မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×
ယောက်ျားပဲဆန်တာနော်။ ယောက်ျားလျာမဟုတ်ဘူး။
(၁) ယောက်ျားဆန်တိုင်းယောက်ျားလျာမဟုတ်။
(၂) အသည်းမာတယ်။
Miko
#မေသတင်းရပ်ကွက်လေး
Credit: For her Myanmar
#Unicode Version#
#ယောကျာ်းဆန်တဲ့မိန်းကလေးတွေ
ယောကျ်ားပဲဆန်တာနော်။ ယောကျ်ားလျာမဟုတ်ဘူး။
သင်ဟာ ”နင်ကအဆန်းနော်။ ပန်းလဲမကြိုက်ဘူး။ အသည်းကလည်း မာလိုက်တာ”ဆိုတဲ့စကားတွေကို အပြောခံရတယ်ဆိုရင် သူတို့မသိသေးတဲ့ ကောင်းတဲ့အချက်တွေ သင့်မှာ ပိုင်ဆိုင်ထားပါတယ်။
(၁) ယောကျ်ားဆန်တိုင်းယောကျ်ားလျာမဟုတ်။
သင်ဟာ လှလှပပဝတ်တတ်စားတတ်ပါတယ်။ ဆန့်ကျင်ဘက်လိင်ကိုလဲ စိတ်ဝင်စားပါတယ်။ ဒါပေမယ့် တော်ရုံတန်ရုံယောကျ်ားလောက်ကိုတော့ ရင်မခုန်သလို သနားပြီးပြန်ကြိုက်တာလည်း မရှိပါဘူး။
(၂) အသည်းမာတယ်။
သင်ဟာ တခြားမိန်းကလေးတွေလို ပျော့ပျောင်းမှာမဟုတ်ပါဘူး။ စကားပြောတာပဲဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်ချတာပဲဖြစ်ဖြစ်၊ ခေါင်းမာမာနဲ့ကိုယ်လုပ်ချင်တာပဲလုပ်ပါတယ်။ တော်ရုံယောကျ်ားတွေရဲ့ တော်ကီလောက်ဆို ကြွေဆင်းမသွားဘူး။ နင်မကြိုက်လဲနေပေါ့။ ဂရုစိုက်ရမှာလားဆိုတဲ့အချိုးမျိုးတွေပါ။
(၃) ဖက်ရှင်ကိုလဲ အရူးအမူးမဖြစ်ဘူး။
သူများကောင်မလေးတွေ ဒါကဝတ်မှုန်ရွှေရည်ဒီဇိုင်းလေ၊ ဒါကစိုင်းရဲ့ နှုတ်ခမ်းနီဖြစ်နေချိန်မှာ သင်ကတော့ ငါဝတ်ချင်တာဝတ်မယ်ဆိုတာမျိုးပါ။ တခါတလေအပြင်သွားရင် အလန်းဒီဇိုင်း၊ နောက်တစ်ခါကျပြန်တော့ အိမ်နေရင်းဝတ်နဲ့လည်း သွားချင်သွားတတ်တာမျိုးပါ။
(၄) အထူးအဆန်းကိုဝါသနာပါတယ်။
သူများတွေက ဟင်းချက်တာ၊ ပန်းစိုက်တာတွေ ဝါသနာပါချိန်မှာ သင်ကတော့ စစ်တုရင်ကစားတာ၊ ကွန်ပျူတာသုံးတာတွေကို ဝါသနာပါနေတတ်ပါတယ်။ သူများတွေက ဝက်ရုပ်လှလှလေးကြိုက်နေချိန်မှာ သင်ကတော့ အရိုးခေါင်းကို ကြိုက်နေတတ်ပါတယ်။
(၅) စိတ်ရှည်သည်းခံတဲ့သူမျိုးကို ချစ်သူတော်ရတတ်ပါတယ်။
သင်ဟာ သူများတွေလို ကိုယ်ကဖုန်းစဆက်ချင်မှဆက်မယ်။ ဂရုစိုက်ချင်မှစိုက်မယ်။ ဒါပေမယ့် သင့်ကို ဂရုစိုက်မယ့်သူ၊ စိတ်ရှည်မယ့်သူမျိုးကိုပဲ ချစ်သူတော်ချင်ပါတယ်။ သင့်ဘက်က တော်ရုံခံစားချက်ကို ဖွင့်ပြမှာမဟုတ်လို့ သင့်ချစ်သူကတော့ တော်တော်ကိုစိတ်ရှည်ပြီး ဇွဲရှိမှ ရေရှည်အဆင်ပြေပါလိမ့်မယ်။
ကဲ ယောကျာ်းဆန်တဲ့ကောင်မလေးတွေ ဒီအချက်တွေထဲက ဘယ်နှစ်ခုလောက်များ ကိုက်ညီပါသလဲ။
Miko
#မေသတင်းရပ်ကွက်လေး
ဖိုးသူတော် (www.phothutaw.com)
Credit: For her Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top