပြောပါတယ်။ ယနေ့ခေတ်မှာတော့ နည်းပညာ တိုးတက်ထွန်းကာလာသည့်အတွက် နည်းနည်းကြိုးစားရင် များများဖြစ်ထွန်းဖို့ အလားအလာရှိတဲ့ အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြန်ဆိုတေးတွေအပေါ်မှာတော့ ပေါ့တယ်လို့ ခံစားကြောင်း သုံးသပ်ပါတယ်။

တက်သစ်စ အဆိုရှင်များနဲ့ ပက်သက်ပြီး အချို့က သီချင်းခွေတောင် မထွက်ရသေးဘူး၊ သီချင်းဆိုပြိုင်ပွဲက တော့ပ်တန်းဝင်ကာစရှိသေးတယ် ဝါရင့်အနုပညာရှင်ကြီးများနဲ့ ဆုံတဲ့အခါ နှုတ်ဆက်ဖို့ နေနေသာသာ နေရာတောင်မပေးချင်ကြဘူးလို့ဆိုပါတယ်။ ဒါ့အပြင် အန်တီက သမီးကို မသိဘူးလားလို့ ပြန်မေးတာတောင်ခံခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါကြောင့်မို့ တက်သစ်စများအနေနဲ့ နယ်ပယ်တစ်ခုကို ဝင်တော့မယ်ဆိုရင် အဲဒီနယ်ပယ်က လူပုဂ္ဂိုလ်တွေရဲ့ ဖြတ်သန်းလာခဲ့တဲ့ သမိုင်းကြောင်းနဲ့ ခေတ်ပြိုင်တွေကို သိထားဖို့လိုပြီး ဝါရင်အနုပညာရှင်များအပေါ် ဂါရဝတရားနဲ့ လေးလေးစားစား ဆက်ဆံတတ်ဖို့ တိုက်တွန်းလိုက်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကိုးကား - မြန်မာ့အလင်း

ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top