Golden City Promotion
×

 ေဖ့စ္ဘြတ္ခ္အသံုးျပဳရန္ အေကာင့္ဖြင့္ခဲ့ေသာ္လည္း သူ ငယ္ခ်င္းအျဖစ္ လာ Add သူအ လြန္မ်ား၍ အေကာင့္ပ်က္ေသာ ေၾကာင့္ မသံုးျဖစ္ေတာ့ေၾကာင္း ျမင့္ျမတ္က ေျပာသည္။

‘‘လက္ရွိကေတာ့ လံုးဝကို မသံုးျဖစ္ပါဘူး။ အေကာင့္လုပ္ လုိက္တယ္။ ေနာက္ေန႔မိုးလင္း ေတာ့ ပ်က္သြားတယ္။ ေနာက္ တစ္ေကာင့္ထပ္လုပ္တယ္။ ထပ္ ပ်က္တယ္။ အဲဒါေၾကာင့္ မသံုး ျဖစ္ေတာ့ဘူး’’ဟု ျမင့္ျမတ္က ေျပာသည္။

ယခင္ကတည္းက ေဖ့စ္ ဘြတ္ခ္ကို စိတ္႐ႈပ္မခံႏုိင္ေသာ ေၾကာင့္ မသံုးျခင္းျဖစ္ၿပီး ေနာက္ပိုင္းလည္း သံုးျဖစ္၊ မသံုးျဖစ္ မေသခ်ာေၾကာင္း ၎က ဆုိသည္။

ျမင့္ျမတ္သည္ ၿပီးခဲ့သည့္ ဩဂုတ္လကုန္က ေဖ့စ္ဘြတ္ခ္အ ေကာင့္ဖြင့္ခဲ့ၿပီး ျမင့္ျမတ္ ေဖ့စ္ ဘြတ္ခ္စသံုးသည့္အေၾကာင္း သူငယ္ခ်င္းမ်ားက လူမႈကြန္ရက္ တြင္ ေဝမွ်ရာ ပရိသတ္မ်ားအပါ အဝင္ လူအမ်ားစုက တစ္ခ်ိန္ တည္း လာေရာက္ Add ေသာေၾကာင့္ အေကာင့္ပ်က္ခဲ့ေၾကာင္း ျမင့္ျမတ္က ေျပာသည္။

သို႔ေသာ္ ၎၏ အႏုပညာ လႈပ္ရွားမႈပံုရိပ္မ်ားကို ပရိသတ္ မ်ားက ေဖ့စ္ဘြတ္ခ္တြင္ တင္ၾက သည္ဟု ေျပာသည္။

လတ္တေလာ အႏုပညာ လႈပ္ရွားမႈအေနျဖင့္ ႐ုပ္ရွင္ဇာတ္ ကားမ်ား ဆက္တုိက္႐ိုက္ကူးေန ၿပီး စက္တင္ဘာ ၂၉ ရက္တြင္ ‘ဇြတ္က်ား’ ႐ုပ္ရွင္ဇာတ္ကား ႐ံုတင္ျပသမည္ျဖစ္ေၾကာင္း ျမင့္ျမတ္က ေျပာသည္။

‘ဇြတ္က်ား’ ႐ုပ္ရွင္ဇာတ္ ကားတြင္ ျမင့္ျမတ္က မိန္းမလ်ာ ဇာတ္႐ုပ္ျဖင့္ သ႐ုပ္ေဆာင္ထား ၿပီး ေက်ာ္ရဲေအာင္၊ မိုးေအာင္ရင္၊ ရဲေလး၊ ထက္ေအာင္႐ိႈင္း၊ စိုးျမတ္ သူဇာ၊ ခုိင္သင္းၾကည္၊ ပက္ထရစ္ရွာ၊ သႏၲာဗိုႏွင့္ ေမတုိ႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားသည္။

ယင္းဇာတ္ကားတြင္ ျမင့္ ျမတ္က အဆုိေတာ္ မင္းေအာင္၏ ေလယူေလသိမ္းျဖင့္ စကားေျပာ သည့္ ပံုစံသ႐ုပ္ေဆာင္ထားၿပီး ယင္းဇာတ္ကား နမူနာကို ‘ဇြတ္ က်ား’႐ုပ္ရွင္ဇာတ္ကား၏ ေဖ့စ္ ဘြတ္ခ္စာမ်က္ႏွာတြင္ တင္ခဲ့ရာ ဝင္ေရာက္ၾကည့္႐ႈသူ ငါးသန္း ေက်ာ္ရွိသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
 ဖေ့စ်ဘွတ်ခ်အသုံးပြုရန် အကောင့်ဖွင့်ခဲ့သော်လည်း သူ ငယ်ချင်းအဖြစ် လာ Add သူအ လွန်များ၍ အကောင့်ပျက်သော ကြောင့် မသုံးဖြစ်တော့ကြောင်း မြင့်မြတ်က ပြောသည်။

‘‘လက်ရှိကတော့ လုံးဝကို မသုံးဖြစ်ပါဘူး။ အကောင့်လုပ် လိုက်တယ်။ နောက်နေ့မိုးလင်း တော့ ပျက်သွားတယ်။ နောက် တစ်ကောင့်ထပ်လုပ်တယ်။ ထပ် ပျက်တယ်။ အဲဒါကြောင့် မသုံး ဖြစ်တော့ဘူး’’ဟု မြင့်မြတ်က ပြောသည်။

ယခင်ကတည်းက ဖေ့စ် ဘွတ်ခ်ကို စိတ်ရှုပ်မခံနိုင်သော ကြောင့် မသုံးခြင်းဖြစ်ပြီး နောက်ပိုင်းလည်း သုံးဖြစ်၊ မသုံးဖြစ် မသေချာကြောင်း ၎င်းက ဆိုသည်။

မြင့်မြတ်သည် ပြီးခဲ့သည့် ဩဂုတ်လကုန်က ဖေ့စ်ဘွတ်ခ်အ ကောင့်ဖွင့်ခဲ့ပြီး မြင့်မြတ် ဖေ့စ် ဘွတ်ခ်စသုံးသည့်အကြောင်း သူငယ်ချင်းများက လူမှုကွန်ရက် တွင် ဝေမျှရာ ပရိသတ်များအပါ အဝင် လူအများစုက တစ်ချိန် တည်း လာရောက် Add သောကြောင့် အကောင့်ပျက်ခဲ့ကြောင်း မြင့်မြတ်က ပြောသည်။

သို့သော် ၎င်း၏ အနုပညာ လှုပ်ရှားမှုပုံရိပ်များကို ပရိသတ် များက ဖေ့စ်ဘွတ်ခ်တွင် တင်ကြ သည်ဟု ပြောသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ရုပ်ရှင်ဇာတ် ကားများ ဆက်တိုက်ရိုက်ကူးနေ ပြီး စက်တင်ဘာ ၂၉ ရက်တွင် ‘ဇွတ်ကျား’ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမည်ဖြစ်ကြောင်း မြင့်မြတ်က ပြောသည်။

‘ဇွတ်ကျား’ ရုပ်ရှင်ဇာတ် ကားတွင် မြင့်မြတ်က မိန်းမလျာ ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ထား ပြီး ကျော်ရဲအောင်၊ မိုးအောင်ရင်၊ ရဲလေး၊ ထက်အောင်ရှိုင်း၊ စိုးမြတ် သူဇာ၊ ခိုင်သင်းကြည်၊ ပက်ထရစ်ရှာ၊ သန္တာဗိုနှင့် မေတို့က အဓိက ပါဝင်သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားတွင် မြင့် မြတ်က အဆိုတော် မင်းအောင်၏ လေယူလေသိမ်းဖြင့် စကားပြော သည့် ပုံစံသရုပ်ဆောင်ထားပြီး ယင်းဇာတ်ကား နမူနာကို ‘ဇွတ် ကျား’ရုပ်ရှင်ဇာတ်ကား၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် တင်ခဲ့ရာ ဝင်ရောက်ကြည့်ရှုသူ ငါးသန်း ကျော်ရှိသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top