ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ဒါကေတာ့ ငယ္ငယ္က ကၽြန္ေတာ္ကိုယ္တုိင္ ေလ့လာၾကည့္ရႈခဲ့ရတဲ့ ပေယာဂထုတ္တဲ့ အေၾကာင္းအရာေလးပါပဲ.. ကၽြန္ေတာ္အဖြားက ပေယာဂကုတဲ့ အထက္လုိင္းလုိ႔ေခၚမယ့္ ဂိုဏ္းတစ္ဂုိဏ္းကပါ.. ကၽြန္ေတာ္တို႔ ငယ္ငယ္တုန္းက အဖြားေဆးကုရင္ ခပ္လွမ္းလွမ္းက ေၾကာက္ေၾကာက္နဲ႔ ၾကည့္ေနက်ေပါ့ဗ်ာ..အဖြားက လူနာကို ရုိက္တာနွက္တာတုိ႔ ဘာတုိ႔ေတာ့မလုပ္ပါဘူး.. ေမတၱာနဲ႔ကုတာပါ.. အရမ္းၾကမး္ၿပီး အာခံတတ္တဲ့ ပေယာဂမ်ိဳးနဲ႔ေတြ႕မွသာ ေဆးေတာင့္ေလးတစ္ေတာင့္နဲ႔ ေနာက္ ဂုတ္ကို ေထာက္ထားလုိက္တာပါ..အဲလုိေထာက္လုိ႔ကေတာ့ အဲဒီ ပေယာဂ ဘယ္လိုမွ မခံႏုိင္ဘူးဗ်ိဳ႕..ေဆးေတာင့္ကေလးက လက္ညိဳးလက္တစ္ဆစ္ေလာက္ေလးပါ..ၿပီးေတာ့ တံုးတံုးၾကီးပါ.. ဟုိ ေသာက္ေဆးေတာင့္လုိ ဟာမ်ိဳးေပါ့.. မဲမဲေလးပါ တစ္ခါတုန္းက ကၽြန္ေတာ္ကိုယ္တုိင္ျမင္ဖူးတဲ့ ပေယာဂထုတ္တဲ့အေၾကာင္းေျပာျပမယ္.. အင္မတန္ ၾကမး္ပါတယ္ဗ်ာ.. ျဖစ္တာက အဖြားရဲ႕ေမာင္ ကၽြန္ေတာ္ဖိုးေလးေပါ့ဗ်ာ.. သူ႔မိန္းမ မွာျဖစ္တာ.. မေက်နပ္တဲ့လူက အပင္းသြင္းလုိက္တယ္လုိ႔ေျပာတာပဲဗ်ာ..

တငူငူတငိုင္ငိုင္နဲ႔ ညေနဆို ငိုယုိၿပီးေတာ့.. ထမင္းေတြလည္း အရမ္းစားတာပဲတဲ့..အရင္တုန္းက ေၾကာင္စာေလာက္ စားတဲ့သူက အခုဆုိ ဇလံုၾကီးနဲ႔ ေလးငါးဇလံု စားတာတဲ့.. ပထမေတာ့ စားႏုိင္ရင္ စားေပါ့ေနာ္.. ေနာက္ေတာ့ အသားဟင္း မပါရင္လည္း အိမ္ကလူေတြကို ရန္လုပ္ေသးတာတဲ့.. တစ္ခါတစ္ေလ ဗိုက္ေအာင့္တယ္ ဆုိၿပီး လူးလိမ့္ေနတာပဲ..ေနာက္ဆံုး မခံႏုိင္ေတာ့ အဖြားကိုလာေျပာမွပဲ.. အဖြားက သူ႔ဆီေခၚလာဖုိ႔ေျပာတယ္.. အဖြားအိမ္က အျပန္ ဖုိးေလးက သူ႔မိန္းမကို ေခၚေတာ့.. ” နင္တုိ႔ဘယ္သြားလဲ ငါသိတယ္ တဲ့.. ငါ မလုိက္ဘူး…အတင္းေခၚရင္ ငါ အိမ္ေပၚကခုန္ခ်မွာေနာ္.. ” ဆုိၿပီး အိမ္ေပၚထပ္ကေတာင္ ခုန္ခ်မလိုလုပ္တယ္ဗ်..တစ္ရပ္ကြက္လံုး ၀ုိင္းၾကည့္ၾကတာေပါ့ဗ်ာ.. ေနာက္ေတာ့ အိမ္နီးနားခ်င္း ေယာက်ၤားေလးေတြက တိတ္္တိတ္ေလးတက္ၿပီး ခ်ဳပ္.. အတင္းေခၚမွ ရုန္းကန္ုၿပီးပါလာတယ္..ဒါေတာင္ ဗလေကာင္းေကာငး္ ၃ ၄ ေယာက္ မႏုိင္လုိ႔ ဒီ မိန္းမ ပိန္ပိန္ေလးကို ၅ ေယာက္ ၆ ေယာက္ေလာက္က ပုိင္းခ်ဳပ္.. ကားေပၚတင္ အဖြားဆီကိုေရာက္လာတာေပါ့ဗ်ာ..

လမ္းမွာ ” ငါ့အေၾကာင္း ေကာင္းေကာင္းသိေစရမယ္.. ” လုိ႔ ေအာ္ဟစ္ၾကိမ္းေမာင္းေနေသးတယ္ ဗ်.. ဖိုးေလးလည္း စိတ္မေကာင္းဘူးေပါ့ဗ်ာ..ေနာက္ဆံုး အဖြားအိမ္ေပါက္၀ေရာက္ေတာ့ သူ႔ဘာသာဆင္းၿပီးအိမ္ေပါက္၀ကို ဖေနာင့္နဲ႔ သံုးခ် ေပါက္ေသးတယ္ဗ်..သူလာၿပီလုိ႔ ၾကားကတည္းက အဖြားက ကၽြန္ေတာ္တုိ႔ကို အေ၀းမွာေရွာင္ခိုင္းထားတယ္ေလ.. သူက ဘုရားစင္ေရွ႕လုိက္လာတယ္.. ေရာက္ေတာ့.. ဘုရားစင္ဘက္ ေျခေထာက္ၾကီးထုိးၿပီး လုပ္ေနတယ္.. ဖြားေလးက အရမ္းမ်က္ႏွာခ်ိဳတယ္ဗ်.. လူတုိင္းကို ျပံဳးျပံဴးေလးပဲ စကားေျပာတာ.. လူတုိင္းက ခ်စ္ၾကတယ္ေလ.. ဒါေပမယ့္ အဲဒီအေခါက္ ဖြားေလးမ်က္ႏွာက ကၽြန္ေတာ္တုိ႔ တစ္ခါမွမျမင္ဖူးတဲ့ အဖြားၾကီးမ်က္ႏွာလုိမ်ိဳး.. မ်က္ႏွာအေရျပားေတြ ရံႈတြၿပီး အသက္ၾကီးၾကီး အဖြားၾကီးလုိလုိမ်က္ႏွာၾကီးဗ်… စကားသံကလည္း ဖြားေလးအသံမဟုတ္ဘူး.. အဲဒါနဲ႔ အဖြားက ဘုရားစင္ဘက္ေျခေထာက္မထုိးဖို႔နဲ႔ ဘုရားရွိခုိးဖို႔ ေျပာတယ္.. ဘယ္လုိမွေျပာလုိ႔ မရဘူး..

ဒါနဲ႔ အဖြားလည္း စိတ္တုိလာၿပီး ” ေအး,, နင္ဦးမခ်ရင္ နင့္ကို အထက္ပုဂိၢဳလ္ ဆိုင္ရာပုိင္ရာေတြနဲ႔ လုပ္ရေတာ့မွာပဲ … ” ဆုိေတာ့ ” စမ္းၾကည့္လိုက္ေလ. ငါက တိမ္ညႊန္႔ေတာင္ စားႏုိင္ေနၿပီတဲ့ .. နင္စမ္းႏုိင္ရင္ စမ္းၾကည့္…” ” ဆုိၿပီး ပမာမခန္႔ေတာင္ တင္ပလႅင္ေခြထုိင္ေနေသးတယ္.. အဖြားကို စိန္ေခၚေတာ့တာပဲ.. အဲဒီေတာ့ အဖြားလည္း အထက္ပုဂိၢဳလ္ ဆုိင္ရာပုိင္ရာေတြကို တိုးတိုး တိုးတုိးနဲ႔ ဂါထာေတြရြတ္ၿပီး ဘုရားစင္မွာ ကပ္ထားတဲ့ ေသာက္ေတာ္ေရကုိ စြန္႔.. ေနာက္ၿပီး ဘုိးေတာ္ေတြကုိ ကပ္ထားတဲ့ အုန္းပြဲထဲက သေျပရႊက္နဲ႔ ပက္ေတာ့တာပဲ… ကၽြန္ေတာ္ ေစာေစာက ေျပာသလုိ သေျပရြက္နဲ႔ ဘုရားေသာက္ေတာ္ေရ ပက္တာေတာင္ သူက ေခါင္းကိုယမ္းၿပီး ေပခံေနတာဗ်.. အဲဒါနဲ႔ အဖြားလည္း အနားက အဖြားနဲ႔ ဂိုဏ္းတူ ဦးေလးတစ္ေယာက္ကို သြားေခၚခုိင္းရေတာ့တယ္..

သူက ဘာေကာင္လဲဆုိတာ အဖြားကသိလုိက္ၿပီေလ.. ေတာ္ရံုေကာင္ေလာက္ဆုိရင္ ဘုရားေသာက္ေတာ္ေရကို ဘယ္ခံႏိုင္လိိမ့္မလဲ.. အဲဒီမွာ ဦးေလးေရာက္လာေတာ့ သူက ပမာမခန္႔ ရယ္ၿပီး ” နင္တုိ႔က ႏွစ္ေယာက္ေတာင္လား.. လာခဲ့.. လာခဲ့စမ္းပါ.. နင္တုိ႔ လုပ္ၾကည့္ေလ.. ေအး..နင္တုိ႔ပညာကုန္လုိ႔ ငါ့အလွည့္လာရင္ေတာ့ နင္တုိ႔ေတြ အေသပဲ… ” ဆုိၿပီး မ်က္ေထာက္နီၾကီးနဲ႔ ေျပာတာမ်ားဗ်ာ.. တကယ္ေၾကာက္စရာႀကီး… အဲဒီ ဦးေလးေရာက္လာမွ.. အဲဒီဦးေလးမွာ ပါတဲ့ ေဆးေတာင့္နဲ႔ နားထင္ကိုတစ္ဖက္ လည္ဂုတ္ကို တစ္ဖက္ ေထာက္.. အဖြားက သူ႔လက္ေကာက္၀တ္ႏွစ္ဖက္ကိုေထာက္.. ဂါထာေတြ ရြတ္လုိက္တာဗ်ာ.. ဥံဳ ခံခံၿပီး ရြတ္ရတာ.. အၾကာၾကီးပဲ.. ၾကားရတဲ့လူေတာင္ ၾကက္သီးထစရာ.. ပထမေတာ့ အဲဒီလူနာ ဖြားေလးက အံၾကီးၾကိတ္ၿပီး ေတာင့္ခံထားတယ္ဗ်..

အသားေတြတုန္ေနတယ္..ေနာက္ၿပီး သြားေတြမ်ားဗ်ာ.. က်လိ က်လိနဲ႔ေတာင္ အသံၾကားရတယ္..ေမးေၾကာၾကီးေတြေထာင္လုိ႔… အခ်ိန္ေတာ္ေတာ္ေလးၾကာၿပီး ေနာက္ေတာ့မွ.. တအားအားနဲ႔ေအာ္ေတာ့တာပဲဗ်ိဳ႕..အသံအက်ယ္ၾကီးပဲ.. မသိရင္ ေတာ္ေတာ္နာနာက်င္က်င္ ခံေနရတဲ့ပံုပဲ.. ေဆးေတာင့္ေလးေတြနဲ႔ပဲ ေထာက္တာေနာ္.. ေအာ္တာမွ အသားကုန္ပဲ ေခၽြးသီးေခၽြးေပါက္ေတြေတာင္ က်တယ္..ၾကည့္တဲ့လူအားလံုးလည္း ဘယ္သူမွ တုတ္တုတ္ေတာင္ မလႈတ္ရဲဘူး.. အဲလုိပဲ ကၽြန္ေတာ္အဖြားနဲ႔ ဦးေလးလည္း ေခၽြးေတြမ်ား ေရခ်ိဳးထားသလားေအာက္ေမ့ရတယ္.. ေနာက္ေတာ့မွ ဟင္းးးးးးးးးးး ဆုိၿပီး သက္ျပင္းရွည္ၾကီး တစ္ခ်က္ခ်ၿပီး.. ” ေအး.. နင္တုိ႔လက္ဦးသြားလုိ႔ ႏိုင္သြားတယ္.. ေတာက္…” ဆုိ ေတာက္တစ္ခ်က္ေခါက္ၿပီး ေျခေထာက္ေတြဘာေတြ ျပင္ထုိင္ၿပီး.. ” နင္တုိ႔ ရွိခိုးေစခ်င္တာ မဟုတ္လား.. ေအး.. ရွိခိုးတယ္ဟာ.. ” ဆုိၿပီး ဘုရားကိုေပါက္ဆိန္ေပါက္သလုိ ရွိခိုးေတာ့တာပဲ.. အဲဒါနဲ႔ အဖြားက ” ေကာင္းေကာငး္ ရွိခိုး.. မရွိခိုးရင္ နင့္ကို ငါတို႔ရဲ႕ စက္ေတြကေန ဖယ္မေပးဘူး.. ” ဆိုၿပီး ေျပာမွ ေသခ်ာရွိခိုးေတာ့တယ္.. အဲဒီေတာ့မွ.. အဖြားက သိခ်င္တာေတြ ေမးေတာ့တယ္.. ” နင္ ဘယ္သူလဲ.. ” ဆိုေတာ့ ” ငါပညာသည္ပဲ.. ” တဲ့.. ” နင့္ပညာ အဆင့္ဘယ္ေလာက္ေရာက္ၿပီလဲ ေမးေတာ့.. ” ” နင္တုိ႔လက္ဦးသြားလုိ႔..

နင္တုိ႔ပညာေလာက္နဲ႔ ငါ့ကို မႏိုင္ဘူး.. ငါကတိမ္ညႊန္႔ေတာင္ စားတဲ့အဆင့္ေရာက္ေနၿပီ ..” တဲ့.. ေနာက္မွ အဖြားျပန္ေျပာျပတာက ကေ၀ျဖစ္ေနၿပီတဲ့.. ကေ၀ေတာင္ ရုိးရုိးကေ၀ မဟုတ္ဘဲ.. ေနာက္ထပ္နဲနဲေလးသာ ျမင့္သြားရင္ ေဇာ္ကနီ ေဇာ္ကနက္အဆင့္ထိေရာက္ေတာ့မယ္ တဲ့..အဲဒီအခ်ိန္သာ လုပ္ႏုိင္လုိက္ၿပီဆုိ၇င္ အဖြားတုိ႔လည္း ဘယ္လုိမွ မတတ္ႏုိင္ေတာ့ဘူး တဲ့..ေနာက္ေတာ့ အဖြားက ထပ္ေမးတယ္.. ” နင္ဘယ္မွာေနတာလဲ.. ဘာအျငိဳးနဲ႔လုပ္ရတာလဲ.. ” တဲ့.. အဲဒီေတာ့ သူက ” ငါ့မွာ ဘာအျငိဳးမွမရွိဘူး.. အကူအညီလာေတာင္းလုိ႔ လုပ္ရတာ.. ” တဲ့.. ဒါေတာင္ အကူအညီေပးရံုပဲေနာ္.. သူသာလုပ္ရင္ ေသမ်ားေသသြားမလားမသိဘူး.. ဖြားေလး ဗုိက္ေအာင့္ ေအာင့္ေနတဲ့ကိစၥကို အဖြားက သိေတာ့.. ” နင္ သြင္းထားတဲ့ နင့္စက္ေတြ အကုန္ထုတ္.. ဖ်က္သင့္တာဖ်က္.. ထုတ္သင့္တာထုတ္.. ဘယ္ေလာက္ေတာင္ နင့္စက္ေတြသြင္းထားတာလဲ.. ဒီမွာ လူနာ ေတာ္ေတာ္ခံစား၇ေနတယ္.. ” လုိ႔ေျပာေတာ့.. ” နည္းနည္းေလးပါ.. ” တဲ့.. အဲဒီေနာက္..” နင့္စက္ေတြ ဆံစကေန ေျခဖ်ားအထိ.. အကုန္ထုတ္စမ္း.. အထက္ပုဂိၸဳလ္ မ်ားအမိန္႔အရ..

မျခြင္းမခ်န္ေစရ.. စက္မ်ား အကနု္ထုတ္ႏုိင္ေစရမည္.. ငါဆရာ အမိန္႔.. ” လို႔ေျပာတဲ့အခါ.. သူ႔တစ္ကုိယ္လံုးကို ပြတ္သပ္ၿပတယ္.. လက္ေတြေရာ ေျခေထာက္ေတြေရာ ေခါင္းေတြေရာ.. အကုန္ပြတ္သပ္ခ်ျပတယ္.. အဲဒီေနာက္.. ” က်န္ေသးလား ..” ဆုိေတာ့.. ” က်န္ေသးတယ္…. ” ဆုိၿပီး.. အန္မလုိလုပ္ျပတယ္.. အဖြားလည္း ၾကည့္ေနတဲ့ လူတစ္ေယာက္ကို ဇလံုတစ္လံုယူခုိင္းလုိက္တယ္.. အဲဒီမွာ.. အန္တာ အန္တာဗ်ာ.. မရြ႕ံၾကနဲ႔ေနာ္.. ကၽြန္ေတာ္တုိ႔ျမင္ဖူးထားတာ.. အန္တဲ့အခါ အစာေဟာင္းေတြ အစာေျခၿပီးသားေတြ အေက်ေတြကို အရည္ေတြနဲ႔ေရာၿပီး အန္တာပဲျမင္ဖူးပါတယ္..ဖြားေလး အန္တာကေတာ့ အဆီတုံးေတြဗ်ာ.. တစ္တံုးတစ္တံုး နည္းတာမဟုတ္ဘူး.. အတံုးၾကီးေတြ မွ အၾကီးၾကီးေတြပဲ.. ေသြးစေသြးနေတြေတာင္ပါတယ္… ၀က္သားလုိ အဆီေတြလည္း မဟုတ္ဘူးဗ်.. ျမင္ေအာင္ေျပာရရင္ ငါးအသည္းေတြ လုိေလ.. ငါးအေကာင္ၾကီးကို ရင္ခြဲလုိက္ရင္ အထဲက အသည္း အူေတြေတြထြက္လာသလုိ အဆီတုံးၾကီးေတြ.. ေတာ္ေတာ္မ်ားတယ္ဗ်..

ၾကည့္ရတဲ့လူေတာင္ ၾကက္သီးထတယ္..ေနာက္ဆံုးမွာ ပါလာတာက ဆံပင္ အေထြးၾကီး… နဲနဲေနာေနာၾကီးမဟုတ္ဘူး.. အေထြးလုိက္ၾကီးကို က်လာတာ.. .ၾကည့္ေနတဲ့လူေတြ အားလံုးလည္း .. ဟာ ကနဲျဖစ္သြားတာေပါ့.. ဆံပင္က ေနာက္ဆံုးပဲ.. ၿပီးေတာ့.. အဖြားက ကုန္ၿပီလား ဆုိေတာ့.. ကုန္ၿပီ တဲ့.. ၿပီးတာနဲ႔ ဒီလုိအတတ္ပညာနဲ႔ ေနာက္သူတပါးကို မလုပ္ဖို႔.. အဲလုိလုပ္ရင္ ငရဲခံရတဲ့အေၾကာင္း ေျဖာငး္ဖ် နားခ်လြတ္တာေပါ့ဗ်ာ.. တစ္ခါတည္း ပညာေတြ အဆက္ျဖတ္မလားဆိုေတာ့ အဲလုိေတာ့မရေသးဘူး တဲ့ .. သူလည္း တဆင့္ခံပညာယူထားတာတဲ့.. ပညာဆင့္ျမင့္ေနၿပီဆုိေတာ့ ေျဖးေျဖးခ်င္းျဖတ္ခ်မွ ရမွာတဲ့.. တစ္ခါတည္း ျဖတ္လုိက္ရင္ သူ႔အသက္ေတာင္ အႏၱရယ္ျဖစ္မယ္ ဆုိပဲ.. အဲဒါနဲ႔ အဖြားကလည္း နင့္အသက္အႏၱရာယ္ျဖစ္မွာေတာ့ စိုးရိမ္တယ္..

သူမ်ားအသက္ကိုေတာ့ နင္ကလုပ္တယ္.. တရားရဲ႕လား.. ဆုိေတာ့ .. သူေနာင္တရပါၿပီတဲ့.. ေနာက္မလုပ္ေတာ့ဘူး လုိ႔ ကတိေပးတယ္.. ၿပီးေတာ့မွ.. ဘုရားကုိ အရင္ကန္ေတာ့.. အထက္ပုဂိၸဳလ္ေတြ ကန္ေတာ့.. ေနာက္ ဆရာႏွစ္ဦးကို ကန္ေတာ့ ခုိင္းၿပီး မွ ျပန္ထြက္ခုိင္းေတာ့တယ္.. ဒီလုိနဲ႔ ေနာက္ေန႔ ဖြားေလးလည္း အရင္ကအတုိင္း က်မ္းက်မ္းမာမာေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျပန္ေနႏိုင္သြားပါတယ္လို႔ ေျပာရင္ ကၽြန္ေတာ့္ကိုယ္ေတြ႕ေလးကို ဇာတ္သိမ္းလုိက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cutegirlsaa

# Unicode Version #
ဒါကတော့ ငယ်ငယ်က ကျွန်တော်ကိုယ်တိုင် လေ့လာကြည့်ရှုခဲ့ရတဲ့ ပယောဂထုတ်တဲ့ အကြောင်းအရာလေးပါပဲ.. ကျွန်တော်အဖွားက ပယောဂကုတဲ့ အထက်လိုင်းလို့ခေါ်မယ့် ဂိုဏ်းတစ်ဂိုဏ်းကပါ.. ကျွန်တော်တို့ ငယ်ငယ်တုန်းက အဖွားဆေးကုရင် ခပ်လှမ်းလှမ်းက ကြောက်ကြောက်နဲ့ ကြည့်နေကျပေါ့ဗျာ..အဖွားက လူနာကို ရိုက်တာနှက်တာတို့ ဘာတို့တော့မလုပ်ပါဘူး.. မေတ္တာနဲ့ကုတာပါ.. အရမ်းကြမ်းပြီး အာခံတတ်တဲ့ ပယောဂမျိုးနဲ့တွေ့မှသာ ဆေးတောင့်လေးတစ်တောင့်နဲ့ နောက် ဂုတ်ကို ထောက်ထားလိုက်တာပါ..အဲလိုထောက်လို့ကတော့ အဲဒီ ပယောဂ ဘယ်လိုမှ မခံနိုင်ဘူးဗျို့..ဆေးတောင့်ကလေးက လက်ညိုးလက်တစ်ဆစ်လောက်လေးပါ..ပြီးတော့ တုံးတုံးကြီးပါ.. ဟို သောက်ဆေးတောင့်လို ဟာမျိုးပေါ့.. မဲမဲလေးပါ တစ်ခါတုန်းက ကျွန်တော်ကိုယ်တိုင်မြင်ဖူးတဲ့ ပယောဂထုတ်တဲ့အကြောင်းပြောပြမယ်.. အင်မတန် ကြမ်းပါတယ်ဗျာ.. ဖြစ်တာက အဖွားရဲ့မောင် ကျွန်တော်ဖိုးလေးပေါ့ဗျာ.. သူ့မိန်းမ မှာဖြစ်တာ.. မကျေနပ်တဲ့လူက အပင်းသွင်းလိုက်တယ်လို့ပြောတာပဲဗျာ..

တငူငူတငိုင်ငိုင်နဲ့ ညနေဆို ငိုယိုပြီးတော့.. ထမင်းတွေလည်း အရမ်းစားတာပဲတဲ့..အရင်တုန်းက ကြောင်စာလောက် စားတဲ့သူက အခုဆို ဇလုံကြီးနဲ့ လေးငါးဇလုံ စားတာတဲ့.. ပထမတော့ စားနိုင်ရင် စားပေါ့နော်.. နောက်တော့ အသားဟင်း မပါရင်လည်း အိမ်ကလူတွေကို ရန်လုပ်သေးတာတဲ့.. တစ်ခါတစ်လေ ဗိုက်အောင့်တယ် ဆိုပြီး လူးလိမ့်နေတာပဲ..နောက်ဆုံး မခံနိုင်တော့ အဖွားကိုလာပြောမှပဲ.. အဖွားက သူ့ဆီခေါ်လာဖို့ပြောတယ်.. အဖွားအိမ်က အပြန် ဖိုးလေးက သူ့မိန်းမကို ခေါ်တော့.. ” နင်တို့ဘယ်သွားလဲ ငါသိတယ် တဲ့.. ငါ မလိုက်ဘူး…အတင်းခေါ်ရင် ငါ အိမ်ပေါ်ကခုန်ချမှာနော်.. ” ဆိုပြီး အိမ်ပေါ်ထပ်ကတောင် ခုန်ချမလိုလုပ်တယ်ဗျ..တစ်ရပ်ကွက်လုံး ဝိုင်းကြည့်ကြတာပေါ့ဗျာ.. နောက်တော့ အိမ်နီးနားချင်း ယောင်္ကျားလေးတွေက တိတ်တိတ်လေးတက်ပြီး ချုပ်.. အတင်းခေါ်မှ ရုန်းကန်ုပြီးပါလာတယ်..ဒါတောင် ဗလကောင်းကောင်း ၃ ၄ ယောက် မနိုင်လို့ ဒီ မိန်းမ ပိန်ပိန်လေးကို ၅ ယောက် ၆ ယောက်လောက်က ပိုင်းချုပ်.. ကားပေါ်တင် အဖွားဆီကိုရောက်လာတာပေါ့ဗျာ..

လမ်းမှာ ” ငါ့အကြောင်း ကောင်းကောင်းသိစေရမယ်.. ” လို့ အော်ဟစ်ကြိမ်းမောင်းနေသေးတယ် ဗျ.. ဖိုးလေးလည်း စိတ်မကောင်းဘူးပေါ့ဗျာ..နောက်ဆုံး အဖွားအိမ်ပေါက်ဝရောက်တော့ သူ့ဘာသာဆင်းပြီးအိမ်ပေါက်ဝကို ဖနောင့်နဲ့ သုံးချ ပေါက်သေးတယ်ဗျ..သူလာပြီလို့ ကြားကတည်းက အဖွားက ကျွန်တော်တို့ကို အဝေးမှာရှောင်ခိုင်းထားတယ်လေ.. သူက ဘုရားစင်ရှေ့လိုက်လာတယ်.. ရောက်တော့.. ဘုရားစင်ဘက် ခြေထောက်ကြီးထိုးပြီး လုပ်နေတယ်.. ဖွားလေးက အရမ်းမျက်နှာချိုတယ်ဗျ.. လူတိုင်းကို ပြုံးပြူံးလေးပဲ စကားပြောတာ.. လူတိုင်းက ချစ်ကြတယ်လေ.. ဒါပေမယ့် အဲဒီအခေါက် ဖွားလေးမျက်နှာက ကျွန်တော်တို့ တစ်ခါမှမမြင်ဖူးတဲ့ အဖွားကြီးမျက်နှာလိုမျိုး.. မျက်နှာအရေပြားတွေ ရှုံတွပြီး အသက်ကြီးကြီး အဖွားကြီးလိုလိုမျက်နှာကြီးဗျ… စကားသံကလည်း ဖွားလေးအသံမဟုတ်ဘူး.. အဲဒါနဲ့ အဖွားက ဘုရားစင်ဘက်ခြေထောက်မထိုးဖို့နဲ့ ဘုရားရှိခိုးဖို့ ပြောတယ်.. ဘယ်လိုမှပြောလို့ မရဘူး..

ဒါနဲ့ အဖွားလည်း စိတ်တိုလာပြီး ” အေး,, နင်ဦးမချရင် နင့်ကို အထက်ပုဂ္ဂိုလ် ဆိုင်ရာပိုင်ရာတွေနဲ့ လုပ်ရတော့မှာပဲ … ” ဆိုတော့ ” စမ်းကြည့်လိုက်လေ. ငါက တိမ်ညွှန့်တောင် စားနိုင်နေပြီတဲ့ .. နင်စမ်းနိုင်ရင် စမ်းကြည့်…” ” ဆိုပြီး ပမာမခန့်တောင် တင်ပလ္လင်ခွေထိုင်နေသေးတယ်.. အဖွားကို စိန်ခေါ်တော့တာပဲ.. အဲဒီတော့ အဖွားလည်း အထက်ပုဂ္ဂိုလ် ဆိုင်ရာပိုင်ရာတွေကို တိုးတိုး တိုးတိုးနဲ့ ဂါထာတွေရွတ်ပြီး ဘုရားစင်မှာ ကပ်ထားတဲ့ သောက်တော်ရေကို စွန့်.. နောက်ပြီး ဘိုးတော်တွေကို ကပ်ထားတဲ့ အုန်းပွဲထဲက သပြေရွှက်နဲ့ ပက်တော့တာပဲ… ကျွန်တော် စောစောက ပြောသလို သပြေရွက်နဲ့ ဘုရားသောက်တော်ရေ ပက်တာတောင် သူက ခေါင်းကိုယမ်းပြီး ပေခံနေတာဗျ.. အဲဒါနဲ့ အဖွားလည်း အနားက အဖွားနဲ့ ဂိုဏ်းတူ ဦးလေးတစ်ယောက်ကို သွားခေါ်ခိုင်းရတော့တယ်..

သူက ဘာကောင်လဲဆိုတာ အဖွားကသိလိုက်ပြီလေ.. တော်ရုံကောင်လောက်ဆိုရင် ဘုရားသောက်တော်ရေကို ဘယ်ခံနိုင်လိမ့်မလဲ.. အဲဒီမှာ ဦးလေးရောက်လာတော့ သူက ပမာမခန့် ရယ်ပြီး ” နင်တို့က နှစ်ယောက်တောင်လား.. လာခဲ့.. လာခဲ့စမ်းပါ.. နင်တို့ လုပ်ကြည့်လေ.. အေး..နင်တို့ပညာကုန်လို့ ငါ့အလှည့်လာရင်တော့ နင်တို့တွေ အသေပဲ… ” ဆိုပြီး မျက်ထောက်နီကြီးနဲ့ ပြောတာများဗျာ.. တကယ်ကြောက်စရာကြီး… အဲဒီ ဦးလေးရောက်လာမှ.. အဲဒီဦးလေးမှာ ပါတဲ့ ဆေးတောင့်နဲ့ နားထင်ကိုတစ်ဖက် လည်ဂုတ်ကို တစ်ဖက် ထောက်.. အဖွားက သူ့လက်ကောက်ဝတ်နှစ်ဖက်ကိုထောက်.. ဂါထာတွေ ရွတ်လိုက်တာဗျာ.. ဥုံ ခံခံပြီး ရွတ်ရတာ.. အကြာကြီးပဲ.. ကြားရတဲ့လူတောင် ကြက်သီးထစရာ.. ပထမတော့ အဲဒီလူနာ ဖွားလေးက အံကြီးကြိတ်ပြီး တောင့်ခံထားတယ်ဗျ..

အသားတွေတုန်နေတယ်..နောက်ပြီး သွားတွေများဗျာ.. ကျလိ ကျလိနဲ့တောင် အသံကြားရတယ်..မေးကြောကြီးတွေထောင်လို့… အချိန်တော်တော်လေးကြာပြီး နောက်တော့မှ.. တအားအားနဲ့အော်တော့တာပဲဗျို့..အသံအကျယ်ကြီးပဲ.. မသိရင် တော်တော်နာနာကျင်ကျင် ခံနေရတဲ့ပုံပဲ.. ဆေးတောင့်လေးတွေနဲ့ပဲ ထောက်တာနော်.. အော်တာမှ အသားကုန်ပဲ ချွေးသီးချွေးပေါက်တွေတောင် ကျတယ်..ကြည့်တဲ့လူအားလုံးလည်း ဘယ်သူမှ တုတ်တုတ်တောင် မလှုတ်ရဲဘူး.. အဲလိုပဲ ကျွန်တော်အဖွားနဲ့ ဦးလေးလည်း ချွေးတွေများ ရေချိုးထားသလားအောက်မေ့ရတယ်.. နောက်တော့မှ ဟင်းးးးးးးးးးး ဆိုပြီး သက်ပြင်းရှည်ကြီး တစ်ချက်ချပြီး.. ” အေး.. နင်တို့လက်ဦးသွားလို့ နိုင်သွားတယ်.. တောက်…” ဆို တောက်တစ်ချက်ခေါက်ပြီး ခြေထောက်တွေဘာတွေ ပြင်ထိုင်ပြီး.. ” နင်တို့ ရှိခိုးစေချင်တာ မဟုတ်လား.. အေး.. ရှိခိုးတယ်ဟာ.. ” ဆိုပြီး ဘုရားကိုပေါက်ဆိန်ပေါက်သလို ရှိခိုးတော့တာပဲ.. အဲဒါနဲ့ အဖွားက ” ကောင်းကောင်း ရှိခိုး.. မရှိခိုးရင် နင့်ကို ငါတို့ရဲ့ စက်တွေကနေ ဖယ်မပေးဘူး.. ” ဆိုပြီး ပြောမှ သေချာရှိခိုးတော့တယ်.. အဲဒီတော့မှ.. အဖွားက သိချင်တာတွေ မေးတော့တယ်.. ” နင် ဘယ်သူလဲ.. ” ဆိုတော့ ” ငါပညာသည်ပဲ.. ” တဲ့.. ” နင့်ပညာ အဆင့်ဘယ်လောက်ရောက်ပြီလဲ မေးတော့.. ” ” နင်တို့လက်ဦးသွားလို့..

နင်တို့ပညာလောက်နဲ့ ငါ့ကို မနိုင်ဘူး.. ငါကတိမ်ညွှန့်တောင် စားတဲ့အဆင့်ရောက်နေပြီ ..” တဲ့.. နောက်မှ အဖွားပြန်ပြောပြတာက ကဝေဖြစ်နေပြီတဲ့.. ကဝေတောင် ရိုးရိုးကေ၀ မဟုတ်ဘဲ.. နောက်ထပ်နဲနဲလေးသာ မြင့်သွားရင် ဇော်ကနီ ဇော်ကနက်အဆင့်ထိရောက်တော့မယ် တဲ့..အဲဒီအချိန်သာ လုပ်နိုင်လိုက်ပြီဆို၇င် အဖွားတို့လည်း ဘယ်လိုမှ မတတ်နိုင်တော့ဘူး တဲ့..နောက်တော့ အဖွားက ထပ်မေးတယ်.. ” နင်ဘယ်မှာနေတာလဲ.. ဘာအငြိုးနဲ့လုပ်ရတာလဲ.. ” တဲ့.. အဲဒီတော့ သူက ” ငါ့မှာ ဘာအငြိုးမှမရှိဘူး.. အကူအညီလာတောင်းလို့ လုပ်ရတာ.. ” တဲ့.. ဒါတောင် အကူအညီပေးရုံပဲနော်.. သူသာလုပ်ရင် သေများသေသွားမလားမသိဘူး.. ဖွားလေး ဗိုက်အောင့် အောင့်နေတဲ့ကိစ္စကို အဖွားက သိတော့.. ” နင် သွင်းထားတဲ့ နင့်စက်တွေ အကုန်ထုတ်.. ဖျက်သင့်တာဖျက်.. ထုတ်သင့်တာထုတ်.. ဘယ်လောက်တောင် နင့်စက်တွေသွင်းထားတာလဲ.. ဒီမှာ လူနာ တော်တော်ခံစား၇နေတယ်.. ” လို့ပြောတော့.. ” နည်းနည်းလေးပါ.. ” တဲ့.. အဲဒီနောက်..” နင့်စက်တွေ ဆံစကနေ ခြေဖျားအထိ.. အကုန်ထုတ်စမ်း.. အထက်ပုဂ္ပိုလ် များအမိန့်အရ..

မခြွင်းမချန်စေရ.. စက်များ အကနု်ထုတ်နိုင်စေရမည်.. ငါဆရာ အမိန့်.. ” လို့ပြောတဲ့အခါ.. သူ့တစ်ကိုယ်လုံးကို ပွတ်သပ်ပြတယ်.. လက်တွေရော ခြေထောက်တွေရော ခေါင်းတွေရော.. အကုန်ပွတ်သပ်ချပြတယ်.. အဲဒီနောက်.. ” ကျန်သေးလား ..” ဆိုတော့.. ” ကျန်သေးတယ်…. ” ဆိုပြီး.. အန်မလိုလုပ်ပြတယ်.. အဖွားလည်း ကြည့်နေတဲ့ လူတစ်ယောက်ကို ဇလုံတစ်လုံယူခိုင်းလိုက်တယ်.. အဲဒီမှာ.. အန်တာ အန်တာဗျာ.. မရွံ့ကြနဲ့နော်.. ကျွန်တော်တို့မြင်ဖူးထားတာ.. အန်တဲ့အခါ အစာဟောင်းတွေ အစာခြေပြီးသားတွေ အကျေတွေကို အရည်တွေနဲ့ရောပြီး အန်တာပဲမြင်ဖူးပါတယ်..ဖွားလေး အန်တာကတော့ အဆီတုံးတွေဗျာ.. တစ်တုံးတစ်တုံး နည်းတာမဟုတ်ဘူး.. အတုံးကြီးတွေ မှ အကြီးကြီးတွေပဲ.. သွေးစသွေးနတွေတောင်ပါတယ်… ဝက်သားလို အဆီတွေလည်း မဟုတ်ဘူးဗျ.. မြင်အောင်ပြောရရင် ငါးအသည်းတွေ လိုလေ.. ငါးအကောင်ကြီးကို ရင်ခွဲလိုက်ရင် အထဲက အသည်း အူတွေတွေထွက်လာသလို အဆီတုံးကြီးတွေ.. တော်တော်များတယ်ဗျ..

ကြည့်ရတဲ့လူတောင် ကြက်သီးထတယ်..နောက်ဆုံးမှာ ပါလာတာက ဆံပင် အထွေးကြီး… နဲနဲနောနောကြီးမဟုတ်ဘူး.. အထွေးလိုက်ကြီးကို ကျလာတာ.. .ကြည့်နေတဲ့လူတွေ အားလုံးလည်း .. ဟာ ကနဲဖြစ်သွားတာပေါ့.. ဆံပင်က နောက်ဆုံးပဲ.. ပြီးတော့.. အဖွားက ကုန်ပြီလား ဆိုတော့.. ကုန်ပြီ တဲ့.. ပြီးတာနဲ့ ဒီလိုအတတ်ပညာနဲ့ နောက်သူတပါးကို မလုပ်ဖို့.. အဲလိုလုပ်ရင် ငရဲခံရတဲ့အကြောင်း ဖြောင်းဖျ နားချလွတ်တာပေါ့ဗျာ.. တစ်ခါတည်း ပညာတွေ အဆက်ဖြတ်မလားဆိုတော့ အဲလိုတော့မရသေးဘူး တဲ့ .. သူလည်း တဆင့်ခံပညာယူထားတာတဲ့.. ပညာဆင့်မြင့်နေပြီဆိုတော့ ဖြေးဖြေးချင်းဖြတ်ချမှ ရမှာတဲ့.. တစ်ခါတည်း ဖြတ်လိုက်ရင် သူ့အသက်တောင် အန္တရယ်ဖြစ်မယ် ဆိုပဲ.. အဲဒါနဲ့ အဖွားကလည်း နင့်အသက်အန္တရာယ်ဖြစ်မှာတော့ စိုးရိမ်တယ်..

သူများအသက်ကိုတော့ နင်ကလုပ်တယ်.. တရားရဲ့လား.. ဆိုတော့ .. သူနောင်တရပါပြီတဲ့.. နောက်မလုပ်တော့ဘူး လို့ ကတိပေးတယ်.. ပြီးတော့မှ.. ဘုရားကို အရင်ကန်တော့.. အထက်ပုဂ္ပိုလ်တွေ ကန်တော့.. နောက် ဆရာနှစ်ဦးကို ကန်တော့ ခိုင်းပြီး မှ ပြန်ထွက်ခိုင်းတော့တယ်.. ဒီလိုနဲ့ နောက်နေ့ ဖွားလေးလည်း အရင်ကအတိုင်း ကျမ်းကျမ်းမာမာပျော်ပျော်ရွှင်ရွှင် ပြန်နေနိုင်သွားပါတယ်လို့ ပြောရင် ကျွန်တော့်ကိုယ်တွေ့လေးကို ဇာတ်သိမ်းလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cutegirlsaa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top