ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ပိန္းဥ တဲ႔။ ဆယ္လီနာ တဲ႔။ တစ္ေန႔ကမွ အဲဒီဗန္းစကားေတြ ၾကားဖူးတာ။ ေဖ႔ဘြတ္ေပၚကလာတဲ႔ စကားေတြေပါ႔။ ဆယ္လီနာ ဆိုတာ ဟိုႏိုင္ငံျခားက ကၽြန္ေတာ္ၾကိတ္ခ်စ္ေနတဲ႔ ဆယ္လီနာဂိုးမက္ ဆိုတဲ႔လွတပတ ေကာင္မေလးကို ေျပာတာ မဟုတ္ဘူးခင္ဗ်။ ေဖ႔ဘြတ္မွာ လူၾကိဳက္မ်ားသူကို ဆယ္လီေခၚတယ္မဟုတ္လား။

ဥပမာ အဲဒီဆယ္လီတစ္ေယာက္ေယာက္က သူမ်ားစာခိုးခ်တယ္၊ သုိ႔မဟုတ္ သူမ်ားအသက္ေမြးဝမ္းေက်ာင္းကို ထိခိုက္ျပီးဆိုတဲ႔အခါ၊ အျခားတစ္ေယာက္ေယာက္က အဲဒါကို ေထာက္ျပရင္၊ မွန္၏ မမွန္၏၊ သင္႔၏ မသင္႔၏ေတြ ေဘးခ်ိတ္လို႔ အဲဒီမွားတဲ႔ ဆယ္လီကိုထိရင္ ဆတ္ဆတ္ခါနာၾကသူေတြကို ဆယ္လီနာ ေခၚတာတဲ႔ဗ်ာ။

ပိန္းဥ ဆိုတာကေတာ႔ ဥပမာ - လူတစ္ေယာက္က ေဖ႔ဘြတ္မွာ စာေရးတင္လိုက္တယ္ "ဘူ" တဲ႔။ အဲဒီစာကို ႏွစ္သက္ေၾကာင္းျပတဲ႔ လူေလးငါးေထာင္ဟာ ပိန္းဥ ေတြပါပဲ။ သူတို႔က သူတို႔ေကာင္းတယ္ထင္တဲ႔လူ ဘာေျပာေျပာယံု၊ ဘာလုပ္လုပ္ အေကာင္းထင္တတ္တဲ႔ ေရာဂါရွိတယ္။

ကဲ ၾကက္ဥနဲ႔ ၾကက္မ ဘယ္ကစ။ ပိန္းဥေတြ ဆယ္လီနာေတြ မိတ္ေဆြတို႔ ပတ္ဝန္းက်င္မွာေတြ႔ဖူးေနမွာေတာ႔ ေသခ်ာတယ္။ ဒီလူေတြ ဘယ္လိုေမြးလာတုန္းေပါ႔။

စကားေလးၾကမ္းရင္ သည္းခံပါခင္ဗ်ာ။ မိတ္ေဆြမ်ားလည္း ၾကားဖူးမွာေပါ႔။ "လင္တရူး၊ စုန္းပူး" ဆိုတဲ႔စကား။ နားေတာ႔ နည္းနည္းခါးမွာေပမယ္႔ အဲဒါေလးက စေျပာရေအာင္။ ဆရာေမာင္သာရရဲ႕ 'ကတၱီပါ ဖိနပ္စီး ေရႊထီးေဆာင္း' ဆိုတဲ႔ ဝတၳဳေလးဟာ ကၽြန္ေတာ္အမွတ္မမွားရင္ အဲဒါ ဟစ္စတီးရီးယား ေရာဂါသည္မေလး(ဇာတ္ေကာင္နာမည္က မမထား ထင္ပါရဲ႕) အေၾကာင္း ေရးထားတာခင္ဗ်။

အခုေနာက္ပိုင္း အပ်ဳိအရြယ္ေလးေတြ ဘုရားေပၚမွာ လူးလွိမ္႔လို႔ ဘာပူးတာ ညာပူးတာ။ ပိုဆိုးလာတာက စာသင္ေက်ာင္းေတြမွာ နဂါးပူးတာ ဘာညာ။ ဒါနဲ႔ အဂၤလန္မွာလက္ရွိေနေနဆဲ ဆရာဝန္တစ္ေယာက္ကို ဒါနဲ႔ပက္သက္လို႔ လွမ္းေမးရတယ္။ အဲဒီမွာ ဟစ္စတီးရီးယား (Hysteria) ဆိုတဲ႔စကား ျပန္ၾကားရတာပဲ။ ဟစ္စတီးရီးယား ဆိုတာဘာတုန္းလို႔ ဆရာ႔ကိုေမးေတာ႔၊ သူျပန္ေျဖတဲ႔စကား အခုမိတ္ေဆြတို႔ နားခံသာမွာမဟုတ္လို႔ လြယ္လြယ္မွတ္ေတာ႔ ေစာေစာက ကၽြန္ေတာ္ေျပာတဲ႔စကား "လင္တရူး၊ စုန္းပူး"။

ဒါျဖင္႔ ေက်ာင္းေတြမွာကေလးေတြ ျဖစ္တာက်ေရာဆို ကၽြန္ေတာ္႔အျမင္သီးသန္႔က ေက်ာင္းတာဝန္ရွိသူေတြကိုယ္ႏိႈက္က ဒါကို ခြင္႔ျပဳလို႔ျဖစ္ရတာ။ သုိ႔ေသာ္ ဆရာကေတာ႔ ဒီလိုဆိုတယ္။ ကေလးဆိုတာ ေရွ႕က အေပါင္းအသင္းတေယာက္လုပ္တာကို ေနာက္က လိုက္လုပ္တတ္ပါသတဲ။့ (Herd psychology / Mass behaviour) တဲ႔။ စိတ္ေရာဂါ အႏုစားေတြလို႔ ဆိုပါတယ္။

ကၽြန္ေတာ္တို႔ႏိုင္ငံကဲ႔သို႔ လူဦးေရ သန္း ၅၀ ၀န္းက်င္ ရွိေသာ္လည္း ကၽြန္ေတာ္တို႔ေလာက္ လူမွဳဒုကၡမမ်ားေသာ အဂၤလန္လိုတိုင္းျပည္မွာေတာင္ စိတ္ေရာဂါ နဲ ့ပတ္သက္လို႔ ေစာေစာကလို စိတ္ေရာဂါအႏုစား ရွိသူေတြြဟာ လူဦးေရရဲ ့ ၂၅% ပါသတဲ့။
ျပင္းထန္ေသာ စိတ္ေရာဂါ ရွိသူေတြကေတာ့ ( schiz / endogenous depression / bipolar) ၃% ရွိပါသတဲ႔။ စာသင္ရခက္ခဲေသာ ကေလးမ်ားကေတာ့ (အႏုစား၊ အရင့္စား အားလံုး) ၁၁% ရွိပါသတဲ႔။ ဒီလူေတြကို ႏွစ္စဥ္ ကုသစရိတ္ ဘီလ်ံနဲ့ခ်ီ ကုန္က်ခံေစာင့္ေရွာက္ရပါသတဲ႔။

ကဲ… ဒါဆို ကၽြန္ေတာ္တို႔ စာေပါင္းသိုက္ျပည္ၾကီးမွာေရာ။ စစ္တမ္းမရွိလို႔ ဂဏန္းတစ္ခုသာ ထြက္မလာမယ္၊ အဂၤလန္ထက္ ဘယ္ႏွဆသာတုန္းလို႔သာ ေျပာဖုိ႔ရွိတာပဲ။

ဒီေတာ႔ ေခါင္းေလာင္းေပၚမယ္ေျပာလည္း ယံုတာပဲ။ ကၽြန္ေတာ္က ျမစ္ရိုးသား။ ကၽြန္ေတာ္႔တစ္သက္ ကၽြန္ေတာ္ငယ္ငယ္က ျမစ္ရွိခဲ႔တဲ႔ေနရာေတြမွာ အခုျမစ္မရွိေတာ႔ဘဲ ျမစ္မရွိတဲ႔ေနရာေတြက ျမစ္ေၾကာင္းေျပာင္းစီးေနတာေတြ ေတြ႔ဖူးလွျပီ။ အလယ္တန္းပညာမွာ ပထဝီဝင္သင္ဖူးရင္ ျမစ္က်ဳိးအင္းတို႔ဘာတို႔ ဘယ္လိုေပၚလာတယ္ဆိုတဲ႔ သေဘာလည္း နားလည္ျပီ။ ဒါနဲ႔ကို ဟိုးႏွစ္ေပါင္းမ်ားစြာကျမဳပ္ခဲ႔တဲ႔ ေခါင္းေလာင္းကို ျမစ္ထဲရွိမယ္ထင္တုန္း။ ေအာင္မယ္ ျမင္မေကာင္းရႈမေကာင္း နဂါးပါပူးလိုက္ၾကေသးဗ်ာ။ ေစာေစာက ေျပာတဲ႔ ပိန္းဥ ေတြေပါ႔။

ဒီလို အယူအဆကို လက္ခံသူေတြထဲ စာေပနဲ႔ စာနယ္ဇင္းနယ္က လူေတြလည္းပါတယ္။ သူတို႔က သူတို႔တင္လက္ခံတာမဟုတ္ဘဲ ျဖန္႔ေဝေသးေတာ႔ နဂိုခံစိတ္ေရာဂါရွိသူေတြမွာ ပိုဆိုး။ ဒါနဲ႔ပဲ စာေပါင္းသုိက္ျပည္မွာ အရူးဇာတ္ကို လက္ဆင္႔ကမ္းရင္း ပိန္းဥေတြ မ်ားမ်ားလာတယ္ထင္မိတာပဲ။

အဆုိးဆံုးကေတာ႔ စာသင္ေက်ာင္းေတြမွာဒါေတြကို လက္ခံတဲ႔ သတင္းေတြၾကားရတာပါပဲ။ ကေလးေတြစိတ္ခံမွာ အရူးဇာတ္သြင္းေပးေနတယ္လို႔ပဲ ကၽြန္ေတာ္ျမင္ပါတယ္။ အဂၤလန္မွာ ဒီလိုစိတ္ေရာဂါလို႔ သံသယရွိခံရသူေတြဟာ ဆင္းရဲသား ေအာက္ေျခလူတန္းစားဆို ေဆးရံုေဆးခန္းဆီေျပးပါသတဲ႔။ ပိုက္ဆံနည္းနည္းရွိရင္ေတာ႔ စိတ္ေရာဂါကုဆရာဝန္ ဆီသြားသတဲ႔။ ကၽြန္ေတာ္တို႔ဆီမွာေတာ႔ မီးသတ္တပ္ဖြဲ႔ကေတာင္ ပရိတ္ေရကူျဖန္းဆိုလား၊ ႏိုင္ငံေတာ္အဆင္႔လူေတြကေတာင္ အမိန္႔ျပန္ေပးတယ္ဆိုလား။ အင္း… ဘိလပ္လိုသာ သံုးၾကိမ္ သံုးခါေလာက္ ၾကဴးရင္႔လိုက္ခ်င္ေတာ႔တယ္ "ဂြတ္ထေဟ႔။ ဂြတ္ထဟ" လို႔။

ဒီေတာ႔ အႏွစ္ခ်ဳပ္ရရင္ ပင္လယ္ေရ ငန္မငန္၊ သမုဒၵရာအလယ္ထိ သြားၾကည့္စရာမလိုဘူးခင္ဗ်။ ကမ္းနားကေရ ခပ္ျမည္းၾကည့္ သိတယ္ရယ္။ စာရႈသူမ်ား ပတ္ဝန္းက်င္မွာေရာ ပိန္းဥေတြ ေပါမေပါ ေျပာၾကည့္။ ဒါဆို ေစာေစာ ကၽြန္ေတာ္ေရးျပခဲ႔တဲ႔ အဂၤလန္ရဲ႕ စိတ္ေရာဂါစာရင္းနဲ႔ ယွဥ္ေတြးၾကည့္ရင္ အေျဖေလး ေရးေရးေတာ႔ရလာမယ္။

ပိန္းဥေတြနည္းလာဖို႔က မလိုအပ္တဲ႔ ဟိုဟာပူး ဒီဟာပူးေတြ အားေပးမေနဘဲ၊ နည္းမွန္လမ္းမွန္ ကုၾကဖို႔ရယ္၊ ကိုယ္႔မွာ အရူးေသြးပါလာရင္လည္း ေနာက္မ်ဳိးဆက္ကုိ လက္ဆင္႔မကမ္းၾကဖို႔ရယ္ ဒါေလးေတြေျပာခ်င္မိတာ။

ဒါေတြက ကိုယ္႔ပတ္ဝန္းက်င္မွာ ကိုယ္တုိင္လုပ္ယူရမယ္႔ဟာေတြ။ အစိုးရကိုခ်ည္းအားကိုးလို႔မရသလို၊ ဒါ႔အတြက္ အစိုးရကို အျပစ္တင္ဖို႔ဆိုတာကလည္း လက္ရွိအစိုးရဟာ ဒီလူမ်ားစုၾကီးရဲ႕ဆႏၵနဲ႔ တင္ခဲ႔တဲ႔ အစိုးရေလ။ ဆိုလိုတာက သူ႔မွာလည္း အျခားလုပ္စရာေလးေတြ အမ်ားအျပား ရွိမယ္လို႔၊ ကိုယ္ထူကိုယ္ထၾကဖို႔ အဲဒါေလး ေျပာခ်င္တာပါ။ ဆယ္လီနာေတြကေတာ႔ အခုေအာက္ဆံုးစာပိုဒ္ကို ရွာၾကံအထအနေကာက္ျပီး နာၾကမလားပဲ။ ကၽြန္ေတာ္က ရိုးရိုးေျပာတာပါဗ်ာ။ တကယ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေအာင္မ်ဳိးသူလြင္

# Unicode Version #
ပိန်းဥ တဲ့။ ဆယ်လီနာ တဲ့။ တစ်နေ့ကမှ အဲဒီဗန်းစကားတွေ ကြားဖူးတာ။ ဖေ့ဘွတ်ပေါ်ကလာတဲ့ စကားတွေပေါ့။ ဆယ်လီနာ ဆိုတာ ဟိုနိုင်ငံခြားက ကျွန်တော်ကြိတ်ချစ်နေတဲ့ ဆယ်လီနာဂိုးမက် ဆိုတဲ့လှတပတ ကောင်မလေးကို ပြောတာ မဟုတ်ဘူးခင်ဗျ။ ဖေ့ဘွတ်မှာ လူကြိုက်များသူကို ဆယ်လီခေါ်တယ်မဟုတ်လား။

ဥပမာ အဲဒီဆယ်လီတစ်ယောက်ယောက်က သူများစာခိုးချတယ်၊ သို့မဟုတ် သူများအသက်မွေးဝမ်းကျောင်းကို ထိခိုက်ပြီးဆိုတဲ့အခါ၊ အခြားတစ်ယောက်ယောက်က အဲဒါကို ထောက်ပြရင်၊ မှန်၏ မမှန်၏၊ သင့်၏ မသင့်၏တွေ ဘေးချိတ်လို့ အဲဒီမှားတဲ့ ဆယ်လီကိုထိရင် ဆတ်ဆတ်ခါနာကြသူတွေကို ဆယ်လီနာ ခေါ်တာတဲ့ဗျာ။

ပိန်းဥ ဆိုတာကတော့ ဥပမာ - လူတစ်ယောက်က ဖေ့ဘွတ်မှာ စာရေးတင်လိုက်တယ် "ဘူ" တဲ့။ အဲဒီစာကို နှစ်သက်ကြောင်းပြတဲ့ လူလေးငါးထောင်ဟာ ပိန်းဥ တွေပါပဲ။ သူတို့က သူတို့ကောင်းတယ်ထင်တဲ့လူ ဘာပြောပြောယုံ၊ ဘာလုပ်လုပ် အကောင်းထင်တတ်တဲ့ ရောဂါရှိတယ်။

ကဲ ကြက်ဥနဲ့ ကြက်မ ဘယ်ကစ။ ပိန်းဥတွေ ဆယ်လီနာတွေ မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာတွေ့ဖူးနေမှာတော့ သေချာတယ်။ ဒီလူတွေ ဘယ်လိုမွေးလာတုန်းပေါ့။

စကားလေးကြမ်းရင် သည်းခံပါခင်ဗျာ။ မိတ်ဆွေများလည်း ကြားဖူးမှာပေါ့။ "လင်တရူး၊ စုန်းပူး" ဆိုတဲ့စကား။ နားတော့ နည်းနည်းခါးမှာပေမယ့် အဲဒါလေးက စပြောရအောင်။ ဆရာမောင်သာရရဲ့ 'ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း' ဆိုတဲ့ ဝတ္ထုလေးဟာ ကျွန်တော်အမှတ်မမှားရင် အဲဒါ ဟစ်စတီးရီးယား ရောဂါသည်မလေး(ဇာတ်ကောင်နာမည်က မမထား ထင်ပါရဲ့) အကြောင်း ရေးထားတာခင်ဗျ။

အခုနောက်ပိုင်း အပျိုအရွယ်လေးတွေ ဘုရားပေါ်မှာ လူးလှိမ့်လို့ ဘာပူးတာ ညာပူးတာ။ ပိုဆိုးလာတာက စာသင်ကျောင်းတွေမှာ နဂါးပူးတာ ဘာညာ။ ဒါနဲ့ အင်္ဂလန်မှာလက်ရှိနေနေဆဲ ဆရာဝန်တစ်ယောက်ကို ဒါနဲ့ပက်သက်လို့ လှမ်းမေးရတယ်။ အဲဒီမှာ ဟစ်စတီးရီးယား (Hysteria) ဆိုတဲ့စကား ပြန်ကြားရတာပဲ။ ဟစ်စတီးရီးယား ဆိုတာဘာတုန်းလို့ ဆရာ့ကိုမေးတော့၊ သူပြန်ဖြေတဲ့စကား အခုမိတ်ဆွေတို့ နားခံသာမှာမဟုတ်လို့ လွယ်လွယ်မှတ်တော့ စောစောက ကျွန်တော်ပြောတဲ့စကား "လင်တရူး၊ စုန်းပူး"။

ဒါဖြင့် ကျောင်းတွေမှာကလေးတွေ ဖြစ်တာကျရောဆို ကျွန်တော့်အမြင်သီးသန့်က ကျောင်းတာဝန်ရှိသူတွေကိုယ်နှိုက်က ဒါကို ခွင့်ပြုလို့ဖြစ်ရတာ။ သို့သော် ဆရာကတော့ ဒီလိုဆိုတယ်။ ကလေးဆိုတာ ရှေ့က အပေါင်းအသင်းတယောက်လုပ်တာကို နောက်က လိုက်လုပ်တတ်ပါသတဲ။့ (Herd psychology / Mass behaviour) တဲ့။ စိတ်ရောဂါ အနုစားတွေလို့ ဆိုပါတယ်။

ကျွန်တော်တို့နိုင်ငံကဲ့သို့ လူဦးရေ သန်း ၅၀ ဝန်းကျင် ရှိသော်လည်း ကျွန်တော်တို့လောက် လူမှုဒုက္ခမများသော အင်္ဂလန်လိုတိုင်းပြည်မှာတောင် စိတ်ရောဂါ နဲ့ပတ်သက်လို့ စောစောကလို စိတ်ရောဂါအနုစား ရှိသူတွေဟာ လူဦးရေရဲ့ ၂၅% ပါသတဲ့။
ပြင်းထန်သော စိတ်ရောဂါ ရှိသူတွေကတော့ ( schiz / endogenous depression / bipolar) ၃% ရှိပါသတဲ့။ စာသင်ရခက်ခဲသော ကလေးများကတော့ (အနုစား၊ အရင့်စား အားလုံး) ၁၁% ရှိပါသတဲ့။ ဒီလူတွေကို နှစ်စဉ် ကုသစရိတ် ဘီလျံနဲ့ချီ ကုန်ကျခံစောင့်ရှောက်ရပါသတဲ့။

ကဲ… ဒါဆို ကျွန်တော်တို့ စာပေါင်းသိုက်ပြည်ကြီးမှာရော။ စစ်တမ်းမရှိလို့ ဂဏန်းတစ်ခုသာ ထွက်မလာမယ်၊ အင်္ဂလန်ထက် ဘယ်နှဆသာတုန်းလို့သာ ပြောဖို့ရှိတာပဲ။

ဒီတော့ ခေါင်းလောင်းပေါ်မယ်ပြောလည်း ယုံတာပဲ။ ကျွန်တော်က မြစ်ရိုးသား။ ကျွန်တော့်တစ်သက် ကျွန်တော်ငယ်ငယ်က မြစ်ရှိခဲ့တဲ့နေရာတွေမှာ အခုမြစ်မရှိတော့ဘဲ မြစ်မရှိတဲ့နေရာတွေက မြစ်ကြောင်းပြောင်းစီးနေတာတွေ တွေ့ဖူးလှပြီ။ အလယ်တန်းပညာမှာ ပထဝီဝင်သင်ဖူးရင် မြစ်ကျိုးအင်းတို့ဘာတို့ ဘယ်လိုပေါ်လာတယ်ဆိုတဲ့ သဘောလည်း နားလည်ပြီ။ ဒါနဲ့ကို ဟိုးနှစ်ပေါင်းများစွာကမြုပ်ခဲ့တဲ့ ခေါင်းလောင်းကို မြစ်ထဲရှိမယ်ထင်တုန်း။ အောင်မယ် မြင်မကောင်းရှုမကောင်း နဂါးပါပူးလိုက်ကြသေးဗျာ။ စောစောက ပြောတဲ့ ပိန်းဥ တွေပေါ့။

ဒီလို အယူအဆကို လက်ခံသူတွေထဲ စာပေနဲ့ စာနယ်ဇင်းနယ်က လူတွေလည်းပါတယ်။ သူတို့က သူတို့တင်လက်ခံတာမဟုတ်ဘဲ ဖြန့်ဝေသေးတော့ နဂိုခံစိတ်ရောဂါရှိသူတွေမှာ ပိုဆိုး။ ဒါနဲ့ပဲ စာပေါင်းသိုက်ပြည်မှာ အရူးဇာတ်ကို လက်ဆင့်ကမ်းရင်း ပိန်းဥတွေ များများလာတယ်ထင်မိတာပဲ။

အဆိုးဆုံးကတော့ စာသင်ကျောင်းတွေမှာဒါတွေကို လက်ခံတဲ့ သတင်းတွေကြားရတာပါပဲ။ ကလေးတွေစိတ်ခံမှာ အရူးဇာတ်သွင်းပေးနေတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ အင်္ဂလန်မှာ ဒီလိုစိတ်ရောဂါလို့ သံသယရှိခံရသူတွေဟာ ဆင်းရဲသား အောက်ခြေလူတန်းစားဆို ဆေးရုံဆေးခန်းဆီပြေးပါသတဲ့။ ပိုက်ဆံနည်းနည်းရှိရင်တော့ စိတ်ရောဂါကုဆရာဝန် ဆီသွားသတဲ့။ ကျွန်တော်တို့ဆီမှာတော့ မီးသတ်တပ်ဖွဲ့ကတောင် ပရိတ်ရေကူဖြန်းဆိုလား၊ နိုင်ငံတော်အဆင့်လူတွေကတောင် အမိန့်ပြန်ပေးတယ်ဆိုလား။ အင်း… ဘိလပ်လိုသာ သုံးကြိမ် သုံးခါလောက် ကြူးရင့်လိုက်ချင်တော့တယ် "ဂွတ်ထဟေ့။ ဂွတ်ထဟ" လို့။

ဒီတော့ အနှစ်ချုပ်ရရင် ပင်လယ်ရေ ငန်မငန်၊ သမုဒ္ဒရာအလယ်ထိ သွားကြည့်စရာမလိုဘူးခင်ဗျ။ ကမ်းနားကရေ ခပ်မြည်းကြည့် သိတယ်ရယ်။ စာရှုသူများ ပတ်ဝန်းကျင်မှာရော ပိန်းဥတွေ ပေါမပေါ ပြောကြည့်။ ဒါဆို စောစော ကျွန်တော်ရေးပြခဲ့တဲ့ အင်္ဂလန်ရဲ့ စိတ်ရောဂါစာရင်းနဲ့ ယှဉ်တွေးကြည့်ရင် အဖြေလေး ရေးရေးတော့ရလာမယ်။

ပိန်းဥတွေနည်းလာဖို့က မလိုအပ်တဲ့ ဟိုဟာပူး ဒီဟာပူးတွေ အားပေးမနေဘဲ၊ နည်းမှန်လမ်းမှန် ကုကြဖို့ရယ်၊ ကိုယ့်မှာ အရူးသွေးပါလာရင်လည်း နောက်မျိုးဆက်ကို လက်ဆင့်မကမ်းကြဖို့ရယ် ဒါလေးတွေပြောချင်မိတာ။

ဒါတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်တိုင်လုပ်ယူရမယ့်ဟာတွေ။ အစိုးရကိုချည်းအားကိုးလို့မရသလို၊ ဒါ့အတွက် အစိုးရကို အပြစ်တင်ဖို့ဆိုတာကလည်း လက်ရှိအစိုးရဟာ ဒီလူများစုကြီးရဲ့ဆန္ဒနဲ့ တင်ခဲ့တဲ့ အစိုးရလေ။ ဆိုလိုတာက သူ့မှာလည်း အခြားလုပ်စရာလေးတွေ အများအပြား ရှိမယ်လို့၊ ကိုယ်ထူကိုယ်ထကြဖို့ အဲဒါလေး ပြောချင်တာပါ။ ဆယ်လီနာတွေကတော့ အခုအောက်ဆုံးစာပိုဒ်ကို ရှာကြံအထအနကောက်ပြီး နာကြမလားပဲ။ ကျွန်တော်က ရိုးရိုးပြောတာပါဗျာ။ တကယ်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: အောင်မျိုးသူလွင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top