ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

တစ္ေယာက္နဲ႔တစ္ေယာက္ ပန္းေပးတယ္ဆိုတာ အရႈံးေပးတဲ႔သေကၤတျဖစ္သလို ခ်စ္ခင္ျမတ္ႏိုးမႈကို ေဖာ္ျပတဲ႔အမူအရာလည္း ျဖစ္ပါတယ္။ လူႏွစ္ဦးၾကား ဆက္ဆံေရးမွာ ပန္းေပးၾကတာဟာလည္း ယဥ္ေက်းမႈတစ္ခုလို ျဖစ္ေနခဲ႔ပါၿပီေနာ္။ အဲဒီလို ပန္းေပးၾကတဲ႔ထဲမွာမွ အသံုးအမ်ားဆံုးကေတာ႔ ႏွင္းဆီပန္းပဲျဖစ္ပါလိမ္႔မယ္။

ကမၻာတဝွမ္းလံုးမွာ ႏွင္းဆီပန္းေတြကို အေရာင္အလိုက္၊ အေရအတြက္အလိုက္ အဓိပၸာယ္ေလးေတြနဲ႔ ေပးၾကေလ႔ရွိပါတယ္။ ဒါဟာလည္း အလြန္ခ်စ္စရာေကာင္းတဲ႔ ယဥ္ေက်းမႈတစ္ခုပါပဲ။ လက္ေဆာင္ေပးမယ္႕သူေကာ၊ လက္ေဆာင္ရမယ္႔သူပါ ႏွင္းဆီပန္းေလးေတြနဲ႔ အေရာင္နဲ႔အေရအတြက္အလိုက္ အဓိပၸာယ္ေလးေတြကို သိထားမယ္ဆိုရင္ အေကာင္းဆံုးပဲေပါ႔ေနာ္။ ေအာက္မွာ ေဖာ္ျပထားတာက ႏွင္းဆီပန္းေတြရဲ႕အေရာင္နဲ႔ အေရအတြက္အလိုက္ အဓိပၸာယ္ဖြင္႔ဆိုခ်က္ေလးေတြပဲ ျဖစ္ပါတယ္။

၁။ အနီေရာင္ႏွင္းဆီ
Related image
အနီေရာင္ႏွင္းဆီက ျပင္းထန္တဲ႔အခ်စ္ခံစားခ်က္ေတြကို ေဖာ္ျပပါတယ္။ ေလးစားၾကည္ညိဳတဲ႔သေဘာကိုု အသံုးျပဳႏိုင္ပါတယ္။ ဒါေၾကာင္႔ နီရဲတဲ႔ႏွင္းဆီကို ခ်စ္သူရည္းစားတို႔၊ မိမိေလးစားရတဲ႔ ပုဂၢိဳလ္တို႔ကို လက္ေဆာင္ေပးရာမွာ အသံုးျပဳၾကတာျဖစ္ပါတယ္။ ေနာက္ၿပီး နီနီရဲရဲႏွင္းဆီပြင္႔ကို စိတ္မေကာင္းျဖစ္ျခင္း၊ ဝမ္းနည္းျခင္းကို ေဖာ္ျပရာမွာလည္း အသံုးျပဳႏိုင္ပါတယ္။ ဒါေပမယ္႔ အပြင္႔အေရအတြက္ေပၚ မူတည္ၿပီး ႏွင္းဆီပန္းအနီေရာင္ဟာ အဓိပၸာယ္အမ်ိဳးမ်ိဳးကြဲျပားပါတယ္။ ဥပမာ... ႏွင္းဆီအနီ (၁၂) ပြင္႔ဟာ "မင္းကိုငါခ်စ္တယ္" လုိ႔ အဓိပၸာယ္ရပါတယ္။

၂။ အျဖဴေရာင္ႏွင္းဆီ
Related image
အျဖဴေရာင္ဟာ သန္႕စင္ျခင္း၊ စင္ၾကယ္ျခင္း၊ ရိုးသားျခင္းတို႔ကို ကိုယ္စားျပဳတဲ႔အေရာင္ ျဖစ္ပါတယ္။ အျဖဴေရာင္ပန္းေတြဟာ ေယဘုယ်အားျဖင္႔ အသစ္တစ္ခုစတင္ျခင္းကို ကိုယ္စားျပဳတာေၾကာင္႔ လက္ထပ္ခါနီး သတို႔သမီးေလးေတြ မဂၤလာခန္းမထဲ ဝင္ရာမွာ အသံုးျပဳတာကို ေတြ႕ရတတ္ပါတယ္။ ေနာက္တစ္ခုက အျဖဴေရာင္ႏွင္းဆီဟာ ကိုယ္ခ်င္းစာတရားနဲ႔ လူသားဆန္မႈကိုလည္း ကိုယ္စားျပဳပါတယ္။

၃။ အဝါေရာင္ႏွင္းဆီ
Image result for yellow rose gift
အဝါေရာင္ႏွင္းဆီဟာ ေပ်ာ္ရႊင္မႈ၊ ေႏြးေထြးမႈနဲ႔ ႀကိဳဆိုမႈ အစရွိတဲ႔ ခံစားခ်က္ေတြကို လႈပ္ႏႈိးေပးပါတယ္။ အဝါေရာင္ဟာ မိတ္ေဆြသူငယ္ခ်င္းခင္မင္မႈနဲ႔ ဂရုစိုက္မႈကို ျပသတဲ႔ပံုရိပ္တစ္ခုလည္း ျဖစ္ပါတယ္။ ဒါေၾကာင္႔ တစ္ေယာက္ေယာက္က ကိုယ္႔ကို အဝါေရာင္ႏွင္းဆီပန္းေတြ လက္ေဆာင္ေပးလာၿပီဆိုရင္ လက္ေဆာင္ေပးသူဟာ ကိုယ္႔အေပၚ ျဖဴစင္တဲ႔ေမတၱာရွိေနေၾကာင္ ေဖာ္ျပေနတာလည္း ျဖစ္ႏိုင္ပါတယ္။

၄။ ပန္းေရာင္ႏွင္းဆီ
Image result for pink rose gift
ပန္းေရာင္ဟာ ႏူးညံ႕တဲ႔ခံစားခ်က္ေတြကို ကိုယ္စားျပဳပါတယ္။ စြင္႔စြင္႔ကားကား ပန္းေရာင္ေဖ်ာ႔ေဖ်ာ႔ ႏွင္းဆီပြင္႔ေတြဟာ ခ်စ္စရာေကာင္းျခင္းနဲ႔ ရိုးသားစင္ၾကယ္ျခင္းကို ရည္ညႊန္းပါတယ္။ ပန္းေရာင္ရင္႔ရင္႔ ႏွင္းဆီပြင္႔ေတြကေတာ႔ ေက်းဇူးဥပကၠာရတင္ရွိျခင္းနဲ႔ ႏွစ္သက္ျမတ္ႏိုးတန္ဖိုးထားျခင္းကို ေဖာ္ညႊန္းပါတယ္။ အထူးသျဖင္႔ အခမ္းအနားပြဲေတြမွာ လက္ေဆာင္အျဖစ္ ပန္းျခင္းပို႔လိုရင္ ပန္းေရာင္ႏွင္းဆီေတြကို အသံုးျပဳတတ္ၾကပါတယ္။

၅။ လိေမၼာ္ေရာင္ႏွင္းဆီ
Image result for orange rose gift
လိေမၼာ္ေရာင္ဟာ တပ္မက္စြဲလမ္းမႈနဲ႔ စြမ္းအင္ကို ကိုယ္စားျပဳပါတယ္။ လိေမၼာ္ေရာင္ႏွင္းဆီကို လိုခ်င္တပ္မက္မႈ၊ မာန္မာနဲ႔ ျပင္းထန္တဲ႔ စိတ္ခံစားခ်က္ေတြကို ေဖာ္ထုတ္ျပသရာမွာ အသံုးျပဳႏိုင္ပါတယ္။ လိေမၼာ္ေရာင္ႏွင္းဆီပြင္႔ေတြကို အနီေရာင္ႏွင္းဆီပြင္႔ေတြနဲ႔ ယွဥ္တြဲအသံုးျပဳျခင္းျဖင္႔ တဏွာရာဂဆန္တဲ႔ ခ်စ္ျခင္းေမတၱာအျဖစ္ ေဖာ္ညႊန္းအသံုးျပဳႏိုင္ပါတယ္။ အထူးသျဖင္႔ လင္မယားေတြၾကားမွာ ပန္းေပး ပန္းယူလုပ္ရာမွာ အသံုးျပဳေလ႔ရွိပါတယ္။

Source: flowerexperts
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
တစ်ယောက်နဲ့တစ်ယောက် ပန်းပေးတယ်ဆိုတာ အရှုံးပေးတဲ့သင်္ကေတဖြစ်သလို ချစ်ခင်မြတ်နိုးမှုကို ဖော်ပြတဲ့အမူအရာလည်း ဖြစ်ပါတယ်။ လူနှစ်ဦးကြား ဆက်ဆံရေးမှာ ပန်းပေးကြတာဟာလည်း ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေခဲ့ပါပြီနော်။ အဲဒီလို ပန်းပေးကြတဲ့ထဲမှာမှ အသုံးအများဆုံးကတော့ နှင်းဆီပန်းပဲဖြစ်ပါလိမ့်မယ်။

ကမ္ဘာတဝှမ်းလုံးမှာ နှင်းဆီပန်းတွေကို အရောင်အလိုက်၊ အရေအတွက်အလိုက် အဓိပ္ပာယ်လေးတွေနဲ့ ပေးကြလေ့ရှိပါတယ်။ ဒါဟာလည်း အလွန်ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုပါပဲ။ လက်ဆောင်ပေးမယ့်သူကော၊ လက်ဆောင်ရမယ့်သူပါ နှင်းဆီပန်းလေးတွေနဲ့ အရောင်နဲ့အရေအတွက်အလိုက် အဓိပ္ပာယ်လေးတွေကို သိထားမယ်ဆိုရင် အကောင်းဆုံးပဲပေါ့နော်။ အောက်မှာ ဖော်ပြထားတာက နှင်းဆီပန်းတွေရဲ့အရောင်နဲ့ အရေအတွက်အလိုက် အဓိပ္ပာယ်ဖွင့်ဆိုချက်လေးတွေပဲ ဖြစ်ပါတယ်။

၁။ အနီရောင်နှင်းဆီ

အနီရောင်နှင်းဆီက ပြင်းထန်တဲ့အချစ်ခံစားချက်တွေကို ဖော်ပြပါတယ်။ လေးစားကြည်ညိုတဲ့သဘောကိုု အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် နီရဲတဲ့နှင်းဆီကို ချစ်သူရည်းစားတို့၊ မိမိလေးစားရတဲ့ ပုဂ္ဂိုလ်တို့ကို လက်ဆောင်ပေးရာမှာ အသုံးပြုကြတာဖြစ်ပါတယ်။ နောက်ပြီး နီနီရဲရဲနှင်းဆီပွင့်ကို စိတ်မကောင်းဖြစ်ခြင်း၊ ဝမ်းနည်းခြင်းကို ဖော်ပြရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အပွင့်အရေအတွက်ပေါ် မူတည်ပြီး နှင်းဆီပန်းအနီရောင်ဟာ အဓိပ္ပာယ်အမျိုးမျိုးကွဲပြားပါတယ်။ ဥပမာ... နှင်းဆီအနီ (၁၂) ပွင့်ဟာ "မင်းကိုငါချစ်တယ်" လို့ အဓိပ္ပာယ်ရပါတယ်။

၂။ အဖြူရောင်နှင်းဆီ

အဖြူရောင်ဟာ သန့်စင်ခြင်း၊ စင်ကြယ်ခြင်း၊ ရိုးသားခြင်းတို့ကို ကိုယ်စားပြုတဲ့အရောင် ဖြစ်ပါတယ်။ အဖြူရောင်ပန်းတွေဟာ ယေဘုယျအားဖြင့် အသစ်တစ်ခုစတင်ခြင်းကို ကိုယ်စားပြုတာကြောင့် လက်ထပ်ခါနီး သတို့သမီးလေးတွေ မင်္ဂလာခန်းမထဲ ဝင်ရာမှာ အသုံးပြုတာကို တွေ့ရတတ်ပါတယ်။ နောက်တစ်ခုက အဖြူရောင်နှင်းဆီဟာ ကိုယ်ချင်းစာတရားနဲ့ လူသားဆန်မှုကိုလည်း ကိုယ်စားပြုပါတယ်။

၃။ အဝါရောင်နှင်းဆီ
အဝါရောင်နှင်းဆီဟာ ပျော်ရွှင်မှု၊ နွေးထွေးမှုနဲ့ ကြိုဆိုမှု အစရှိတဲ့ ခံစားချက်တွေကို လှုပ်နှိုးပေးပါတယ်။ အဝါရောင်ဟာ မိတ်ဆွေသူငယ်ချင်းခင်မင်မှုနဲ့ ဂရုစိုက်မှုကို ပြသတဲ့ပုံရိပ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က ကိုယ့်ကို အဝါရောင်နှင်းဆီပန်းတွေ လက်ဆောင်ပေးလာပြီဆိုရင် လက်ဆောင်ပေးသူဟာ ကိုယ့်အပေါ် ဖြူစင်တဲ့မေတ္တာရှိနေကြောင် ဖော်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။

၄။ ပန်းရောင်နှင်းဆီ

ပန်းရောင်ဟာ နူးညံ့တဲ့ခံစားချက်တွေကို ကိုယ်စားပြုပါတယ်။ စွင့်စွင့်ကားကား ပန်းရောင်ဖျော့ဖျော့ နှင်းဆီပွင့်တွေဟာ ချစ်စရာကောင်းခြင်းနဲ့ ရိုးသားစင်ကြယ်ခြင်းကို ရည်ညွှန်းပါတယ်။ ပန်းရောင်ရင့်ရင့် နှင်းဆီပွင့်တွေကတော့ ကျေးဇူးဥပက္ကာရတင်ရှိခြင်းနဲ့ နှစ်သက်မြတ်နိုးတန်ဖိုးထားခြင်းကို ဖော်ညွှန်းပါတယ်။ အထူးသဖြင့် အခမ်းအနားပွဲတွေမှာ လက်ဆောင်အဖြစ် ပန်းခြင်းပို့လိုရင် ပန်းရောင်နှင်းဆီတွေကို အသုံးပြုတတ်ကြပါတယ်။

၅။ လိမ္မော်ရောင်နှင်းဆီ
လိမ္မော်ရောင်ဟာ တပ်မက်စွဲလမ်းမှုနဲ့ စွမ်းအင်ကို ကိုယ်စားပြုပါတယ်။ လိမ္မော်ရောင်နှင်းဆီကို လိုချင်တပ်မက်မှု၊ မာန်မာနဲ့ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေကို ဖော်ထုတ်ပြသရာမှာ အသုံးပြုနိုင်ပါတယ်။ လိမ္မော်ရောင်နှင်းဆီပွင့်တွေကို အနီရောင်နှင်းဆီပွင့်တွေနဲ့ ယှဉ်တွဲအသုံးပြုခြင်းဖြင့် တဏှာရာဂဆန်တဲ့ ချစ်ခြင်းမေတ္တာအဖြစ် ဖော်ညွှန်းအသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် လင်မယားတွေကြားမှာ ပန်းပေး ပန်းယူလုပ်ရာမှာ အသုံးပြုလေ့ရှိပါတယ်။

Source: flowerexperts

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top