Golden City Promotion
×

ဇနီးေသဆံုး၍ စိတ္ထိခုိက္ေနေသာ ခင္ပြန္းသည္က ရက္လည္သည့္ေန႔တြင္ ႀကိဳးဆြဲခ်ေသဆံုးသည့္ျဖစ္စဥ္ က်ိဳက္မေရာ၌ ျဖစ္ပြားခဲ့သည္။

က်ိဳက္မေရာၿမိဳ႕နယ္ ေကာ့ ျပည္ေက်းရြာတြင္ ေနထိုင္သည့္ အသက္(၄၃)ႏွစ္အရြယ္ အမ်ိဳး သားသည္ စက္တင္ဘာ ၁၇ ရက္ နံနက္ ၇ နာရီခန္႔က ရြာအျပင္ ဘက္လယ္ကြင္းျပင္ရွိ ပ်ဥ္းမပင္၌ တဘက္ေစာင္ကို အသံုးျပဳကာႀကိဳးဆြဲခ်ခဲ့ေၾကာင္း သြားေရာက္ကူညီသည့္ မြန္ျမတ္ေသာႏွလံုးလွပိုင္ရွင္မ်ားလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

‘‘သူ႔အမ်ိဳးသမီးရက္လည္တဲ့ မနက္မွာပဲ သူႀကိဳးဆြဲခ်တာ။ မနက္ပိုင္းရက္လည္ဆိုေတာ့ အိမ္ မွာ ေကြၽးတာေမြးတာနဲ႔အလုပ္႐ႈပ္ ေနတဲ့အခ်ိန္ ထြက္သြားၿပီး လုပ္ လုိက္တာလို႔ သူ႔မိသားစုဝင္ေတြ က ေျပာတယ္’’ဟု ၎က ဆို သည္။

ေသဆံုးသူ အမ်ိဳးသားကို စစ္ေဆးရာတြင္ ျပင္ပဒဏ္ရာတစ္ စံုတစ္ရာ မေတြ႕ရွိဘဲ ႀကိဳးဆြဲခ် ေသဆံုးသည့္လကၡဏာျဖင့္ အဓိ ကအသက္႐ွဴလမ္းေၾကာင္းပိတ္​ ၍ ေသဆံုးေနေၾကာင္း က်ိဳက္မေရာ ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ေသဆံုးသူအမ်ိဳးသားတြင္ အသက္(၁၆)ႏွစ္အရြယ္ သမီးတစ္ဦးက်န္ခဲ့ၿပီး အေလာင္းကို က်ိဳက္ မေရာျပည္သူ႔ေဆး႐ံုသို႔ ပို႔ေဆာင္ ထားကာ က်ိဳက္မေရာၿမိဳ႕မရဲစခန္း က ေသမႈေသခင္းဖြင့္၍ ဆက္ လက္စစ္ေဆးေနေၾကာင္း  အဆုိပါရဲအရာရွိက ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ဇနီးသေဆုံး၍ စိတ်ထိခိုက်နေသော ခင်ပွန်းသည်က ရက်လည်သည့်နေ့တွင် ကြိုးဆွဲချသေဆုံးသည့်ဖြစ်စဉ် ကျိုက်မရော၌ ဖြစ်ပွားခဲ့သည်။

ကျိုက်မရောမြို့နယ် ကော့ ပြည်ကျေးရွာတွင် နေထိုင်သည့် အသက်(၄၃)နှစ်အရွယ် အမျိုး သားသည် စက်တင်ဘာ ၁၇ ရက် နံနက် ၇ နာရီခန့်က ရွာအပြင် ဘက်လယ်ကွင်းပြင်ရှိ ပျဉ်းမပင်၌ တဘက်စောင်ကို အသုံးပြုကာကြိုးဆွဲချခဲ့ကြောင်း သွားရောက်ကူညီသည့် မွန်မြတ်သောနှလုံးလှပိုင်ရှင်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘သူ့အမျိုးသမီးရက်လည်တဲ့ မနက်မှာပဲ သူကြိုးဆွဲချတာ။ မနက်ပိုင်းရက်လည်ဆိုတော့ အိမ် မှာ ကျွေးတာမွေးတာနဲ့အလုပ်ရှုပ် နေတဲ့အချိန် ထွက်သွားပြီး လုပ် လိုက်တာလို့ သူ့မိသားစုဝင်တွေ က ပြောတယ်’’ဟု ၎င်းက ဆို သည်။

သေဆုံးသူ အမျိုးသားကို စစ်ဆေးရာတွင် ပြင်ပဒဏ်ရာတစ် စုံတစ်ရာ မတွေ့ရှိဘဲ ကြိုးဆွဲချ သေဆုံးသည့်လက္ခဏာဖြင့် အဓိ ကအသက်ရှူလမ်းကြောင်းပိတ် ၍ သေဆုံးနေကြောင်း ကျိုက်မရော မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသားတွင် အသက်(၁၆)နှစ်အရွယ် သမီးတစ်ဦးကျန်ခဲ့ပြီး အလောင်းကို ကျိုက် မရောပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားကာ ကျိုက်မရောမြို့မရဲစခန်း က သေမှုသေခင်းဖွင့်၍ ဆက် လက်စစ်ဆေးနေကြောင်း  အဆိုပါရဲအရာရှိက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top