ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

(သိပ္အဓိပၸါယ္႐ွိတဲ့ ပုံျပင္ေလးတပုဒ္ ပါ )

တစ္ခါက ေတာရြာတစ္ရြာရဲ႕အနီးမွာ အင္မတန္ ထူထပ္လွတဲ့ ျမက္႐ိုင္းပင္ေတြ ေတာထ ေပါက္ေရာက္ေနခဲ့ပါသတဲ့..။ အဲဒီျမက္႐ိုင္းအုပ္ထဲမွာေတာ့ အင္မတန္ အဆိပ္ျပင္းတဲ့ ေျမြေဟာက္ တစ္ေကာင္ ေနထိုင္တယ္..။ အဲဒီေျမြေဟာက္ဟာ အင္မတန္မွလည္း ေဒါသႀကီးတဲ့အလွ်ာက္ အနီးအနားျဖတ္သန္းသြားသမွ် ရြာသူရြာသားေတြကို အျမဲတမ္းလိုက္လံ ကိုက္ခဲပါသတဲ့။ အဲဒီလို ျဖတ္သန္းသြားတဲ့လူေတြတင္ ကိုက္ရတာ မတင္းတိမ္ႏိုင္တာေၾကာင့္လည္း ေျမြဆိုးဟာ ရြာထဲအထိ ၀င္ေရာက္ၿပီး အိမ္တိုင္ရာေရာက္လိုက္လံ ေပါက္တဲ့အထိ ျဖစ္လာပါသတဲ့..။

အဲဒီလို ဆိုးလြန္းတဲ့ေျမြေၾကာင့္ ရြာသူရြာသားေတြဟာ အင္မတန္မွ စိတ္ဆင္းရဲေသာက ေရာက္ၾကရပါသတဲ့..။ မိမိလယ္ယာကိုေတာင္ သြားေရာက္ မထြန္ရက္၊ မစိုက္ပ်ိဳးရဲတဲ့အထိ ျဖစ္လာခဲ့ျပန္တယ္။ အဲဒီအခါမွာေတာ့ ရြာသားေတြ ကိုးကြယ္တဲ့ ရေသ့ႀကီးဟာ ေျမြေဟာက္ ရွိရာ ျမက္႐ိုင္းေတာကို လာေရာက္ခဲ့ပါသတဲ့..။ အဲဒီအခါမွာလည္း ေျမြေဟာက္ဟာ ရေသ့ႀကီးကို ေပါက္သတ္ဖို႕ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ျပန္တယ္။ ဒါေပမယ့္လည္း ထူးဆန္းစြာနဲ႕ပဲ ရေသ့ႀကီးဟာ တစ္စံုတစ္ရာမွ ထိခိုက္မႈ မရွိတာကို ေျမြေဟာက္က ေတြ႕လိုက္ရတယ္။ အဲဒီအခါ ေျမြေဟာက္က အံ့ၾသတႀကီးနဲ႕ ဒီလိုေမးခဲ့တယ္

"ရေသ့.. သင္ဟာ ငါဘယ္ေလာက္ေပါက္ေပါက္ မျဖံဳဘူးပဲ..။ ဒီရြာထဲက လူေတြဆို ငါေပါက္လိုက္လို႕ကေတာ့ ကြမ္းတစ္ရာညက္ဆို အေသပဲ။ ရေသ့က ဘယ္လို အစြမ္းေတြနဲ႕ ဒီလိုေနႏိုင္ရတာလည္း"

အဲဒီလို ေျမြေဟာက္ရဲ႕အေမးစကားကို ၾကားတဲ့အခါ ရေသ့ႀကီးေအးခ်မ္းစြာနဲ႕ ကဒီလိုေျဖလိုက္တယ္

"တကာေျမြေဟာက္။ ေလာကမွာ ေမတၱာတရားထက္ ခြန္အားႀကီးမားတဲ့ အရာမရွိဘူး။ သည္းခံျခင္းတရားက ငါ့ကို ကာကြယ္ေပးထားတာပဲ"

အဲဒီလိုရေသ့ႀကီး ေအးခ်မ္းစြာေျဖၾကားပံုကို ျမင္တဲ့အခါ ေျမြေဟာက္ရဲ႕ ေဒါသေတြ ေျပေလ်ာ့သြားျပန္တယ္။ အဲဒီေနာက္မွာလည္း ရေသ့ႀကီးဟာ ေျမြေဟာက္ကို သည္းခံျခင္းတရား၊ ေဒါသကို ၿငိမ္းေအးေစျခင္း တရားတို႕ကို ေကာင္းစြာေဟာျပခဲ့တယ္။ အဲဒီတရား အဆံုးမွာလည္း ေျမြေဟာက္ကို ဒီလိုေျပာခဲ့တယ္။

"တကာေျမြေဟာက္ အသင္ဟာ အဆိပ္အားကိုးနဲ႕ ရြာသားေတြကို ကိုက္ျခင္း၊ သူ႕အသက္သတ္ျခင္း ဆိုတဲ့ အကုသိုလ္ကို အႀကိမ္ႀကိမ္ျပဳမိေနတယ္။ အဲဒီအကုသိုလ္မျဖစ္ေအာင္ ေစာင့္ထိန္းေလာ့"

အဲဒီအခါမွာေတာ့ ေျမြေဟာက္ဟာ အင္တင္တင္နဲ႕ပဲ ေနာင္အခါ ရြာသားေတြကို မကိုက္ေတာ့မယ့္အေၾကာင္း ရေသ့ႀကီးကို ကတိေပးလိုက္တယ္။ အဲဒီလိုနဲ႕ေျမြေဟာက္ဟာ ေဒါသထြက္လာတိုင္း တရားဓမၼကို ဆင္ျခင္ၿပီး သည္းခံတတ္လာတယ္။ ခ်ဳပ္တည္းတတ္လာတယ္။ အခ်ိန္ေတြၾကာလာတဲ့အခါမွာေတာ့ ေျမြေဟာက္ဟာ သေဘာေကာင္းတဲ့ ေျမြေဟာက္တစ္ေကာင္ ျဖစ္လာပါသတဲ့..။
အဲဒီေနာက္မွာေတာ့ ရြာသားေတြဟာ ေျမြေဟာက္ကို ေတြ႕ျမင္ေပမယ့္လည္း အရင္တုန္းကလို ထြက္မေျပးေတာ့ဘဲ တရင္းတႏွီး ရွိလာၾကပါသတဲ့။

ေနာင္အခါမွာေတာ့ ရြာသားေတြဟာ တျဖည္းျဖည္း အတင့္ရဲလာျပန္တယ္။ သူတို႕ေတြဟာ ေျမြေဟာက္ကို ေတြ႕တဲ့အခါ.. အေပၚကေတာင္ ခြေက်ာ္သြားၾကျပန္တယ္။ ဒါေပမယ့္လည္း ေျမြေဟာက္ဟာ သည္းခံျမဲ သည္းခံေနျပန္တယ္။
တျဖည္းျဖည္းနဲ႕ အခ်ိန္ေတြၾကာလာျပန္တဲ့အခါ ရြာသားေတြဟာ ေျမြေဟာက္ကို ေတြ႕တဲ့အခါ ေက်ာ္ခြေတာင္ မသြားေတာ့ပဲ ေျမြေဟာက္အေပၚက တက္နင္းေလွ်ာက္လွမ္း သြားၾကျပန္တယ္။ အဲဒီအခါမွာလည္း ေျမြေဟာက္က သည္းခံျမဲသည္းခံေနခဲ့ရျပန္တယ္..။
အဲဒီလိုနဲ႕ေနာက္ပိုင္းမွာေတာ့ ရြာသားေတြဟာ ေျမြေဟာက္ကို တက္နင္းသြားတဲ့အျပင္ အၿမီးနဲ႕ ေခါင္းကိုပါ ေက်ာက္တံုးနဲ႕ ဖိထားၾကျပန္တယ္။ ေျမြေဟာက္က သည္းခံျပန္တယ္။
အဲဒီအခါ ရြာသားေတြက ေျမြေဟာက္ကို ေတြ႕တဲ့အခါ ႀကိဳးေခြလို ခ်ည္ၿပီး လိန္က်စ္ခါ စေနာက္ၾကျပန္တယ္။ ေျမြေဟာက္ခမ်ာလည္း ႀကိတ္မွိတ္ၿပီး သည္းခံရျပန္တယ္။
ေနာက္ဆံုးမွာေတာ့ ရြာသားေတြဟာ ေျမြေဟာက္ကို ယူေဆာင္ၿပီး အၿမီးက ကိုင္ကာ တစ္ေယာက္တစ္လွည့္ ေမႊ႕ယမ္း ေဆာ့ကစားၾကျပန္သတဲ့..။ အဲဒီအခါမွာေတာ့ ေျမြေဟာက္ဟာ ဆက္လက္ သည္းခံႏိုင္ျခင္းမရွိေတာ့ဘဲ ရေသ့ႀကီးရဲ႕ ေက်ာင္းသခၤန္းကို သြားေရာက္ၿပီး ဒီလို အျပစ္တင္ခဲ့တယ္

"ရေသ့ႀကီး က်ဳပ္ဟာ အသင္ေဟာျပတဲ့ တရားဓမၼကို ဆင္ျခင္ၿပီး သည္းခံခဲ့ပါတယ္။ ဒါေပမယ့္ ဒင္းတို႕ဟာ တျဖည္းျဖည္းနဲ႔
ေရာင့္တက္လာတယ္။ ခုဆို က်ဳပ္ကို အၿမီးက ကိုင္ၿပီး ေမႊ႕ယမ္း ေဆာ့ကစားမႈကိုေတာင္ ျပဳလုပ္ေနၾကတယ္။ အဲဒီေတာ့ က်ဳပ္ ဆက္ၿပီး သည္းမခံႏိုင္ေတာ့ဘူး။ ရေသ့ႀကီးေျပာေတာ့ သည္းခံျခင္းသည္ ေအာင္ျမင္ျခင္းဆို၊ ေမတၱာေရာင္ျပန္ဟပ္ဆို၊ ခုေတာ့ ေရာင္ျပန္မဟပ္ပဲ ၾကာရင္ က်ဳပ္ေသေတာ့မယ္"

အဲဒီအခါ ရေသ့ႀကီးက ေျမြေဟာက္ရဲ႕ျဖစ္အင္ကို ၾကည့္ၿပီး အားပါးတရ ရယ္ေမာျပန္တယ္။ ၿပီးေတာ့ ရေသ့ႀကီးက ဒီလိုမိန္႕လိုက္တယ္

"ေျမြေဟာက္.. ေသခ်ာနားေထာင္ေလာ့.. ငါက သင့္ကို မကိုက္ဖို႕ပဲ ဆံုးမခဲ့တာ..။ ပါးျပင္းမေထာင္ရဘူးလို႕ မဆံုးမခဲ့ဘူး" တဲ့
ပံုျပင္ေလးကိုေတာ့ ဒီေနရာမွာပဲ အဆံုးသတ္ထားပါတယ္။

တကယ္ေတာ့ ကၽြန္ေတာ္တို႕ဟာ ပံုျပင္ထဲက ေျမြေဟာက္လိုပဲ ျဖစ္ၾကတယ္။
တစ္ခါတစ္ေလ အလြန္အမင္းသေဘာေကာင္းျခင္းဟာ အႏၱရာယ္ ရွိတတ္တယ္ဆိုတာ သားသား/ မီးမီးတို႕ကိုေျပာျပထားဖို႕လိုမယ္ထင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေႏြမင္းသစ္ (YeZaw)

# Unicode Version #
(သိပ်အဓိပ္ပါယ်ရှိတဲ့ ပုံပြင်လေးတပုဒ် ပါ )

တစ်ခါက တောရွာတစ်ရွာရဲ့အနီးမှာ အင်မတန် ထူထပ်လှတဲ့ မြက်ရိုင်းပင်တွေ တောထ ပေါက်ရောက်နေခဲ့ပါသတဲ့..။ အဲဒီမြက်ရိုင်းအုပ်ထဲမှာတော့ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဟောက် တစ်ကောင် နေထိုင်တယ်..။ အဲဒီမြွေဟောက်ဟာ အင်မတန်မှလည်း ဒေါသကြီးတဲ့အလျှာက် အနီးအနားဖြတ်သန်းသွားသမျှ ရွာသူရွာသားတွေကို အမြဲတမ်းလိုက်လံ ကိုက်ခဲပါသတဲ့။ အဲဒီလို ဖြတ်သန်းသွားတဲ့လူတွေတင် ကိုက်ရတာ မတင်းတိမ်နိုင်တာကြောင့်လည်း မြွေဆိုးဟာ ရွာထဲအထိ ဝင်ရောက်ပြီး အိမ်တိုင်ရာရောက်လိုက်လံ ပေါက်တဲ့အထိ ဖြစ်လာပါသတဲ့..။

အဲဒီလို ဆိုးလွန်းတဲ့မြွေကြောင့် ရွာသူရွာသားတွေဟာ အင်မတန်မှ စိတ်ဆင်းရဲသောက ရောက်ကြရပါသတဲ့..။ မိမိလယ်ယာကိုတောင် သွားရောက် မထွန်ရက်၊ မစိုက်ပျိုးရဲတဲ့အထိ ဖြစ်လာခဲ့ပြန်တယ်။ အဲဒီအခါမှာတော့ ရွာသားတွေ ကိုးကွယ်တဲ့ ရသေ့ကြီးဟာ မြွေဟောက် ရှိရာ မြက်ရိုင်းတောကို လာရောက်ခဲ့ပါသတဲ့..။ အဲဒီအခါမှာလည်း မြွေဟောက်ဟာ ရသေ့ကြီးကို ပေါက်သတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြန်တယ်။ ဒါပေမယ့်လည်း ထူးဆန်းစွာနဲ့ပဲ ရသေ့ကြီးဟာ တစ်စုံတစ်ရာမှ ထိခိုက်မှု မရှိတာကို မြွေဟောက်က တွေ့လိုက်ရတယ်။ အဲဒီအခါ မြွေဟောက်က အံ့သြတကြီးနဲ့ ဒီလိုမေးခဲ့တယ်

"ရသေ့.. သင်ဟာ ငါဘယ်လောက်ပေါက်ပေါက် မဖြုံဘူးပဲ..။ ဒီရွာထဲက လူတွေဆို ငါပေါက်လိုက်လို့ကတော့ ကွမ်းတစ်ရာညက်ဆို အသေပဲ။ ရသေ့က ဘယ်လို အစွမ်းတွေနဲ့ ဒီလိုနေနိုင်ရတာလည်း"

အဲဒီလို မြွေဟောက်ရဲ့အမေးစကားကို ကြားတဲ့အခါ ရသေ့ကြီးအေးချမ်းစွာနဲ့ ကဒီလိုဖြေလိုက်တယ်

"တကာမြွေဟောက်။ လောကမှာ မေတ္တာတရားထက် ခွန်အားကြီးမားတဲ့ အရာမရှိဘူး။ သည်းခံခြင်းတရားက ငါ့ကို ကာကွယ်ပေးထားတာပဲ"

အဲဒီလိုရသေ့ကြီး အေးချမ်းစွာဖြေကြားပုံကို မြင်တဲ့အခါ မြွေဟောက်ရဲ့ ဒေါသတွေ ပြေလျော့သွားပြန်တယ်။ အဲဒီနောက်မှာလည်း ရသေ့ကြီးဟာ မြွေဟောက်ကို သည်းခံခြင်းတရား၊ ဒေါသကို ငြိမ်းအေးစေခြင်း တရားတို့ကို ကောင်းစွာဟောပြခဲ့တယ်။ အဲဒီတရား အဆုံးမှာလည်း မြွေဟောက်ကို ဒီလိုပြောခဲ့တယ်။

"တကာမြွေဟောက် အသင်ဟာ အဆိပ်အားကိုးနဲ့ ရွာသားတွေကို ကိုက်ခြင်း၊ သူ့အသက်သတ်ခြင်း ဆိုတဲ့ အကုသိုလ်ကို အကြိမ်ကြိမ်ပြုမိနေတယ်။ အဲဒီအကုသိုလ်မဖြစ်အောင် စောင့်ထိန်းလော့"

အဲဒီအခါမှာတော့ မြွေဟောက်ဟာ အင်တင်တင်နဲ့ပဲ နောင်အခါ ရွာသားတွေကို မကိုက်တော့မယ့်အကြောင်း ရသေ့ကြီးကို ကတိပေးလိုက်တယ်။ အဲဒီလိုနဲ့မြွေဟောက်ဟာ ဒေါသထွက်လာတိုင်း တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံတတ်လာတယ်။ ချုပ်တည်းတတ်လာတယ်။ အချိန်တွေကြာလာတဲ့အခါမှာတော့ မြွေဟောက်ဟာ သဘောကောင်းတဲ့ မြွေဟောက်တစ်ကောင် ဖြစ်လာပါသတဲ့..။
အဲဒီနောက်မှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တွေ့မြင်ပေမယ့်လည်း အရင်တုန်းကလို ထွက်မပြေးတော့ဘဲ တရင်းတနှီး ရှိလာကြပါသတဲ့။

နောင်အခါမှာတော့ ရွာသားတွေဟာ တဖြည်းဖြည်း အတင့်ရဲလာပြန်တယ်။ သူတို့တွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ.. အပေါ်ကတောင် ခွကျော်သွားကြပြန်တယ်။ ဒါပေမယ့်လည်း မြွေဟောက်ဟာ သည်းခံမြဲ သည်းခံနေပြန်တယ်။
တဖြည်းဖြည်းနဲ့ အချိန်တွေကြာလာပြန်တဲ့အခါ ရွာသားတွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ ကျော်ခွတောင် မသွားတော့ပဲ မြွေဟောက်အပေါ်က တက်နင်းလျှောက်လှမ်း သွားကြပြန်တယ်။ အဲဒီအခါမှာလည်း မြွေဟောက်က သည်းခံမြဲသည်းခံနေခဲ့ရပြန်တယ်..။
အဲဒီလိုနဲ့နောက်ပိုင်းမှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တက်နင်းသွားတဲ့အပြင် အမြီးနဲ့ ခေါင်းကိုပါ ကျောက်တုံးနဲ့ ဖိထားကြပြန်တယ်။ မြွေဟောက်က သည်းခံပြန်တယ်။
အဲဒီအခါ ရွာသားတွေက မြွေဟောက်ကို တွေ့တဲ့အခါ ကြိုးခွေလို ချည်ပြီး လိန်ကျစ်ခါ စနောက်ကြပြန်တယ်။ မြွေဟောက်ခမျာလည်း ကြိတ်မှိတ်ပြီး သည်းခံရပြန်တယ်။
နောက်ဆုံးမှာတော့ ရွာသားတွေဟာ မြွေဟောက်ကို ယူဆောင်ပြီး အမြီးက ကိုင်ကာ တစ်ယောက်တစ်လှည့် မွှေ့ယမ်း ဆော့ကစားကြပြန်သတဲ့..။ အဲဒီအခါမှာတော့ မြွေဟောက်ဟာ ဆက်လက် သည်းခံနိုင်ခြင်းမရှိတော့ဘဲ ရသေ့ကြီးရဲ့ ကျောင်းသင်္ခန်းကို သွားရောက်ပြီး ဒီလို အပြစ်တင်ခဲ့တယ်

"ရသေ့ကြီး ကျုပ်ဟာ အသင်ဟောပြတဲ့ တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံခဲ့ပါတယ်။ ဒါပေမယ့် ဒင်းတို့ဟာ တဖြည်းဖြည်းနဲ့
ရောင့်တက်လာတယ်။ ခုဆို ကျုပ်ကို အမြီးက ကိုင်ပြီး မွှေ့ယမ်း ဆော့ကစားမှုကိုတောင် ပြုလုပ်နေကြတယ်။ အဲဒီတော့ ကျုပ် ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ရသေ့ကြီးပြောတော့ သည်းခံခြင်းသည် အောင်မြင်ခြင်းဆို၊ မေတ္တာရောင်ပြန်ဟပ်ဆို၊ ခုတော့ ရောင်ပြန်မဟပ်ပဲ ကြာရင် ကျုပ်သေတော့မယ်"

အဲဒီအခါ ရသေ့ကြီးက မြွေဟောက်ရဲ့ဖြစ်အင်ကို ကြည့်ပြီး အားပါးတရ ရယ်မောပြန်တယ်။ ပြီးတော့ ရသေ့ကြီးက ဒီလိုမိန့်လိုက်တယ်

"မြွေဟောက်.. သေချာနားထောင်လော့.. ငါက သင့်ကို မကိုက်ဖို့ပဲ ဆုံးမခဲ့တာ..။ ပါးပြင်းမထောင်ရဘူးလို့ မဆုံးမခဲ့ဘူး" တဲ့
ပုံပြင်လေးကိုတော့ ဒီနေရာမှာပဲ အဆုံးသတ်ထားပါတယ်။

တကယ်တော့ ကျွန်တော်တို့ဟာ ပုံပြင်ထဲက မြွေဟောက်လိုပဲ ဖြစ်ကြတယ်။
တစ်ခါတစ်လေ အလွန်အမင်းသဘောကောင်းခြင်းဟာ အန္တရာယ် ရှိတတ်တယ်ဆိုတာ သားသား/ မီးမီးတို့ကိုပြောပြထားဖို့လိုမယ်ထင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: နွေမင်းသစ် (YeZaw)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top