ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

အမ်ိဳးသားေရး စိတ္ပါဝင္စား သူ အကယ္ဒမီ ေနေအာင္ က ရခိုင္ျပည္နယ္ တြင္ အျပစ္မဲ့ျပည္သူမ်ား အၾကမ္းဖက္ ခံေနရတာနဲ႔ ပက္သက္ၿပီး မခံခ်င္စိတ္ ျပင္းထန္စြာ ေျပာဆိုထားေသာ ဗီြဒီယိုဖိုင္ တစ္ခု ထြက္ေပၚလာသည္။

(စက္တင္ဘာလ ၁၃ရက္) တြင္ Oasis Journal ေဖ့စ္ဘြက္ စာမ်က္ႏွာ ကေန မင္းသား ေနေအာင္ ကို အင္တာဗ်ဴးၿပီး တင္လိုက္တာျဖစ္ပါတယ္။ ယင္း ဗီြဒီိယိုဖိုင္ ဟာ ခ်က္ခ်င္းျပန္႔ႏွ႔ံသြားၿပီး လူစိတ္ဝင္စားမႈမ်ားျပားခဲ့သည္။

၃ နာရီအတြင္း Like လုပ္သူ ၂ေသာင္းခန္႔ႏွင့္၊ ျပန္လည္မွ်ေဝသူေပါင္း ၃ေသာင္း၊ ၅ေထာင္ေက်ာ္ရွိသြားတာျဖစ္ပါတယ္။ ဦးေနေအာင္ ေျပာဆိုခ်က္ဟာ

စိတ္ဝင္စားဖြယ္ ေကာင္းၿပီး ျပန္လည္မွတ္ခ်က္ေပးသူမ်ားလည္း ၂ေထာင္ေက်ာ္ထိ ရွိခဲ့သည္။

အကယ္ဒမီ ေနေအာင္ က ျမန္မာႏိုင္ငံ အတြက္ အေနာက္တံခါးပဲျဖစ္ျဖစ္၊ အေရွ႕ပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ႏိုင္ငံကို ထိတာကို မခံႏိုင္ေၾကာင္း ေျပာသည္။ ရခိုင္ျပည္နယ္ မွာက တစ္ႀကိမ္လည္း မဟုတ္ဘူး၊ ႏွစ္ႀကိမ္လည္းမဟုတ္ဘူး ျဖစ္ေနတာကို ေနေအာင္ က မခံလိုစိတ္ အင္မတန္ ျပင္းျပေနတာကို ေတြ႕ရသည္။ အထိလည္းမခံႏိုင္ဘူး၊ အပိလည္း မခံႏိုင္ဘူးဟု ေျပာသည္။

‘’ကၽြန္ေတာ္ နဲ႔သိတဲ့ သူေဌးႀကီး ေတြ၊ စီးပြားေရး လုပ္ငန္းရွင္ ေတြကို အလွဴေငြ ေတြ တအားထည့္ခိုင္းမယ္၊ ကၽြန္ေတာ္လည္း တက္ႏိုင္သေလာက္ ထည့္မယ္’’ ဟုေျပာသည္။
‘’ဘယ္သူကမွ ကၽြန္ေတာ့္ ကို လုပ္ပါလို႔လည္း ခိုင္းတာမဟုတ္ဘူး။ လာၿပီး အမိန္႔ နဲ႔ခိုင္းလို႔မရဘူး။ ကၽြန္ေတာ့္ ဟာ ကၽြန္ေတာ္ ေအးေဆးေနတဲ့ေကာင္။ သို႔ေသာ္ တိုင္းျပည္ ရဲ့အေရးက ႏိုင္ငံသူႏိုင္ငံသားတိုင္းမွာ တာဝန္ရွိတယ္’’ ဟုေျပာသည္။

အကယ္ဒမီ ဦး ေနေအာင္ က ယခုခ်ိန္ထိ ဖုန္း အသံုးမျပဳ(ေဖ့စ္ဘြက္အသံုးမျပဳ) ဟု သိရသည္။ ‘’ကၽြန္ေတာ္တို႔ႏိုင္ငံေတာ့ အထိမခံႏိုင္ဘူး။ ကၽြန္ေတာ္ လက္ႏွစ္ဖက္ ေျခႏွစ္ဖက္ သန္ေနတဲ့ေကာင္ပါ။ လက္နက္ သာ ေပးပါ။ တိုက္မယ္’’ ဟု ေျပာဆိုသည္။ ‘’ဘာ ကုလသမဂၢလဲ ခ်မွာ’’ ဟု ေပါက္ကဲြကာ ေျပာဆိုလိုက္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: PannPwint

#Unicode Version#
အမျိုးသားရေး စိတ်ပါဝင်စား သူ အကယ်ဒမီ နေအောင် က ရခိုင်ပြည်နယ် တွင် အပြစ်မဲ့ပြည်သူများ အကြမ်းဖက် ခံနေရတာနဲ့ ပက်သက်ပြီး မခံချင်စိတ် ပြင်းထန်စွာ ပြောဆိုထားသော ဗွီဒီယိုဖိုင် တစ်ခု ထွက်ပေါ်လာသည်။

(စက်တင်ဘာလ ၁၃ရက်) တွင် Oasis Journal ဖေ့စ်ဘွက် စာမျက်နှာ ကနေ မင်းသား နေအောင် ကို အင်တာဗျူးပြီး တင်လိုက်တာဖြစ်ပါတယ်။ ယင်း ဗွီဒီယိုဖိုင် ဟာ ချက်ချင်းပြန့်နှံ့သွားပြီး လူစိတ်ဝင်စားမှုများပြားခဲ့သည်။

၃ နာရီအတွင်း Like လုပ်သူ ၂သောင်းခန့်နှင့်၊ ပြန်လည်မျှဝေသူပေါင်း ၃သောင်း၊ ၅ထောင်ကျော်ရှိသွားတာဖြစ်ပါတယ်။ ဦးနေအောင် ပြောဆိုချက်ဟာ

စိတ်ဝင်စားဖွယ် ကောင်းပြီး ပြန်လည်မှတ်ချက်ပေးသူများလည်း ၂ထောင်ကျော်ထိ ရှိခဲ့သည်။

အကယ်ဒမီ နေအောင် က မြန်မာနိုင်ငံ အတွက် အနောက်တံခါးပဲဖြစ်ဖြစ်၊ အရှေ့ပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံကို ထိတာကို မခံနိုင်ကြောင်း ပြောသည်။ ရခိုင်ပြည်နယ် မှာက တစ်ကြိမ်လည်း မဟုတ်ဘူး၊ နှစ်ကြိမ်လည်းမဟုတ်ဘူး ဖြစ်နေတာကို နေအောင် က မခံလိုစိတ် အင်မတန် ပြင်းပြနေတာကို တွေ့ရသည်။ အထိလည်းမခံနိုင်ဘူး၊ အပိလည်း မခံနိုင်ဘူးဟု ပြောသည်။

‘’ကျွန်တော် နဲ့သိတဲ့ သူဌေးကြီး တွေ၊ စီးပွားရေး လုပ်ငန်းရှင် တွေကို အလှူငွေ တွေ တအားထည့်ခိုင်းမယ်၊ ကျွန်တော်လည်း တက်နိုင်သလောက် ထည့်မယ်’’ ဟုပြောသည်။
‘’ဘယ်သူကမှ ကျွန်တော့် ကို လုပ်ပါလို့လည်း ခိုင်းတာမဟုတ်ဘူး။ လာပြီး အမိန့် နဲ့ခိုင်းလို့မရဘူး။ ကျွန်တော့် ဟာ ကျွန်တော် အေးဆေးနေတဲ့ကောင်။ သို့သော် တိုင်းပြည် ရဲ့အရေးက နိုင်ငံသူနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်’’ ဟုပြောသည်။

အကယ်ဒမီ ဦး နေအောင် က ယခုချိန်ထိ ဖုန်း အသုံးမပြု(ဖေ့စ်ဘွက်အသုံးမပြု) ဟု သိရသည်။ ‘’ကျွန်တော်တို့နိုင်ငံတော့ အထိမခံနိုင်ဘူး။ ကျွန်တော် လက်နှစ်ဖက် ခြေနှစ်ဖက် သန်နေတဲ့ကောင်ပါ။ လက်နက် သာ ပေးပါ။ တိုက်မယ်’’ ဟု ပြောဆိုသည်။ ‘’ဘာ ကုလသမဂ္ဂလဲ ချမှာ’’ ဟု ပေါက်ကွဲကာ ပြောဆိုလိုက်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: PannPwint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top