ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 ေလာကတြင္ သရဲတေစၦရွိသည္ဟူေသာ အယူကို လူမ်ိဳးတို၊င္း ဘာသာတိုင္း လက္ခံ ျကသူရွိသလို၊လက္ခံျကသူရွိသလို၊လက္မခံျက သူလဲရွိျက၏။သို့ေသာ္ သရဲ တေစ ၦရွိျကသည္ကိုေတာ့ အားလံုနီးပါးယံုျကည့္ျကသည္ ။  သရဲတေစၦႏွင့္ပတ္သတ္လွ်င္လူတိုင္းနီးပါးေျကာက္
တက္ျကသည္။ ဤသည္ကိုႏိုင္ငံအသီးသီးမွ သရဲတေစၦဗီဒီယိုဇာတ္ကားမ်ားကသက္ ေသခံလွ်က္ရွိျကသည္။
                  စာေရးသူတို့ဗုဒၶဘာသာတြင္လည္း သရဲတေစၦဟူေသာ ျပိတာၱမ်ားကား အမွန္တကယ္ရွိသည္ဟုဗုဒၶစာေပ က်မ္းဂန္မ်ားက အတိအလင္း ေဖာ္ျပထားသည္။ ထိုျပိတၱာတို့သည္ စားေရးသူတို့ေနထိုင္ေရာ ပတ္၀န္းက်င္တြင္ တိရိစာၦန္ဘံုသားမ်ားကို ပကတိမ်က္ေစ့ျဖင့္ျမင္းႏိုင္ေသာ္လည္း
ထိုျပိတာၱဘံုသားတို့ကိုမွုပကတိမ်က္ေစ့ႏွင့္မျမင္ရေပ။ သို့ေသာ္တစ္ခါတရံ ၌ အေျကာင္းတိုက္ဆိုင္လွ်င္
 ပကတိမ်က္ေစ့ႏွင့္ပင္ျမင္ေတြ့ရေပ၏ ။
                  စားေ၇းသူကိုတိုင္ သူရဲတေစၱဟုေခၚေသာျပိတၱာဘံုသားႏွင့္တစ္ခါကအမွတ္မထင္ဘဲေတြ့ျကံုျမင္
ေတြ့ခဲရသည္။ ဤသည္ကား မယံုႏိုင္သူတိုအဖို့ မယံုခ်င္း မယံုေပးလိမ့္မည္။ စာေရးသူျကံုေတြ့ရသည္မွာ
အမွန္တကယ္ျကံုေတြ့ခဲ့ရသည္ မွာအမွန္တစ္ကယ္ပင္ျဖစ္သည္ ျပန္ေတြ့မိတိုင္း ျကက္သီးမ်ားပင္ထေနမိေတာ့သည္။
                ျဖစ္ရပ္မွာ(2008)ခုႏွစ္၊မတ္လေလာက္ကျဖစ္သည္။အစ္ကိုတစ္၀မ္းကြဲေတာ္သူစာေရးသူတို့ေနအိမ္
လည္ျပီးအျပန္တြင္ ဇာတိရြာသို့အလည္ေခၚပါသည္။ ထို့ေျကာင့္စာေရးသူလည္းမိခင္ထံခြင့္ေတာင္းကာတစ္ပတ္ေနထိုင္ခြင့္ျပဳခ်က္ရလိုက္ပါသည္။ထို့ေနာက္
အစ္ကို၀မ္းကြဲ ႏွင့္အတူ ဇာတိရြာကို လိုက္ပါသြားခဲ့သည္။စားေ၇းသူ၏ ဇာတိရြာမွာ ပဲခူးျဖစ္ေသာေျကာင့္ စာေရးသူ၏ဇာတိရြာမွာပဲခူးျမိဳ့ ၊လာဂမို့ေက်းရြာေလးျဖစ္သည္။
                  ရြာေရာက္သည္ႏွင့္ ညေနပိုင္းေလာက္တြင္ ငယ္သူငယ္ခ်င္းမ်ားႏွင့္ ဆုံမိ၏။
ထိုသူငယ္ခ်င္းမ်ားထဲမွ ရဲေနာင္က ထန္းရည္သြားေသာက္မည္ဟု အတင္းေခၚေလသည္။ထုိအခါ စာေရးသူ
ႏွင့္အတူ အျခားသူငယ္ခ်င္းမ်ားျဖစ္ေသာ ေဇာ္ဦးႏွင့္ ေက်ာ္ၾကီးသည္လည္း မျငင္းသာပဲ တစ္ညီတစ္ညြတ္
တည္း လိုက္ပါမိေတာ့သည္။
                    ထန္းရည္ဆိုင္သို႔ ေရာက္ေသာအခါ ထန္းရည္ႏွင့္ အျမည္းအျဖစ္ ၾကြက္ေၾကာ္ကို စားေသာက္
ၾကသည္။စာေရးသူကေတာ့ ထန္းရည္ကို သိပ္မေသာက္ႏိုင္ပါ။ထန္းရည္ထက္ ၾကြက္ေၾကာ္ကိုသာ ပိုမိုစား
ျဖစ္၏။ရဲေနာင္၊ေဇာ္ဦးႏွင့္ေက်ာ္ၾကီး တို႔ကေတာ့ ထန္းရည္ကုို အေတာ္ပင္ေသာက္ႏိုင္ၾက၏။သို႔ႏွင့္
သူငယ္ခ်င္းမ်ား ညေမွာင္ရီသမ္းစျပဳခ်ိန္မွ ထန္းရည္ဆိုင္ကေန ျပန္ျဖစ္ခဲ့ၾက၏။သူငယ္ခ်င္းမ်ားက စာေရးသူ
ေနထိုင္ရာ ဦးေလး၏အိမ္ကို အရင္လိုက္ပို႔ၾက၏။
                       အျပန္လမ္းတြင္ အားလုံး အေပါ့သြားခ်င္ၾက၍ ကုကၠိဳပင္ၾကီးတစ္ပင္ေအာက္၌` ကိစၥရွင္းၾက၏
ထိုစဥ္ ေလးေယာက္လုံး၏ ေခါင္းေပၚသို႔ အရာ၀တၳဳအခ်ဳိ႕ လာေရာက္ထိမွန္ေလသည္။ရဲေနာင္က သူ႔တြင္
အသင့္ပါလာေသာဓါတ္မီးႏွင့္ ထိုအရာတို့ကိုထိုးျကည့္ရာ ကကၠဳိသီးမ်ားျဖစ္ေနသည္ကိုစာေ၇းသူတို့အားလံုး
ေတြ့ျကရ၏။ ကုကၠဳိပင္သို့ထိုးျကည့္ေသာအခါ ငွတ္ႏွင့္အျခားအေကာင္ပေလာက္မ်ားကိုမေတြ့ရ ။ထို့အတူေလလဲေလာက္ေလာက္လားလားမတိုက္သျဖင့္ကုကၠဳိသီးမ်ားေျကြစရာအေျကာင္းမရွိေပ။
                      ထိုအခိုက္ေက်ာ္ျကီးတစ္ စံုတစ္၇ာကိုညႊန္ျပ၍ သူလမ္းညႊန္ေသာဘက္သို့ စာေ၇းသူတို့အား
လံုးျပိဳင္တူျကည့္လိုက္ျကသည္။ ေက်ာ္ျကီးညႊန္ျပေသာအ၇ာမွာအျခားမဟုတ္ ကုကၠဳိပင္ႏွင့္ခတ္လွမ္းလွမ္း
ခ်ံဳပုတ္နားမွ မိန္းကေလးတစ္ဦးပင္ျဖစ္သည္။ထိုမိန္းကေလးသည္စာေ၇းသူတို့ကိုေက်ာေပး၍ခ်ံဳပုတ္ဘက္
သို့မ်က္ႏွာမွဳကာထိုင္ေန၏။ေက်ာ္ေနာင္ကသဲသဲကြဲကြဲ ျမင္ႏိုင္ရန္ ဓာတ္မီးႏွင့္ထိုးျကည့္လိုက္မည္ျပဳရာ ဓာတ္မီကမီးလင္းမလာ ခဲ ေပ။
                      စာေ၇းသူတို့ထဲမွေက်ာ္ျကီးကဘယ္သူလဲဟုလွမ္းေမးလိုက္သည္။ မိန္းကေလးကျပန္မေျဖေပ။
ေဇာ္ဦးကဆက္ေမး၏။မိန္းကေလးသည္နဂိုအတိုင္းတိတ္ ဆိတ္စြာေနေလသည္။
                      စားေရးသူကေတာ့ သူမသိေသာ သူစိမ္းေယက်ာ္းေလးမ်ားျဖစ္ေန၍ မိန္းကေလးမွာရွက္၊
ေျကာက္စိတ္ႏွင့္စကားျပန္မေျပာျခင္းမျပဳဘဲကို့လမ္းကိုသြားျကရန္ သူငယ္ခ်င္းမ်ားကိုေျပာျကားလိုက္သည္။ထိုေနာက္စားေ၇းသူအပါအ၀င္သူငယ္ခ်င္းမ်ားအားလံုး ထိုေနရာမွထြကိခြာ၇န္ျပင္ဆင္လိုက္ျကသည္။
                      ထိုအခိုက္စာေရးသူခႏၶာကိုယ္ရွိဆံပင္ႏွင့္ေမႊးညွင္းအေပၚေထာင္တက္ သြားသလိုခံစား ရ၏။တစ္ကိုလံုးေအးစက္သြားကာေက်ာက္ရုပ္သဖြယ္ေတာင့္ေတာင့္ျကီးျဖစ္သြား၏။အေျကာင္းမွာက
မူလထိုင္ေနေသာမိန္းကေလးသည္ပူေဖာင္းကိုေလမွုတ္သကဲ့သို့ခႏၵာကိုယ္ တေျဖးေျဖးျကီးလာေသာေျကာင့္ ျဖစ္သည္။ မည္မွ်ေလာက္ျကီၤးလာသလဲဟုဆိုလွ်င္စာေရးသူတို့အနီးရွိကုကၠိဳပင္ျကီးေလာက္ပင္ရွိလာသည္ဟုထင္ရ၏။
                        ထိုျမင္ကြင္းကို ေျကာက္အားျကီးစြာ မင္သက္ေနမိစဥ္ တစ္စံုတစ္ဦးကစာေရးသူ၏ လက္ကိုဆုတ္ကိုင္၍ အတင္းေခၚသြားေလသည္။စာေရးသူလည္း ထိုလူဆြဲေခၚရာ ေနာက္သို့ ေတာက္
ေတာက္ ျကီးပါသြားရင္း မိမိကိုယ္ကို လမ္းေလွ်က္ေနမွန္းမသိ ရပ္ေနမွန္းမသိခဲပါ။ ေလႏွင့္ အတူလႊင့္ေမွ်ာ္
ေနသည္ဟုခံစားေနမိ၏။
                        ထို့ေနာက္ “ေျဖာင္း” ခနဲ ဟူေသာအသံ ႏွင့့္အတူ ဇာက္ပိုးမွနာ က်င္မွူေျကာင့္ ေဘးနားသို့
လွည့္ျုကည့္ရာ ရဲေနာင္ကိုေတြ့ရ၏။စားေရးသူ၏ဇာက္ ပိုးကိုရဲေနာင္ရိုက္ လိုက္ျခင္းပင္ ျဖစ္သည္။စားေရးသူ
ကိုစြဲေခၚလာသူမွာလဲ ရဲေနာင္ပင္ျဖစ္ေလသည္။ပတ္၀န္း က်င္ကိုႏွံ့ႏွံ့ စပ္စပ္ ျကည့္လိုက္ေတာ့ ေနအိမ္ျပန္
ေရာက္ေနျပီျဖစ္ေျကာင္းသိရေလသည္။တစ္အိမ္းသားလံုး ေစာေရးသူတို့နေဘးတြင္ ၀ိုင္းအံုေနျကေလျပီ။
ေဇာ္ဦးႏွင့္ေက်ာ္ျကီးကေတာ့ ဘုရားစဥ္နား၌ ဦးေလးေပးေသာေရမွန္းကို ေသာက္ေနျက၏။
                       ဦးေလးသည္ေဇာ္ဦးႏွင့္ေက်ာ္ျကီးတို့ကို ေရမန္းတိုက္ျပီးေသာအခါ ေရးမန္းခြက္ယူေဆာင္
လာကာစာေရးသူႏွင့္ရဲေနာင္ကို တိုက္ ေစသည္။ ျပီးသည့္ေနာက္ေျကာင္းစံုကိုေမးျမန္၇ာ ရဲေနာင္က လံုးေစပတ္ေစ့ျပန္ေျပာျပ၏။စာေရးသူကေတာ့၇င္ေတြတံုရည္ေန သျဖင့္ ဘာကိုမွျပန္မေျပာႏိုင္ေပ။
                     အေျကာင္းစံုကိုဦးေလးသိရေသာအခါ ဦးေလး ကေနာက္ေနာင္ ဘယ္သစ္ပင္မဆို အေပါ့
အေလးသြားျခင္းမျပဳရန္၊ မျဖစ္မေနအေရးျကံု၍ သြားမိလွ်င္လည္း ေတာင္းပန္စကားေျပာဆိုျပီးမွသါားျက၇န္
ဆံုးမေလသည္။ထိုညကသူငယ္ခ်င္းမ်ားလည္းစားေ၇းသူႏွင့္အတူဦးေလးအိမ္မွာ ဘဲအိပ္ ျကေလသည္။
ေနာက္ေန့မနက္တြင္ မူလကရြာတြင္တစ္ပတ္ေနမည္ျဖစ္ေသာစာေရးသူလဲ ႏွစ္ရက္ထဲႏွင့္မိခင္ဆီျပန္လာ
ခဲ့ေတာ့သည္။
                    ဤျဖစ္ရပ္ကာ စာေရးသူဘ၀တြင္ သူရဲတေစၦႏွင့္ျကံုေတြ့ခဲ့ရေသာ ကိုယ္ေတြ့ျဖစ္၇ပ္ေလးျဖစ္
ေလသည္။တစ္ခါတစ္ခါ ကုကၠဳိပင္နားက မိန္းကေလး အေျကာင္းျပန္ေတြးျကည့္လွ်င္ ျကက္သီးမ်ားပင္ထမိ
ေလသည္။
                                                                                                               ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုမ်ိဳး(ပဲခူး)                                   
#Unicode Version#


              
  လောကတွင် သရဲတစ္ဆေရှိသည်ဟူသော အယူကို လူမျိုးတို၊င်း ဘာသာတိုင်း လက်ခံ ကြသူရှိသလို၊လက်ခံကြသူရှိသလို၊လက်မခံကြ သူလဲရှိကြ၏။သို့သော် သရဲ တစေ ္ဆရှိကြသည်ကိုတော့ အားလုံနီးပါးယုံကြည့်ကြသည် ။  သရဲတစ္ဆေနှင့်ပတ်သတ်လျှင်လူတိုင်းနီးပါးကြောက်
တက်ကြသည်။ ဤသည်ကိုနိုင်ငံအသီးသီးမှ သရဲတစ္ဆေဗီဒီယိုဇာတ်ကားများကသက် သေခံလျှက်ရှိကြသည်။
                  စာရေးသူတို့ဗုဒ္ဓဘာသာတွင်လည်း သရဲတစ္ဆေဟူသော ပြိတ္တာများကား အမှန်တကယ်ရှိသည်ဟုဗုဒ္ဓစာပေ ကျမ်းဂန်များက အတိအလင်း ဖော်ပြထားသည်။ ထိုပြိတ္တာတို့သည် စားရေးသူတို့နေထိုင်ရော ပတ်ဝန်းကျင်တွင် တိရိစ္ဆာန်ဘုံသားများကို ပကတိမျက်စေ့ဖြင့်မြင်းနိုင်သော်လည်း
ထိုပြိတ္တာဘုံသားတို့ကိုမှုပကတိမျက်စေ့နှင့်မမြင်ရပေ။ သို့သော်တစ်ခါတရံ ၌ အကြောင်းတိုက်ဆိုင်လျှင်
 ပကတိမျက်စေ့နှင့်ပင်မြင်တွေ့ရပေ၏ ။
                  စားရေးသူကိုတိုင် သူရဲတစ္တေဟုခေါ်သောပြိတ္တာဘုံသားနှင့်တစ်ခါကအမှတ်မထင်ဘဲတွေ့ကြုံမြင်
တွေ့ခဲရသည်။ ဤသည်ကား မယုံနိုင်သူတိုအဖို့ မယုံချင်း မယုံပေးလိမ့်မည်။ စာရေးသူကြုံတွေ့ရသည်မှာ
အမှန်တကယ်ကြုံတွေ့ခဲ့ရသည် မှာအမှန်တစ်ကယ်ပင်ဖြစ်သည် ပြန်တွေ့မိတိုင်း ကြက်သီးများပင်ထနေမိတော့သည်။
                ဖြစ်ရပ်မှာ(2008)ခုနှစ်၊မတ်လလောက်ကဖြစ်သည်။အစ်ကိုတစ်ဝမ်းကွဲတော်သူစာရေးသူတို့နေအိမ်
လည်ပြီးအပြန်တွင် ဇာတိရွာသို့အလည်ခေါ်ပါသည်။ ထို့ကြောင့်စာရေးသူလည်းမိခင်ထံခွင့်တောင်းကာတစ်ပတ်နေထိုင်ခွင့်ပြုချက်ရလိုက်ပါသည်။ထို့နောက်
အစ်ကိုဝမ်းကွဲ နှင့်အတူ ဇာတိရွာကို လိုက်ပါသွားခဲ့သည်။စားရေးသူ၏ ဇာတိရွာမှာ ပဲခူးဖြစ်သောကြောင့် စာရေးသူ၏ဇာတိရွာမှာပဲခူးမြို့ ၊လာဂမို့ကျေးရွာလေးဖြစ်သည်။
                  ရွာရောက်သည်နှင့် ညနေပိုင်းလောက်တွင် ငယ်သူငယ်ချင်းများနှင့် ဆုံမိ၏။
ထိုသူငယ်ချင်းများထဲမှ ရဲနောင်က ထန်းရည်သွားသောက်မည်ဟု အတင်းခေါ်လေသည်။ထိုအခါ စာရေးသူ
နှင့်အတူ အခြားသူငယ်ချင်းများဖြစ်သော ဇော်ဦးနှင့် ကျော်ကြီးသည်လည်း မငြင်းသာပဲ တစ်ညီတစ်ညွတ်
တည်း လိုက်ပါမိတော့သည်။
                    ထန်းရည်ဆိုင်သို့ ရောက်သောအခါ ထန်းရည်နှင့် အမြည်းအဖြစ် ကြွက်ကြော်ကို စားသောက်
ကြသည်။စာရေးသူကတော့ ထန်းရည်ကို သိပ်မသောက်နိုင်ပါ။ထန်းရည်ထက် ကြွက်ကြော်ကိုသာ ပိုမိုစား
ဖြစ်၏။ရဲနောင်၊ဇော်ဦးနှင့်ကျော်ကြီး တို့ကတော့ ထန်းရည်ကို အတော်ပင်သောက်နိုင်ကြ၏။သို့နှင့်
သူငယ်ချင်းများ ညမှောင်ရီသမ်းစပြုချိန်မှ ထန်းရည်ဆိုင်ကနေ ပြန်ဖြစ်ခဲ့ကြ၏။သူငယ်ချင်းများက စာရေးသူ
နေထိုင်ရာ ဦးလေး၏အိမ်ကို အရင်လိုက်ပို့ကြ၏။
                       အပြန်လမ်းတွင် အားလုံး အပေါ့သွားချင်ကြ၍ ကုက္ကိုပင်ကြီးတစ်ပင်အောက်၌` ကိစ္စရှင်းကြ၏
ထိုစဉ် လေးယောက်လုံး၏ ခေါင်းပေါ်သို့ အရာဝတ္ထုအချို့ လာရောက်ထိမှန်လေသည်။ရဲနောင်က သူ့တွင်
အသင့်ပါလာသောဓါတ်မီးနှင့် ထိုအရာတို့ကိုထိုးကြည့်ရာ ကက္ကိုသီးများဖြစ်နေသည်ကိုစာရေးသူတို့အားလုံး
တွေ့ကြရ၏။ ကုက္ကိုပင်သို့ထိုးကြည့်သောအခါ ငှတ်နှင့်အခြားအကောင်ပလောက်များကိုမတွေ့ရ ။ထို့အတူလေလဲလောက်လောက်လားလားမတိုက်သဖြင့်ကုက္ကိုသီးများကြွေစရာအကြောင်းမရှိပေ။
                      ထိုအခိုက်ကျော်ကြီးတစ် စုံတစ်ရာကိုညွှန်ပြ၍ သူလမ်းညွှန်သောဘက်သို့ စာရေးသူတို့အား
လုံးပြိုင်တူကြည့်လိုက်ကြသည်။ ကျော်ကြီးညွှန်ပြသောအရာမှာအခြားမဟုတ် ကုက္ကိုပင်နှင့်ခတ်လှမ်းလှမ်း
ချုံပုတ်နားမှ မိန်းကလေးတစ်ဦးပင်ဖြစ်သည်။ထိုမိန်းကလေးသည်စာရေးသူတို့ကိုကျောပေး၍ချုံပုတ်ဘက်
သို့မျက်နှာမှုကာထိုင်နေ၏။ကျော်နောင်ကသဲသဲကွဲကွဲ မြင်နိုင်ရန် ဓာတ်မီးနှင့်ထိုးကြည့်လိုက်မည်ပြုရာ ဓာတ်မီကမီးလင်းမလာ ခဲ ပေ။
                      စာရေးသူတို့ထဲမှကျော်ကြီးကဘယ်သူလဲဟုလှမ်းမေးလိုက်သည်။ မိန်းကလေးကပြန်မဖြေပေ။
ဇော်ဦးကဆက်မေး၏။မိန်းကလေးသည်နဂိုအတိုင်းတိတ် ဆိတ်စွာနေလေသည်။
                      စားရေးသူကတော့ သူမသိသော သူစိမ်းယေကျာ်းလေးများဖြစ်နေ၍ မိန်းကလေးမှာရှက်၊
ကြောက်စိတ်နှင့်စကားပြန်မပြောခြင်းမပြုဘဲကို့လမ်းကိုသွားကြရန် သူငယ်ချင်းများကိုပြောကြားလိုက်သည်။ထိုနောက်စားရေးသူအပါအဝင်သူငယ်ချင်းများအားလုံး ထိုနေရာမှထွကိခွာ၇န်ပြင်ဆင်လိုက်ကြသည်။
                      ထိုအခိုက်စာရေးသူခန္ဓာကိုယ်ရှိဆံပင်နှင့်မွှေးညှင်းအပေါ်ထောင်တက် သွားသလိုခံစား ရ၏။တစ်ကိုလုံးအေးစက်သွားကာကျောက်ရုပ်သဖွယ်တောင့်တောင့်ကြီးဖြစ်သွား၏။အကြောင်းမှာက
မူလထိုင်နေသောမိန်းကလေးသည်ပူဖောင်းကိုလေမှုတ်သကဲ့သို့ခန္ဒာကိုယ် တဖြေးဖြေးကြီးလာသောကြောင့် ဖြစ်သည်။ မည်မျှလောက်ကြီၤးလာသလဲဟုဆိုလျှင်စာရေးသူတို့အနီးရှိကုက္ကိုပင်ကြီးလောက်ပင်ရှိလာသည်ဟုထင်ရ၏။
                        ထိုမြင်ကွင်းကို ကြောက်အားကြီးစွာ မင်သက်နေမိစဉ် တစ်စုံတစ်ဦးကစာရေးသူ၏ လက်ကိုဆုတ်ကိုင်၍ အတင်းခေါ်သွားလေသည်။စာရေးသူလည်း ထိုလူဆွဲခေါ်ရာ နောက်သို့ တောက်
တောက် ကြီးပါသွားရင်း မိမိကိုယ်ကို လမ်းလျှေက်နေမှန်းမသိ ရပ်နေမှန်းမသိခဲပါ။ လေနှင့် အတူလွှင့်မျှော်
နေသည်ဟုခံစားနေမိ၏။
                        ထို့နောက် “ဖြောင်း” ခနဲ ဟူသောအသံ နှင့့်အတူ ဇာက်ပိုးမှနာ ကျင်မှူကြောင့် ဘေးနားသို့
လှည့်ြုကည့်ရာ ရဲနောင်ကိုတွေ့ရ၏။စားရေးသူ၏ဇာက် ပိုးကိုရဲနောင်ရိုက် လိုက်ခြင်းပင် ဖြစ်သည်။စားရေးသူ
ကိုစွဲခေါ်လာသူမှာလဲ ရဲနောင်ပင်ဖြစ်လေသည်။ပတ်ဝန်း ကျင်ကိုနှံ့နှံ့ စပ်စပ် ကြည့်လိုက်တော့ နေအိမ်ပြန်
ရောက်နေပြီဖြစ်ကြောင်းသိရလေသည်။တစ်အိမ်းသားလုံး စောရေးသူတို့နဘေးတွင် ဝိုင်းအုံနေကြလေပြီ။
ဇော်ဦးနှင့်ကျော်ကြီးကတော့ ဘုရားစဉ်နား၌ ဦးလေးပေးသောရေမှန်းကို သောက်နေကြ၏။
                       ဦးလေးသည်ဇော်ဦးနှင့်ကျော်ကြီးတို့ကို ရေမန်းတိုက်ပြီးသောအခါ ရေးမန်းခွက်ယူဆောင်
လာကာစာရေးသူနှင့်ရဲနောင်ကို တိုက် စေသည်။ ပြီးသည့်နောက်ကြောင်းစုံကိုမေးမြန်ရာ ရဲနောင်က လုံးစေပတ်စေ့ပြန်ပြောပြ၏။စာရေးသူကတော့၇င်တွေတုံရည်နေ သဖြင့် ဘာကိုမှပြန်မပြောနိုင်ပေ။
                     အကြောင်းစုံကိုဦးလေးသိရသောအခါ ဦးလေး ကနောက်နောင် ဘယ်သစ်ပင်မဆို အပေါ့
အလေးသွားခြင်းမပြုရန်၊ မဖြစ်မနေအရေးကြုံ၍ သွားမိလျှင်လည်း တောင်းပန်စကားပြောဆိုပြီးမှသါားကြ၇န်
ဆုံးမလေသည်။ထိုညကသူငယ်ချင်းများလည်းစားရေးသူနှင့်အတူဦးလေးအိမ်မှာ ဘဲအိပ် ကြလေသည်။
နောက်နေ့မနက်တွင် မူလကရွာတွင်တစ်ပတ်နေမည်ဖြစ်သောစာရေးသူလဲ နှစ်ရက်ထဲနှင့်မိခင်ဆီပြန်လာ
ခဲ့တော့သည်။
                    ဤဖြစ်ရပ်ကာ စာရေးသူဘဝတွင် သူရဲတစ္ဆေနှင့်ကြုံတွေ့ခဲ့ရသော ကိုယ်တွေ့ဖြစ်၇ပ်လေးဖြစ်
လေသည်။တစ်ခါတစ်ခါ ကုက္ကိုပင်နားက မိန်းကလေး အကြောင်းပြန်တွေးကြည့်လျှင် ကြက်သီးများပင်ထမိ
လေသည်။
                                                                                                               ဖိုးသူတော် (www.phothutaw.com)
Credit: ကိုမျိုး(ပဲခူး) 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top