Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
Credit: HeHeHarHar
# Unicode Version #
ဟာဟာရီကိန်းမုန်တိုင်းဒုက္ခသည် ကလေးငယ်တွေအတွက် သူမရဲ့အရုပ်မလေးကိုလှူဒါန်းလိုက်တဲ့ ၈ နှစ်အရွယ်သမီးငယ်လေးရဲ့ ကြည်နူးဖွယ်စာတစ်စောင် ကလေးငယ်လေးတစ်ဦးရဲ့ ကြင်နာမှုဟာ ကမ္ဘာကြီးထဲက အလှပဆုံးအရာတစ်ခုအဖြစ် ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။ ရှစ်နှစ်အရွယ်ရှိတဲ့ သမီးလေး Lilly Bice ဟာ ဟာရီကိန်းမုန်တိုင်းကြောင့် ဒုက္ခရောက နေသူတွေအတွက် သူမတစ်ခုခုလုပ်ပေးချင်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ခက်ခဲနေတဲ့ လူတွေအကြောင်းနဲ့ မုန်တိုင်းသတင်းတွေပြောနေကြတဲ့ မိဘနှစ်ရဲ့ ကားကို အမှတ်တမဲ့ ကြားလိုက်ရတာကြောင့် ဖြစ်ပါတယ်။
သူမရဲ့မိဘတွေက ဒုက္ခသည်တွေကိုလှူဖို့ အထုပ်တွေပြင်နေတဲ့အချိန်မှာပဲ သူမကအခန်းထဲချက်ခြင်းဝင်သွားပြီး သူမရဲ့အရုပ်ကလေးတွေကိုယူလာကာအိတ်ထဲလာထည့်ခဲ့ပါတယ်။ သူမအရမ် ကိုနှစ်သက်တဲ့အရုပ်မလေးကိုပါ လှူဒါန်းလိုက်ပြီး ချစ်စရာကောင်းတဲ့ မှတ်စုတစ်စောင်ကို သူမရေးခဲ့ပါတယ်။ သူမရေးခဲ့တာက ” ချစ်လှစွာသော မိန်းကလေးငယ်လေးရေ.. ငါ့ရဲ့အရုပ်သစ်ကလေ နဲ့ သူမရဲ့အသုံးအဆောင်ပစ္စည်းတွေကို မင်းကြိုက်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ သူမကိုဂရုစိုက်ပြီး ပျော်အောင်ထားပေးပါ။ သူမကငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့သလိုပဲ မင်းနဲ့လည်းအကောင်းဆ ုးသူငယ်ချင်းတစ်ယောက်ဖြစ်လာမှာပါ”❤️ Lilly Bice❤️
ဖိုးသူတော် (www.phothutaw.com)
Credit: HeHeHarHar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top