Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သင့္ရဲ့ခ်စ္သူက သင့္စိတ္ခံစားခ်က္ကို ႀကိဳးကိုင္ေနတယ္ဆိုတာ သိႏိုင္မယ့္အခ်က္ေတြ
တခါတေလမွာ ကိုယ္ကအရမ္းခ်စ္ေနရင္လည္း သူကျပန္မခ်စ္။ ကိုယ္ကမခ်စ္တဲ့သူက ကိုယ့္ကိုလာၿပီးခ်စ္ေနတာနဲ႔ အခ်စ္ႏွစ္ခု ထပ္တူက်ဖို႔ ခဲယာဥ္းလွပါတယ္။ ကိုယ္အတြက္ စစ္မွန္တဲ့ ဘ၀လက္တြဲေဖာ္ဆိုတာ ရွိေပမယ့္ ကိုယ့္ေဘးမွာ လက္ရွိရွိေနတဲ့ခ်စ္သူက ကိုယ့္ခံစားခ်က္ေတြကို ႀကိဳးကိုင္တယ္မကိုင္ဘူးဆိုတာသိႏိုင္ဖို႔ မွ်ေ၀ေပးလိုက္ပါတယ္။

၁။ သင့္ကိုလိမ္ျခင္း
သင့္အေပၚ ေသးေသးမႊားမႊားကိစၥေတြကအစ အမွန္တိုင္းမေျပာတဲ့သင့္ခ်စ္သူဟာ သင့္ကို ရုပ္ေသးရုပ္တစ္တေယာက္လိုပဲ သေဘာထားတဲ့သူေတြပါ။ သူတို႔ေတြဟာ သင့္ယံုၾကည္မႈကိုလည္း အလႊဲသံုးစားလုပ္ႏိုင္တဲ့သူေတြျဖစ္လို႔ အဲလိုခ်စ္သူမ်ိဳးရထားရင္ ျပန္ၿပီးစဥ္းစားသံုးသပ္သင့္ပါတယ္။

၂။ သင့္ကိုအၿမဲတမ္း ယံုၾကည္မႈကင္းမဲ့ေစတယ္။
သင္တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ ဘာမ်ားမွားသြားမလဲ။ သူငါ့ကိုဘာမ်ား အျပစ္တင္ဦးမလဲ။ ငါဘာမ်ားအေျပာခံရဦးမလဲဆိုတဲ့ ခ်စ္သူအနားမွာရွိေနတဲ့အခ်ိန္ စိုးရိမ္ပူပန္မႈေတြ ကိုယ့္ကိုကိုယ္ယုံၾကည္မႈ ကင္းမဲ့မႈေတြျဖစ္ေစတယ္ဆိုရင္ သူဟာ သင့္ရဲ့ ခံစားခ်က္ေတြကို ႀကိဳးကိုင္ေနတဲ့သူပါ။

၃။ သင့္ကိုအျပစ္တင္ရတာႀကိဳက္တယ္။
သင္လုပ္လုိက္မိတဲ့အမွားတစ္ခုကို အထပ္ထပ္ အခါခါျပန္ေျပာၿပီး သင့္ကို စိတ္ဖိစီးမႈေတြေပးေနတယ္။ သင့္ကို အျပစ္တင္ရတာႀကိဳက္တယ္ဆိုရင္ သူဟာသင့္အတြက္မေကာင္းတဲ့သူတစ္ေယာက္ပါပဲ။

၄။ ရန္ျဖစ္စကားမ်ားတိုင္း သင္မွားလို႔ပဲလို႔ သူယူဆတယ္။
တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ျဖစ္စကားမ်ားၾကတယ္ဆိုတာ ႏွစ္ေယာက္လံုးအယူအဆမတူ သေဘာထားခ်င္းမတိုက္ဆိုင္ၾကလို႔ပါ။ အခုလိုရန္ျဖစ္တဲ့အခါ သူ႕အမွားကို၀န္မခံဘဲ အကုန္လံုးက သင့္အမွားေၾကာင့္ျဖစ္ရတယ္လို႔ သူေတြးထင္ေနတယ္ဆိုရင္ သူဟာ သင့္ခံစားခ်က္ကို ႀကိဳးကိုင္ေနတဲ့သူပါ။

၅။ တျခားသူေတြနဲ႔ ေျပာဆိုဆက္ဆံတာကို ကန္႔သတ္ထားတယ္။
သူငယ္ခ်င္းေတြ၊မိတ္ေဆြေတြနဲ႔ ေတြ႔မယ္ဆိုရင္ သူသင့္ကို အမ်ိဳးမ်ိဳး ျပႆနာရွိမယ္။ သ၀န္တိုတာကိုဗန္းျပၿပီး သင့္ရဲ့ ပတ္၀န္းက်င္ကလူေတြနဲ႔ အဆက္အသြယ္ျပတ္ေအာင္သူႀကိဳးစားေနတယ္ဆိုရင္ သင့္သူ႔အေပၚ ျပန္ၿပီးစဥ္းစားသင့္ပါတယ္။….

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lovingnews

# Unicode Version #
သင့်ရဲ့ချစ်သူက သင့်စိတ်ခံစားချက်ကို ကြိုးကိုင်နေတယ်ဆိုတာ သိနိုင်မယ့်အချက်တွေ
တခါတလေမှာ ကိုယ်ကအရမ်းချစ်နေရင်လည်း သူကပြန်မချစ်။ ကိုယ်ကမချစ်တဲ့သူက ကိုယ့်ကိုလာပြီးချစ်နေတာနဲ့ အချစ်နှစ်ခု ထပ်တူကျဖို့ ခဲယာဉ်းလှပါတယ်။ ကိုယ်အတွက် စစ်မှန်တဲ့ ဘဝလက်တွဲဖော်ဆိုတာ ရှိပေမယ့် ကိုယ့်ဘေးမှာ လက်ရှိရှိနေတဲ့ချစ်သူက ကိုယ့်ခံစားချက်တွေကို ကြိုးကိုင်တယ်မကိုင်ဘူးဆိုတာသိနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

၁။ သင့်ကိုလိမ်ခြင်း
သင့်အပေါ် သေးသေးမွှားမွှားကိစ္စတွေကအစ အမှန်တိုင်းမပြောတဲ့သင့်ချစ်သူဟာ သင့်ကို ရုပ်သေးရုပ်တစ်တယောက်လိုပဲ သဘောထားတဲ့သူတွေပါ။ သူတို့တွေဟာ သင့်ယုံကြည်မှုကိုလည်း အလွှဲသုံးစားလုပ်နိုင်တဲ့သူတွေဖြစ်လို့ အဲလိုချစ်သူမျိုးရထားရင် ပြန်ပြီးစဉ်းစားသုံးသပ်သင့်ပါတယ်။

၂။ သင့်ကိုအမြဲတမ်း ယုံကြည်မှုကင်းမဲ့စေတယ်။
သင်တစ်ခုခုလုပ်တော့မယ်ဆိုရင် ဘာများမှားသွားမလဲ။ သူငါ့ကိုဘာများ အပြစ်တင်ဦးမလဲ။ ငါဘာများအပြောခံရဦးမလဲဆိုတဲ့ ချစ်သူအနားမှာရှိနေတဲ့အချိန် စိုးရိမ်ပူပန်မှုတွေ ကိုယ့်ကိုကိုယ်ယုံကြည်မှု ကင်းမဲ့မှုတွေဖြစ်စေတယ်ဆိုရင် သူဟာ သင့်ရဲ့ ခံစားချက်တွေကို ကြိုးကိုင်နေတဲ့သူပါ။

၃။ သင့်ကိုအပြစ်တင်ရတာကြိုက်တယ်။
သင်လုပ်လိုက်မိတဲ့အမှားတစ်ခုကို အထပ်ထပ် အခါခါပြန်ပြောပြီး သင့်ကို စိတ်ဖိစီးမှုတွေပေးနေတယ်။ သင့်ကို အပြစ်တင်ရတာကြိုက်တယ်ဆိုရင် သူဟာသင့်အတွက်မကောင်းတဲ့သူတစ်ယောက်ပါပဲ။

၄။ ရန်ဖြစ်စကားများတိုင်း သင်မှားလို့ပဲလို့ သူယူဆတယ်။
တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်စကားများကြတယ်ဆိုတာ နှစ်ယောက်လုံးအယူအဆမတူ သဘောထားချင်းမတိုက်ဆိုင်ကြလို့ပါ။ အခုလိုရန်ဖြစ်တဲ့အခါ သူ့အမှားကိုဝန်မခံဘဲ အကုန်လုံးက သင့်အမှားကြောင့်ဖြစ်ရတယ်လို့ သူတွေးထင်နေတယ်ဆိုရင် သူဟာ သင့်ခံစားချက်ကို ကြိုးကိုင်နေတဲ့သူပါ။

၅။ တခြားသူတွေနဲ့ ပြောဆိုဆက်ဆံတာကို ကန့်သတ်ထားတယ်။
သူငယ်ချင်းတွေ၊မိတ်ဆွေတွေနဲ့ တွေ့မယ်ဆိုရင် သူသင့်ကို အမျိုးမျိုး ပြဿနာရှိမယ်။ သဝန်တိုတာကိုဗန်းပြပြီး သင့်ရဲ့ ပတ်ဝန်းကျင်ကလူတွေနဲ့ အဆက်အသွယ်ပြတ်အောင်သူကြိုးစားနေတယ်ဆိုရင် သင့်သူ့အပေါ် ပြန်ပြီးစဉ်းစားသင့်ပါတယ်။….

ဖိုးသူတော် (www.phothutaw.com)
Credit: lovingnews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top