Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စမတ္ဖုန္းကို အသံုးျပဳတဲ့ ပံုစံမမွန္ရင္ က်ီးေပါင္းတက္တာ၊ ခါးရိုးထိခိုက္တာနဲ႔ တျခား ကိုယ္တြင္း အဂၤါေတြကိုလည္း ထိခိုက္ႏိုင္ပါတယ္။

လူေတာ္ေတာ္မ်ားမ်ားက တစ္ေန႔ကို စမတ္ဖုန္း ၄ နာရီေလာက္အသံုးျပဳၾကၿပီး အသံုးျပဳတဲ့ ကိုယ္ဟန္အေနအထားေတြလည္း မမွန္ၾကပါဘူး။

၃၀ဒီဂရီေလာက္ ေခါင္းငုံ႔ၿပီး စမတ္ဖုန္းသံုးရင္ ေက်ာရုိးေပၚကို ၃၅ ေပါင္ေလာက္အေလးခ်ိန္ ပိုသက္ေရာက္ေစၿပီး အဆုတ္နဲ႔ တျခား အဂၤါအစိတ္အပိုင္းေတြကို ထိခိုက္ေစပါတယ္။

၆၀ ဒီဂရီေလာက္ ေခါင္းငုံ႔ၿပီး စမတ္ဖုန္းသံုးရင္ ေက်ာရုိးေပၚကို ေပါင္ ၆၀ ေလာက္အေလးခ်ိန္ ပိုသက္ေရာက္ေစၿပီး ခါးရိုးနဲ႔ ဇက္ေၾကာတက္ေရာဂါေတြျဖစ္လာႏိုင္ပါတယ္။

အရင္ကဆိုရင္ ခါးနဲ႔ပတ္သက္တဲ့ ေရာဂါေတြက လူႀကီးေတြမွာဘဲျဖစ္တာမ်ားေပမယ့္ အခုေနာက္ပိုင္း လူငယ္ေတြမွာလည္းျဖစ္လာၾကပါတယ္။ ဒါေတြက စမတ္ဖုန္းအသံုးျပဳပံု နည္းလမ္းမမွန္တာနဲ႔လည္း သက္ဆိုင္ေနပါတယ္။

ဘယ္လိုပံုစံမ်ိဳးနဲ႔ သံုးမလဲ

ေခါင္းမငု႔ံဘဲနဲ႔ ဇက္မငု႔ံဘဲနဲ႔ မ်က္လံုးကိုဘဲ ေအာက္ဆိုက္ၿပီးၾကည့္တဲ့ ပံုစံနဲ႔ သံုးသင့္ပါတယ္။

ဇက္ေၾကာတက္၊ ခါးရိုး၊ က်ီးေပါင္းစတဲ့ ျပႆနာေတြကေန ကင္းေ၀းေစဖို႔

• ေခါင္းကို ညာဘက္၊ဘယ္ဘက္ ျဖည္းညွင္းစြာ ေရႊ႕ ၿပီး ေလ့က်င့္ခန္း လုပ္ေပးပါ။ ေခါင္းေလ့က်င့္ခန္း လုပ္ေပးပါ။
• ပခံုး၊ ဇက္ နဲ႔ ေနာက္ေက်ာ မွာရွိတဲ့ ၾကြက္သားေတြကို ႏွိပ္နယ္ေပးပါ။
• အသက္ရွဴေလ့က်င့္ခန္း လုပ္ေပးပါ။ ဒါဆိုရင္ ေညာင္းေနတဲ့ ၾကြက္သားေတြကို ဆန္႔ၿပီးသားျဖစ္သြားပါလိမ့္မယ္။
• စမတ္ဖုန္း အသံုးျပဳတာ ၁၀ မိနစ္ထက္ၾကာသြားၿပီဆိုရင္ ေမးေစ့ကို ရင္ဘတ္နဲ႔ ထိေအာင္ေလ့က်င့္ခန္းလုပ္ပါ။ ေက်ာကို အတြင္းပိုင္းကို က်ံဳ႕လိုက္ပါ။
• စမတ္ဖုန္းသံုးတိုင္း ပံုစံမွန္မွန္နဲ႔ သံုးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mytechmyanmar

# Unicode Version #
စမတ်ဖုန်းကို အသုံးပြုတဲ့ ပုံစံမမှန်ရင် ကျီးပေါင်းတက်တာ၊ ခါးရိုးထိခိုက်တာနဲ့ တခြား ကိုယ်တွင်း အင်္ဂါတွေကိုလည်း ထိခိုက်နိုင်ပါတယ်။

လူတော်တော်များများက တစ်နေ့ကို စမတ်ဖုန်း ၄ နာရီလောက်အသုံးပြုကြပြီး အသုံးပြုတဲ့ ကိုယ်ဟန်အနေအထားတွေလည်း မမှန်ကြပါဘူး။

၃၀ဒီဂရီလောက် ခေါင်းငုံ့ပြီး စမတ်ဖုန်းသုံးရင် ကျောရိုးပေါ်ကို ၃၅ ပေါင်လောက်အလေးချိန် ပိုသက်ရောက်စေပြီး အဆုတ်နဲ့ တခြား အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။

၆၀ ဒီဂရီလောက် ခေါင်းငုံ့ပြီး စမတ်ဖုန်းသုံးရင် ကျောရိုးပေါ်ကို ပေါင် ၆၀ လောက်အလေးချိန် ပိုသက်ရောက်စေပြီး ခါးရိုးနဲ့ ဇက်ကြောတက်ရောဂါတွေဖြစ်လာနိုင်ပါတယ်။

အရင်ကဆိုရင် ခါးနဲ့ပတ်သက်တဲ့ ရောဂါတွေက လူကြီးတွေမှာဘဲဖြစ်တာများပေမယ့် အခုနောက်ပိုင်း လူငယ်တွေမှာလည်းဖြစ်လာကြပါတယ်။ ဒါတွေက စမတ်ဖုန်းအသုံးပြုပုံ နည်းလမ်းမမှန်တာနဲ့လည်း သက်ဆိုင်နေပါတယ်။

ဘယ်လိုပုံစံမျိုးနဲ့ သုံးမလဲ

ခေါင်းမငုံ့ဘဲနဲ့ ဇက်မငုံ့ဘဲနဲ့ မျက်လုံးကိုဘဲ အောက်ဆိုက်ပြီးကြည့်တဲ့ ပုံစံနဲ့ သုံးသင့်ပါတယ်။

ဇက်ကြောတက်၊ ခါးရိုး၊ ကျီးပေါင်းစတဲ့ ပြဿနာတွေကနေ ကင်းဝေးစေဖို့

• ခေါင်းကို ညာဘက်၊ဘယ်ဘက် ဖြည်းညှင်းစွာ ရွှေ့ ပြီး လေ့ကျင့်ခန်း လုပ်ပေးပါ။ ခေါင်းလေ့ကျင့်ခန်း လုပ်ပေးပါ။
• ပခုံး၊ ဇက် နဲ့ နောက်ကျော မှာရှိတဲ့ ကြွက်သားတွေကို နှိပ်နယ်ပေးပါ။
• အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးပါ။ ဒါဆိုရင် ညောင်းနေတဲ့ ကြွက်သားတွေကို ဆန့်ပြီးသားဖြစ်သွားပါလိမ့်မယ်။
• စမတ်ဖုန်း အသုံးပြုတာ ၁၀ မိနစ်ထက်ကြာသွားပြီဆိုရင် မေးစေ့ကို ရင်ဘတ်နဲ့ ထိအောင်လေ့ကျင့်ခန်းလုပ်ပါ။ ကျောကို အတွင်းပိုင်းကို ကျုံ့လိုက်ပါ။
• စမတ်ဖုန်းသုံးတိုင်း ပုံစံမှန်မှန်နဲ့ သုံးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Mytechmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top