ခ်စ္သူႏွစ္ဦးဆက္ဆံေရးမွာ တစ္ေယာက္က အတၱအရမ္းႀကီးေနၿပီး သူကိုယ္ေကာင္းဆန္ေနလို႔မရပါဘူး။ ညီမွ်မႈမရွိတဲ့ ဆက္ဆံေရးတစ္ခုဟာ ဘယ္လိုမွေရရွည္တည္ၿမဲမွာမဟုတ္တဲ့အတြက္ သူကိုယ္ေကာင္းဆန္တဲ့သူတစ္ေယာက္ျဖစ္ရင္ အခုပဲ အဲဒီအက်င့္ေတြကို စြန္႔လြတ္လိုက္ပါ။

၁။ အရာအားလံုး သူ႔စည္းမ်ဥ္း စည္းကမ္းေတြအတိုင္းပဲ ျဖစ္ေစခ်င္တယ္

အတၱႀကီးတဲ့သူတစ္ေယာက္ဟာ အရာအားလံုးကို သူလိုခ်င္တဲ့အတိုင္း ျဖစ္ေစခ်င္ၾကပါတယ္။ ကိစၥတစ္ခုခုကိုလုပ္ရင္ပဲျဖစ္ျဖစ္ ဆံုးျဖတ္ခ်က္တစ္ခုခုကို ခ်ရင္ပဲျဖစ္ျဖစ္ သူ႔ဆႏၵအတိုင္းပဲ ဆံုးျဖတ္လိုစိတ္ရွိၾကပါတယ္။

၂။ စကားေျပာလိုက္ရင္ တျခားသူရဲ႕ ခံစားခ်က္ကို ထည့္မတြက္တတ္ဘူး

အတၱႀကီးတဲ့သူတစ္ေယာက္ဟာ တျခားသူရဲ႕ ခံစားခ်က္ကို ထည့္သြင္းစဥ္းစားေလ့မရွိဘဲ သူ႕ဘာသာသူ တစ္ဖက္သတ္အျမင္နဲ႔ပဲ ဆံုးျဖတ္တတ္ေလ့ရွိပါတယ္။ တစ္ေန႔တာလံုး သင္ဘာလုပ္တယ္ဆိုတာကိုလည္း သူေမးေလ့မရွိသလို၊သင့္ေအာင္ျမင္မႈကိုလည္း သူေသေသခ်ာခ်ာခ်ီးက်ဴးစကားေျပာဆိုမွာမဟုတ္ပါဘူး။

၃။ ဘာႀကိဳးစားအားထုတ္မႈမွမရွိဘူး

သင္တို႔ႏွစ္ေယာက္ ေရွ႕ဆက္မယ့္ခရီးလမ္းအတြက္ သူ႕မွာ ႀကိဳးစားအားထုတ္မႈမရွိဘူး။ သင့္ကို ေပ်ာရႊင္ေအာင္ထားဖို႔၊ သင့္ကို အ့ံၾသေအာင္လုပ္ဖို႔ သူႀကိဳးစားေလ့မရွိဘူး။ အလုပ္ရွဴပ္မခံခ်င္ၾကဘူးဆိုရင္ သူဟာ အတၱႀကီးတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။

၄။ ၀န္မခံခ်င္ၾကဘူး

သူတို႔ဟာ အမွားလုပ္မိရင္လည္း ၀န္မခံခ်င္ၾကသလို တစ္ခုခုဆိုရင္လည္း သင့္ေပၚမွာပဲ အျပစ္ေတြ ပံုခ်တတ္ေလ့ရွိပါတယ္။ သင့္ကိုအၿမဲ စိတ္ဖိစီးမႈေတြေပးၿပီး မလံုၿခံဳမႈေတြကိုပဲ ခံစားရေစတတ္ပါတယ္။

၅။ တျခားသူေတြနဲ႔ ပေရာပရီလုပ္ခ်င္ၾကတယ္

သင္ရွိေနရက္နဲ႔ သင့္ေရွ႕မွာ တျခားတစ္ေယာက္နဲ႔အတူတူ ရယ္ရယ္ေမာေမာ စကားေျပာတာ၊ မထိတရိစတာမ်ိဳးေတြလုပ္တတ္ပါတယ္။ ဒါဟာ သူမရင့္က်က္လို႔လည္းျဖစ္သလို၊ သူကိုယ္ေကာင္းဆန္တာေၾကာင့္လည္းျဖစ္ပါတယ္။ သင့္ခံစားခ်က္ကို ဂရုမစိုက္ဘူးဆိုတာ ရွင္းေနတာပါပဲ။

၆။ သူတို႔အျပဳအမူအတြက္ တာ၀န္ယူလိုစိတ္မရွိဘူး

သူကိုယ္ေကာင္းဆန္တဲ့သူေတြဟာ သူတို႔မွားတယ္လို႔ ဘယ္ေတာ့မွ ေတြးတတ္ေလ့မရွိပါဘူး။ တျခားသူေတြကိုပဲ အျပစ္ပံုခ်ခ်င္ၾကတဲ့သူေတြျဖစ္ၿပီး အမွားလုပ္မိရင္လည္း ဘယ္ေတာ့မွမေတာင္းပန္တတ္တဲ့သူေတြျဖစ္ပါတယ္။

သင့္ခ်စ္သူဟာ အထက္မွာေဖာ္ျပခဲ့တဲ့လကၡဏာေတြမရွိဘူးဆိုရင္ သင္သိပ္ကိုကံေကာင္းပါတယ္။ သူ႕ကိုအရမ္းခ်စ္တဲ့အေၾကာင္းေျပာလိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version#
ချစ်သူနှစ်ဦးဆက်ဆံရေးမှာ တစ်ယောက်က အတ္တအရမ်းကြီးနေပြီး သူကိုယ်ကောင်းဆန်နေလို့မရပါဘူး။ ညီမျှမှုမရှိတဲ့ ဆက်ဆံရေးတစ်ခုဟာ ဘယ်လိုမှရေရှည်တည်မြဲမှာမဟုတ်တဲ့အတွက် သူကိုယ်ကောင်းဆန်တဲ့သူတစ်ယောက်ဖြစ်ရင် အခုပဲ အဲဒီအကျင့်တွေကို စွန့်လွတ်လိုက်ပါ။

၁။ အရာအားလုံး သူ့စည်းမျဉ်း စည်းကမ်းတွေအတိုင်းပဲ ဖြစ်စေချင်တယ်

အတ္တကြီးတဲ့သူတစ်ယောက်ဟာ အရာအားလုံးကို သူလိုချင်တဲ့အတိုင်း ဖြစ်စေချင်ကြပါတယ်။ ကိစ္စတစ်ခုခုကိုလုပ်ရင်ပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခုခုကို ချရင်ပဲဖြစ်ဖြစ် သူ့ဆန္ဒအတိုင်းပဲ ဆုံးဖြတ်လိုစိတ်ရှိကြပါတယ်။

၂။ စကားပြောလိုက်ရင် တခြားသူရဲ့ ခံစားချက်ကို ထည့်မတွက်တတ်ဘူး

အတ္တကြီးတဲ့သူတစ်ယောက်ဟာ တခြားသူရဲ့ ခံစားချက်ကို ထည့်သွင်းစဉ်းစားလေ့မရှိဘဲ သူ့ဘာသာသူ တစ်ဖက်သတ်အမြင်နဲ့ပဲ ဆုံးဖြတ်တတ်လေ့ရှိပါတယ်။ တစ်နေ့တာလုံး သင်ဘာလုပ်တယ်ဆိုတာကိုလည်း သူမေးလေ့မရှိသလို၊သင့်အောင်မြင်မှုကိုလည်း သူသေသေချာချာချီးကျူးစကားပြောဆိုမှာမဟုတ်ပါဘူး။

၃။ ဘာကြိုးစားအားထုတ်မှုမှမရှိဘူး

သင်တို့နှစ်ယောက် ရှေ့ဆက်မယ့်ခရီးလမ်းအတွက် သူ့မှာ ကြိုးစားအားထုတ်မှုမရှိဘူး။ သင့်ကို ပျောရွှင်အောင်ထားဖို့၊ သင့်ကို အံ့သြအောင်လုပ်ဖို့ သူကြိုးစားလေ့မရှိဘူး။ အလုပ်ရှူပ်မခံချင်ကြဘူးဆိုရင် သူဟာ အတ္တကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

၄။ ဝန်မခံချင်ကြဘူး

သူတို့ဟာ အမှားလုပ်မိရင်လည်း ဝန်မခံချင်ကြသလို တစ်ခုခုဆိုရင်လည်း သင့်ပေါ်မှာပဲ အပြစ်တွေ ပုံချတတ်လေ့ရှိပါတယ်။ သင့်ကိုအမြဲ စိတ်ဖိစီးမှုတွေပေးပြီး မလုံခြုံမှုတွေကိုပဲ ခံစားရစေတတ်ပါတယ်။

၅။ တခြားသူတွေနဲ့ ပရောပရီလုပ်ချင်ကြတယ်

သင်ရှိနေရက်နဲ့ သင့်ရှေ့မှာ တခြားတစ်ယောက်နဲ့အတူတူ ရယ်ရယ်မောမော စကားပြောတာ၊ မထိတရိစတာမျိုးတွေလုပ်တတ်ပါတယ်။ ဒါဟာ သူမရင့်ကျက်လို့လည်းဖြစ်သလို၊ သူကိုယ်ကောင်းဆန်တာကြောင့်လည်းဖြစ်ပါတယ်။ သင့်ခံစားချက်ကို ဂရုမစိုက်ဘူးဆိုတာ ရှင်းနေတာပါပဲ။

၆။ သူတို့အပြုအမူအတွက် တာဝန်ယူလိုစိတ်မရှိဘူး

သူကိုယ်ကောင်းဆန်တဲ့သူတွေဟာ သူတို့မှားတယ်လို့ ဘယ်တော့မှ တွေးတတ်လေ့မရှိပါဘူး။ တခြားသူတွေကိုပဲ အပြစ်ပုံချချင်ကြတဲ့သူတွေဖြစ်ပြီး အမှားလုပ်မိရင်လည်း ဘယ်တော့မှမတောင်းပန်တတ်တဲ့သူတွေဖြစ်ပါတယ်။

သင့်ချစ်သူဟာ အထက်မှာဖော်ပြခဲ့တဲ့လက္ခဏာတွေမရှိဘူးဆိုရင် သင်သိပ်ကိုကံကောင်းပါတယ်။ သူ့ကိုအရမ်းချစ်တဲ့အကြောင်းပြောလိုက်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top