ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကုသမႈခံယူေနသည့္ ေရာ္ဘာက်ည္ထိမွန္ခဲ့ေသာ ကိုစုိးမုိးေအာင္ကိုေတြ႕ရစဥ္ (ဓာတ္ပံု − Hlaing Bwar FB)

 ေတာင္တြင္းႀကီး ၿမိဳ႕ လယ္ရွိ ရဲကင္းစခန္းငယ္တြင္ စက္တင္ဘာ ၁၃ ရက္နံနက္က ေရာ္ဘာက်ည္ဆန္သံုး ေသနတ္မွ က်ည္ဆန္ထြက္ကာ အမ်ဳိးသား တစ္ဦး ဒဏ္ရာရရွိေၾကာင္း ေဒသခံမ်ားက ေျပာသည္။

နံနက္ ၁၀ နာရီခန္႔က လဲက် ေနသည့္ ေသနတ္ကို လံုၿခံဳေရး ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေထာင္ လိုက္စဥ္ ေသနတ္မွ ေရာ္ဘာ က်ည္ဆန္ထြက္ကာ အနီးရွိေဒသ ခံတစ္ဦးကို ထိမွန္ခဲ့သည္ဟု သိရေၾကာင္း ေတာင္တြင္းႀကီးၿမိဳ႕ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္ စားလွယ္ ဦးဝင္းျမင့္လိႈင္က ေျပာ ၾကားသည္။

‘‘လံုၿခံဳေရးေတြက တာဝန္ ထမ္းေဆာင္ေနတုန္းရွိေသးတယ္ ေလ။ အဲဒီထဲက ေသနတ္တစ္ လက္က ရဲကင္းစခန္းေလးကို မွီ ၿပီးေထာင္ထားတာ။ လဲက်သြား ေတာ့ တပ္ဖြဲ႕ဝင္တစ္ဦးက သြား ေထာင္လိုက္တာ။ အဲဒါ က်ည္ ထြက္ၿပီး အနီးက လူတစ္ဦးကိုမွန္ သြားတာလို႔သိရတယ္။ အေသး စိတ္ကိုေတာ့ စစ္ေဆးေနဆဲပဲလို႔ သိရတယ္ဗ်’’ဟု ၎ကေျပာ သည္။

အဓိက႐ုဏ္းႏွိမ္နင္းရာတြင္ အသံုးျပဳသည့္ ေရာ္ဘာက်ည္ဆန္ ၁၂ ဗို႔ ထိမွန္သျဖင့္ အသက္ (၃၀)ႏွစ္အရြယ္ ေဒသခံလူငယ္ တစ္ဦးတြင္ ပါးေပါက္ဒဏ္ရာ၊ လည္ပင္းႏွင့္ပခံုးတစ္ဝိုက္ ထိခိုက္ ဒဏ္ရာ(မစိုးရိမ္ရ) ရရွိသျဖင့္ ေတာင္တြင္းႀကီးၿမိဳ႕နယ္ ျပည္သူ႔ ေဆး႐ံုသို႔ တင္ပို႔ကုသၿပီး ထိုမွတစ္ဆင့္ မေကြးတိုင္းျပည္သူ႔ေဆး

႐ံုႀကီးသို႔ လႊဲေျပာင္းကုသေပးေနေၾကာင္း ဦးဝင္းျမင့္လိႈင္က ဆိုသည္။

ေရာ္ဘာက်ည္ဆန္သည္ တစ္ေတာင့္တည္းသာျဖစ္ေသာ္ လည္း က်ည္ဆန္ထြက္သည့္အခါ ေရာ္ ဘာအတံုးငယ္ကိုးခုခန္႔အထိ ကြဲထြက္တတ္သည့္သေဘာ ရွိသျဖင့္ သံုးေနရာတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ျခင္းျဖစ္ေၾကာင္း ဦးဝင္းျမင့္လိႈင္က ေျပာသည္။

ေရာ္ဘာက်ည္ဆန္ ထိမွန္ သူကို လိုက္ပါကူညီေပးသူ ေတာင္တြင္းႀကီးေဒသခံတစ္ဦးက မူ ၿမိဳ႕လယ္ရဲကင္းစခန္း ဗီ႐ို အတြင္း သိမ္းဆည္းထားသည့္ ေရာ္ဘာက်ည္ေသနတ္ကို တာ ဝန္ထမ္းေဆာင္ေနသည့္ ရဲတပ္ ၾကပ္ႀကီးတစ္ဦးက ထုတ္ယူစဥ္ က်ည္ထြက္ကာ အနီးရွိ ဆုိင္ကယ္ ကယ္ရီေမာင္းသူ အသက္ (၃၁) ႏွစ္အရြယ္ရွိ ကိုစိုးမိုးေအာင္ကို ထိမွန္ခဲ့ေၾကာင္း ေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ ေတာင္တြင္းႀကီးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ စခန္းသို႔ ဆက္သြယ္ေသာ္လည္း ဖုန္းလက္ခံေျဖၾကားျခင္းမရွိေပ။

ေတာင္တြင္းႀကီးၿမိဳ႕တြင္ စက္တင္ဘာ ၁၀ ရက္ညက ဆူပူ လံႈ႔ေဆာ္မႈ ျဖစ္ပြားသျဖင့္ ရဲတပ္ ဖြဲ႕ႏွင့္ နယ္ေျမခံတပ္က လံုၿခံဳေရး တိုးျမႇင့္ေဆာင္ရြက္ေနသည္။ ထို႔ ေၾကာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားအား အဓိက႐ုဏ္းႏွိိမ္နင္းေရး လက္ နက္မ်ား ထုတ္ေပးထားျခင္းျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ကုသမှုခံယူနေသည့် ရော်ဘာကျည်ထိမှန်ခဲ့သော ကိုစိုးမိုးအောင်ကိုတွေ့ရစဉ် (ဓာတ်ပုံ − Hlaing Bwar FB)

 တောင်တွင်းကြီး မြို့ လယ်ရှိ ရဲကင်းစခန်းငယ်တွင် စက်တင်ဘာ ၁၃ ရက်နံနက်က ရော်ဘာကျည်ဆန်သုံး သေနတ်မှ ကျည်ဆန်ထွက်ကာ အမျိုးသား တစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

နံနက် ၁၀ နာရီခန့်က လဲကျ နေသည့် သေနတ်ကို လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ထောင် လိုက်စဉ် သေနတ်မှ ရော်ဘာ ကျည်ဆန်ထွက်ကာ အနီးရှိဒေသ ခံတစ်ဦးကို ထိမှန်ခဲ့သည်ဟု သိရကြောင်း တောင်တွင်းကြီးမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးဝင်းမြင့်လှိုင်က ပြော ကြားသည်။

‘‘လုံခြုံရေးတွေက တာဝန် ထမ်းဆောင်နေတုန်းရှိသေးတယ် လေ။ အဲဒီထဲက သေနတ်တစ် လက်က ရဲကင်းစခန်းလေးကို မှီ ပြီးထောင်ထားတာ။ လဲကျသွား တော့ တပ်ဖွဲ့ဝင်တစ်ဦးက သွား ထောင်လိုက်တာ။ အဲဒါ ကျည် ထွက်ပြီး အနီးက လူတစ်ဦးကိုမှန် သွားတာလို့သိရတယ်။ အသေး စိတ်ကိုတော့ စစ်ဆေးနေဆဲပဲလို့ သိရတယ်ဗျ’’ဟု ၎င်းကပြော သည်။

အဓိကရုဏ်းနှိမ်နင်းရာတွင် အသုံးပြုသည့် ရော်ဘာကျည်ဆန် ၁၂ ဗို့ ထိမှန်သဖြင့် အသက် (၃၀)နှစ်အရွယ် ဒေသခံလူငယ် တစ်ဦးတွင် ပါးပေါက်ဒဏ်ရာ၊ လည်ပင်းနှင့်ပခုံးတစ်ဝိုက် ထိခိုက် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိသဖြင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ ဆေးရုံသို့ တင်ပို့ကုသပြီး ထိုမှတစ်ဆင့် မကွေးတိုင်းပြည်သူ့ဆေး

ရုံကြီးသို့ လွှဲပြောင်းကုသပေးနေကြောင်း ဦးဝင်းမြင့်လှိုင်က ဆိုသည်။

ရော်ဘာကျည်ဆန်သည် တစ်တောင့်တည်းသာဖြစ်သော် လည်း ကျည်ဆန်ထွက်သည့်အခါ ရော် ဘာအတုံးငယ်ကိုးခုခန့်အထိ ကွဲထွက်တတ်သည့်သဘော ရှိသဖြင့် သုံးနေရာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းမြင့်လှိုင်က ပြောသည်။

ရော်ဘာကျည်ဆန် ထိမှန် သူကို လိုက်ပါကူညီပေးသူ တောင်တွင်းကြီးဒေသခံတစ်ဦးက မူ မြို့လယ်ရဲကင်းစခန်း ဗီရို အတွင်း သိမ်းဆည်းထားသည့် ရော်ဘာကျည်သေနတ်ကို တာ ဝန်ထမ်းဆောင်နေသည့် ရဲတပ် ကြပ်ကြီးတစ်ဦးက ထုတ်ယူစဉ် ကျည်ထွက်ကာ အနီးရှိ ဆိုင်ကယ် ကယ်ရီမောင်းသူ အသက် (၃၁) နှစ်အရွယ်ရှိ ကိုစိုးမိုးအောင်ကို ထိမှန်ခဲ့ကြောင်း ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

တောင်တွင်းကြီးမြို့တွင် စက်တင်ဘာ ၁၀ ရက်ညက ဆူပူ လှုံ့ဆော်မှု ဖြစ်ပွားသဖြင့် ရဲတပ် ဖွဲ့နှင့် နယ်မြေခံတပ်က လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေသည်။ ထို့ ကြောင့် ရဲတပ်ဖွဲ့ဝင်များအား အဓိကရုဏ်းနှိမ်နင်းရေး လက် နက်များ ထုတ်ပေးထားခြင်းဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top