ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဘဝႀကီးက ျပသနာေပါင္း ေသာင္းေျခာက္ေထာင္နဲ႔ပါ။ မိသားစုျပသနာ၊ေဆြမ်ိဴးျပသနာ၊သူငယ္ခ်င္းျပသနာ၊အလုပ္ျပသနာနဲ႔ မ်ိဴးစံုပါဘဲ။

ျပသနာျဖစ္တိုင္းသာ စိတ္ညစ္ရမယ္ဆို ဘဝမွာ ေပ်ာ္စရာအခ်ိန္ေတြ အေတာ္နည္းပါးေနလိမ့္မယ္။ စိတ္မညစ္ဘဲ ျပသနာတစ္ခုကို ဘယ္လိုရင္ဆိုင္ေျဖရွင္းရမလဲဆိုတာ ဒီအခ်က္ေတြက ကူညီေပးပါလိမ့္မယ္။

၁။
အရင္ဆံုးေျပာခ်င္တာက တစ္ေယာက္နဲ႔တစ္ေယာက္ အထိနာေစမယ့္ စကားေတြ ဒဏ္ရာက်န္ေစမယ့္စကားမေျပာဖို႔ပါ။ ျပသနာေတြကို ေရွာင္လႊဲလို႔မရေပမယ့္ ျပသနာျဖစ္တိုင္း မေျပာသင့္တဲ့စကားေတြေျပာၾကမယ္ဆို ၾကာလာေလ သင့္ relationsip ပ်က္စီးလာေလေလ ျဖစ္လိမ့္မယ္။

၂။
ျပသနာကို ထိပ္တိုက္ေျဖရွင္းပါ။ အတြဲေတြေတာ္ေတာ္မ်ားမ်ား ရင္တြင္းခံစားခ်က္ေတြကို သူမ်ားေတြကိုပဲ ရင္ဖြင့္ၾကတယ္။ တိုင္ပင္ၾကတယ္။ အဲ့ဒီမွာဘာေတြျဖစ္လာလဲဆိုေတာ့ ကိုယ္မေက်နပ္တာေတြကို ကိုယ့္ခ်စ္သူမသိေတာ့ဘူး။ မသိေတာ့ သူမေျဖရွင္းေပးႏိုင္ဘူး။

အၾကံေပးတဲ့သူကလဲ တစ္ယူသန္သမား အဆိုးျမင္ဝါဒီရွိတဲ့သူဆိုရင္ သြားၿပီ။ ဒီလိုဆိုျပသနာအေသးေလးကေန လမ္းခြဲရတဲ့အဆင့္ထိျဖစ္လာႏိုင္တယ္။ ဒါေၾကာင့္ ျပသနာျဖစ္လာၿပီဆို ၂ေယာက္ဒဲ့ရွင္းပါ။ ကိုယ္ျဖစ္ေနတာေတြ မေက်နပ္တာေတြ ေျပာၿပီးညႇိၾကပါ။

၃။
တစ္ေယာက္နဲ႔တစ္ေယာက္ ေက်နပ္သည္အထိ ညႇိႏွိုင္းမႈေတြလုပ္
ၾကပါ။ ေလၽွာ့ေပးသင့္တာေတြ ေလၽွာ့ေပးတတ္ပါေစ။ ခြင့္လြတ္သင့္တဲ့ကိစၥဆို ခြင့္လြတ္ပါ။ ခြင့္မလြတ္သင့္တဲ့ကိစၥကို သင္ခြင့္မလြတ္ႏိုင္ဘူးဆိုရင္ စြန္႔လြတ္လိုက္ပါ။

၄။
မာနထားတာေတြ ေခ်တာေတြမလုပ္သင့္ပါဘူး။ခ်စ္သူဆိုတာ အရင္းနီးဆံုးသူစိမ္းပါ။ သင္မာနေတြထားစရာမလိုပါဘူး။ ခ်စ္သူေတြၾကားမွာ မာနဆိုတာ ဘာမွသံုးစားလို႔မရတဲ့အျပင္ သင္တို႔ၾကားမွာ အတားအဆီးတစ္ခုလို ျဖစ္ေနပါလိမ့္မယ္။

၅။
ျပသနာတစ္ခုကို အခ်ိန္အၾကာႀကီးမျဖစ္ပါေစနဲ႔။ ျပသနာျဖစ္ၿပီဆိုတာနဲ႔ ခ်က္ခ်င္းေျဖရွင္းၾက ညႇိၾကပါ။ ရက္ေတြၾကာလာၿပီဆို ရင္ထဲမေက်နပ္တာေတြက ပိုႀကီးမားလာႏိုင္ၿပီး ေသြးေအးသြားႏိုင္ပါတယ္။

၆။
မိန္းကေလးေတြအေခ်ာ့ႀကိဳက္သလို ေယာက်ာ္းေလးေတြလဲ ထိုနည္းတူပါဘဲ။ သူေခ်ာ့တာကိုယ္ေစာင့္ ကိုယ္ေခ်ာ့တာသူေစာင့္နဲ႔ အခ်ိန္ေတြအၾကာႀကီး ခြဲမေနၾကပါနဲ႔။ ႏြားကြဲရင္ က်ားဆြဲလိမ့္မယ္။ ေစာင့္ေနၾကတဲ့ ၾကာကူလီေတြ စႏိုက္ေၾကာ္ေတြရွိတယ္ေနာ့။

ခ်စ္သူစံုေတြတိုင္း အဆင္မေျပတဲ့အခ်ိန္ထက္ ၾကည္ႏူးတဲ့အခ်ိန္မ်ားမ်ား ပိုင္ဆိုင္ႏိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mini Eiz ( Love Shop )

#Unicode Version#
ဘဝကြီးက ပြသနာပေါင်း သောင်းခြောက်ထောင်နဲ့ပါ။ မိသားစုပြသနာ၊ဆွေမျိူးပြသနာ၊သူငယ်ချင်းပြသနာ၊အလုပ်ပြသနာနဲ့ မျိူးစုံပါဘဲ။

ပြသနာဖြစ်တိုင်းသာ စိတ်ညစ်ရမယ်ဆို ဘဝမှာ ပျော်စရာအချိန်တွေ အတော်နည်းပါးနေလိမ့်မယ်။ စိတ်မညစ်ဘဲ ပြသနာတစ်ခုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ဒီအချက်တွေက ကူညီပေးပါလိမ့်မယ်။

၁။
အရင်ဆုံးပြောချင်တာက တစ်ယောက်နဲ့တစ်ယောက် အထိနာစေမယ့် စကားတွေ ဒဏ်ရာကျန်စေမယ့်စကားမပြောဖို့ပါ။ ပြသနာတွေကို ရှောင်လွှဲလို့မရပေမယ့် ပြသနာဖြစ်တိုင်း မပြောသင့်တဲ့စကားတွေပြောကြမယ်ဆို ကြာလာလေ သင့် relationsip ပျက်စီးလာလေလေ ဖြစ်လိမ့်မယ်။

၂။
ပြသနာကို ထိပ်တိုက်ဖြေရှင်းပါ။ အတွဲတွေတော်တော်များများ ရင်တွင်းခံစားချက်တွေကို သူများတွေကိုပဲ ရင်ဖွင့်ကြတယ်။ တိုင်ပင်ကြတယ်။ အဲ့ဒီမှာဘာတွေဖြစ်လာလဲဆိုတော့ ကိုယ်မကျေနပ်တာတွေကို ကိုယ့်ချစ်သူမသိတော့ဘူး။ မသိတော့ သူမဖြေရှင်းပေးနိုင်ဘူး။

အကြံပေးတဲ့သူကလဲ တစ်ယူသန်သမား အဆိုးမြင်ဝါဒီရှိတဲ့သူဆိုရင် သွားပြီ။ ဒီလိုဆိုပြသနာအသေးလေးကနေ လမ်းခွဲရတဲ့အဆင့်ထိဖြစ်လာနိုင်တယ်။ ဒါကြောင့် ပြသနာဖြစ်လာပြီဆို ၂ယောက်ဒဲ့ရှင်းပါ။ ကိုယ်ဖြစ်နေတာတွေ မကျေနပ်တာတွေ ပြောပြီးညှိကြပါ။

၃။
တစ်ယောက်နဲ့တစ်ယောက် ကျေနပ်သည်အထိ ညှိနှိုင်းမှုတွေလုပ်
ကြပါ။ လျှော့ပေးသင့်တာတွေ လျှော့ပေးတတ်ပါစေ။ ခွင့်လွတ်သင့်တဲ့ကိစ္စဆို ခွင့်လွတ်ပါ။ ခွင့်မလွတ်သင့်တဲ့ကိစ္စကို သင်ခွင့်မလွတ်နိုင်ဘူးဆိုရင် စွန့်လွတ်လိုက်ပါ။

၄။
မာနထားတာတွေ ချေတာတွေမလုပ်သင့်ပါဘူး။ချစ်သူဆိုတာ အရင်းနီးဆုံးသူစိမ်းပါ။ သင်မာနတွေထားစရာမလိုပါဘူး။ ချစ်သူတွေကြားမှာ မာနဆိုတာ ဘာမှသုံးစားလို့မရတဲ့အပြင် သင်တို့ကြားမှာ အတားအဆီးတစ်ခုလို ဖြစ်နေပါလိမ့်မယ်။

၅။
ပြသနာတစ်ခုကို အချိန်အကြာကြီးမဖြစ်ပါစေနဲ့။ ပြသနာဖြစ်ပြီဆိုတာနဲ့ ချက်ချင်းဖြေရှင်းကြ ညှိကြပါ။ ရက်တွေကြာလာပြီဆို ရင်ထဲမကျေနပ်တာတွေက ပိုကြီးမားလာနိုင်ပြီး သွေးအေးသွားနိုင်ပါတယ်။

၆။
မိန်းကလေးတွေအချော့ကြိုက်သလို ယောကျာ်းလေးတွေလဲ ထိုနည်းတူပါဘဲ။ သူချော့တာကိုယ်စောင့် ကိုယ်ချော့တာသူစောင့်နဲ့ အချိန်တွေအကြာကြီး ခွဲမနေကြပါနဲ့။ နွားကွဲရင် ကျားဆွဲလိမ့်မယ်။ စောင့်နေကြတဲ့ ကြာကူလီတွေ စနိုက်ကြော်တွေရှိတယ်နော့။

ချစ်သူစုံတွေတိုင်း အဆင်မပြေတဲ့အချိန်ထက် ကြည်နူးတဲ့အချိန်များများ ပိုင်ဆိုင်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Mini Eiz ( Love Shop )


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top