ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဗမာတိုင္းရင္းသားမ်ားတြင္ ႐ိုးရာဓေလ့ပံုျပင္မ်ား အျပင္ ကိုးကြယ္မႈဆိုင္ရာ စိတ္ဝင္စားဖြယ္ေကာင္း ေသာ ဗုဒၶဝင္ပံုျပင္မ်ား၊ ဓမၼပဒပံုျပင္မ်ားလည္းရွိသည္။ အဆိုပါ ဗုဒၶဝင္ပံုျပင္မ်ားစြာအနက္ အမ်ဳိး ဘာသာ သာ သနာေတာ္ကို စံတင္ထိုက္ေအာင္ ထိန္းသိမ္းခဲ့ၿပီး သာ သနာေတာ္ ျပန္႔ပြားထြန္းကား ေအာင္ေဆာင္ရြက္ႏိုင္သည့္ ေသာတာပန္ အရိယာဗမာအမ်ဳိးသမီး၊ ေက်ာင္းအမႀကီး ဝိသာခါ၏ 'သာသနာအတြက္ တုႏိႈင္းမဲ့သည့္ ဝိသာခါ'ဆုိသည့္ ဓမၼပဒပံုျပင္ေလးကို ေဖာ္ျပေပးမည္ျဖစ္ပါသည္။

ေရွးဘဒၵကမၻာ ေဂါတမျမတ္စြာဘုရား သက္ေတာ္ ထင္ရွားရွိစဥ္အခ်ိန္က သူေဌးႀကီးဓနၪၥယႏွင့္ သုမနေဒဝီ တို႔သည္ သူေဌးသမီးေလးဝိသာခါကို ေမြးဖြားခဲ့သည္။ ဝိသာခါ၏အဘိုးျဖစ္သူသည္ ဘုရင္အသိအမွတ္ျပဳ သူေဌး ဘြဲ႕ခံ ေမ႑ကသူေဌးႀကီးျဖစ္ၿပီး အဘိုးျဖစ္သူ၏ေက်းဇူး ေၾကာင့္ ဝိသာခါႏွင့္ သူငယ္ခ်င္းအေပါင္းအေဖာ္ငါးရာမွာ ျမတ္စြာဘုရားထံ တရားေဒ သနာေတာ္ နာၾကားခဲ့ရသည္။ ေရွးဘဝပါရမီ ဆုေတာင္း ေၾကာင့္ အသက္ခုနစ္ႏွစ္အ ရြယ္တြင္ပင္ ေသာတာပန္အရိ ယာ သူေတာ္စင္တစ္ဦးျဖစ္လာ သူေလးျဖစ္သည္။

သာဝတၴိျပည္၌ေနထိုင္သည့္ မိဂါရသူေဌးႀကီးတြင္ ပုဏဝဃနသူေဌးသားတစ္ဦးရွိၿပီး အိမ္ေထာင္ရက္သား ခ်ေပးရန္ သင့္ေလ်ာ္ေသာ သတို႔သမီးအလုိရွိခဲ့ၾကသည္။သူေဌးသားမွာ အိမ္ေထာင္မျပဳလုိသျဖင့္ ေကာင္းျခင္းငါးပါး ႏွင့္ျပည့္စံုေသာ သတို႔သမီးကို ရွာေဖြေပးရန္ခုိင္းလိုက္သည္။

ေကာင္းျခင္းငါးပါးမွာ ဆံပင္၏ေကာင္းျခင္း၊ အသား အေရ၏ေကာင္းျခင္း၊ အသံ၏ေကာင္းျခင္း၊ အ႐ိုးေကာင္း ျခင္း၊ အရြယ္၏ေကာင္းျခင္းတို႔ျဖစ္ၿပီး ေကာင္းျခင္းငါးပါး စလံုးႏွင့္ ျပည့္စံုသူမွာ ရွားပါးသည္။

ယင္းကဲ့သို႔ရွားပါးေသာ္လည္း သူေဌးႀကီးလင္မယား မွာ သတို႔သမီးရွာေဖြမႈကြၽမ္းက်င္ေသာ လကၡဏာေဗဒင္ တတ္ကြၽမ္းေသာ ျဗဟၼဏ(ပုဏၰား)ရွစ္ေယာက္ကိုပင့္ဖိတ္ ကာ လာဘ္လာဘမ်ားစြာေပးၿပီး အနယ္နယ္အရပ္ရပ္သို႔ ရွာေဖြေစသည္။ ထိုကာလတြင္ ဝိသာခါ သတို႔သမီးမွာ အသက္ ၁၆ႏွစ္အရြယ္ေရာက္ရွိလာၿပီး ဝိဝဋနကၡတ္ပြဲ သဘင္ကို ဆင္ႏႊဲရန္ အေျ>ြခအရံငါးရာႏွင့္ ထြက္လာသည္။ အၿခံအရံတစ္စုႏွင့္သြားလာေနေသာ ဝိသာခါအလွမွာ အျခားသူမ်ားႏွင့္မတူဘဲ ထင္းခနဲေပၚလြင္ေနသည္ကို ျဗဟၼဏတို႔ ေတြ႕ျမင္သြားသည္။

ဝိသာခါတို႔ပ်ဳိေမတစ္စု တည္းခိုဇရပ္အနီးကိုေရာက္ သည့္အခ်ိန္တြင္ မိုးေလမ်ားရြာခ်ေလရာ အားလံုး အေျပး အလႊား မိုးလြတ္ရာကိုေျပးၾကေသာ္လည္း ေသာတာပန္ ဣေႁႏၵရွင္ျဖစ္သည့္ ဝိသာခါသည္ မိုးေရထဲတြင္ ေျပးမသြား ဘဲ ပံုမွန္အတိုင္း ဣေႁႏၵရရသြားလာသည္ကို သတို႔သမီး ေရြးခ်ယ္မည့္ ျဗဟၼဏတို႔ေတြ႕သြားသည္။ အဲဒီမွာ ဝိသာခါ ၏ ဆံပင္၊ အသားအေရ၊ အရြယ္၏ေကာင္းျခင္းမ်ားကို ေတြ႕ျမင္ရၿပီး အ႐ိုး၏ေကာင္းျခင္းကို သိျမင္ႏိုင္ဖို႔ ဝိသာခါ ၏ သြားမ်ားကိုျမင္ႏိုင္ရန္ စကားစေျပာေလသည္။
ဝိသာခါကိုစမ္းသပ္သည့္သေဘာျဖင့္ ''ဤသမီးငယ္ သည္ ထိုင္းမႈိင္း၏။ ေလးလံ၏။ လ်င္ျမန္မႈမရွိ။ ဖ်တ္လတ္ မႈမရွိ။ အကယ္­­၍ အိမ္ေထာင္က်ပါက သူမ၏ခင္ပြန္းမွာ အခ်ိန္မီ ထမင္းစားဖို႔မလြယ္''ဟု အခ်င္းခ်င္းေျပာေလဟန္ ျဖင့္ေဝဖန္ၾကသည္။

ဝိသာခါအမ်ဳိးသမီးေလးကလည္း ''ေလာကမွာ လ်င္ ျမန္စြာသြားသင့္သူ ေလးဦးရွိပါတယ္။ သူတို႔မွာ (၁) မင္း ေျမာက္တန္ဆာငါးပါးကို ဆင္ယင္ထားေသာမင္း၊ (၂)ကႀကိဳးဆင္ယင္ထားေသာမဂၤလာဆင္ေတာ္၊ (၃) ရဟန္း သံဃာႏွင့္ (၄) အမ်ဳိးသမီးေတြျဖစ္ပါတယ္''လို႔ ျပန္ေျပာ လုိက္တဲ့အတြက္ ဝိသာခါရဲ႕သြားမ်ားကို ျမင္ေတြ႕ခြင့္ရၿပီး အ႐ိုး၏ေကာင္းျခင္းႏွင့္ ျပည့္စံုေသာေၾကာင့္ သူေဌးသား၏ ဇနီးေလာင္းအျဖစ္ ကမ္းလွမ္းခဲ့ပါသည္။ ဝိသာခါကလည္း မ်ဳိး႐ိုးအဆင့္အတန္းကို ျပန္လည္ေမးျမန္းၿပီးမွ မိမိတို႔ႏွင့္ သူေဌးမ်ိဳး႐ိုးခ်င္းတူညီမႈရွိေသာေၾကာင့္ ကမ္းလွမ္းမႈကို လက္ခံလိုက္သည္။

အဲဒီေနာက္ ရာဇၿဂိဳဟ္ျပည့္ရွင္ဗိမိၺသာရမင္း၏ သူေဌး ဘြဲ႕ရ ေမ႑ကသူေဌးႀကီး၏ေျမးျဖစ္သူ ဝိသာခါႏွင့္ သာ ဝတိ­ၴျပည္သူေဌးဘြဲ႕ရ မိဂါရသူေဌးႀကီး၏သား ပုဏဝဃန တို႔ ဖူးစာဆံုျဖစ္ခဲ့ၾကသည္။
ႏွစ္ျပည္ေထာင္သူေဌးႀကီးမ်ား၏ မိတ္ေဆြမ်ား၊ ဓန အင္အားမ်ားႏွင့္ မဂၤလာပြဲကုိ ၿခိမ့္ၿခိမ့္သဲ ဆင္ႏႊဲျဖစ္ခဲ့ၿပီး ေကာသလမင္းႀကီးကိုယ္တုိင္ တက္ေရာက္ခ်ိးျမႇင့္ခဲ့သည္။

ဓနၪၥယသူေဌးႀကီးဟာ ေယာကၡမအိမ္လုိက္သြားရ မည့္ သမီးျဖစ္သူကို အိမ္ေထာင္ရွင္မ်ားလိုက္နာရမည့္ အခ်က္(၁ဝ)ခ်က္ကို ေသခ်ာေလ့က်င့္သင္ၾကားေပးကာ ဘာသာအယူဝါဒမတူေသာ ေယာကၡမအိမ္ကို လိုက္ေန ရမည့္ သမီးျဖစ္သူအား စိတ္မခ်သျဖင့္ သူေဌးႀကီးရွစ္ဦး အား သမီးကို ၾကည့္႐ႈေစာင့္ေရွာက္ရန္ အပ္ႏွံခဲ့သည္။
မိဂါရသူေဌးအိမ္သို႔ေရာက္သြားသည့္ ေခြၽးမဝိသာခါ သည္ ေရာက္သည့္ေန႔မွစၿပီး ေခြၽးမဝတၱရားကို ေက်ပြန္ ေအာင္ ေဆာင္ရြက္ခဲ့သည္။ ဘယ္လိုပင္ တာဝန္ေက်ေအာင္ ေဆာင္ရြက္ေသာ္လည္း ဘာသာတရားႏွင့္ပတ္သက္လာ သည့္အခါ ခုနစ္ႏွစ္သမီးအရြယ္ကတည္းက ေသာတာပန္ ျဖစ္ခဲ့သည့္ ဝိသာခါသည္ ေယာကၡမမ်ား၏ တိတိၴကိုးကြယ္ မႈအေပၚမွာေတာ့ ဟန္ေဆာင္ကာ တာဝန္မေက်ခဲ့ေပ။ ဝိသာခါ၏ေယာကၡမမ်ားသည္ ဘာသာျခားမ်ားျဖစ္ၿပီး အိမ္ သို႔ ရဟႏၲာမ်ားၾ<ြကလာမည္ဟုဆိုကာ ဝိသာခါကိုထြက္ၿပီး ဖူးေျမာ္ခုိင္းရာ ရဟႏၲာဟုဆိုသည့္ တိတိၴငါးရာစလံုးမွာ အဝတ္အစားမပါ ကိုယ္လံုးတီးမ်ားျဖစ္ေနေသာေၾကာင့္ ဝိသာခါက ရွက္ၿပီး အိမ္ထဲလွည့္ဝင္သြားသည္ကို တိတၴိ မ်ားေရာ၊ ေယာကၡမႀကီးပါျမင္သြားသျဖင့္ ေဒါသထြက္ ၾကသည္။ ထုိသုိ႔ ေဒါသျဖစ္ေသာ္လည္း သမီးေယာကၡမ ျဖစ္တာ မၾကာေသးသျဖင့္ ေယာကၡမႀကီးက သူတို႔အမ်က္ ေဒါသကို ခ်ဳပ္ထိန္းႏိုင္ခဲ့သည္။

ဝိသာခါတို႔အိမ္ေရွ႕တြင္ ဝိသာခါကိုးကြယ္သည့္ ဗုဒၶ ဘာသာဝင္ ရဟန္းေတာ္တစ္ပါး ဆြမ္းခံၾ<ြကလာသည္ကို ဝိသာခါ၏ေယာကၡမႀကီးက ထမင္းစားရင္း လွမ္းျမင္ေသာ္ လည္း မျမင္ေယာင္ေဆာင္ၿပီး ဆြမ္းမလွဴခဲ့ပါ။ ထုိအခါ ဝိသာခါသည္ လက္အုပ္ခ်ီၿပီး ''ခြင့္လႊတ္ပါဘုရား။ တပည့္ ေတာ္ဖခင္က အေဟာင္းကိုစားသံုးသူတစ္ေယာက္မို႔ ကန္ ေတာ့ဆြမ္းပါဘုရား''လို စိတ္မေကာင္းစြာ ေလွ်ာက္တင္ လိုက္ရာ ေယာကၡမလုပ္သူက ''ဟယ္ ယုတ္မာလိုက္တဲ့ ေခြၽးမ၊ မင့္အသက္အရြယ္ေလးနဲ႔ ငါ့ကို အေဟာင္းစား (မစင္)စားသူလို႔ေျပာတာ အစြမ္းကုန္ေစာ္ကားလိုက္တာ ပဲ။ နင္ ခုခ်က္ခ်င္း အိမ္ေပၚကဆင္းသြားစမ္း''လို႔ ႏွင္ခ် ခံရပါသည္။ ဝိသာခါကလည္း ''ကြၽန္မမွာအျပစ္မရွိပါ။ အေဖတို႔မေက်နပ္ရင္ ကြၽန္မဖခင္အပ္လုိက္တဲ့ သူေဌးႀကီး ရွစ္ဦးေရွ႕မွာ စစ္ေဆးႏိုင္ပါတယ္''ဟု ဆိုသည္။

ေခြၽးမႏွင့္ေယာကၡမၾကား အေခ်အတင္ျဖစ္ၿပီး သူ ၾ<ြကယ္ရွစ္ဦးက ဝိသာခါကို အက်ဳိးအေၾကာင္းေမးျမန္းေျဖ ရွင္းေပးသည္။
''ဦးႀကီးတို႔ အေဟာင္းစားသူဆုိတဲ့အဓိပၸာယ္က မိုက္ ႐ိုင္းတဲ့သေဘာနဲ႔ ေျပာတာမဟုတ္ပါဘူး။ ကြၽန္မေယာကၡမ က ဒီဘဝမွာ သူၾ<ြကယ္တစ္ဦးျဖစ္ၿပီး ဘုရား၊ ရဟန္းတို႔ကို ဆြမ္းတစ္လုပ္ေတာင္ မၾကည္ျဖဴႏုိင္ပါဘူး။ သူဟာ ဘဝ ေဟာင္းကေကာင္းမႈကိုပဲ ခံစားၿပီး ခုဘဝမွာ ဘာေကာင္း က်ဳိးမွမလုပ္သူမို႔ အေဟာင္းစားသူလို႔ တင္စားေျပာဆိုျခင္း ျဖစ္ပါတယ္''လို႔ ေျဖရွင္းခ်က္ေပးသည္။

ဝိသာခါ၏ေျဖရွင္းခ်က္သည္ ရဲရင့္မွန္ကန္သည့္အ တြက္ သူၾ<ြကယ္ရွစ္ေယာက္က ေယာကၡမသူေဌးကို နားခ် ၾကသည္။ ထုိအခါမွ ဝိသာခါလည္း ဒီအိမ္မွာ ဆက္ေနရ မည္ဆိုလွ်င္ ဗုဒၶရွင္ေတာ္ျမတ္ဘုရားႏွင့္ ဗုဒၶဘာသာကို လြတ္လပ္စြာ ကိုးကြယ္ခြင့္ရမွေနမည္ဟု ရဲဝံ့စြာေတာင္းဆို ခဲ့သည္။ ယင္းျပႆနာမ်ားျဖစ္ၿပီးေနာက္ပိုင္းတြင္ ဝိသာခါ သည္ ျမတ္စြာဘုရားႏွင့္ သံဃာေတာ္မ်ားကို ဆြမ္းကပ္ခြင့္ ရခဲ့သည္။

ျမတ္စြာဘုရားႏွင့္သံဃာေတာ္မ်ား ၾ<ြကလာသည့္ အခါ ဝိသာခါသည္ ေယာကၡမ သူေဌးႀကီးကို တရားထြက္နာ ဖို႔ လူၾကားထဲတြင္ ေခၚသည့္ အတြက္ ျငင္းရခက္ၿပီး ကန္႔ လန္႔ကာေနာက္ကြယ္မွေန၍ ဘုရားကိုမၾကည့္ဘဲ တရားနာ ခဲ့သည္။ ကန္႔လန္႔ကာေနာက္ ကြယ္က တရားနာေသာ္လည္း မိဂါရသူေဌးႀကီးမွာ ပါရမီ ရွိေသာေၾကာင့္ သစၥာေလးပါးကို ထိုးထြင္းျမင္သြားၿပီး ေသာတာပန္တည္သြားကာ ဗုဒၶဘာသာဝင္တစ္ဦးျဖစ္လာ သည္။

ဝိသာခါသူေတာ္ေကာင္းမေလး၏ သတိၱရွိရွိကိုယ့္ ဘာသာတရားဘက္ကရပ္တည္ၿပီး ဘာသာမတူသူမ်ား အား စိတ္ေစတနာျဖင့္ဖိတ္ေခၚႏိုင္ခဲ့သည့္အတြက္ ဘာသာ မတူေသာေယာကၡမႏွင့္ ခင္ပြန္းျဖစ္သူမွာ ဗုဒၶဘာသာဝင္ သူေတာ္စင္မ်ားျဖစ္လာၾကသည္။
ေက်ာင္းအမႀကီးဝိသာခါလို႔ အမည္တြင္ေစမည့္ ပုဗၺာ ႐ံုေက်ာင္းတိုက္ႀကီးကို ေက်ာင္းေျမအတြက္ ကုိးကုေဋ၊ ေက်ာင္းေဆာက္လုပ္ရန္အတြက္ ကုိးကုေဋ၊ ေက်ာင္းလွဴ ပူေဇာ္ပြဲအတြက္ အလွဴေငြကုိးကုေဋ စုစုေပါင္း ၂၇ကုေဋ ကုန္က်ခံၿပီး သမိုင္းဝင္ေက်ာင္းအလွဴေတာ္ႀကီးကို တည္ ေဆာက္လွဴဒါန္းခဲ့ပါသည္။

ဝိသာခါေက်ာင္းအမႀကီး၏ မိမိကိုးကြယ္ေသာ ဘာ သာတရားကို မည္သည့္အေၾကာင္းႏွင့္မွ် စြန္႔ပယ္မသြား တတ္ေသာ ခိုင္မာသည့္စိတ္ဓာတ္မ်ားကို အတုယူႏိုင္ရန္ ဆႏၵျပဳ ေရးသားေဖာ္ျပလုိက္ျခင္းပင္ျဖစ္ပါသည္။

က်မ္းကိုး- ဦးေရႊေအာင္၊ ဓမၼပဒ၊ ပုပ­ၺဝဂ္၊ ဝိသာခါ။
အရွင္ကုမုျဒာ၊ ဓမၼအလင္းေရာင္ေက်ာင္းဝက္ဘ္ဆိုက္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ygnnews
#Unicode Version#
ဗမာတိုင်းရင်းသားများတွင် ရိုးရာဓလေ့ပုံပြင်များ အပြင် ကိုးကွယ်မှုဆိုင်ရာ စိတ်ဝင်စားဖွယ်ကောင်း သော ဗုဒ္ဓဝင်ပုံပြင်များ၊ ဓမ္မပဒပုံပြင်များလည်းရှိသည်။ အဆိုပါ ဗုဒ္ဓဝင်ပုံပြင်များစွာအနက် အမျိုး ဘာသာ သာ သနာတော်ကို စံတင်ထိုက်အောင် ထိန်းသိမ်းခဲ့ပြီး သာ သနာတော် ပြန့်ပွားထွန်းကား အောင်ဆောင်ရွက်နိုင်သည့် သောတာပန် အရိယာဗမာအမျိုးသမီး၊ ကျောင်းအမကြီး ဝိသာခါ၏ 'သာသနာအတွက် တုနှိုင်းမဲ့သည့် ဝိသာခါ'ဆိုသည့် ဓမ္မပဒပုံပြင်လေးကို ဖော်ပြပေးမည်ဖြစ်ပါသည်။

ရှေးဘဒ္ဒကမ္ဘာ ဂေါတမမြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်အချိန်က သူဌေးကြီးဓနဉ္စယနှင့် သုမနဒေဝီ တို့သည် သူဌေးသမီးလေးဝိသာခါကို မွေးဖွားခဲ့သည်။ ဝိသာခါ၏အဘိုးဖြစ်သူသည် ဘုရင်အသိအမှတ်ပြု သူဌေး ဘွဲ့ခံ မေဏ္ဍကသူဌေးကြီးဖြစ်ပြီး အဘိုးဖြစ်သူ၏ကျေးဇူး ကြောင့် ဝိသာခါနှင့် သူငယ်ချင်းအပေါင်းအဖော်ငါးရာမှာ မြတ်စွာဘုရားထံ တရားဒေ သနာတော် နာကြားခဲ့ရသည်။ ရှေးဘဝပါရမီ ဆုတောင်း ကြောင့် အသက်ခုနစ်နှစ်အ ရွယ်တွင်ပင် သောတာပန်အရိ ယာ သူတော်စင်တစ်ဦးဖြစ်လာ သူလေးဖြစ်သည်။

သာဝတ္ထိပြည်၌နေထိုင်သည့် မိဂါရသူဌေးကြီးတွင် ပုဏဝဃနသူဌေးသားတစ်ဦးရှိပြီး အိမ်ထောင်ရက်သား ချပေးရန် သင့်လျော်သော သတို့သမီးအလိုရှိခဲ့ကြသည်။သူဌေးသားမှာ အိမ်ထောင်မပြုလိုသဖြင့် ကောင်းခြင်းငါးပါး နှင့်ပြည့်စုံသော သတို့သမီးကို ရှာဖွေပေးရန်ခိုင်းလိုက်သည်။

ကောင်းခြင်းငါးပါးမှာ ဆံပင်၏ကောင်းခြင်း၊ အသား အရေ၏ကောင်းခြင်း၊ အသံ၏ကောင်းခြင်း၊ အရိုးကောင်း ခြင်း၊ အရွယ်၏ကောင်းခြင်းတို့ဖြစ်ပြီး ကောင်းခြင်းငါးပါး စလုံးနှင့် ပြည့်စုံသူမှာ ရှားပါးသည်။

ယင်းကဲ့သို့ရှားပါးသော်လည်း သူဌေးကြီးလင်မယား မှာ သတို့သမီးရှာဖွေမှုကျွမ်းကျင်သော လက္ခဏာဗေဒင် တတ်ကျွမ်းသော ဗြဟ္မဏ(ပုဏ္ဏား)ရှစ်ယောက်ကိုပင့်ဖိတ် ကာ လာဘ်လာဘများစွာပေးပြီး အနယ်နယ်အရပ်ရပ်သို့ ရှာဖွေစေသည်။ ထိုကာလတွင် ဝိသာခါ သတို့သမီးမှာ အသက် ၁၆နှစ်အရွယ်ရောက်ရှိလာပြီး ဝိဝဋနက္ခတ်ပွဲ သဘင်ကို ဆင်နွှဲရန် အြေ>ွခအရံငါးရာနှင့် ထွက်လာသည်။ အခြံအရံတစ်စုနှင့်သွားလာနေသော ဝိသာခါအလှမှာ အခြားသူများနှင့်မတူဘဲ ထင်းခနဲပေါ်လွင်နေသည်ကို ဗြဟ္မဏတို့ တွေ့မြင်သွားသည်။

ဝိသာခါတို့ပျိုမေတစ်စု တည်းခိုဇရပ်အနီးကိုရောက် သည့်အချိန်တွင် မိုးလေများရွာချလေရာ အားလုံး အပြေး အလွှား မိုးလွတ်ရာကိုပြေးကြသော်လည်း သောတာပန် ဣနြေ္ဒရှင်ဖြစ်သည့် ဝိသာခါသည် မိုးရေထဲတွင် ပြေးမသွား ဘဲ ပုံမှန်အတိုင်း ဣနြေ္ဒရရသွားလာသည်ကို သတို့သမီး ရွေးချယ်မည့် ဗြဟ္မဏတို့တွေ့သွားသည်။ အဲဒီမှာ ဝိသာခါ ၏ ဆံပင်၊ အသားအရေ၊ အရွယ်၏ကောင်းခြင်းများကို တွေ့မြင်ရပြီး အရိုး၏ကောင်းခြင်းကို သိမြင်နိုင်ဖို့ ဝိသာခါ ၏ သွားများကိုမြင်နိုင်ရန် စကားစပြောလေသည်။
ဝိသာခါကိုစမ်းသပ်သည့်သဘောဖြင့် ''ဤသမီးငယ် သည် ထိုင်းမှိုင်း၏။ လေးလံ၏။ လျင်မြန်မှုမရှိ။ ဖျတ်လတ် မှုမရှိ။ အကယ်­­၍ အိမ်ထောင်ကျပါက သူမ၏ခင်ပွန်းမှာ အချိန်မီ ထမင်းစားဖို့မလွယ်''ဟု အချင်းချင်းပြောလေဟန် ဖြင့်ဝေဖန်ကြသည်။

ဝိသာခါအမျိုးသမီးလေးကလည်း ''လောကမှာ လျင် မြန်စွာသွားသင့်သူ လေးဦးရှိပါတယ်။ သူတို့မှာ (၁) မင်း မြောက်တန်ဆာငါးပါးကို ဆင်ယင်ထားသောမင်း၊ (၂)ကကြိုးဆင်ယင်ထားသောမင်္ဂလာဆင်တော်၊ (၃) ရဟန်း သံဃာနှင့် (၄) အမျိုးသမီးတွေဖြစ်ပါတယ်''လို့ ပြန်ပြော လိုက်တဲ့အတွက် ဝိသာခါရဲ့သွားများကို မြင်တွေ့ခွင့်ရပြီး အရိုး၏ကောင်းခြင်းနှင့် ပြည့်စုံသောကြောင့် သူဌေးသား၏ ဇနီးလောင်းအဖြစ် ကမ်းလှမ်းခဲ့ပါသည်။ ဝိသာခါကလည်း မျိုးရိုးအဆင့်အတန်းကို ပြန်လည်မေးမြန်းပြီးမှ မိမိတို့နှင့် သူဌေးမျိုးရိုးချင်းတူညီမှုရှိသောကြောင့် ကမ်းလှမ်းမှုကို လက်ခံလိုက်သည်။

အဲဒီနောက် ရာဇဂြိုဟ်ပြည့်ရှင်ဗိမ္ဗိသာရမင်း၏ သူဌေး ဘွဲ့ရ မေဏ္ဍကသူဌေးကြီး၏မြေးဖြစ်သူ ဝိသာခါနှင့် သာ ဝတိ­္ထပြည်သူဌေးဘွဲ့ရ မိဂါရသူဌေးကြီး၏သား ပုဏဝဃန တို့ ဖူးစာဆုံဖြစ်ခဲ့ကြသည်။
နှစ်ပြည်ထောင်သူဌေးကြီးများ၏ မိတ်ဆွေများ၊ ဓန အင်အားများနှင့် မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲဖြစ်ခဲ့ပြီး ကောသလမင်းကြီးကိုယ်တိုင် တက်ရောက်ချိးမြှင့်ခဲ့သည်။

ဓနဉ္စယသူဌေးကြီးဟာ ယောက္ခမအိမ်လိုက်သွားရ မည့် သမီးဖြစ်သူကို အိမ်ထောင်ရှင်များလိုက်နာရမည့် အချက်(၁ဝ)ချက်ကို သေချာလေ့ကျင့်သင်ကြားပေးကာ ဘာသာအယူဝါဒမတူသော ယောက္ခမအိမ်ကို လိုက်နေ ရမည့် သမီးဖြစ်သူအား စိတ်မချသဖြင့် သူဌေးကြီးရှစ်ဦး အား သမီးကို ကြည့်ရှုစောင့်ရှောက်ရန် အပ်နှံခဲ့သည်။
မိဂါရသူဌေးအိမ်သို့ရောက်သွားသည့် ချွေးမဝိသာခါ သည် ရောက်သည့်နေ့မှစပြီး ချွေးမဝတ္တရားကို ကျေပွန် အောင် ဆောင်ရွက်ခဲ့သည်။ ဘယ်လိုပင် တာဝန်ကျေအောင် ဆောင်ရွက်သော်လည်း ဘာသာတရားနှင့်ပတ်သက်လာ သည့်အခါ ခုနစ်နှစ်သမီးအရွယ်ကတည်းက သောတာပန် ဖြစ်ခဲ့သည့် ဝိသာခါသည် ယောက္ခမများ၏ တိတ္ထိကိုးကွယ် မှုအပေါ်မှာတော့ ဟန်ဆောင်ကာ တာဝန်မကျေခဲ့ပေ။ ဝိသာခါ၏ယောက္ခမများသည် ဘာသာခြားများဖြစ်ပြီး အိမ် သို့ ရဟန္တာများြ<ွကလာမည်ဟုဆိုကာ ဝိသာခါကိုထွက်ပြီး ဖူးမြော်ခိုင်းရာ ရဟန္တာဟုဆိုသည့် တိတ္ထိငါးရာစလုံးမှာ အဝတ်အစားမပါ ကိုယ်လုံးတီးများဖြစ်နေသောကြောင့် ဝိသာခါက ရှက်ပြီး အိမ်ထဲလှည့်ဝင်သွားသည်ကို တိတ္ထိ များရော၊ ယောက္ခမကြီးပါမြင်သွားသဖြင့် ဒေါသထွက် ကြသည်။ ထိုသို့ ဒေါသဖြစ်သော်လည်း သမီးယောက္ခမ ဖြစ်တာ မကြာသေးသဖြင့် ယောက္ခမကြီးက သူတို့အမျက် ဒေါသကို ချုပ်ထိန်းနိုင်ခဲ့သည်။

ဝိသာခါတို့အိမ်ရှေ့တွင် ဝိသာခါကိုးကွယ်သည့် ဗုဒ္ဓ ဘာသာဝင် ရဟန်းတော်တစ်ပါး ဆွမ်းခံြ<ွကလာသည်ကို ဝိသာခါ၏ယောက္ခမကြီးက ထမင်းစားရင်း လှမ်းမြင်သော် လည်း မမြင်ယောင်ဆောင်ပြီး ဆွမ်းမလှူခဲ့ပါ။ ထိုအခါ ဝိသာခါသည် လက်အုပ်ချီပြီး ''ခွင့်လွှတ်ပါဘုရား။ တပည့် တော်ဖခင်က အဟောင်းကိုစားသုံးသူတစ်ယောက်မို့ ကန် တော့ဆွမ်းပါဘုရား''လို စိတ်မကောင်းစွာ လျှောက်တင် လိုက်ရာ ယောက္ခမလုပ်သူက ''ဟယ် ယုတ်မာလိုက်တဲ့ ချွေးမ၊ မင့်အသက်အရွယ်လေးနဲ့ ငါ့ကို အဟောင်းစား (မစင်)စားသူလို့ပြောတာ အစွမ်းကုန်စော်ကားလိုက်တာ ပဲ။ နင် ခုချက်ချင်း အိမ်ပေါ်ကဆင်းသွားစမ်း''လို့ နှင်ချ ခံရပါသည်။ ဝိသာခါကလည်း ''ကျွန်မမှာအပြစ်မရှိပါ။ အဖေတို့မကျေနပ်ရင် ကျွန်မဖခင်အပ်လိုက်တဲ့ သူဌေးကြီး ရှစ်ဦးရှေ့မှာ စစ်ဆေးနိုင်ပါတယ်''ဟု ဆိုသည်။

ချွေးမနှင့်ယောက္ခမကြား အချေအတင်ဖြစ်ပြီး သူ ြ<ွကယ်ရှစ်ဦးက ဝိသာခါကို အကျိုးအကြောင်းမေးမြန်းဖြေ ရှင်းပေးသည်။
''ဦးကြီးတို့ အဟောင်းစားသူဆိုတဲ့အဓိပ္ပာယ်က မိုက် ရိုင်းတဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ ကျွန်မယောက္ခမ က ဒီဘဝမှာ သူြ<ွကယ်တစ်ဦးဖြစ်ပြီး ဘုရား၊ ရဟန်းတို့ကို ဆွမ်းတစ်လုပ်တောင် မကြည်ဖြူနိုင်ပါဘူး။ သူဟာ ဘဝ ဟောင်းကကောင်းမှုကိုပဲ ခံစားပြီး ခုဘဝမှာ ဘာကောင်း ကျိုးမှမလုပ်သူမို့ အဟောင်းစားသူလို့ တင်စားပြောဆိုခြင်း ဖြစ်ပါတယ်''လို့ ဖြေရှင်းချက်ပေးသည်။

ဝိသာခါ၏ဖြေရှင်းချက်သည် ရဲရင့်မှန်ကန်သည့်အ တွက် သူြ<ွကယ်ရှစ်ယောက်က ယောက္ခမသူဌေးကို နားချ ကြသည်။ ထိုအခါမှ ဝိသာခါလည်း ဒီအိမ်မှာ ဆက်နေရ မည်ဆိုလျှင် ဗုဒ္ဓရှင်တော်မြတ်ဘုရားနှင့် ဗုဒ္ဓဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရမှနေမည်ဟု ရဲဝံ့စွာတောင်းဆို ခဲ့သည်။ ယင်းပြဿနာများဖြစ်ပြီးနောက်ပိုင်းတွင် ဝိသာခါ သည် မြတ်စွာဘုရားနှင့် သံဃာတော်များကို ဆွမ်းကပ်ခွင့် ရခဲ့သည်။

မြတ်စွာဘုရားနှင့်သံဃာတော်များ ြ<ွကလာသည့် အခါ ဝိသာခါသည် ယောက္ခမ သူဌေးကြီးကို တရားထွက်နာ ဖို့ လူကြားထဲတွင် ခေါ်သည့် အတွက် ငြင်းရခက်ပြီး ကန့် လန့်ကာနောက်ကွယ်မှနေ၍ ဘုရားကိုမကြည့်ဘဲ တရားနာ ခဲ့သည်။ ကန့်လန့်ကာနောက် ကွယ်က တရားနာသော်လည်း မိဂါရသူဌေးကြီးမှာ ပါရမီ ရှိသောကြောင့် သစ္စာလေးပါးကို ထိုးထွင်းမြင်သွားပြီး သောတာပန်တည်သွားကာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာ သည်။

ဝိသာခါသူတော်ကောင်းမလေး၏ သတ္တိရှိရှိကိုယ့် ဘာသာတရားဘက်ကရပ်တည်ပြီး ဘာသာမတူသူများ အား စိတ်စေတနာဖြင့်ဖိတ်ခေါ်နိုင်ခဲ့သည့်အတွက် ဘာသာ မတူသောယောက္ခမနှင့် ခင်ပွန်းဖြစ်သူမှာ ဗုဒ္ဓဘာသာဝင် သူတော်စင်များဖြစ်လာကြသည်။
ကျောင်းအမကြီးဝိသာခါလို့ အမည်တွင်စေမည့် ပုဗ္ဗာ ရုံကျောင်းတိုက်ကြီးကို ကျောင်းမြေအတွက် ကိုးကုဋေ၊ ကျောင်းဆောက်လုပ်ရန်အတွက် ကိုးကုဋေ၊ ကျောင်းလှူ ပူဇော်ပွဲအတွက် အလှူငွေကိုးကုဋေ စုစုပေါင်း ၂၇ကုဋေ ကုန်ကျခံပြီး သမိုင်းဝင်ကျောင်းအလှူတော်ကြီးကို တည် ဆောက်လှူဒါန်းခဲ့ပါသည်။

ဝိသာခါကျောင်းအမကြီး၏ မိမိကိုးကွယ်သော ဘာ သာတရားကို မည်သည့်အကြောင်းနှင့်မျှ စွန့်ပယ်မသွား တတ်သော ခိုင်မာသည့်စိတ်ဓာတ်များကို အတုယူနိုင်ရန် ဆန္ဒပြု ရေးသားဖော်ပြလိုက်ခြင်းပင်ဖြစ်ပါသည်။

ကျမ်းကိုး- ဦးရွှေအောင်၊ ဓမ္မပဒ၊ ပုပ­္ဗဝဂ်၊ ဝိသာခါ။
အရှင်ကုမုဒြာ၊ ဓမ္မအလင်းရောင်ကျောင်းဝက်ဘ်ဆိုက်

ဖိုးသူတော် (www.phothutaw.com)
Credit: ygnnews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top