လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ဘယ္လ္ဂ်ီယံႏိုင္ငံသူ ေမာ္ဒယ္ တဦးဟာ ေရွးေဟာင္း အီဂ်စ္ဘုရားေက်ာင္းတခုတြင္းမွာ ကိုယ္လံုးတီးဓာတ္ပံု ႐ုိက္ခဲ့တဲ့အတြက္ ႐ုိက္ႏွက္ဖမ္းဆီး ခ်ဳပ္ေႏွာင္ခံခဲ့ရပါတယ္။

မာရီဆာပါပန္ဟာ ၾသစေၾတးလ် ဓာတ္ပံုဆရာတဦးျဖစ္တဲ့ ဂ်က္ဆီ ေဝါ့လ္ကာနဲ႔အတူ ေရွးေဟာင္းဘုရားေက်ာင္းေတြထဲက တခုျဖစ္တဲ့ လပ္ခ္ေဆာ္ (Luxor) ၿမိဳ႕တြင္းမွ ဘုရားေက်ာင္းထဲကို သက္ဆိုင္ရာရဲ႕ ခြင့္ျပဳခ်က္ မေတာင္းခံဘဲ ဝင္ေရာက္ခဲ့ၿပီး ကုိယ္လံုးတီးဓာတ္ပံု အ႐ုိက္ခံခဲ့တာပါ။

အဲဒီေမာ္ဒယ္ဟာ သူ႔ကိုယ္သူ လြတ္လပ္တဲ့ စိတ္ဝိညာဥ္နဲ႔ သဘာဝ အ႐ုိင္းဆန္ဆန္ ေဖာ္ထုတ္္ျပသသူ အႏုပညာရွင္တဦးအျဖစ္ ေဖာ္ျပခဲ့ကာ ႏိုင္ငံေပါင္း ၅၀ ေလာက္မွာ ခုလို ကိုယ္လံုးတီး အႏုပညာဖန္တီးမႈ ဓာတ္ပံုေတြ ႐ုိက္ကူးခဲ့တယ္လို႔ ဆိုပါတယ္။

ပါပန္က “သူတို႔ကို ဒါဟာ အျမင့္မားဆံုး အႏုပညာျပခ်က္တခုအျဖစ္ လုပ္ေဆာင္တာျဖစ္တယ္လို႔ ရွင္းျပဖို႔ က်မတို႔ ႀကိဳးစားခဲ့ၾကပါတယ္။ ဒါေပမယ့္ သူတို႔က အနုပညာနဲ႔ ကိုယ္လံုးတီးျဖစ္တည္မႈ ဆက္ႏြယ္တာကို မျမင္ဘူးရွင့္။ သူတို႔မ်က္လံုးထဲမွာေတာ့ ဒါဟာ ညစ္ညမ္းမႈတခု၊ ဒါမွမဟုတ္ တခုခုေပါ့ရွင္” လို႔ ေျပာပါတယ္။

သူတို႔ ၂ ေယာက္ဟာ လံုၿခံဳေရးတင္းက်ပ္တဲ့ၾကားက ခုလို ဓာတ္ပံု႐ုိက္ကူးဖို႔ ႀကိဳးစားခဲ့ၾကတာျဖစ္ၿပီး ကင္းလွည့္အေစာင့္ေတြက ဖမ္းမိခ်ိန္မွာေတာ့ ရဲစခန္းဆီ ႐ုိက္ႏွက္ ေခၚေဆာင္သြားခံခဲ့ရတာပါ။

သူတို႔က ရဲေတြကို အလင္းအေမွာင္စမ္းသပ္ဖို႔ ႀကိဳးစားခဲ့တာသာျဖစ္တယ္လို႔ ေျပာခဲ့ၾကၿပီး ပံုေတြကို ဖ်က္ခဲ့တာလို႔ ဆိုပါတယ္။

ဒါေပမယ့္ ရဲေတြက မယံုၾကည္ဘဲ ကင္မရာထဲက အက္စ္ဒီကတ္ကို စစ္ေဆးခဲ့ခ်ိန္မွာ ဘာတခုမွ မေတြ႔ခဲ့ၾကပါဘူး။

အဲဒီေနာက္ေတာ့ သူတို႔ကို တာဝန္ရွိသူေတြက ခုလို ေရွးေဟာင္းနယ္ေျမတြင္းမွာ ရွက္စရာေကာင္းတဲ့ အျပဳအမူမ်ိဳးမလုပ္ဖို႔ သတိေပးခဲ့တာျဖစ္ၿပီး ခံဝန္ကတိနဲ႔ ျပန္လႊတ္ေပးခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ သူတို႔ဟာ ဟိုတယ္ျပန္ေရာက္ခ်ိန္မွာ ႐ုိက္ကူးၿပီး ဖ်က္ခဲ့တဲ့ပံုေတြကို အဆင့္ျမင့္ေဆာ့ဖ္ဝဲတမ်ိဳး အသံုးျပဳၿပီး ျပန္လည္ရယူႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

ခုခ်ိန္မွာေတာ့ မာရီဆာပါပန္ရဲ႕ အီဂ်စ္မွာ ႐ုိက္ကူးခဲ့တဲ့ ကိုယ္လံုးတီး အႏုပညာျပကြက္ေတြကို ျပသခြင့္ရခဲ့ၿပီျဖစ္တယ္လို႔ ဆိုပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode Version#
ဘယ်လ်ဂျီယံနိုင်ငံသူ မော်ဒယ် တဦးဟာ ရှေးဟောင်း အီဂျစ်ဘုရားကျောင်းတခုတွင်းမှာ ကိုယ်လုံးတီးဓာတ်ပုံ ရိုက်ခဲ့တဲ့အတွက် ရိုက်နှက်ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရပါတယ်။

မာရီဆာပါပန်ဟာ သြစတြေးလျ ဓာတ်ပုံဆရာတဦးဖြစ်တဲ့ ဂျက်ဆီ ဝေါ့လ်ကာနဲ့အတူ ရှေးဟောင်းဘုရားကျောင်းတွေထဲက တခုဖြစ်တဲ့ လပ်ခ်ဆော် (Luxor) မြို့တွင်းမှ ဘုရားကျောင်းထဲကို သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် မတောင်းခံဘဲ ဝင်ရောက်ခဲ့ပြီး ကိုယ်လုံးတီးဓာတ်ပုံ အရိုက်ခံခဲ့တာပါ။

အဲဒီမော်ဒယ်ဟာ သူ့ကိုယ်သူ လွတ်လပ်တဲ့ စိတ်ဝိညာဉ်နဲ့ သဘာဝ အရိုင်းဆန်ဆန် ဖော်ထုတ်ပြသသူ အနုပညာရှင်တဦးအဖြစ် ဖော်ပြခဲ့ကာ နိုင်ငံပေါင်း ၅၀ လောက်မှာ ခုလို ကိုယ်လုံးတီး အနုပညာဖန်တီးမှု ဓာတ်ပုံတွေ ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

ပါပန်က “သူတို့ကို ဒါဟာ အမြင့်မားဆုံး အနုပညာပြချက်တခုအဖြစ် လုပ်ဆောင်တာဖြစ်တယ်လို့ ရှင်းပြဖို့ ကျမတို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့က အနုပညာနဲ့ ကိုယ်လုံးတီးဖြစ်တည်မှု ဆက်နွယ်တာကို မမြင်ဘူးရှင့်။ သူတို့မျက်လုံးထဲမှာတော့ ဒါဟာ ညစ်ညမ်းမှုတခု၊ ဒါမှမဟုတ် တခုခုပေါ့ရှင်” လို့ ပြောပါတယ်။

သူတို့ ၂ ယောက်ဟာ လုံခြုံရေးတင်းကျပ်တဲ့ကြားက ခုလို ဓာတ်ပုံရိုက်ကူးဖို့ ကြိုးစားခဲ့ကြတာဖြစ်ပြီး ကင်းလှည့်အစောင့်တွေက ဖမ်းမိချိန်မှာတော့ ရဲစခန်းဆီ ရိုက်နှက် ခေါ်ဆောင်သွားခံခဲ့ရတာပါ။

သူတို့က ရဲတွေကို အလင်းအမှောင်စမ်းသပ်ဖို့ ကြိုးစားခဲ့တာသာဖြစ်တယ်လို့ ပြောခဲ့ကြပြီး ပုံတွေကို ဖျက်ခဲ့တာလို့ ဆိုပါတယ်။

ဒါပေမယ့် ရဲတွေက မယုံကြည်ဘဲ ကင်မရာထဲက အက်စ်ဒီကတ်ကို စစ်ဆေးခဲ့ချိန်မှာ ဘာတခုမှ မတွေ့ခဲ့ကြပါဘူး။

အဲဒီနောက်တော့ သူတို့ကို တာဝန်ရှိသူတွေက ခုလို ရှေးဟောင်းနယ်မြေတွင်းမှာ ရှက်စရာကောင်းတဲ့ အပြုအမူမျိုးမလုပ်ဖို့ သတိပေးခဲ့တာဖြစ်ပြီး ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့ဟာ ဟိုတယ်ပြန်ရောက်ချိန်မှာ ရိုက်ကူးပြီး ဖျက်ခဲ့တဲ့ပုံတွေကို အဆင့်မြင့်ဆော့ဖ်ဝဲတမျိုး အသုံးပြုပြီး ပြန်လည်ရယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ခုချိန်မှာတော့ မာရီဆာပါပန်ရဲ့ အီဂျစ်မှာ ရိုက်ကူးခဲ့တဲ့ ကိုယ်လုံးတီး အနုပညာပြကွက်တွေကို ပြသခွင့်ရခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top