Golden City Promotion
×

အူမႀကီး ကင္ဆာက ကမာၻေပၚမွာ တတိယေျမာက္ အျဖစ္အမ်ားဆံုး ကင္ဆာအမ်ိဳးအစားျဖစ္ပါတယ္။ အူမႀကီး ကင္ဆာက အခ်ိန္လြန္သြားေတာ့မွ သိၾကေလ့ရွိပါတယ္။

တျခား ကင္ဆာေရာဂါေတြလိုဘဲ အူမႀကီးကင္ဆာကလည္း က်န္းမာေရးကို အလ်င္အျမန္ထိခိုက္ ဆိုးရြားေစပါတယ္။

အူမႀကီးကင္ဆာက အူမႀကီးထဲမွာ ပံုမွန္မဟုတ္တဲ့ ဆဲလ္ေတြ ေပၚေပါက္လာတာဘဲ ျဖစ္ပါတယ္။ ဒီဆဲလ္ေတြေၾကာင့္ အူမႀကီးရဲ႕ လုပ္ငန္းေဆာင္တာေတြ မလုပ္ေဆာင္ႏိုင္ေတာ့ဘဲ ခႏၶာကိုယ္ရဲ႕တျခားအစိတ္အပိုင္းေတြပါ ထိခိုက္လာပါတယ္။

ဒီလို အျဖစ္မ်ားတဲ့ အူမႀကီး ကင္ဆာကို ကာကြယ္ၿပီး၊ ျဖစ္ေနရင္လည္း သက္သာႏိုင္မယ့္ အစားအစာေတြကို ေ၀မွ်ခ်င္ပါတယ္။

ဂ်င္ဆင္း
2-ginseng
ဂ်င္ဆင္းကို လက္ဖက္ရည္ကေတာ့ ေရာဂါေတာ္ေတာ္မ်ားမ်ားမွာ အက်ိဳးသက္ေရာက္မႈရွိပါတယ္။ အထူးသျဖင့္ အူမႀကီးကင္ဆာကိုလည္း ကာကြယ္ေပးတဲ့ေနရာမွာ နာမည္ႀကီးပါတယ္။

သူ႔မွာ Antioxidants ေတြအမ်ားႀကီးပါ၀င္ၿပီး ကင္ဆာ ဆဲလ္ေတြ ျဖစ္ပြားမႈကို တားျမစ္ေပးပါတယ္။ ဂ်င္ဆင္း လက္ဖက္ရည္က ကင္ဆာ ဆဲလ္ေတြကို ပ်က္စီးေသေၾကႏိုင္စြမ္း ရွိပါတယ္။

Green Tea
Related image
Green Tea မွာ Catechins နဲ႔ Epicatechins ကြန္ေပါင္းဓာတ္ေတြပါ၀င္ပါတယ္။ အဲ့ဒီ ကြန္ေပါင္းဓာတ္ေတြက

ခႏၶာကိုယ္အတြင္း ဓာတ္တိုးပစၥည္း (Free Radicals) ေတြ တည္ရွိေနမႈကို ေလ်ာ့နည္း ေပ်ာက္ကြယ္ေအာင္ျပဳလုပ္ေပးျခင္း။

ကင္ဆာဆဲလ္ေတြ မျပန္႔ပြားေအာင္ ကာကြယ္ေပးျခင္း နဲ႔

အႀကိတ္ေတြ မျဖစ္ေအာင္ ကူညီေပးျခင္းတို႔ ကို လုပ္ေဆာင္ေပးပါတယ္။

ဒါေၾကာင့္ ေကာ္ဖီအစား Green Tea ကိုေန႔စဥ္ေသာက္ေပးသင့္ပါတယ္။

ေလ့က်င့္ခန္းလုပ္ေပးပါ

ေလ့က်င့္ခန္းက ခႏၶာကိုယ္အတြင္းရွိ ေသြးစီးဆင္းမႈကို ေကာင္းေစၿပီး ဇီ၀ကမၼျဖစ္စဥ္ေတြကိုလည္း အားေကာင္းေစပါတယ္။

ေလ့က်င့္ခန္းလုပ္ေပးရင္ ကိုယ္ခံအားနစ္ကို ေကာင္းေစၿပီး အူမႀကီး ကင္ဆာကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

ၾကက္သြန္ျဖဴ
Image result for garlic
ၾကက္သြန္ျဖဴက ကင္ဆာဆဲလ္ေတြ ျပန္႔ပြားတာေတြနဲ႔ က်န္းမာေရးအတြက္ေကာင္းတဲ့ ဆဲလ္ေတြ ပ်က္စီးသြားတာေတြကို ကာကြယ္တားျမစ္ေပးပါတယ္။

ၾကက္သြန္ျဖဴ အစိမ္းစားရင္ပိုေကာင္းပါတယ္။ ၾကက္သြန္ျဖဴက ကင္ဆာေရာဂါနဲ႔ပတ္သက္ၿပီး ကုသရာမွာ အရမ္းေကာင္းပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfoodmyanmar

#Unicode Version#
အူမကြီး ကင်ဆာက ကမ္ဘာပေါ်မှာ တတိယမြောက် အဖြစ်အများဆုံး ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ အူမကြီး ကင်ဆာက အချိန်လွန်သွားတော့မှ သိကြလေ့ရှိပါတယ်။

တခြား ကင်ဆာရောဂါတွေလိုဘဲ အူမကြီးကင်ဆာကလည်း ကျန်းမာရေးကို အလျင်အမြန်ထိခိုက် ဆိုးရွားစေပါတယ်။

အူမကြီးကင်ဆာက အူမကြီးထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ပေါ်ပေါက်လာတာဘဲ ဖြစ်ပါတယ်။ ဒီဆဲလ်တွေကြောင့် အူမကြီးရဲ့ လုပ်ငန်းဆောင်တာတွေ မလုပ်ဆောင်နိုင်တော့ဘဲ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေပါ ထိခိုက်လာပါတယ်။

ဒီလို အဖြစ်များတဲ့ အူမကြီး ကင်ဆာကို ကာကွယ်ပြီး၊ ဖြစ်နေရင်လည်း သက်သာနိုင်မယ့် အစားအစာတွေကို ဝေမျှချင်ပါတယ်။

ဂျင်ဆင်း

ဂျင်ဆင်းကို လက်ဖက်ရည်ကတော့ ရောဂါတော်တော်များများမှာ အကျိုးသက်ရောက်မှုရှိပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးတဲ့နေရာမှာ နာမည်ကြီးပါတယ်။

သူ့မှာ Antioxidants တွေအများကြီးပါဝင်ပြီး ကင်ဆာ ဆဲလ်တွေ ဖြစ်ပွားမှုကို တားမြစ်ပေးပါတယ်။ ဂျင်ဆင်း လက်ဖက်ရည်က ကင်ဆာ ဆဲလ်တွေကို ပျက်စီးသေကြေနိုင်စွမ်း ရှိပါတယ်။

Green Tea

Green Tea မှာ Catechins နဲ့ Epicatechins ကွန်ပေါင်းဓာတ်တွေပါဝင်ပါတယ်။ အဲ့ဒီ ကွန်ပေါင်းဓာတ်တွေက

ခန္ဓာကိုယ်အတွင်း ဓာတ်တိုးပစ္စည်း (Free Radicals) တွေ တည်ရှိနေမှုကို လျော့နည်း ပျောက်ကွယ်အောင်ပြုလုပ်ပေးခြင်း။

ကင်ဆာဆဲလ်တွေ မပြန့်ပွားအောင် ကာကွယ်ပေးခြင်း နဲ့

အကြိတ်တွေ မဖြစ်အောင် ကူညီပေးခြင်းတို့ ကို လုပ်ဆောင်ပေးပါတယ်။

ဒါကြောင့် ကော်ဖီအစား Green Tea ကိုနေ့စဉ်သောက်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးပါ

လေ့ကျင့်ခန်းက ခန္ဓာကိုယ်အတွင်းရှိ သွေးစီးဆင်းမှုကို ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း အားကောင်းစေပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးရင် ကိုယ်ခံအားနစ်ကို ကောင်းစေပြီး အူမကြီး ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ကင်ဆာဆဲလ်တွေ ပြန့်ပွားတာတွေနဲ့ ကျန်းမာရေးအတွက်ကောင်းတဲ့ ဆဲလ်တွေ ပျက်စီးသွားတာတွေကို ကာကွယ်တားမြစ်ပေးပါတယ်။

ကြက်သွန်ဖြူ အစိမ်းစားရင်ပိုကောင်းပါတယ်။ ကြက်သွန်ဖြူက ကင်ဆာရောဂါနဲ့ပတ်သက်ပြီး ကုသရာမှာ အရမ်းကောင်းပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top