လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ပင္ပန္းမွူ ေပ်ာက္ကာ လန္းဆန္း ေစမည့္ နည္း (၁၅) မ်ိဳး

တစ္ေနကုန္ ပင္ပန္း ႏြမ္းနယ္ ေနပါသလား။ တစ္ေန ့ထက္ တစ္ေန ့အားအင္ ခ်ည္႕နဲ့ကာ စိတ္သြားတုိင္း ကုိယ္မပါ ျဖစ္ေန ပါသလား။ မၾကာခဏ သမ္းေ၀ကာ ငုိက္မ်ည္း ေနတတ္ ပါသလား။ ပင္ပန္း ႏုံးခ်ည္႕ ရျခင္း အေၾကာင္းရင္းကုိ ရွာကာ အၿမဲ သြက္လက္ အားအင္ ျပည့္ေစႏုိင္မယ့္ နည္းလမ္း ၁၅ မ်ဳိးကုိ ေဖာ္ျပလုိက္ပါတယ္။

၁။ ပင္ပန္းရျခင္း အေၾကာင္းရင္း ရွာပါ
သင့္ရဲ႕ အားအင္ေတြ ျပန္ျပည့္ဖုိ႔ ပထမဆုံး လုပ္ရမွာက သင့္ စားေသာက္ ေနထုိင္ပုံက သင့္ရဲ႕ အားအင္ေတြကုိ ဘယ္လုိ ဆုတ္ယုတ္ ေနေစသလဲ ဆုိတာကုိ သုံးသပ္ဖုိ႔ ပါပဲ။ ေရေသာက္ နည္းၿပီး ေရဓာတ္ ေျခာက္ခန္း ေနသလား၊ အရက္ေသာက္ မ်ားေနသလား၊ အစာ ေလွ်ာ့စားလြန္း ေနသလား၊ အခ်ဳိကဲတဲ့ အစားေတြ မ်ားမ်ား စားလုိ႔ ေသြးထဲ သၾကားဓာတ္ မ်ားေနသလား၊ အိပ္ေရး မ၀ဘူးလား စသျဖင့္ ပင္ပန္းေစႏုိင္တဲ့ အေၾကာင္းရင္းေတြကုိ ရွာၾကည့္ပါ။ စိတ္ဖိစီးမႈ နဲ႔ ပူပင္ စုိးရိမ္မႈေတြ ေၾကာင့္လည္း အားေလ်ာ့ ေစႏုိင္ပါတယ္။ ျဖစ္ႏုိင္ေျခ ရွိတဲ့ အေၾကာင္းရင္း ေတြကုိ ေဖာ္ထုတ္ႏုိင္ဖုိ႔ အတြက္ ကုိယ္ရဲ႕ စားေသာက္ ေနထုိင္ပုံကုိ ဂ႐ုျပဳမိဖုိ႔ လုိပါတယ္။

၂။ သံဓာတ္ လုိအပ္ပါတယ္
အမ်ဳိးသမီး အမ်ားစု ပင္ပန္းရျခင္း အေၾကာင္းရင္းက သံဓာတ္ ခ်ဳိတဲ့လုိ႔ ပါပဲ။ ဓမၼတာ ရာသီေသြး ဆင္းျခင္းေၾကာင့္ ေသြးထဲ ေအာက္ဆီဂ်င္ သယ္ေဆာင္ေပးတဲ့ ေဟမုိဂလုိဘင္ ပ႐ုိတင္း ပမာဏ ေလ်ာ့နည္းတတ္ ပါတယ္။ ဓမၼတာ ရာသီေသြးဆင္း မ်ားျခင္းေၾကာင့္ ျဖဴဖပ္ျဖဴေရာ္ ျဖစ္ျခင္း၊ အသက္႐ွဴ မ၀ျခင္း၊ လက္သည္း ေျခသည္း အေရာင္ေဖ်ာ့ျခင္း၊ ႏုံးခ်ည့္ျခင္းတုိ႔ ျဖစ္တတ္ ပါတယ္။ ဒါေၾကာင့္ ကုန္ဆုံးသြားတဲ့ သံဓာတ္ကုိ ျပန္ျဖည့္တင္း ေပးဖုိ႔ အတြက္ အမ်ဳိးသမီးတုိင္း သံဓာတ္ အားျဖည့္ေဆး ေသာက္ေပးသင့္ ပါတယ္။ သံဓာတ္ ၾကြယ္၀တဲ့ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္၊ အနီေရာင္ အသားတုိ႔ကုိ စားေပးသင့္ ပါတယ္။ ေဖာလစ္အက္စစ္ နဲ႔ ဗီတာမင္ဘီ ၁၂ ခ်ဳိ႕တဲ့ရင္လည္း ေသြးအားနည္းတတ္ ပါတယ္။

၃။ အိပ္ေရး၀ဖုိ့ အေရးႀကီးပါတယ္
ကြၽန္မတုိ႔ အမ်ားစုဟာ အိပ္ခ်ိန္ အလုံအေလာက္ မအိပ္တတ္ၾက ပါဘူး။ တစ္ညကုိ အိပ္ခ်ိန္ ခုနစ္နာရီ မွ ရွစ္နာရီၾကား ရွိပါက က်န္းမာေရး နဲ႔ ညီၫြတ္ ပါတယ္။ တစ္ညကုိ ငါးနာရီ နဲ႔ ေျခာက္နာရီ သာ အိပ္ခ်ိန္ ရွိသူေတြက တစ္ပတ္လုံးနဲ႔ ယွဥ္ပါက ႏွစ္ညစာ ေလာက္ အိပ္ခ်ိန္ လြတ္သြားတယ္လုိ႔ ေျပာႏုိင္ပါတယ္။ တစ္ညကုိ သူမ်ားထက္ အိပ္ခ်ိန္ ႏွစ္နာရီ ေလာက္ ေလ်ာ့ရင္ တစ္ပတ္ ျပည့္တဲ့ အခါ အိပ္ခ်ိန္ ၁၄ နာရီ ေလ်ာ့တာေၾကာင့္ ႏွစ္ညစာ အိပ္ခ်ိန္ ေလ်ာ့တယ္လုိ႔ ေျပာရတာပဲ ျဖစ္ပါတယ္။ အိပ္မေပ်ာ္ရျခင္း အမ်ားစုက စိတ္ဖိစီးမႈေၾကာင့္ ပါ။ ဒါေၾကာင့္ စိတ္ဖိစီးမႈ တတ္ႏုိင္သမွ် ေလွ်ာ့ၿပီး အိပ္ေရး ၀ေအာင္ အိပ္ပါ။ အိပ္ေရး၀ မွ အားအင္ ျပည့္မွာပါ။

၄။ ကာလရွည္ ေမာပန္းပါက သတိထားပါ
တစ္လေက်ာ္ ၾကာတဲ့ အထိ အၿမဲ ပင္ပန္းေနပါက ဆရာ၀န္ထံ ျပသ စစ္ေဆးခံသင့္ ပါတယ္။ ေသြးအားနည္းျခင္း၊ စိတ္ဓာတ္က်ျခင္း၊ ေရာဂါပုိး၀င္ျခင္း တုိ႔ေၾကာင့္ ျဖစ္ႏုိင္တာမုိ႔ အထူးသျဖင့္ ကုိယ္အေလးခ်ိန္ ေလ်ာ့က်ျခင္း နဲ႔ ရာသီေသြးဆင္းမႈ မ်ားျခင္းစတဲ့ လကၡဏာတုိ႔ နဲ႔ တြဲျဖစ္ပါက ေဆးခန္းျပသင့္ ေနပါၿပီ။ ေသြးဆုံးတဲ့ အရြယ္ရွိ အမ်ဳိးသမီးေတြလည္း ကာလရွည္ ေမာပန္း တတ္ၾက ပါတယ္။ အဲဒါေတြေၾကာင့္ မဟုတ္ဘူး ဆုိရင္ အိမ္နဲ႔ အလုပ္မွာ ဂက္စ္ထြက္ ရွိႏုိင္တဲ့ အရာေတြ တပ္ဆင္ထားလား သတိထား ၾကည့္ပါ။ ကာဗြန္မုိေနာက္ဆုိက္ ဓာတ္ေငြ႕ေတြဟာ ေအာက္ဆီဂ်င္ ရရွိမႈကုိ ေလ်ာ့နည္း ေစႏုိင္သလုိ ၾကာလာပါက အသက္ အႏၲရာယ္ေတာင္ ရွိေနပါတယ္။

၅။ Coenzyme Q10 လုိပါတယ္
ဓာတ္တုိး ဆန္႔က်င္ ပစၥည္း Coenzyme Q10 က ခႏၶာကုိယ္ ဆဲလ္အတြင္း အားအင္လႊင့္ထုတ္ရာမွာ အေရးႀကီးသလုိ ႏွလုံးေရာဂါကုိလည္း ကာကြယ္ေပး ပါတယ္။ အသက္ႀကီး လာတာနဲ႔ အမွ် Coenzyme Q10 ေလ်ာ့နည္း တတ္လုိ႔ ၾကြယ္၀တဲ့ အစာေတြ ျဖစ္တဲ့ ဆဲလ္မြန္ငါး၊ ငါးေသတၱာ၊ အမဲသား၊ ဟင္းႏုနယ္ နဲ႔ ေျမပဲေတြ စားေပးပါ။ Coenzyme Q10 ပါတဲ့ အားေဆး ေသာက္ေပးပါ။

၆။ စီ႐ုိတုိနင္ ပမာဏမ်ားေအာင္ လုပ္ပါ
စီ႐ုိတုိနင္ဆုိတာ ဦးေႏွာက္ စိတ္ခံစားမႈ ေကာင္းေစႏုိင္တဲ့ ဓာတ္တစ္ခုပါ။ 5HTP (5-hydroxytryptophan)အားေဆးက ခႏၶာကုိယ္ကေန စီ႐ုိတုိနင္ဓာတ္ ထြက္ရွိ ေစတာေၾကာင့္ စိတ္ေပ်ာ္ရႊင္ ေစကာ စိတ္ဓာတ္က်မႈကုိ ေလ်ာ့နည္းေစ ပါတယ္။ ဒါ့အျပင္ အိပ္ေကာင္းျခင္း အိပ္ေပ်ာ္ေစကာ အိပ္ေရး ၀ေစႏုိင္ ပါတယ္။

၇။ ခႏၶာကုိယ္ရဲ႔ သဘာ၀ စည္းခ်က္ေၾကာင့္ လည္း ျဖစ္ႏုိင္ပါတယ္
႐ုံးမွာ က်ေတာ့ မတရား ပင္ပန္းၿပီး အိမ္ေရာက္လုိ႔ ရွိရင္ အားအင္ ျပည့္၀ေနတာမ်ဳိး ႀကံဳဖူးၾက မွာပါ။ အေၾကာင္းျပခ်က္ တစ္ခု ကေတာ့ ခႏၶာကိုယ္ရဲ႕ သဘာ၀ စည္းခ်က္ ေၾကာင့္ပါ။ သုေတသန ပညာရွင္တုိ႔ရဲ႕ ေလ့လာခ်က္ အရ ခႏၶာကုိယ္ ဇီ၀ နာရီဟာ ေန႔လယ္ ႏွစ္နာရီ ၀န္းက်င္ေလာက္မွာ ခႏၶာကုိယ္ကုိ အားေလ်ာ့ ေစတယ္လုိ႔ ဆုိပါတယ္။ ခႏၶာကိုယ္ အပူခ်ိန္ဟာ ထမင္းစားၿပီး ေနာက္ ေလ်ာ့က်တတ္ သလုိ ညဘက္ ၇နာရီေလာက္ မွာလည္း ေလ်ာ့က်တတ္ ပါတယ္။ ခႏၶာကိုယ္ အပူခ်ိန္ ေလ်ာ့က်ျခင္းက မယ္လတုိနင္ ေဟာ္မုန္းကုိ ထြက္ရွိေစ ပါတယ္။ အဲဒီ ေဟာ္မုန္းက ဦးေႏွာက္ကုိ အိပ္ခ်ိန္နား နီးၿပီ ျဖစ္ေၾကာင္း သတင္း ေပးပုိ႔ ပါတယ္။

၈။ သုိင္း႐ိြဳက္ ေရာဂါ ရွိလား ရွာၾကည္႕ပါ
သုိင္း႐ိြဳက္ ဂလင္းေတြဟာ ခႏၶာကုိယ္ကေန အားအင္ေတြကုိ ဘယ္ေလာက္ ျမန္ျမန္ ေလာင္ကြၽမ္း ေစၿပီး ပ႐ုိတင္းေတြ ျဖစ္ေစႏုိင္သလဲ ဆုိတာကုိ ထိန္းခ်ဳပ္ေပး ပါတယ္။ အလုပ္ သိပ္ မလုပ္ႏုိင္တဲ့ သုိင္း႐ိြဳက္ဂလင္း အေျခအေန (Hypothyroidism) ျဖစ္ပါက လူကုိ ပင္ပန္းေစ သလုိ ခႏၶာကိုယ္ အေလးခ်ိန္ကုိလည္း တုိးေစပါတယ္။ ဒါ့အျပင္ အသားအေရ ေျခာက္ေသြ႕ကာ အေအးဒဏ္ကုိ မခံႏုိင္ ျဖစ္တတ္ ပါတယ္။ ဒီေရာဂါ ျဖစ္ပါက အေရးႀကီးတာေၾကာင့္ ဆရာ၀န္နဲ႔ ျပသသင့္ ပါတယ္။ အခ်ိန္မီ မကုသပါက ပုိၿပီး ေမာပန္းေစကာ အသံ ေအာလာျခင္း၊ မ်က္ႏွာ ပုံေျပာင္းလာျခင္း မ်က္ခုံးေမြး နဲ႔ မ်က္ေတာင္ကြၽတ္ျခင္း ကုိလည္း ျဖစ္တတ္ ပါတယ္။

၉။ ကဖင္းဓာတ္က လန္းဆန္း ေစႏုိင္ပါတယ္
ကဖင္းဓာတ္ ပါရွိတဲ့ ေကာ္ဖီ၊ လက္ဖက္ရည္တုိ႔ဟာ ခဏတာ သာ အားျပည့္ လန္းဆန္း ေစႏုိင္ေပမယ့္ ေနာက္ ခဏအၾကာမွာ အားျပန္ေလ်ာ့ သြားေစျခင္းေၾကာင့္ သိပ္ အမ်ားႀကီး မေသာက္သင့္ဘူး လုိ႔ ဆုိပါတယ္။ ဒါေပမဲ့ တစ္ေန႔ကုိ တစ္ခြက္ ကေန သုံးခြက္အထိ ေသာက္ေပးလုိ႔ ရပါတယ္။ အဲဒီထက္ မ်ားသြားရင္သာ မေကာင္းတာပါ။ ကဖင္းဓာတ္ ေသာက္တာ မ်ားလြန္းပါက အသြက္လြန္ျခင္း၊ ေျခေခ်ာင္း လက္ေခ်ာင္း တုန္ျခင္း၊ ကေယာင္ေခ်ာက္ခ်ား ျဖစ္ျခင္းတုိ႔ ျဖစ္တတ္ပါတယ္။ ဗီတာမင္ဘီကုိပါ ေလ်ာ့နည္း ေစကာ ပင္ပန္းျခင္း၊ ကာလရွည္ၾကာ အားေလ်ာ့ျခင္းတုိ႔လည္း ျဖစ္တတ္ပါတယ္။

၁၀။ သဘာ၀ ေဆးျမစ္ေတြရဲ႔ အစြမ္းကုိလည္း ေမ့မထားပါနဲ့
ေရႊေရာင္ အျမစ္လုိ႔ ေခၚတဲ့ Rhodiola  သဘာ၀ ေဆးဖက္၀င္ အျမစ္ဟာ အားအင္ ျပည့္ၿဖိဳး လန္းဆန္း ေစကာ အာ႐ုံ စူးစုိက္မႈ အားေကာင္းၿပီး ႏြမ္းနယ္မႈကုိ ပေပ်ာက္ေစ ပါတယ္။ ဒါေပမဲ့ ကာလရွည္ သုံးစြဲလုိ႔ေတာ့ မသင့္ေတာ္ပါဘူး။ ကေယာင္ေခ်ာက္ခ်ား ျဖစ္ေစႏုိင္တာ ေၾကာင့္ပါ။
၁၁။ အိပ္စက္ျခင္း ျပႆနာေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္
အိပ္စက္ျခင္း ျပႆနာ တစ္ခု ျဖစ္တဲ့ အိပ္ေနရင္း မၾကာခဏ အသက္႐ွဴ ရပ္တတ္တဲ့ ေရာဂါေၾကာင့္လည္း ပင္ပန္းတတ္ ပါတယ္။ အဲလုိ အသက္႐ွဴ ရပ္သြားတုိင္း ႏုိးလာတတ္ ေပမယ့္ သင့္ကုိယ္သင္ေတာ့ သတိ မထားမိပါဘူး။ သင့္မွာမ်ား အဲလုိ ျဖစ္ေနသလား၊ သံသယ ရွိေနရင္ ဒါမွမဟုတ္ သင့္ အိမ္ေထာင္ဖက္က သတိထားမိ ေနရင္ ေဆးခန္း ျပသင့္ ပါတယ္။

၁၂။ ကုိယ္လက္လႈပ္ရွား မ်ားမ်ားလုပ္ပါ
အားအင္ ျပည့္ၿဖိဳး စြမ္းအင္ တုိးေစႏုိင္ ပါတယ္။ ကုိယ္လက္လႈပ္ရွားမႈ ျပဳျခင္းျဖင့္ အသက္ကုိ ပုိၿပီး ျပင္းျပင္း႐ွဴ လာသလုိ ခႏၶာကိုယ္ထဲ ေအာက္ဆီဂ်င္ မ်ားမ်ား ေရာက္ကာ ေသြးလည္ပတ္မွူ ေကာင္းေစတာ ေၾကာင့္ပါ။ ဒါေၾကာင့္ မနက္ေစာေစာ အိမ္ျပင္ ထြက္ကာ ေလေကာင္းေလသန္႔ ႐ွဴရင္း ေလ့က်င့္ခန္း လုပ္ေပးပါ။

၁၃။ ကာဗုိဟုိက္ဒရိတ္ အေၾကာင္း သိဖုိ့လည္း လုိပါတယ္
ကာဗုိဟုိက္ဒရိတ္က အားမ်ား ေစႏုိင္ေပမယ့္ အျမန္ထြက္တဲ့ High GI အမ်ဳိးအစားနဲ႔ အေႏွးထြက္တဲ့ Low GI အမ်ဳိးအစား ဆုိၿပီး ႏွစ္မ်ဳိး ရွိပါတယ္။ အျမန္ ထြက္တဲ့ ကာဗုိဟုိက္ဒရိတ္က သၾကားနဲ႔ အျမႇဳပ္ပါတဲ့၊ ဂက္စ္ပါတဲ့ အခ်ဳိရည္ေတြမွာ ေတြ႕ရၿပီး အဲဒီ အစားအေသာက္ေတြ စားေသာက္ၿပီး ခါစ တစ္ခဏမွာ လန္းဆန္း တက္ၾကြကာ ေနာက္ ခဏေန ပင္ပန္း သြားတတ္ ပါတယ္။ ဒါေပမဲ့ အေႏွးထြက္တဲ့ ကာဗုိဟုိက္ဒရိတ္ ကေတာ့ ေကာက္ပဲသီးႏွံ၊ ပဲအမ်ဳိးမ်ဳိး နဲ႔ ေစးကပ္တဲ့ ဟင္းသီးဟင္းရြက္ေတြ မွာ ေတြ႕ရကာ အားအင္ အၿမဲ ျပည့္ေစပါတယ္။ ဂ်င္ဆင္း ေဆးျမစ္ကလည္း စိတ္ဖိစီးမႈကုိ သက္သာကာ အားျပည့္ေစ ပါတယ္။

၁၄။ ေန့လယ္မွာ အိပ္မငုိက္ပါနဲ့
ေန႔လယ္ေန႔ခင္း ပင္ပန္းလုိ႔ တစ္ေရးတေမာ ေမွးတာက အားျပည့္ေစ ေပမယ့္ အဲလုိ ခဏ အိပ္လုိက္လုိ႔ ညဘက္ အိပ္မေပ်ာ္ ျဖစ္ရင္ေတာ့ မေကာင္းပါဘူး။ ဒါေၾကာင့္ ေန႔လယ္မွာ အိပ္မငုိက္ေအာင္ ေန႔လယ္စာ ထဲမွာ အျမန္ထြက္တဲ့ ကာဗုိဟုိက္ဒရိတ္ High GI စာေတြနဲ႔ အယ္လ္ကုိေဟာကုိ ေရွာင္ပါ။ အိပ္ခ်င္စိတ္ ေပါက္လာရင္ ဟုိနားဒီနား လမ္းထ ေလွ်ာက္လုိက္ပါ။ ဒါမွမဟုတ္ စားပြဲ ရွင္းလုိက္ပါ။ ၿပီးေတာ့ ညဘက္မွာလည္း အခ်ိန္မွန္ အိပ္ကာ အခ်ိန္မွန္ ထပါ။ အိပ္ခါနီး စိတ္ဖိစီးမႈ မ်ားေစမယ့္ ကိစၥေတြ မေတြးပါနဲ႔။

၁၅။ အားအင္ ျပည္႕၀ေစမယ့္ နည္းတခ်ဳိ႔
* လမ္း အျမန္ေလွ်ာက္ပါ။ အလုပ္ လုပ္ရင္း အိပ္ငုိက္ေနပါ သလား။ ေအာက္ပါ တုိ႔ကုိ လုပ္ၾကည့္ပါ။ ကုိယ္လက္လႈပ္ရွား လုိက္ျခင္းျဖင့္ ပင္ပန္းမႈ ေပ်ာက္ကာ လန္းဆန္း လာပါ လိမ့္မယ္။
* ေရေသာက္ လုိက္ပါ။ ေရေအးေအးေလး တစ္ခြက္ ေသာက္ရင္ လန္းဆန္းသလုိ လက္ဖက္စိမ္း ေရေႏြးၾကမ္း ေသာက္လုိက္ရင္လည္း စိတ္ ၾကည္လင္ သြားပါ လိမ့္မယ္။
* ျပတင္းေပါက္ ဖြင့္လုိက္ပါ။ ေလေကာင္းေလသန္႔ ႐ွဴလုိက္ျခင္းျဖင့္ လန္းဆန္း တက္ၾကြ လာပါ လိမ့္မယ္။
* သံပရာ ရနံ႔ကုိ ႐ွဴ႐ႈိက္ျခင္း ကလည္း စိတ္ၾကည္လင္ လန္းဆန္း ေစႏုိင္ ပါတယ္။
* ဗီတာမင္ B12 အားေဆး သုံးေဆာင္ပါ။ က်န္းမာေရး အတြက္ ေကာင္းသလုိ ပင္ပန္း ႏြမ္းလ်ျခင္းကုိလည္း ေပ်ာက္ေစ ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Moenge Aung

# Unicode Version #
ပင်ပန်းမှူ ပျောက်ကာ လန်းဆန်း စေမည့် နည်း (၁၅) မျိုး

တစ်နေကုန် ပင်ပန်း နွမ်းနယ် နေပါသလား။ တစ်နေ့ထက် တစ်နေ့အားအင် ချည့်နဲ့ကာ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေ ပါသလား။ မကြာခဏ သမ်းဝေကာ ငိုက်မျည်း နေတတ် ပါသလား။ ပင်ပန်း နုံးချည့် ရခြင်း အကြောင်းရင်းကို ရှာကာ အမြဲ သွက်လက် အားအင် ပြည့်စေနိုင်မယ့် နည်းလမ်း ၁၅ မျိုးကို ဖော်ပြလိုက်ပါတယ်။

၁။ ပင်ပန်းရခြင်း အကြောင်းရင်း ရှာပါ
သင့်ရဲ့ အားအင်တွေ ပြန်ပြည့်ဖို့ ပထမဆုံး လုပ်ရမှာက သင့် စားသောက် နေထိုင်ပုံက သင့်ရဲ့ အားအင်တွေကို ဘယ်လို ဆုတ်ယုတ် နေစေသလဲ ဆိုတာကို သုံးသပ်ဖို့ ပါပဲ။ ရေသောက် နည်းပြီး ရေဓာတ် ခြောက်ခန်း နေသလား၊ အရက်သောက် များနေသလား၊ အစာ လျှော့စားလွန်း နေသလား၊ အချိုကဲတဲ့ အစားတွေ များများ စားလို့ သွေးထဲ သကြားဓာတ် များနေသလား၊ အိပ်ရေး မဝဘူးလား စသဖြင့် ပင်ပန်းစေနိုင်တဲ့ အကြောင်းရင်းတွေကို ရှာကြည့်ပါ။ စိတ်ဖိစီးမှု နဲ့ ပူပင် စိုးရိမ်မှုတွေ ကြောင့်လည်း အားလျော့ စေနိုင်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းရင်း တွေကို ဖော်ထုတ်နိုင်ဖို့ အတွက် ကိုယ်ရဲ့ စားသောက် နေထိုင်ပုံကို ဂရုပြုမိဖို့ လိုပါတယ်။

၂။ သံဓာတ် လိုအပ်ပါတယ်
အမျိုးသမီး အများစု ပင်ပန်းရခြင်း အကြောင်းရင်းက သံဓာတ် ချိုတဲ့လို့ ပါပဲ။ ဓမ္မတာ ရာသီသွေး ဆင်းခြင်းကြောင့် သွေးထဲ အောက်ဆီဂျင် သယ်ဆောင်ပေးတဲ့ ဟေမိုဂလိုဘင် ပရိုတင်း ပမာဏ လျော့နည်းတတ် ပါတယ်။ ဓမ္မတာ ရာသီသွေးဆင်း များခြင်းကြောင့် ဖြူဖပ်ဖြူရော် ဖြစ်ခြင်း၊ အသက်ရှူ မဝခြင်း၊ လက်သည်း ခြေသည်း အရောင်ဖျော့ခြင်း၊ နုံးချည့်ခြင်းတို့ ဖြစ်တတ် ပါတယ်။ ဒါကြောင့် ကုန်ဆုံးသွားတဲ့ သံဓာတ်ကို ပြန်ဖြည့်တင်း ပေးဖို့ အတွက် အမျိုးသမီးတိုင်း သံဓာတ် အားဖြည့်ဆေး သောက်ပေးသင့် ပါတယ်။ သံဓာတ် ကြွယ်ဝတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ အနီရောင် အသားတို့ကို စားပေးသင့် ပါတယ်။ ဖောလစ်အက်စစ် နဲ့ ဗီတာမင်ဘီ ၁၂ ချို့တဲ့ရင်လည်း သွေးအားနည်းတတ် ပါတယ်။

၃။ အိပ်ရေးဝဖို့ အရေးကြီးပါတယ်
ကျွန်မတို့ အများစုဟာ အိပ်ချိန် အလုံအလောက် မအိပ်တတ်ကြ ပါဘူး။ တစ်ညကို အိပ်ချိန် ခုနစ်နာရီ မှ ရှစ်နာရီကြား ရှိပါက ကျန်းမာရေး နဲ့ ညီညွတ် ပါတယ်။ တစ်ညကို ငါးနာရီ နဲ့ ခြောက်နာရီ သာ အိပ်ချိန် ရှိသူတွေက တစ်ပတ်လုံးနဲ့ ယှဉ်ပါက နှစ်ညစာ လောက် အိပ်ချိန် လွတ်သွားတယ်လို့ ပြောနိုင်ပါတယ်။ တစ်ညကို သူများထက် အိပ်ချိန် နှစ်နာရီ လောက် လျော့ရင် တစ်ပတ် ပြည့်တဲ့ အခါ အိပ်ချိန် ၁၄ နာရီ လျော့တာကြောင့် နှစ်ညစာ အိပ်ချိန် လျော့တယ်လို့ ပြောရတာပဲ ဖြစ်ပါတယ်။ အိပ်မပျော်ရခြင်း အများစုက စိတ်ဖိစီးမှုကြောင့် ပါ။ ဒါကြောင့် စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ပြီး အိပ်ရေး ဝအောင် အိပ်ပါ။ အိပ်ရေး၀ မှ အားအင် ပြည့်မှာပါ။

၄။ ကာလရှည် မောပန်းပါက သတိထားပါ
တစ်လကျော် ကြာတဲ့ အထိ အမြဲ ပင်ပန်းနေပါက ဆရာဝန်ထံ ပြသ စစ်ဆေးခံသင့် ပါတယ်။ သွေးအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရောဂါပိုးဝင်ခြင်း တို့ကြောင့် ဖြစ်နိုင်တာမို့ အထူးသဖြင့် ကိုယ်အလေးချိန် လျော့ကျခြင်း နဲ့ ရာသီသွေးဆင်းမှု များခြင်းစတဲ့ လက္ခဏာတို့ နဲ့ တွဲဖြစ်ပါက ဆေးခန်းပြသင့် နေပါပြီ။ သွေးဆုံးတဲ့ အရွယ်ရှိ အမျိုးသမီးတွေလည်း ကာလရှည် မောပန်း တတ်ကြ ပါတယ်။ အဲဒါတွေကြောင့် မဟုတ်ဘူး ဆိုရင် အိမ်နဲ့ အလုပ်မှာ ဂက်စ်ထွက် ရှိနိုင်တဲ့ အရာတွေ တပ်ဆင်ထားလား သတိထား ကြည့်ပါ။ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့တွေဟာ အောက်ဆီဂျင် ရရှိမှုကို လျော့နည်း စေနိုင်သလို ကြာလာပါက အသက် အန္တရာယ်တောင် ရှိနေပါတယ်။

၅။ Coenzyme Q10 လိုပါတယ်
ဓာတ်တိုး ဆန့်ကျင် ပစ္စည်း Coenzyme Q10 က ခန္ဓာကိုယ် ဆဲလ်အတွင်း အားအင်လွှင့်ထုတ်ရာမှာ အရေးကြီးသလို နှလုံးရောဂါကိုလည်း ကာကွယ်ပေး ပါတယ်။ အသက်ကြီး လာတာနဲ့ အမျှ Coenzyme Q10 လျော့နည်း တတ်လို့ ကြွယ်ဝတဲ့ အစာတွေ ဖြစ်တဲ့ ဆဲလ်မွန်ငါး၊ ငါးသေတ္တာ၊ အမဲသား၊ ဟင်းနုနယ် နဲ့ မြေပဲတွေ စားပေးပါ။ Coenzyme Q10 ပါတဲ့ အားဆေး သောက်ပေးပါ။

၆။ စီရိုတိုနင် ပမာဏများအောင် လုပ်ပါ
စီရိုတိုနင်ဆိုတာ ဦးနှောက် စိတ်ခံစားမှု ကောင်းစေနိုင်တဲ့ ဓာတ်တစ်ခုပါ။ 5HTP (5-hydroxytryptophan)အားဆေးက ခန္ဓာကိုယ်ကနေ စီရိုတိုနင်ဓာတ် ထွက်ရှိ စေတာကြောင့် စိတ်ပျော်ရွှင် စေကာ စိတ်ဓာတ်ကျမှုကို လျော့နည်းစေ ပါတယ်။ ဒါ့အပြင် အိပ်ကောင်းခြင်း အိပ်ပျော်စေကာ အိပ်ရေး ဝစေနိုင် ပါတယ်။

၇။ ခန္ဓာကိုယ်ရဲ့ သဘာ၀ စည်းချက်ကြောင့် လည်း ဖြစ်နိုင်ပါတယ်
ရုံးမှာ ကျတော့ မတရား ပင်ပန်းပြီး အိမ်ရောက်လို့ ရှိရင် အားအင် ပြည့်ဝနေတာမျိုး ကြုံဖူးကြ မှာပါ။ အကြောင်းပြချက် တစ်ခု ကတော့ ခန္ဓာကိုယ်ရဲ့ သဘာ၀ စည်းချက် ကြောင့်ပါ။ သုတေသန ပညာရှင်တို့ရဲ့ လေ့လာချက် အရ ခန္ဓာကိုယ် ဇီ၀ နာရီဟာ နေ့လယ် နှစ်နာရီ ဝန်းကျင်လောက်မှာ ခန္ဓာကိုယ်ကို အားလျော့ စေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ် အပူချိန်ဟာ ထမင်းစားပြီး နောက် လျော့ကျတတ် သလို ညဘက် ၇နာရီလောက် မှာလည်း လျော့ကျတတ် ပါတယ်။ ခန္ဓာကိုယ် အပူချိန် လျော့ကျခြင်းက မယ်လတိုနင် ဟော်မုန်းကို ထွက်ရှိစေ ပါတယ်။ အဲဒီ ဟော်မုန်းက ဦးနှောက်ကို အိပ်ချိန်နား နီးပြီ ဖြစ်ကြောင်း သတင်း ပေးပို့ ပါတယ်။

၈။ သိုင်းရွိုက် ရောဂါ ရှိလား ရှာကြည့်ပါ
သိုင်းရွိုက် ဂလင်းတွေဟာ ခန္ဓာကိုယ်ကနေ အားအင်တွေကို ဘယ်လောက် မြန်မြန် လောင်ကျွမ်း စေပြီး ပရိုတင်းတွေ ဖြစ်စေနိုင်သလဲ ဆိုတာကို ထိန်းချုပ်ပေး ပါတယ်။ အလုပ် သိပ် မလုပ်နိုင်တဲ့ သိုင်းရွိုက်ဂလင်း အခြေအနေ (Hypothyroidism) ဖြစ်ပါက လူကို ပင်ပန်းစေ သလို ခန္ဓာကိုယ် အလေးချိန်ကိုလည်း တိုးစေပါတယ်။ ဒါ့အပြင် အသားအရေ ခြောက်သွေ့ကာ အအေးဒဏ်ကို မခံနိုင် ဖြစ်တတ် ပါတယ်။ ဒီရောဂါ ဖြစ်ပါက အရေးကြီးတာကြောင့် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။ အချိန်မီ မကုသပါက ပိုပြီး မောပန်းစေကာ အသံ အောလာခြင်း၊ မျက်နှာ ပုံပြောင်းလာခြင်း မျက်ခုံးမွေး နဲ့ မျက်တောင်ကျွတ်ခြင်း ကိုလည်း ဖြစ်တတ် ပါတယ်။

၉။ ကဖင်းဓာတ်က လန်းဆန်း စေနိုင်ပါတယ်
ကဖင်းဓာတ် ပါရှိတဲ့ ကော်ဖီ၊ လက်ဖက်ရည်တို့ဟာ ခဏတာ သာ အားပြည့် လန်းဆန်း စေနိုင်ပေမယ့် နောက် ခဏအကြာမှာ အားပြန်လျော့ သွားစေခြင်းကြောင့် သိပ် အများကြီး မသောက်သင့်ဘူး လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်နေ့ကို တစ်ခွက် ကနေ သုံးခွက်အထိ သောက်ပေးလို့ ရပါတယ်။ အဲဒီထက် များသွားရင်သာ မကောင်းတာပါ။ ကဖင်းဓာတ် သောက်တာ များလွန်းပါက အသွက်လွန်ခြင်း၊ ခြေချောင်း လက်ချောင်း တုန်ခြင်း၊ ကယောင်ချောက်ချား ဖြစ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဗီတာမင်ဘီကိုပါ လျော့နည်း စေကာ ပင်ပန်းခြင်း၊ ကာလရှည်ကြာ အားလျော့ခြင်းတို့လည်း ဖြစ်တတ်ပါတယ်။

၁၀။ သဘာ၀ ဆေးမြစ်တွေရဲ့ အစွမ်းကိုလည်း မေ့မထားပါနဲ့
ရွှေရောင် အမြစ်လို့ ခေါ်တဲ့ Rhodiola  သဘာ၀ ဆေးဖက်ဝင် အမြစ်ဟာ အားအင် ပြည့်ဖြိုး လန်းဆန်း စေကာ အာရုံ စူးစိုက်မှု အားကောင်းပြီး နွမ်းနယ်မှုကို ပပျောက်စေ ပါတယ်။ ဒါပေမဲ့ ကာလရှည် သုံးစွဲလို့တော့ မသင့်တော်ပါဘူး။ ကယောင်ချောက်ချား ဖြစ်စေနိုင်တာ ကြောင့်ပါ။
၁၁။ အိပ်စက်ခြင်း ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်
အိပ်စက်ခြင်း ပြဿနာ တစ်ခု ဖြစ်တဲ့ အိပ်နေရင်း မကြာခဏ အသက်ရှူ ရပ်တတ်တဲ့ ရောဂါကြောင့်လည်း ပင်ပန်းတတ် ပါတယ်။ အဲလို အသက်ရှူ ရပ်သွားတိုင်း နိုးလာတတ် ပေမယ့် သင့်ကိုယ်သင်တော့ သတိ မထားမိပါဘူး။ သင့်မှာများ အဲလို ဖြစ်နေသလား၊ သံသယ ရှိနေရင် ဒါမှမဟုတ် သင့် အိမ်ထောင်ဖက်က သတိထားမိ နေရင် ဆေးခန်း ပြသင့် ပါတယ်။

၁၂။ ကိုယ်လက်လှုပ်ရှား များများလုပ်ပါ
အားအင် ပြည့်ဖြိုး စွမ်းအင် တိုးစေနိုင် ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုခြင်းဖြင့် အသက်ကို ပိုပြီး ပြင်းပြင်းရှူ လာသလို ခန္ဓာကိုယ်ထဲ အောက်ဆီဂျင် များများ ရောက်ကာ သွေးလည်ပတ်မှူ ကောင်းစေတာ ကြောင့်ပါ။ ဒါကြောင့် မနက်စောစော အိမ်ပြင် ထွက်ကာ လေကောင်းလေသန့် ရှူရင်း လေ့ကျင့်ခန်း လုပ်ပေးပါ။

၁၃။ ကာဗိုဟိုက်ဒရိတ် အကြောင်း သိဖို့လည်း လိုပါတယ်
ကာဗိုဟိုက်ဒရိတ်က အားများ စေနိုင်ပေမယ့် အမြန်ထွက်တဲ့ High GI အမျိုးအစားနဲ့ အနှေးထွက်တဲ့ Low GI အမျိုးအစား ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အမြန် ထွက်တဲ့ ကာဗိုဟိုက်ဒရိတ်က သကြားနဲ့ အမြှုပ်ပါတဲ့၊ ဂက်စ်ပါတဲ့ အချိုရည်တွေမှာ တွေ့ရပြီး အဲဒီ အစားအသောက်တွေ စားသောက်ပြီး ခါစ တစ်ခဏမှာ လန်းဆန်း တက်ကြွကာ နောက် ခဏနေ ပင်ပန်း သွားတတ် ပါတယ်။ ဒါပေမဲ့ အနှေးထွက်တဲ့ ကာဗိုဟိုက်ဒရိတ် ကတော့ ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုး နဲ့ စေးကပ်တဲ့ ဟင်းသီးဟင်းရွက်တွေ မှာ တွေ့ရကာ အားအင် အမြဲ ပြည့်စေပါတယ်။ ဂျင်ဆင်း ဆေးမြစ်ကလည်း စိတ်ဖိစီးမှုကို သက်သာကာ အားပြည့်စေ ပါတယ်။

၁၄။ နေ့လယ်မှာ အိပ်မငိုက်ပါနဲ့
နေ့လယ်နေ့ခင်း ပင်ပန်းလို့ တစ်ရေးတမော မှေးတာက အားပြည့်စေ ပေမယ့် အဲလို ခဏ အိပ်လိုက်လို့ ညဘက် အိပ်မပျော် ဖြစ်ရင်တော့ မကောင်းပါဘူး။ ဒါကြောင့် နေ့လယ်မှာ အိပ်မငိုက်အောင် နေ့လယ်စာ ထဲမှာ အမြန်ထွက်တဲ့ ကာဗိုဟိုက်ဒရိတ် High GI စာတွေနဲ့ အယ်လ်ကိုဟောကို ရှောင်ပါ။ အိပ်ချင်စိတ် ပေါက်လာရင် ဟိုနားဒီနား လမ်းထ လျှောက်လိုက်ပါ။ ဒါမှမဟုတ် စားပွဲ ရှင်းလိုက်ပါ။ ပြီးတော့ ညဘက်မှာလည်း အချိန်မှန် အိပ်ကာ အချိန်မှန် ထပါ။ အိပ်ခါနီး စိတ်ဖိစီးမှု များစေမယ့် ကိစ္စတွေ မတွေးပါနဲ့။

၁၅။ အားအင် ပြည့်ဝစေမယ့် နည်းတချို့
* လမ်း အမြန်လျှောက်ပါ။ အလုပ် လုပ်ရင်း အိပ်ငိုက်နေပါ သလား။ အောက်ပါ တို့ကို လုပ်ကြည့်ပါ။ ကိုယ်လက်လှုပ်ရှား လိုက်ခြင်းဖြင့် ပင်ပန်းမှု ပျောက်ကာ လန်းဆန်း လာပါ လိမ့်မယ်။
* ရေသောက် လိုက်ပါ။ ရေအေးအေးလေး တစ်ခွက် သောက်ရင် လန်းဆန်းသလို လက်ဖက်စိမ်း ရေနွေးကြမ်း သောက်လိုက်ရင်လည်း စိတ် ကြည်လင် သွားပါ လိမ့်မယ်။
* ပြတင်းပေါက် ဖွင့်လိုက်ပါ။ လေကောင်းလေသန့် ရှူလိုက်ခြင်းဖြင့် လန်းဆန်း တက်ကြွ လာပါ လိမ့်မယ်။
* သံပရာ ရနံ့ကို ရှူရှိုက်ခြင်း ကလည်း စိတ်ကြည်လင် လန်းဆန်း စေနိုင် ပါတယ်။
* ဗီတာမင် B12 အားဆေး သုံးဆောင်ပါ။ ကျန်းမာရေး အတွက် ကောင်းသလို ပင်ပန်း နွမ်းလျခြင်းကိုလည်း ပျောက်စေ ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Moenge Aung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top