ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

တေနကုန္ရံုးမွာ အလုပ္လုပ္ခဲ့ရျပီး အိမ္ျပန္ေရာက္လာေတာ့ ဇနီးေခ်ာေလးက တံခါးေပါက္၀ကေနျပီး အျပံဳးနဲ႔ သင့္ကို ၾကဳိဆိုေနမယ္။ အိမ္ထဲေရာက္ရင္ ကိုယ္တိုင္ခ်က္ျပဳတ္ထားတဲ့ ဖြယ္ဖြယ္ရာရာ ဟင္းလ်ာေတြကလည္း စားပဲြေပၚမွာ အဆင္သင့္၊ ျပီးေတာ့ ဇနီးေခ်ာေလးကလည္း ၀တ္ထားတာ မလံု႔တလံု ဘီကီနီ၀တ္စံုနဲ႔။

ဒီလိုစည္းစိမ္မ်ဳိးရႏိုင္တဲ့ ေနရာကေတာ့ ဂ်ပန္ႏိုင္ငံ ကဖီးဆိုင္အသစ္တခုပါ။ တိုက်ဳိျမဳိ႕မွာရိွတဲ့ အဆိုပါကဖီးဆိုင္ ၀န္ထမ္းေတြကေတာ့ ဘီကီနီ သို႔မဟုတ္ ေရွ႕ဖံုးခါးစည္း၀တ္စံုေတြ၀တ္ျပီး ဇနီးမယားတေယာက္လို သင့္ကို ျပဳစုေပးဖို႔ အဆင္သင့္ေစာင့္ေနၾကပါတယ္။

ဂ်ပန္အေခၚ အိုေရႏိုယိုမီ (ကြ်န္ေတာ့္မိန္းမ) လို႔ အမည္ေပးထားတဲ့ တိုက်ဳိျမဳိ႕ ဟီဂါရီွအီေကဘူကူရို ရပ္ကြက္ မွာရိွတဲ့ ကဖီးဆိုင္၀န္ထမ္းေတြက သင့္ရဲ႕နာမည္ကို အလြတ္ရေနၾကတယ္။ လာေနက် ေဖာက္သည္ေတြကို ျပဳစုၾကတဲ့ သူတို႔ရဲ႕ေဆာင္ပုဒ္ကေတာ့ ”ညတိုင္းလိုလို သင့္ကို သူတို႔ဆီ ‘အိမ္’ျပန္လာခ်င္ေအာင္ လုပ္ေပးတာပါ ဆိုတာပဲ”ျဖစ္တယ္။ ဆိုင္ရဲ႕ေၾကာ္ျငာက ”အိမ္ကို ဘယ္အခိ်န္ျပန္ေရာက္ မယ္ဆိုတာသိသိခ်င္း ကြ်န္မကို အေၾကာင္းၾကားပါ။ ညစာအသင့္ျပင္ထားမယ္”ဆိုတာပဲျဖစ္တယ္။ ဒီဆိုင္က ပိတ္ရက္မရိွဘူး၊ ေန႔စဥ္ ညေန ၆ နာရီကေနျပီး ၁၁နာရီအထိ ဖြင့္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: news watch

# Unicode Version #
တနေကုန်ရုံးမှာ အလုပ်လုပ်ခဲ့ရပြီး အိမ်ပြန်ရောက်လာတော့ ဇနီးချောလေးက တံခါးပေါက်ဝကနေပြီး အပြုံးနဲ့ သင့်ကို ကြိုဆိုနေမယ်။ အိမ်ထဲရောက်ရင် ကိုယ်တိုင်ချက်ပြုတ်ထားတဲ့ ဖွယ်ဖွယ်ရာရာ ဟင်းလျာတွေကလည်း စားပွဲပေါ်မှာ အဆင်သင့်၊ ပြီးတော့ ဇနီးချောလေးကလည်း ဝတ်ထားတာ မလုံ့တလုံ ဘီကီနီဝတ်စုံနဲ့။

ဒီလိုစည်းစိမ်မျိုးရနိုင်တဲ့ နေရာကတော့ ဂျပန်နိုင်ငံ ကဖီးဆိုင်အသစ်တခုပါ။ တိုကျိုမြို့မှာရှိတဲ့ အဆိုပါကဖီးဆိုင် ဝန်ထမ်းတွေကတော့ ဘီကီနီ သို့မဟုတ် ရှေ့ဖုံးခါးစည်းဝတ်စုံတွေဝတ်ပြီး ဇနီးမယားတယောက်လို သင့်ကို ပြုစုပေးဖို့ အဆင်သင့်စောင့်နေကြပါတယ်။

ဂျပန်အခေါ် အိုရေနိုယိုမီ (ကျွန်တော့်မိန်းမ) လို့ အမည်ပေးထားတဲ့ တိုကျိုမြို့ ဟီဂါရှီအီကေဘူကူရို ရပ်ကွက် မှာရှိတဲ့ ကဖီးဆိုင်ဝန်ထမ်းတွေက သင့်ရဲ့နာမည်ကို အလွတ်ရနေကြတယ်။ လာနေကျ ဖောက်သည်တွေကို ပြုစုကြတဲ့ သူတို့ရဲ့ဆောင်ပုဒ်ကတော့ ”ညတိုင်းလိုလို သင့်ကို သူတို့ဆီ ‘အိမ်’ပြန်လာချင်အောင် လုပ်ပေးတာပါ ဆိုတာပဲ”ဖြစ်တယ်။ ဆိုင်ရဲ့ကြော်ငြာက ”အိမ်ကို ဘယ်အချိန်ပြန်ရောက် မယ်ဆိုတာသိသိချင်း ကျွန်မကို အကြောင်းကြားပါ။ ညစာအသင့်ပြင်ထားမယ်”ဆိုတာပဲဖြစ်တယ်။ ဒီဆိုင်က ပိတ်ရက်မရှိဘူး၊ နေ့စဉ် ညနေ ၆ နာရီကနေပြီး ၁၁နာရီအထိ ဖွင့်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: news watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top