ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

လုမၺိနီ လုိ႔ ဆုိလုိက္ရင္ ဗုဒၶဘာသာ၀င္ေတြရဲ႕ကုိးကြယ္ရာ ေဂါတမဗုဒၶျမတ္စြာဘုရားကို မယ္ေတာ္မာယာမွဖြားျမင္တဲ့ေနရာ ဆုိတာ သိၿပီးျဖစ္ၾကမွာပါ။ လက္ရွိ နီေပါႏုိင္ငံ ရူပန္ေဒယီခရုိင္မွာ ရွိၿပီး ၁၉၉၇ခုႏွစ္မွာ ယူနက္စကုိရဲ႕ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုအျဖစ္ ထည့္သြင္းသတ္မွတ္ခံရတဲ့ လုမၺိနီ ရဲ႕အေၾကာင္းကုိ ျပန္လည္ေ၀မွ်လုိက္ပါတယ္။

လုမၺိနီသည္ ကပိလဝတ္ႏွင့္ ေဒဝဒဟၿမိဳ႕တို႔၏ အၾကားတြင္ တည္ရွိသည္။ အေသာကမင္းႀကီး နန္းစံသက္(၂၀)တြင္ လုမၺိနီသို႔ ဘုရားဖူးေရာက္ခဲ့ေၾကာင္းကို ေက်ာက္စာတိုင္ ေရးထိုးထားခဲ့သည္။ မူလက ေက်ာက္စာတိုင္ထိပ္တြင္ ျမင္း႐ုပ္ရွိေသာ္လည္း ယခုအခါ ျမင္း႐ုပ္ကို ရွာမေတြ႕ေတာ့ဘဲ ေအာက္ခံခုံျဖစ္ေသာ ၾကာေမွာက္ပုံကိုသာ ေတြ႕ရေတာ့သည္။

ပါဠိစာေပ၌ ေဒဝဒဟျပည့္ရွင္ အၪၨနမင္း၏ မိဖုရားႀကီး မဟာယေသာဓရာေဒဝီ၏ ဆႏၵအရ ျပဳလုပ္ဖန္းတီးေပးထားေသာဥယ်ာဥ္ျဖစ္သျဖင့္ ႐ူပေဒဝီဥယ်ာဥ္ဟု အမည္တြင္ခဲ့သည္။ ကာလေ႐ြ႕ေလ်ာလာေသာအခါ ႐ူပံေဒဝီဥယ်ာဥ္ဟု အမည္တြင္ခဲ့ၿပီး ယေန႔တိုင္ လုမၺိနီဥယ်ာဥ္ တည္ရွိရာခ႐ိုင္သည္ ႐ူပန္ေဒယီခ႐ိုင္ဟု အမည္တြင္ဆဲျဖစ္၏။ ႐ူပေဒဝီမွ ႐ူပံေဒဝီ၊ ႐ူပံေဒဝီမွ ႐ုမၼီ၊ ႐ုမၼီ မွ ႐ုမၺိနီ၊ ႐ုမၺိနီမွ လုမၺိနီဟု အဆင့္ဆင့္ ေျပာင္းလဲေခၚဆိုခဲ့ၾကျခင္းျဖစ္သည္။ ကပိလဝတ္ႏွင့္ ေဒဝဒဟၿမိဳ႕တို႔သည္ ေရွးေခတ္အိႏၵိယႏိုင္ငံ၏ ေျမာက္ပိုင္းလမ္းမႀကီးေပၚတြင္ တည္ရွိသည္။ ၎ေျမာက္ပိုင္းလမ္းမႀကီး (ဥတၱရာပထ)သည္ ရာဇၿဂိဳဟ္မွ ေဝသာလီ၊ ေဒဝဒဟ၊ လုမၺိနီႏွင့္ ကပိလဝတ္တို႔ မွတစ္ဆင့္ ပါကစၥတန္အထိ ေရာက္ရွိသည္။

အေသာကမင္းႀကီး၏ ေက်ာင္းေဆာင္မ်ားသည္ ေနာက္ပိုင္းတြင္ ထိန္းသိမ္းေစာင့္ေရွာက္သူမရွိ၍ ၿပိဳက်ပ်က္စီးခဲ့သည္။ ေရွးေခတ္တ႐ုတ္ရဟန္းေတာ္မ်ား၏ မွတ္တမ္းကို အေျခခံ၍ (၁၈၉၆)ခုတြင္ လုမၺိနီရွာေဖြေရးအစီအစဥ္ စတင္ခဲ့သည္။ ေျမေပၚ၌(၁၀)ေပ ေပၚထြက္ေနေသာ ေက်ာက္စာတိုင္ႀကီးကို စတင္ေတြ႕ရွိရာမွ လုမၺိနီဟု အသိအမွတ္ျပဳႏိုင္ခဲ့သည္။ လုမၺိနီရွာေဖြေတြ႕ရွိမႈမွတစ္ဆင့္ ကပၸိလဝတ္ႏွင့္ ေဒဝဒဟတို႔ကို ၁၈၉၆ ခုႏွစ္ ေနာက္ပိုင္းတြင္ ျပန္လည္ေတြ႕ရွိခဲ့သည္။ လုမၺိနီ၌ ၁၈၉၉ တြင္ ေက်ာင္းေတာ္ေနရာရွိ ေတာင္ကုန္းကို ၿဖိဳခ်တူးေဖာ္ရာမွ အေလာင္းေတာ္သိဒၶတၳမင္းသားပုံကို တူးေဖာ္ေတြ႕ရွိခဲ့ရသည္။ ၁၉၃၂ မွ ၁၉၄၀ အတြင္း ထပ္မံတူးေဖာ္ရင္း မာယာေဒဝီေက်ာင္းေဆာင္ကို တည္ထားခဲ့သည္။

၁၉၆၇ ခုႏွစ္တြင္ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ ဦးသန္႔ ေရာက္လာခဲ့သည္။ ယခု ၿငိမ္းခ်မ္းေရးမီး႐ႉးတိုင္ ျပဳလုပ္ထားေသာ ေနရာ၌ ႐ြာတည္၍ လူအမ်ားက လယ္လုပ္စားေနၾကၿပီး သစ္ပင္မ်ားကိုခုတ္လွဲပစ္သျဖင့္ အင္ၾကင္းေတာ မရွိေတာ့ေၾကာင္းႏွင့္ မာယာေဒဝီေက်ာင္းေဆာင္ရွိ ေမြးဖြားဟန္႐ုပ္ထုကိုလည္း ေဒသခံလူမ်ားက ၾကက္ေသြး၊ ငွက္ေသြး စသည္ တို႔ျဖင့္ ပူေဇာ္ေနၾကသည္ကို ဦးသန္႔ ေတြ႕ျမင္ခဲ့ရသည္။ ၎အျပင္ မယ္ေတာ္ပုံကိုသာ အဓိကထား ကိုးကြယ္ေနၾကေသာၾကာင့္ ဘုရားေလာင္းေမြးဖြားမႈ အခန္းက႑ ကြယ္ေပ်ာက္ေနသည္ကို ဦးသန္႔က သိျမင္ခဲ့ျဖင့္ ဤေနရာကို ႏိုင္ငံတကာဘုရားဖူသြားလာေရး ေနရာဌာနတစ္ခုအျဖစ္ ဖန္တီးေပးမည္ဟု ဘုရင္မဟိႏၵရာထံ ေမတၱာရပ္ခံေပးခဲ့သည္။ ဘုရင္မဟိႏၵရာ၏ သေဘာတူညီမႈအရ ၁၉၇၀ တြင္ လုမၺိနီဖြံ႕ၿဖိဳးေရးအဖြဲ႕ကို ႏိုင္ငံေပါင္း ၁၃ ႏိုင္ငံျဖင့္ ဖြဲ႕စည္းခဲ့သည္။ ကုလသမဂၢက ေဒၚလာ ၁ သန္း ေထာက္ပံ့ခဲ့ၿပီး ႐ြာမ်ားေ႐ႊ႕ေျပာင္းျခင္း၊ ေျမေနရာအစားထိုးေပးျခင္း၊ ဝင္းထရံခတ္ျခင္း၊ သစ္ပင္မ်ားျပန္စိုက္ျခင္း၊ ၿငိမ္းခ်မ္းေရးတူးေျမာင္း တူးေဖာ္ျခင္း၊ စာၾကည့္တိုက္မ်ား၊ ျပတိုက္မ်ား ေဆာက္လုပ္ျခင္းတို႔ကို ၁၉၈၀ ေနာက္ပိုင္းမွစ၍ ယေန႔အထိ ေဆာင္႐ြက္ေနၾကသည္။ ၁၉၉၀ ၌ ဂ်ပန္အဖြဲ႕က မာယာေဒဝီ ေက်ာင္းေဆာင္ေဟာင္းကို ဖ်က္၍ ေျမေအာက္ရွိ အေသာကေက်ာင္းေဆာင္ေဟာင္းကို ရွာေဖြခဲ့သည္။ ဓာတ္ေတာ္တိုက္ေနရာကို ၁၉၉၆ တြင္ ျပန္လည္ေတြ႕ရွိခဲ့ၿပီး မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းရန္ ယခုပုံစံအတိုင္း တည္ေဆာက္ခဲ့ၿပီး ၂၀၀၃ ခုႏွစ္၊ ေမလတြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။ ၿငိမ္းခ်မ္းေရးတူးေျမာင္းကို အလယ္ဗဟိုျပဳ၍ အေရွ႕ဘက္ျခမ္းတြင္ ေထရဝါဒဘုန္းေတာ္ႀကီးေက်ာင္းမ်ားႏွင့္ အေနာက္ ဘက္တြင္ မဟာယာနဘုန္းေတာ္ႀကီးေက်ာင္းမ်ားကို အစီအစဥ္တက်ထားရွိထားသည္။

လြန္ခဲ့ေသာ ၂ ႏွစ္ခန္႔က ဓာတ္ေတာ္တိုက္အနီးရွိတြင္းကို တူးေဖာ္ၾကည့္ရာ သစ္ျမစ္႐ုပ္ႂကြင္းမ်ား ေတြ႕ရွိရသျဖင့္ ဓာတ္ခြဲစမ္းသပ္ၾကည့္ေသာအခါ အေလာင္းေတာ္မဖြားျမင္မီ ႏွစ္ေပါင္း ၇၀၀ ခန္႔ကတည္းက ေပါက္ေရာက္ခဲ့ေသာ သစ္ပင္ဟု အေျဖထြက္သည္။ သစ္ျမစ္၏ ေဘးပတ္ဝန္းက်င္ကို တူးေဖာ္ၾကည့္ရာတြင္ ေျမသားမ်ား ေျပာင္ေခ်ာတင္းမာ ေနၿပီး ၎သစ္ပင္ကို လူအမ်ားက လွည့္ပတ္ဝိုင္းကာ ပူေဇာ္ခဲ့ေသာ အေထာက္အထားကို ေတြ႕ရသည္။ အေဆာက္အဦး၏ ေထာင့္ေလးေထာင့္ကို တူးေဖာ္ၾကည့္ရာ သစ္သားတိုင္စိုက္ထူထားခဲ့ေသာ ႐ုပ္ႂကြင္းမ်ားကို ေတြ႕ရသည္။ မူလက အေလာင္းေတာ္ဖြားေတာ္မူရာ သစ္ပင္ကို အလယ္မွထား၍ ေစာင္းတန္းေလးခုကို သစ္သားျဖင့္ တည္ေဆာက္ခဲ့ၿပီး ေနာက္ပိုင္းတြင္မွ အေသာကမင္းႀကီးက အုတ္ျဖင့္ အစားထိုးတည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ ၎အျပင္ ယခုတူးေဖာ္ ေတြ႕ရွိခ်က္မ်ားအရ ကမၻာ့ပညာရွင္အမ်ားစု၏ ယခင္အယူအဆျဖစ္ေသာ ဗုဒၶဖြားေတာ္မူရာ သကၠရာဇ္ BC – ၅၆၃ မွ ေရွ႕သို႔ ရာစုႏွစ္တစ္ခု တိုးႏိုင္သည္ဟု ဆုံးျဖတ္ခဲ့ၾကသည္။ ဗုဒၶဝါဒ သမိုင္းအစဥ္အလာအရ အေရွ႕တိုင္းသားမ်ား လက္ခံခဲ့ၾကေသာ ဗုဒၶဖြားေတာ္မူရာႏွစ္ BC – ၆၂၃ ကို အေနာက္တိုင္း ပညာရွင္မ်ားက ႏွစ္ေျခာက္ဆယ္ခန္႔ ေနာက္က်၍ ယူဆခဲ့ၾကေသာ္လည္း ယခုတူးေဖာ္ ေတြ႕ရွိခ်က္မ်ားအရ အေနာက္တိုင္းပညာရွင္မ်ား၏ အယူအဆထက္ အေရွ႕တိုင္းပညာရွင္မ်ား၏ အယူအဆက အေျဖမွန္ ႏွင့္ပိုမိုနီးစပ္ေန ေၾကာင္းကို ေတြ႕ရွိရေပသည္။

ေရပူေရေအးႏွစ္သြယ္စီးဆင္း၍ အေလာင္းေတာ္အား သြန္းေလာင္းရာမွ ျဖစ္ေပၚလာသည့္ ေရကန္ကိုလည္း လုမၺိနီဥယ်ာဥ္တြင္ ေတြ႕ျမင္ႏိုင္သည္။ ဘုရားအေလာင္းေတာ္ ေျမျပင္ေပၚသို႔ ပထမဆုံး ေျခခ်ေသာေနရာကို အုတ္ျဖင့္ဝန္းရံကာ အေသာကမင္းႀကီးက ဓာတ္ေတာ္တိုက္ ျပဳလုပ္ခဲ့သည္။ ယခုေခတ္၌ ထိုေနရာတြင္ က်ည္ကာမွန္ျဖင့္ အုပ္ထားၿပီး Marker stone ဟုေခၚေသာ အမွတ္အသားျပ ေက်ာက္တုံးရွိသည္။ ၇၀ မီတာရွည္ေသာ ထိုေက်ာက္တုံးေပၚ၌ အေလာင္းေတာ္၏ ေျခေတာ္ရာရွိသည္။ ထိုေျခေတာ္ရာကို အေသာကမင္းႀကီး က ထည့္သြင္း၍ ဓာတ္ေတာ္တိုက္ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ လုမၺိနီ၌ သာသနာျပဳႂကြေရာက္သီတင္းသုံးေတာ္မူၾကေသာ သံဃာေတာ္မ်ားအတြက္ အေသာကမင္းႀကီးက ေက်ာင္းေတာ္ႏွင့္ေရတြင္းတို႔ကို လႉဒါန္းခဲ့ၿပီး ယေန႔တိုင္ ေရကန္၏ အေရွ႕ဘက္တြင္ တည္ရွိေနေသးသည္။ အခ်ိဳ႕က ယခုျမင္ေတြ႕ေနရေသာ ေက်ာက္စာတိုင္ေနရာကို အေလာင္းေတာ္ ဖြားျမင္ေသာေနရာဟု ထင္ေနၾကၿပီး ေျခခုႏွစ္လွမ္း လွမ္းပုံ ေစတီငယ္မ်ားကိုလည္း ထိုေနရာ၌ အေလာင္းေတာ္ ေျခခုႏွစ္လွမ္း လွမ္းသည္ေနရာဟု မွတ္ထင္ေနၾကသည္၊ အမွန္မွာမူ ဖြားေတာ္မူရာႏွင့္ ေျခခုႏွစ္လွမ္း လွမ္းေတာ္မူရာ ေနရာသည္ မယ္ေတာ္မာယာေက်ာင္းေဆာင္၏ အတြင္းပိုင္း၌ တည္ရွိၿပီး ျပင္ပ၌ အထိမ္းအမွတ္အျဖစ္ ျပဳလုပ္ထားျခင္းသာျဖစ္သည္။

လုမၺိနီသည္ ခတၱမႏၵဳၿမိဳ႕မွ ၉ နာရီၾကာ ကားလမ္းခရီးႏွင့္ Bhairahawa မွ မိနစ္ ၃၀ ၾကာ ခရီးအကြာတြင္ တည္ရွိသည္။ အနီးဆုံးေလဆိပ္မွာ Bhairahawa ရွိ ေဂါတမဗုဒၶေလဆိပ္ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးဉာဏ(ႂကြယ္အိပ္ပြဲ)
Myanmar Wikipedia

# Unicode Version #
လုမ္ဗိနီ လို့ ဆိုလိုက်ရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ကိုးကွယ်ရာ ဂေါတမဗုဒ္ဓမြတ်စွာဘုရားကို မယ်တော်မာယာမှဖွားမြင်တဲ့နေရာ ဆိုတာ သိပြီးဖြစ်ကြမှာပါ။ လက်ရှိ နီပေါနိုင်ငံ ရူပန်ဒေယီခရိုင်မှာ ရှိပြီး ၁၉၉၇ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ခံရတဲ့ လုမ္ဗိနီ ရဲ့အကြောင်းကို ပြန်လည်ဝေမျှလိုက်ပါတယ်။

လုမ္ဗိနီသည် ကပိလဝတ်နှင့် ဒေဝဒဟမြို့တို့၏ အကြားတွင် တည်ရှိသည်။ အသောကမင်းကြီး နန်းစံသက်(၂၀)တွင် လုမ္ဗိနီသို့ ဘုရားဖူးရောက်ခဲ့ကြောင်းကို ကျောက်စာတိုင် ရေးထိုးထားခဲ့သည်။ မူလက ကျောက်စာတိုင်ထိပ်တွင် မြင်းရုပ်ရှိသော်လည်း ယခုအခါ မြင်းရုပ်ကို ရှာမတွေ့တော့ဘဲ အောက်ခံခုံဖြစ်သော ကြာမှောက်ပုံကိုသာ တွေ့ရတော့သည်။

ပါဠိစာပေ၌ ဒေဝဒဟပြည့်ရှင် အဉ္ဇနမင်း၏ မိဖုရားကြီး မဟာယသောဓရာဒေဝီ၏ ဆန္ဒအရ ပြုလုပ်ဖန်းတီးပေးထားသောဥယျာဉ်ဖြစ်သဖြင့် ရူပဒေဝီဥယျာဉ်ဟု အမည်တွင်ခဲ့သည်။ ကာလရွေ့လျောလာသောအခါ ရူပံဒေဝီဥယျာဉ်ဟု အမည်တွင်ခဲ့ပြီး ယနေ့တိုင် လုမ္ဗိနီဥယျာဉ် တည်ရှိရာခရိုင်သည် ရူပန်ဒေယီခရိုင်ဟု အမည်တွင်ဆဲဖြစ်၏။ ရူပဒေဝီမှ ရူပံဒေဝီ၊ ရူပံဒေဝီမှ ရုမ္မီ၊ ရုမ္မီ မှ ရုမ္ဗိနီ၊ ရုမ္ဗိနီမှ လုမ္ဗိနီဟု အဆင့်ဆင့် ပြောင်းလဲခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။ ကပိလဝတ်နှင့် ဒေဝဒဟမြို့တို့သည် ရှေးခေတ်အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ၎င်းမြောက်ပိုင်းလမ်းမကြီး (ဥတ္တရာပထ)သည် ရာဇဂြိုဟ်မှ ဝေသာလီ၊ ဒေဝဒဟ၊ လုမ္ဗိနီနှင့် ကပိလဝတ်တို့ မှတစ်ဆင့် ပါကစ္စတန်အထိ ရောက်ရှိသည်။

အသောကမင်းကြီး၏ ကျောင်းဆောင်များသည် နောက်ပိုင်းတွင် ထိန်းသိမ်းစောင့်ရှောက်သူမရှိ၍ ပြိုကျပျက်စီးခဲ့သည်။ ရှေးခေတ်တရုတ်ရဟန်းတော်များ၏ မှတ်တမ်းကို အခြေခံ၍ (၁၈၉၆)ခုတွင် လုမ္ဗိနီရှာဖွေရေးအစီအစဉ် စတင်ခဲ့သည်။ မြေပေါ်၌(၁၀)ပေ ပေါ်ထွက်နေသော ကျောက်စာတိုင်ကြီးကို စတင်တွေ့ရှိရာမှ လုမ္ဗိနီဟု အသိအမှတ်ပြုနိုင်ခဲ့သည်။ လုမ္ဗိနီရှာဖွေတွေ့ရှိမှုမှတစ်ဆင့် ကပ္ပိလဝတ်နှင့် ဒေဝဒဟတို့ကို ၁၈၉၆ ခုနှစ် နောက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့သည်။ လုမ္ဗိနီ၌ ၁၈၉၉ တွင် ကျောင်းတော်နေရာရှိ တောင်ကုန်းကို ဖြိုချတူးဖော်ရာမှ အလောင်းတော်သိဒ္ဓတ္ထမင်းသားပုံကို တူးဖော်တွေ့ရှိခဲ့ရသည်။ ၁၉၃၂ မှ ၁၉၄၀ အတွင်း ထပ်မံတူးဖော်ရင်း မာယာဒေဝီကျောင်းဆောင်ကို တည်ထားခဲ့သည်။

၁၉၆၇ ခုနှစ်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် ရောက်လာခဲ့သည်။ ယခု ငြိမ်းချမ်းရေးမီးရှူးတိုင် ပြုလုပ်ထားသော နေရာ၌ ရွာတည်၍ လူအများက လယ်လုပ်စားနေကြပြီး သစ်ပင်များကိုခုတ်လှဲပစ်သဖြင့် အင်ကြင်းတော မရှိတော့ကြောင်းနှင့် မာယာဒေဝီကျောင်းဆောင်ရှိ မွေးဖွားဟန်ရုပ်ထုကိုလည်း ဒေသခံလူများက ကြက်သွေး၊ ငှက်သွေး စသည် တို့ဖြင့် ပူဇော်နေကြသည်ကို ဦးသန့် တွေ့မြင်ခဲ့ရသည်။ ၎င်းအပြင် မယ်တော်ပုံကိုသာ အဓိကထား ကိုးကွယ်နေကြသောကြာင့် ဘုရားလောင်းမွေးဖွားမှု အခန်းကဏ္ဍ ကွယ်ပျောက်နေသည်ကို ဦးသန့်က သိမြင်ခဲ့ဖြင့် ဤနေရာကို နိုင်ငံတကာဘုရားဖူသွားလာရေး နေရာဌာနတစ်ခုအဖြစ် ဖန်တီးပေးမည်ဟု ဘုရင်မဟိန္ဒရာထံ မေတ္တာရပ်ခံပေးခဲ့သည်။ ဘုရင်မဟိန္ဒရာ၏ သဘောတူညီမှုအရ ၁၉၇၀ တွင် လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့ကို နိုင်ငံပေါင်း ၁၃ နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည်။ ကုလသမဂ္ဂက ဒေါ်လာ ၁ သန်း ထောက်ပံ့ခဲ့ပြီး ရွာများရွှေ့ပြောင်းခြင်း၊ မြေနေရာအစားထိုးပေးခြင်း၊ ဝင်းထရံခတ်ခြင်း၊ သစ်ပင်များပြန်စိုက်ခြင်း၊ ငြိမ်းချမ်းရေးတူးမြောင်း တူးဖော်ခြင်း၊ စာကြည့်တိုက်များ၊ ပြတိုက်များ ဆောက်လုပ်ခြင်းတို့ကို ၁၉၈၀ နောက်ပိုင်းမှစ၍ ယနေ့အထိ ဆောင်ရွက်နေကြသည်။ ၁၉၉၀ ၌ ဂျပန်အဖွဲ့က မာယာဒေဝီ ကျောင်းဆောင်ဟောင်းကို ဖျက်၍ မြေအောက်ရှိ အသောကကျောင်းဆောင်ဟောင်းကို ရှာဖွေခဲ့သည်။ ဓာတ်တော်တိုက်နေရာကို ၁၉၉၆ တွင် ပြန်လည်တွေ့ရှိခဲ့ပြီး မပျောက်ပျက်အောင် ထိန်းသိမ်းရန် ယခုပုံစံအတိုင်း တည်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ မေလတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးတူးမြောင်းကို အလယ်ဗဟိုပြု၍ အရှေ့ဘက်ခြမ်းတွင် ထေရဝါဒဘုန်းတော်ကြီးကျောင်းများနှင့် အနောက် ဘက်တွင် မဟာယာနဘုန်းတော်ကြီးကျောင်းများကို အစီအစဉ်တကျထားရှိထားသည်။

လွန်ခဲ့သော ၂ နှစ်ခန့်က ဓာတ်တော်တိုက်အနီးရှိတွင်းကို တူးဖော်ကြည့်ရာ သစ်မြစ်ရုပ်ကြွင်းများ တွေ့ရှိရသဖြင့် ဓာတ်ခွဲစမ်းသပ်ကြည့်သောအခါ အလောင်းတော်မဖွားမြင်မီ နှစ်ပေါင်း ၇၀၀ ခန့်ကတည်းက ပေါက်ရောက်ခဲ့သော သစ်ပင်ဟု အဖြေထွက်သည်။ သစ်မြစ်၏ ဘေးပတ်ဝန်းကျင်ကို တူးဖော်ကြည့်ရာတွင် မြေသားများ ပြောင်ချောတင်းမာ နေပြီး ၎င်းသစ်ပင်ကို လူအများက လှည့်ပတ်ဝိုင်းကာ ပူဇော်ခဲ့သော အထောက်အထားကို တွေ့ရသည်။ အဆောက်အဦး၏ ထောင့်လေးထောင့်ကို တူးဖော်ကြည့်ရာ သစ်သားတိုင်စိုက်ထူထားခဲ့သော ရုပ်ကြွင်းများကို တွေ့ရသည်။ မူလက အလောင်းတော်ဖွားတော်မူရာ သစ်ပင်ကို အလယ်မှထား၍ စောင်းတန်းလေးခုကို သစ်သားဖြင့် တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင်မှ အသောကမင်းကြီးက အုတ်ဖြင့် အစားထိုးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းအပြင် ယခုတူးဖော် တွေ့ရှိချက်များအရ ကမ္ဘာ့ပညာရှင်အများစု၏ ယခင်အယူအဆဖြစ်သော ဗုဒ္ဓဖွားတော်မူရာ သက္ကရာဇ် BC – ၅၆၃ မှ ရှေ့သို့ ရာစုနှစ်တစ်ခု တိုးနိုင်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ဗုဒ္ဓဝါဒ သမိုင်းအစဉ်အလာအရ အရှေ့တိုင်းသားများ လက်ခံခဲ့ကြသော ဗုဒ္ဓဖွားတော်မူရာနှစ် BC – ၆၂၃ ကို အနောက်တိုင်း ပညာရှင်များက နှစ်ခြောက်ဆယ်ခန့် နောက်ကျ၍ ယူဆခဲ့ကြသော်လည်း ယခုတူးဖော် တွေ့ရှိချက်များအရ အနောက်တိုင်းပညာရှင်များ၏ အယူအဆထက် အရှေ့တိုင်းပညာရှင်များ၏ အယူအဆက အဖြေမှန် နှင့်ပိုမိုနီးစပ်နေ ကြောင်းကို တွေ့ရှိရပေသည်။

ရေပူရေအေးနှစ်သွယ်စီးဆင်း၍ အလောင်းတော်အား သွန်းလောင်းရာမှ ဖြစ်ပေါ်လာသည့် ရေကန်ကိုလည်း လုမ္ဗိနီဥယျာဉ်တွင် တွေ့မြင်နိုင်သည်။ ဘုရားအလောင်းတော် မြေပြင်ပေါ်သို့ ပထမဆုံး ခြေချသောနေရာကို အုတ်ဖြင့်ဝန်းရံကာ အသောကမင်းကြီးက ဓာတ်တော်တိုက် ပြုလုပ်ခဲ့သည်။ ယခုခေတ်၌ ထိုနေရာတွင် ကျည်ကာမှန်ဖြင့် အုပ်ထားပြီး Marker stone ဟုခေါ်သော အမှတ်အသားပြ ကျောက်တုံးရှိသည်။ ၇၀ မီတာရှည်သော ထိုကျောက်တုံးပေါ်၌ အလောင်းတော်၏ ခြေတော်ရာရှိသည်။ ထိုခြေတော်ရာကို အသောကမင်းကြီး က ထည့်သွင်း၍ ဓာတ်တော်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လုမ္ဗိနီ၌ သာသနာပြုကြွရောက်သီတင်းသုံးတော်မူကြသော သံဃာတော်များအတွက် အသောကမင်းကြီးက ကျောင်းတော်နှင့်ရေတွင်းတို့ကို လှူဒါန်းခဲ့ပြီး ယနေ့တိုင် ရေကန်၏ အရှေ့ဘက်တွင် တည်ရှိနေသေးသည်။ အချို့က ယခုမြင်တွေ့နေရသော ကျောက်စာတိုင်နေရာကို အလောင်းတော် ဖွားမြင်သောနေရာဟု ထင်နေကြပြီး ခြေခုနှစ်လှမ်း လှမ်းပုံ စေတီငယ်များကိုလည်း ထိုနေရာ၌ အလောင်းတော် ခြေခုနှစ်လှမ်း လှမ်းသည်နေရာဟု မှတ်ထင်နေကြသည်၊ အမှန်မှာမူ ဖွားတော်မူရာနှင့် ခြေခုနှစ်လှမ်း လှမ်းတော်မူရာ နေရာသည် မယ်တော်မာယာကျောင်းဆောင်၏ အတွင်းပိုင်း၌ တည်ရှိပြီး ပြင်ပ၌ အထိမ်းအမှတ်အဖြစ် ပြုလုပ်ထားခြင်းသာဖြစ်သည်။

လုမ္ဗိနီသည် ခတ္တမန္ဒုမြို့မှ ၉ နာရီကြာ ကားလမ်းခရီးနှင့် Bhairahawa မှ မိနစ် ၃၀ ကြာ ခရီးအကွာတွင် တည်ရှိသည်။ အနီးဆုံးလေဆိပ်မှာ Bhairahawa ရှိ ဂေါတမဗုဒ္ဓလေဆိပ် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဦးဉာဏ(ကြွယ်အိပ်ပွဲ)
Myanmar Wikipedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top