ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အညာေႏြေတာ့ စၿပီဗ်ိဳ႕ ။ ေန႔ပူလို႔ ညခ်မ္း တေပါင္းလသရမ္းတဲ့ ။
ဟုတ္ပါ့ဗ်ာ။မနက္လင္းအားႀကီးဆိုရင္ ေစာင္ေတာင္ျခံဳရေသးတာဗ်ဳိ႕

ေန႔လယ္ ၊ ေန႔ခင္းက်ေတာ့ ေခြၽးတၿပိဳက္ၿပိဳက္က်ေပါ့ဗ်ာ။ယာလုပ္ငန္းမ႐ွိေပမဲ့ `ေရႊေတာင္ဦး ´ ဘုရားပြဲ အတြက္ က်ဳပ္တို႔မွာ

မနားရေတာ့ပါဘူးဗ်ာ။တပို႔တြဲ လျပည့္ေက်ာ္ၿပီဆိုကတည္းက က်ဳပ္တို႔မွာ အစည္​းအ​ေ၀း ေခၚၾက၊တာ၀န္ေတြခြဲၾက၊အလုပ္ေတြစလုပ္ၾကေပါ့ဗ်ာ၊

ဘုရားမွာ ျငမ္းဆင္ ၊ ထံုးသကၤန္း အသစ္ကပ္၊ ေစတီရံေတြ အုပ္တံတိုင္းေတြ ထံုးသုတ္ ၊ လက္ရမ္းသံတိုင္ေတြေဆးသုတ္၊

မီးတိုင္ေတြ စိုက္တဲ့သူက စိုက္ ၊မီးႀကိဳးသြယ္တဲ့လူကသြယ္ေပါ့ဗ်ာ။
ပစၥည္​း ေတြကအဆင္သင့္႐ွိေနတာဆိုေတာ့ ဘာမွမၾကာလိုက္ဘူးဗ်။

ဦးေရႊ႐ိုးကမဲ့ အဖြဲ႔ကလည္​း အၿပိဳင္​အဆိုင္​ တိုက္ၾကေရာဗ်ိဳ႕ ။ၿမိဳ႕ကဇာတ္ကလည္း ႏွစ္ဇာတ္ေလာက္ကမွာဆိုေတာ့ ဇာတ္ရံုကလည္းေဆာက္ရေသးသဗ်။

အခုလည္း သာသနာ့ အလံေတြ က်ဳပ္လိုက္ထူေနတာ ။ဘန္႔ေဘြးကုန္းက သိန္းေဇာ္တို႔ ညီအစ္​ကို နဲ႔ က်ဳပ္ေပါ့ဗ်ာ။

“ေဟ့ေကာင္ တာေတ ၊ ငါ့မွာ မင္းကို ႐ွာလိုက္ရတာကြာ ၊ငါတို႔အိမ္က
ႏြားညိဳႀကီးေတာထဲေပ်ာက္သြားလို႔ ႐ွာရသလိုပါပဲလား တာေတရာ “

သိနိးေဇာ္တို႔ ညီအစ္​ကို ေရာ က်ဳပ္ေရာ လွည့္ၾကည့္လိုက္ေတာ့
အုတ္ေလွကားထစ္ေတြကို နင္းလာတဲ့ ခါးႀကီးကိုင္းကိုင္းနဲ႔

ဘန္႔ေဘြးကုန္းက ကိုစံေအးႀကီးဗ် ။ သူ႔ထံုးစံအတိုင္း အသံက်ယ္က်ယ္နဲ႔ လွမ္းေျပာလိုက္တာဗ်။

” ဟားဟား ဟားဟား ကိုၾကီးစံေအးရာ ခင္​ဗ်ား ေျပာလိုက္မွျဖင့္္
တာေတေတာင္ ႏြားျဖစ္ေတာ့မလိုပဲ ၊ ခင္​ဗ်ား ကေတာ့ “

“ဟာ ငါက အဲ့လိုေျပာတာမဟုတ္ပါဘူးကြာ ။ တာေတ့ကို ႐ွာရခက္တာ ေျပာတာပါသိန္းေဇာ္ရာ “

လူကျပံဳးျဖဲျဖဲလုပ္ၿပီး ေျပာေနတာဗ် ၊ကိုႀကီးစံေအးက က်ဳပ္တို႔ကိုေတြ႔ရင္ သူ႔ညီလိုပဲအျမဲစေနၾက။

“ကိုႀကိိးစံေအး ေရႊေတာင္ဦး ဘုရား လာဖူးတာလား”
သိန္းေဇာ္ညီ သိန္​းတင္က ကိုစံေအးႀကီးကို လွမ္းၿပီးႏႈတ္ဆက္တာဗ်၊

” ေအးေပါ့ သိန္းတင္ရာ ဘုရားလည္းဖူးရင္း ႏြားလည္း႐ွာရင္း အဲ..
ဟုတ္ပါဘူး။ တာေတ့လည္း႐ွာရင္းေပါ့ကြာ “

က်ဳပ္ကိုထပ္စေသးသဗ်။ ၿပီးေတာ့မွ ဘုရားကို ဦးခ်တယ္။ခဏေနေတာ့မွ က်ဳပ္တို႔ အလံစိုက္ေနတဲ့ ဆီကို ဆင္းလာတာဗ်

” ကိုႀကီးစံေအး က်ဳပ္ကို လာ႐ွာတာ ဘာကိစၥ ႐ွိလို႔တံုး ”
” တို႔အိမ္မွာ မင္းဆရာႀကီး ဘိုးလူေပ ေရာက္ေနလို႔ကြ ၊

ၾကည့္ရတာေတာ့ အေရးႀကီးတဲ့ ကိစၥ႐ွိပံုပဲ ၊ မင္းကိုေခၚေပးပါဆိုလို႔
ထြက္လာတာ “

က်ဳပ္သိန္းေဇာ္တို႔ ညီအစ္​ကို ကိုအက်ိဳးအေၾကာင္းေျပာၿပီး ထားခဲ့ရတာေပါ့ဗ်ာ ။ဘိုး လူေပ ကပိန္လည္းမပိန္ ၊ ၀လည္းမ၀ဘူးဗ်၊

အရင္အတုိင္းပဲ က်ဳပ္ကိုျမင္ေတာ့ ျပံဳးျပတယ္။
” ေမာင္ တာေတ ေနေကာင္းရဲ႕လားကြဲ ့ “

” ဟုတ္ကဲ့ ေကာင္းပါတယ္ ဆရာႀကီး ၊ ဆရာႀကီးေရာ က်န္းမာရဲ႕လား “

“က်န္းမာပါတယ္ ေမာင္တာေတ ၊ ႏို႔ ေမာင္တာေတရဲ႕ မိဘမ်ားေရာ
ေနထိုင္ေကာင္းၾကရဲ႕လားကြဲ႔”
” ဟုတ္ကဲ့ ဆရာႀကီး အဘေရာ အေမေရာ ေနေကာင္းၾကပါတယ္ “

” ေအးေအး က်န္​းမာ ၾကပါေစကြယ္ ၊က်န္းမာၾကပါေစ ”
” ဆရာႀကီး အခုလို ျဗဳန္​းစားႀကီး ေရာက္လာေတာ့ အေၾကာင္း
အေၾကာင္းထူးမ်ား႐ွိေနလို႔လား “

က်ဳပ္ ေမးလိုက္ေတာ့ ဘိုးလူေပက ႏႈတ္​ခမ္​း ေမႊးေလးတင္းသြားတယ္ဆိုရံုေလာက္ျပံဳးလိုက္တယ္။

“ကိစၥ ရွိတယ္​ ေမာင္တာေတ၊ ကိစၥ ကဒီအနီးအနားမွာ မဟုတ္ဘူးကြဲ႔၊ခရီးထြက္ရမွာ ၊ ခရီးကလည္းေ၀းတယ္ကြဲ႔ ၊ ဆလံုလူမ်ိဳးေတြ႐ွိတဲ့

ေဒသကိုသြားရမွာ ေမာင္တာေတရဲ႕ “

” အဲ့ဒီ ေဒသမွာ ပညာသည္ဆိုးေတြ ႐ွိေနလို႔လား ဆရာႀကိိး ”
” ဟာ..မဟုတ္ဘူး ေမာင္တာေတ ရဲ႕ ဒီတစ္ခါသြားမဲ့ ခရီးက

ပညာသည္ ႏွိမ္​နင္​း မဲ့ခရီးမဟုတ္ဘူး ဆရာႀကိီးရဲ႕ကိစၥပါ ၊
ဆရာႀကီးပညာစခန္း ထပ္တက္ရမဲ့စခန္းပါ “

” ေျသာ္.. ဒါနဲ႔ က်ဳပ္က ဆရာႀကီးကို ဘာအကူအညီေပးရမွာတုန္းဆရာႀကိီးရဲ႕ “

” ဒီလိုကြဲ႔ ေမာင္တာေတရဲ႕ ေစာေစာကက်ဳပ္ေျပာတဲ့ ဆလံုေတြရဲ႕ ေဒသမွာ ကြၽန္းႀကီးတစ္ကြၽန္း႐ွိတယ္။ ပင္လယ္ထဲမွာေပါ့ကြယ္ ၊

အဲ့ဒီ ကြၽန္းႀကီးေပၚမွာ ေနမထိေတာင္လို႔ ေခၚတဲ့ေတာင္ၿကီး တစ္ေတာင္႐ွိတယ္”

” ဗ်ာ ေနမထိေတာင္ ဟုတ္လား ဆရာႀကီး ၊ေနမထြက္လို႔လားဗ် ”
” ေနကေတာ့ ထြက္ပါတယ္။ဒါေပမဲ့ ဒီေတာင္ေပၚကို

ေနေရာင္လံုး၀မက်ဘူးကြဲ႔၊ ေအး တစ္ႏွစ္လံုးမွာ တေပါင္းလျပည့္ေန႔တစ္ရက္ပဲ မြန္​းတည္​့ ခ်ိန္မွာ ဆယ္မိနစ္ေလာက္

ေနေရာင္က်တယ္။ ၿပီးရင္ ျပန္ေမွာင္သြားေရာကြဲ႔ ၊ တစ္ႏွစ္လံုး ေနေရာင္မထိုးေတာ့ ဒီေတာင္ေပၚမွာ ေပါက္တဲ့အပင္ေတြကအစ

ထူးထူးျခားျခား အပင္ေတြေပါက္တာကြဲ႔၊ ႏြယ္႐ွင္ႀကီးေတြေတာင္႐ွိတယ္ “

” ဗ်ာ ႏြယ္​ရွင္​ ဟုတ္လား ဆရာၾကီး”
” ဟုတ္တယ္ကြဲ႔ ေမာင္တာေတရဲ႕ ေနမထိ ​ေတာင္​ႀကီးက

မတ္မတ္ႀကီးဆိုေတာ့ဒိိအတိုင္းတက္ရင္ ေတာင္ထိပ္ကိုေရာက္ဖို႔က
သိပ္မလြယ္ဘူး။လျပည့္ လကြယ္ ေန႔ေတြမွာေတာင္ေပၚက

ဆင္းလာတဲ့ ႏြယ္႐ွင္ႀကိိးေတြကို စီးၿပီးလိုက္မွ ေတာင္ထိပ္ကိုေရာက္တာကြဲ႔ “

” ဆရာႀကီး ေတာ့ အဲ့စလံုကြၽန္းကိုေရာက္ဖူးတယ္ ထင္တယ္ ”
က်ဳပ္ကေတြးၿပီးေျပာလိုက္ေတာ့ ဘိုးလူေပက ျပံဳးၿပီး ေခါင္းညိတ္ျပတယ္ဗ် “

က်ဳပ္ ေမာင္တာေတ အရြယ္​တုန္းက က်ဳပ္ရဲ႕ ေမြးစားအေဖလည္းဟုတ္ ၊ က်ဳပ္ရဲ႕ ဆရာလည္း ဟုတ္တဲ့

ပထမံဆရာပြားႀကီးနဲ႔ တစ္ေခါက္ေရာက္သြားဖူးတယ္။ဒီတုန္းက က်ဳပ္တက္မဲ့ ပညာစခန္းကိုက်ဳပ္အဘဆရာႀကီးတက္ခဲ့တာေပါ့ကြယ္

ဒိီတစ္ခါေတာ့ က်ဳပ္တက္ရမယ့္အလွည့္ေရာက္ၿပီ ေမာင္တာေတ၊
ဒိီေတာ့ မျဖစ္​မ​ေန က်ဳပ္သြားရမယ္။သြားရမွာကလည္းအခုလာမယ့္

တေပါင္းလျပည့္ေန႔အမွီသြားရမွာ၊ အဲ့ဒီ့ေန႔မွာ က်ဳပ္ကပညာစခန္းတက္ရမွာကြဲ႔၊ အဲ့ဒါေမာင္တာေတ က်ဳပ္နဲ႔

ဆလံုကြၽန္းကို လိုက္ခဲ့ၿပီး က်ဳပ္ကိုအကူအညီေပးပါလို႔ ေမတၱာ ရပ္ခံခ်င္လို႔ပါကြယ္ “

က်ဳပ္စဥ္းစားၾကည့္တယ္။ဆရာႀကီးေဒါက္တာ မင္းေအာင္တို႔ ဆရာႀကီး စိုင္းႏြံဖတို႔နဲ႔ေတာင္ ယိုးဒယား နယ္စပ္အထိလိုက္ခဲ့ဖူးတာ

ပဲဗ်ာ၊ ပင္လယ္ဖ်ားသြားရေတာ့ေရာ ဘာေၾကာက္စရာ႐ွိလို႔တုန္း ။ေနာက္ၿပီးေတာ့ ဘိုးလူေပလို အထက္လမ္းဆရာစစ္စစ္၊လူသူေတာ္

ေကာင္းႀကီးတစ္ေယာက္ ပညာစခန္းတက္ရမဲ့ ကိစၥ မ်ိဳးကို ကူညီခြင့္ရတာပဲ က်ဳပ္အတြက္ ၀မ္းသာစရာျဖစ္ေနၿပီေပါ့ဗ်ာ။

အဘနဲ႔ အေမကလည္း က်ဳပ္ခြင့္ေတာင္းရင္ ရမွာပါ။ ဒီေတာ့ ဘိုးလူေပကို တစ္ထိုင္တည္းပဲ က်ဳပ္ကတိ ေပးလိုက္ေတာ့တယ္ဗ်ာ။

အဘနဲ႔အေမကို က်ဳပ္လိုက္ခဲ့ပါ့မယ္ ဆရာႀကီး ”
က်ဳပ္စကားကိုၾကားေတာ့ ဘိုးလူေပ ေတာ္ေတာ္ကို ၀မ္းသာသြားတာဗ်။

“ဟာ ဒါဆို ေနရာက်ၿပီေပါ့ ေမာင္တာေတရာ ”
က်ဳပ္က အဘနဲ႔ အေမကို ခြင့္ေတာင္းေတာ့ခြင့္ျပဳတယ္။ဒီတစ္ခါ

အဘနဲ႔ အေမတင္ ခြင့္ေတာင္းရတာမဟုတ္ဘူးေလ ဗ်ာ။ဘုရားပြဲ က်င္းပတဲ့ ေကာ္မတီကုိပါအက်ိဳးအေၾကာင္းေျပာၿပီး

ခြင့္ေတာင္းရတာဗ်။ က်ဳပ္တာ၀န္ ယူထားတဲ့ ကိစၥကိုတျခားတစ္ေယာက္နဲ႔ အစားထိုးရေတာ့မွာေပါ့ဗ်ာ။

ဘန္႔ေဘြးကုန္းေရာ၊ ထေနာင္း ကုန္းေရာကလူႀကီးေတြေတာ္ေတာ္မ်ားမ်ားကဘိုးလူေပကိုသိထား

ၾကတာေလဗ်ာ။ဒီေတာ့လည္း ခြင့္္ျပဳၾကတာေပါ့။ က်ဳပ္လာျဖစ္ကတည္းက ဒီတစ္ခါပဲ

ေရႊေတာင္ဦးဘုရားနဲ႔လြဲဖူးတာဗ်။ဒါေပမဲ့လည္း က်ဳပ္ေတြးၾကည့္တယ္ေလ၊ေရႊေတာင္ဦးဘုရားပြဲက ေနာင္လည္းႏွစ္တိုင္း ႐ွိမွာပဲေလဗ်ာ။ ဘိုးလူေပလို ပုဂိၢဳလ္​ ႀကီးစခန္း

တက္ဖို႔က ဒီတစ္ခါပဲ အခ်ိန္ကိုက္လုပ္ရမွာ။ ဘိုးလူေပလို လူသူေတာ္
ေကာင္း အထက္လမ္းပညာ႐ွင္ႀကီး႐ွိေနရင္ ေဟာဒီ့ ေလာကႀကီးမွာ

စုန္းေတြ ၊ ကေ၀ေတြ ၊ ေအာက္လမ္း ပညာသည္ေတြ ေတာ္ေတာ္ မ်ားမ်ား ကို နိမ္ႏွင္းပစ္လို႔ ရတယ္ေလဗ်ာ။ဘိုးလူေပကို က်ဳပ္မျဖစ္

မေန ကူညီရမွာဗ်။မွတ္မွတ္ရရပါပဲဗ်ာ ။ က်ဳပ္နဲ႔ ဘိုးလူေပ ရြာကထြက္ေတာ့ တစ္ေပါင္းလဆန္းတစ္ရက္ဗ်။ ဆုတ္တစ္ရက္၊

ဆန္းတစ္ရက္ ခရီးမထြက္ရဘူးလို႔က်ဳပ္တို႔ရြာက လူႀကီးေတြ ေျပာေလ့႐ွိတဲ့အေၾကာင္း က်ဳပ္က ဘိုးလူေပကိုေျပာျပေတာ့

ဘိုးလူေပက ရယ္ၿပီးေျပာတယ္ဗ် ၊။
” ဒါေတြက ရြာဓေလ့ ၊ ရပ္ဓေလ့ အယူအဆ ေတြပါ ေမာင္တာေတရယ္၊လူေတြကို ကယ္ဖို႔ လုပ္ရတဲ့ ကိစၥမွာ ျပႆဒါး တို႔

ရက္ယုတ္မာ တို႔ မ႐ွိပါဘူးကြယ္၊ ေန႔တိုင္း ေန႔တိုင္း ဟာမဂၤလာ႐ွိတဲ့
ရက္​ရာဇာ ေတြခ်ည္းပါပဲ “

ဘိုးလူေပရဲ႕ စကားကို က်ဳပ္ က ေခါင္းညိတ္ျပလိုက္တယ္။
ရန္ကုန္ ေရာက္ေတာ့ က်ဳပ္နဲ႔ ဘိုးလူေပ ဘိတ္စက္ေလွ တစ္စီးနဲ႔

လုိက္ခဲ့ၾကတယ္။ က်ဳပ္တို႔ စီးတဲ့ စက္ေလွရဲ႕ နံမည္က ` ေငြပင္လယ္´
တဲ့ဗ်၊ ပင္လယ္ထဲမွာ တစ္ညအိပ္ၿပီးေတာ့မွ ဘိုးလူေပက က်ဳပ္ကို

ေမးတယ္။
” ေမာင္ တာေတ လိႈိင္းေတြ ဘာေတြ မမူးဘူးလား ”
“ဟာ မမူးဘူး ဆရာႀကီးရဲ႕ ၊ က်ဳပ္က က်ဳပ္တို႔ရြာကကုိဆိတ္ဖြားနဲ႔

ပင္လယ္ခရီးထြက္ဖူးပါတယ္ ”
” ေဟ ဟုတ္လား ၊ဟန္က်လိုက္တာကြယ္၊က်ဳပ္က ေမာင္တာေတ ကို

ေခၚသာ လာခဲ့ရတာ ေမာင္တာေတ ကအညာသားေလးဆိုေတာ့
ပင္လယ္ခရီးမွာ လိႈင္းေတြဘာေတြမ်ား မူးေနမလားလို႔စိုးရိမ္ေနတာ

ႏို႔ ေမာင္တာေတ ေရေတြ ဘာေတြေရာ ကူးတတ္ရဲ႕လားကြဲ႔ ”
” ကူးတတ္တယ္ ဆရာႀကီး ၊ က်ဳပ္ေရလည္း ေကာင္းေကာင္းငုပ္တတ္ တယ္ “

” ေဟ ၊ ေမာင္တာေတက အညာသား သာ ဆိုတယ္ အာဂလူေပပဲကြဲ႔”
” က်ဳပ္ ဆရာ စိုင္းႏြံဖ တို႔ ဆရာႀကီး ေဒါက္တာမင္းေအာင္ တို႔နဲ႔ ” ကန္ေတာ္ ကေ၀မ ” လိုက္တုန္းက ေရေအာက္မွာ မိေက်ာင္းနဲ႔
သတ္ခဲ့ဖူးတယ္ ဆရာႀကီးရဲ႕ “

” ေျသာ္ ေမာင္တာေတက က်ဳပ္ထင္ထားတာထက္ေတာင္ အရာေရာက္ေနတဲ့ လူပါလား ၊ မင္းဆရာႏြံဖလက္ေပၚမွာက်ဳပ္ႀကီးခဲ့

ရတာကြဲ႔ ၊ က်ဳပ္ကို အကိုႀကီးတစ္ေယာက္လို ထိန္းေက်ာင္းခဲ့တာ က်ဳပ္ဆရာႏြံဖကို မၾကာမၾကာ သတိရပါတယ္ ေမာင္တာေတရယ္ “

က်ဳပ္တို႔ ဘိတ္ကို ေရာက္ေတာ့ ဆရာႀကိိး ဘိုးလူေပကဘုန္းႀကီးတစ္ေက်ာင္းကို သြားတယ္။ ေက်ာင္းထိုင္ဆရာ

ေတာ္ႀကီးကို ၀တ္ျဖည့္လိုက္ၾကေတာ့ ဆရာေတာ္ႀကီး ကဘယ္သူေတြတံုးလို႔ေမးတယ္။ က်ဳပ္စိတ္ထင္ေတာ့ ဆရာေတာ္ႀကီးက သက္ေတာ္ေျခာက္ဆယ္ေလာက္ပဲ႐ွိမယ္ထင္တယ္။

ဒါေပမဲ့ ဘိတ္သံ၀ဲ၀ဲနဲ႔ဘိုးလူေပကို ေျပာဆိုေနတဲ့ ပံုက သက္ေတာ္ကိုးဆယ္ေလာက္႐ွိတဲ့ ပံုစံမ်ိဳးဗ်။

တပည့္ေတာ္ ေမာင္လူေပပါ ဘုရား ”
” ေဟ ေမာင္လူေပ ဟုတ္လား ၊ ဒကာ ပြားႀကီးရဲ႕သားလား “

” ေဟ၊ၾကည့္စမ္း ၊ မင္းအဘ ဆရာပြားႀကီးေရာ ႐ွိေသးလားဟဲ့
ေမာင္လူေပရဲ႕ ၊ ၾကည့္စမ္း မင္းေတာင္ဒီအရြယ္ေရာက္ေနပါေရာလား “

” အဘက ႐ွိေတာ့ ႐ွိပါတယ္ဘုရား ၊ ဒီမွာမဟုတ္ဘူး ဘုရား ”
” ေျသာ္ ၊ သိၿပီ ၊ သိၿပီ ၊ ေမာင္လူေပ ၊ ႏို႔ ဘိတ္ကို ဘာကိစၥ လာတံုးကြဲ႔”

” တပည့္ေတာ္ ရဲ႕ ဖခင္ ဆရာပြားႀကီးတုန္းကလိုပါပဲဘုရား၊ ဆလံုးကြၽန္းႀကီးကိုသြားၿပီး ပညာစခန္းတက္မလို႔ပါ ဘုရား “

” ကဲ ကဲ နားလိုက္ၾကဦး ”
ဆရာေတာ္ႀကီးက သူ႔ေဘးမွာ ခ်ထားတဲ့ ေၾကးေခါင္းေလာင္းကိုယူၿပီး ေခါက္လိုက္တယ္။

” ကလင္ ကလင္ ”
ေခါင္းေလာင္းသံ ဆံုးတာနဲ႔ ဦးပဥၨင္းတစ္ပါးေရာက္လာတယ္။

” ဟဲ့ ေရ၀တ၊ ဒီ ဧည့္သည္ေတြကို ဟိုဘက္က ထား၀ယ္ေက်ာင္းေဆာင္မွာ တည္းခိုဖို႔ လုပ္ေပးလိုက္ကြဲ႔ “

ဦးပဥၨင္း ဥိီးေရ၀တ ေနာက္ကို ဘိုးလူေပနဲ႔ က်ဳပ္လိုက္လာခဲ့တယ္။ဦးပဥၨင္းက က်ဳပ္တို႔အိပ္ဖို႔အိပ္ရာေတြျပင္ဆင္ေပးတယ္။

ၿပီးေတာ့ ေက်ာင္းႀကီးရဲ႕ ေအာက္ထပ္မွာ ထမင္းေကြၽးတယ္။ ထား၀ယ္ေက်ာင္းေဆာင္ႀကီးက ဆြမ္းစားေဆာင္ႀကီးဗ်။

က်ဳပ္တို႔ ေန႔လည္ဘက္ တစ္ေရးတစ္ေမာ အိပ္လိုက္တယ္။
ညေနေစာင္းေတာ့ ဆရာေတာ္ေခၚခိုင္းလို႔ က်ဳပ္နဲ႔ ဘိုးလူေပနဲ႔

ဆရာေတာ္ႀကီး သီတင္းသံုးတဲ့ မွန္ေက်ာင္းေလးကိုလာခဲ့ၾကတယ္။
” ေမာင္လူေပ ဒိိေန႔က ဆယ့္သံုးရက္ေန႔ဆိုေတာ့ မနက္​ျဖန္​ ခါ

ဆလံုးကြၽန္းကို အေရာက္သြားရမွာမဟုတ္လား ၊ ဒါမွလျပည့္ေန႔မွာ
ပညာစခန္းတက္ရမွာေပါ့ “

” မွန္ပါ့ ဘုရား ၊ လျပည့္ေန႔မွာ ပညာစခန္းတက္ရမွာပါ ဘုရား ”
” ေအးေအး ေဟာဒီ့က ကပၸိယႀကီးက အားလံုးစီစဥ္ေနၿပီ “

က်ဳပ္ေရာ ဘိုးလူေပေရာ က်ဳပ္တုိ႔ နဲ႔ မလွမ္​းမကမ္​း မွာထိုင္ေနတဲ့
ကပၸိယႀကီးကို လွည့္ၾကည့္လိုက္တယ္။

​ေသွ်ာင္​ထံုး ႀကီးတစ္ေစာင္းထံုးထားတဲ့ အသားညိဳညိဳနဲ႔ ကပၸိယႀကီးက ဖ်င္ၾကမ္းအက်ႌႀကီး ၀တ္လို႔ဗ် ။

က်ဳပ္တို႔ကို ျပံဳးၿပီး ေခါင္းညိတ္ျပတယ္။
” ကဲ ကပၸိယႀကီး၊ ေမာင္ လူေပတို႔ကို ေျပာျပလိုက္ပါဦး ”
” က်ဳပ္အားလံုး စီစဥ္ထားပါၿပီ ဘိုးလူေပ ၊ ပထမံပြဲအတြက္

ငွက္ေပ်ာ္ဆယ္ဖီး၊ ကြၽန္းပိုင္႐ွင္မအတြက္ ငွက္ေပ်ာ္သံုးဖီး၊ၿပီးေတာ့ အုန္​းသီး ႏွစ္လံုး ၊အေမႊးတိုင္၊႐ွန္ပန္းစအျဖဴ ၊ ေသာက္စရာ ေရ ၊ အားလံုးကို စီစဥ္ထားပါတယ္။

မနက္​ျဖန္​ ခုႏွစ္နာရီ တိတိမွာ ေရဆိပ္ကို ဆင္းရပါမယ္။ အဲ့ဒီ့မွာ ဆလံုေလွတစ္စင္း အဆင္သင့္ေစာင့္ေနမယ္။

ဆလံုကြၽန္းႀကီးအေရာက္ သူတို႔ပို႔ေပးၿပီး ေတာင္ေပၚအထိ
ဆလံုႏွစ္ေယာက္ကလိုက္ပို႔ေပးၾကလိုက္မယ္။ ၿပီးရင္ သူတို႔ေလွက

ေနျပန္ေစာင့္ေနလိုက္မယ္။ဘိုးလူေပတို႔ ျပန္ေရာက္လာေတာ့မွေလွနဲ႔ ဘိတ္ကို ျပန္ေခၚလာၾကလိမ့္မယ္”

” ေက်းဇူး အထူးတင္ပါတယ္။ ကပၸိယႀကီးရယ္ ”
ဘိုးလူေပက ကပၸိယႀကီးကို ႐ို႐ို​ေသ​​ေသ ေျပာလိုက္တာဗ်။ကပၸိယၿကီးကေတာ့ ဘာမွျပန္မေျပာဘဲ ျပံဳးၿပီးေခါင္းညိတ္ျပတယ္။

ဆရာေတာ္ႀကီးကေတာ့ ဘိုးလူေပကို မိန္႔တယ္
” ေမာင္လူေပ ပညာစခန္း အတက္လမ္းဆိုတာ အင္မတန္မွာ အဖ်က္

ၾကမ္းတတ္တယ္ကြဲ႔ ၊ အစစအရာရာ သတိမလစ္ေစနဲ႔ ၊ မနက္ျဖန္ အ႐ုဏ္တက္မွာ က်ဳပ္ဆီကေန သီလယူသြားၾက

၊ေနမထိေတာင္ေပၚမွာ သီလလံုေအာင္ထိန္းၿပီးေန ၊ လုပ္စရာ႐ွိတာကို
တစ္ဆင့္ခ်င္း အဆင့္မေက်ာ္ေအာင္ လုပ္ေပေတာ့ ေမာင္လူေပ၊

ဒီ႐ုပ္ ၊ ဒီခႏၶာ ၊ ဒီအသက္နဲ႔ပဲ ဘဘုန္းဆီကို ျပန္ေရာက္လာပါေစဗ်ာ”
” မွန္လွပါဘုရား “

ဆရာေတာ္ႀကီးရဲ႕ ဆုေတာင္းစကားကိုၾကားေတာ့ က်ဳပ္ေတာ္ေတာ္ လန္႔သြားတာဗ်။ က်ဳပ္နဲ႔ ဘိုးလူေပ ထား၀ယ္ေက်ာင္း ေဆာင္ကို

ပန္ေရာက္ေတာ့ က်ဳပ္က ဘိုးလူေပကို ဆရာေတာ္ႀကီး အေၾကာင္း
ေမးတယ္။
” ေမာင္တာေတ ၊ ဆရာေတာ္ႀကီး ရဲ႕ သက္ေတာ္ဘယ္ေလာက္႐ွိၿပီ
ထင္လဲ “

” သက္ေတာ္ ေျခာက္ဆယ္ေလာက္လို႔ ထင္တယ္ ဆရာႀကိီးရဲ႕ ”
ဘိုးလူေပ က ျပံဳးလိုက္ၿပီးမွေျပာတယ္။

” သက္ေတာ္ ရာေက်ာ္ေနၿပီ ေမာင္တာေတရဲ႕၊ က်ဳပ္စိတ္ထင္ေတာ့
တစ္ရာ့ငါးဆယ္ေလာက္႐ွိၿပီထင္တယ္ “

” ဗ်ာ ဟုတ္လား ဆရာႀကီး ၊ ၿပီးေတာ့ ဆရာႀကီးလုပ္မဲ့ ကိစၥေတြကို
ဆရာေတာ္ႀကီးက အားလံုးသိေနတာဗ် ၊ဆရာႀကီး ဘာမွမစီစဥ္ရဘဲ

ဆရာေတာ္ႀကီးက အဆင္​သင္​့ စီစဥ္ေပးထားတယ္ဗ် ”
” ဟုတ္တယ္ ေမာင္တာေတ ၊ ဆလံုကြၽန္းလို႔ေခၚတဲ့ မဖဲ၀ါ ကြၽန္းမွာ

ပညာစခန္းတက္ဖို႔အတြက္ ၀င္ေပါက္က ဒီက စရတာကြဲ႔၊ဆရာေတာ္ႀကီးက လက္ခံၿပီးစီစဥ္လႊတ္လိုက္မွ ေနမထိေတာင္ေပၚကို

တက္လို႔ရတာ ၊ ဒီေဒသက ဆလံုေတြဟာေနမထိေတာင္ေပၚကို ဘယ္သူမွ မတက္၀ံ့ၾကဘူး။ ဆရာေတာ္ႀကီးသြားခိုင္းမွသြားၾကတာ

အခုလည္း က်ဳပ္တို႔ကို လိုက္ပို႔မဲ့ ဆလံုေတြက ဆရာေတာ္ႀကီး ရဲ႕
အမိန္႔နဲ႔မို႔လို႔လိုက္ပို႔ၾကမွာ “

” ေနပါဦး ဆရာႀကီးရဲ႕၊ ေစာေစာက ဆရာႀကီးေျပာလိုက္တာ မဖဲ၀ါကြၽန္းဆိုသလားပဲ ”
” ေအး ဟုတ္တယ္ ေလ ေမာင္တာေတ ၊ ဆလံုကြၽန္းႀကီးက မဖဲ၀ါကြၽန္းေလ၊ ကြၽန္းပိုင္႐ွင္မက မဖဲ၀ါကြဲ႔ “

” ဟာ…ဟုတ္လား ဆရာႀကီး ”
” ဟုတ္တယ္ကြဲ႔ ၊ က်ဳပ္တို႔ေတြ ဒီပညာစခန္းတက္ဖို႔ အတြက္ မဖဲ၀ါရဲ႕ အကူအညီ ကိုအမ်ားႀကီးယူရတယ္။မဖဲ၀ါကိုလည္း ပြဲတစ္ပြဲ
သက္သက္ေပးရတာကြဲ႔ “

ိ”ေျသာ္… လတ္စသတ္ေတာ့ ဒီကြၽန္းႀကီးက မဖဲ၀ါေနတဲ့ ကြၽန္းႀကီးကိုး “

” ဟုတ္တယ္ ေမာင္တာေတ ၊ ေနမထိေတာင္ေပၚမွာ မဖဲ၀ါေနတဲ့ ဂူႀကီး႐ွိတယ္။ ဒါေပမဲ့ ဆရာေတြက အဲ့ဒီ့ဂူကို လံုး၀မသြားရဘူး “

” ဟင္ ဒါဆိုရင္ သခ်ႋဳင္းေတြကို ေစာက္ေ႐ွာက္တဲ့ မဖဲ၀ါက တျခားမဖဲ၀ါ တစ္ေယာက္လား ဆရာႀကီး “

” ဟာ မဟုတ္ဘူးကြဲ႔ သူပဲ ေမာင္တာေတရဲ႕ ၊ မဖဲ၀ါက ႐ုပ္ခြဲ နာမ္ခြဲေတြ အမ်ားျကီး ခြဲႏိုင္တယ္ကြဲ႔၊ မဖဲ၀ါ ရဲ႕ ကမၼဇိဒၶက နည္းနည္း

ေနာေနာ မဟုတ္​ဘူး ေမာင္တာေတ ”
” ေျသာ္ ဒီလိုကိုး “

ေနာက္ေန႔မနက္ အာ႐ုဏ္တက္မွာ ဘိုးလူေပေရာ က်ဳပ္ေရာ ဆရာေတာ္ႀကီးဆီမွာ ကိုးပါးသီလခံယူၾကတယ္။ ဘိုးလူေပနဲ႔က်ဳပ္

ဆရာေတာ္ႀကီး ေက်ာင္းမွာ အာ႐ုဏ္ထမင္းစားၿပီး ေလွဆိပ္ကို ဆင္းခဲ့ၾကတယ္။ဆရာေတာ္ရဲ႕ ကပၸိယႀကီးက လိုက္ပို႔တာဗ်။

ေရဆိပ္မွာ က်ဳပ္တို႔ကိုအဆင္သင့္ေစာင့္ေနတဲ့ ဆလံုေလွသမားေလးေယာက္က က်ဳပ္တို႔ကိုျမင္တာနဲ႔ ေလွထြက္ဖို႔

ျပင္ေတာ့တာဗ်ိဳ႕ ။ညေနေစာင္းေတာ့မွ မဖဲ၀ါေနတဲ့ ဆလံုကြၽန္းႀကီးကို
ေရာက္တာဗ်၊ေျသာ္…ဒီကြၽန္းမွာ မဖဲ၀ါ ေနသတဲ့ ။ က်ဳပ္ျဖင့္ အံ့ျသ

သြားတာပဲဗ်ာ။ဘိုးလူေပကိုယ္တုိင္ေျပာမွေတာ့ ဘယ္မွာမဟုတ္ဘဲ႐ွိမွာတံုး ။ မဖဲ၀ါက ႐ုပ္ခြဲ နာမ္ခြဲေတြ အမ်ားႀကီး

ခြဲထုတ္ႏိုင္တယ္ဆိုပဲ ။ ေလကြယ္တဲ့ဘက္မွာ ဆလံုႀကီးေတြက ေလွကုိ
ကပ္လိုက္တယ္။ေလွကပ္တာနဲ႔ ဆလံုႏွစ္ေယာက္က ကြၽန္းေပၚကို

တက္သြားၿပီး ထင္းတံုးေတြ ၊ ထင္းေခ်ာင္းေတြ ထမ္းခ်လာတယ္။
” ေမာင္တာေတ ျမင္လား ၊ ဟိုေတာင္ထြတ္ႀကီးကေနမထိေတာင္ေပါ့
ကြဲ႔ ၊ ျမင္လား ဒီကြၽန္းေပၚမွာ ေနပူေနတုန္း႐ွိေသးတယ္။

အဲ့ဒီ ေတာင္ႀကီးေပၚကို ၾကည့္လိုက္၊ေနေရာင္ထိုးေနတာ ျမင္လား ”
ဟာ..ဟုတ္ပါရဲ႕ဗ်ာ။ ေတာင္ႀကီး တစ္ေတာင္လံုးက ေနရိပ္ေနတာဗ်၊

ကြၽန္းႀကီးတစ္ကြၽန္းလံုး ေနပူေနေပမယ့္ ေနမထိေတာင္ႀကီးက ေနရိပ္ေနတာဗ်၊ ေနေရာင္ကို တစ္ခုခုနဲ႔ကြယ္ထားသလိုပဲ

ေတာ္ေတာ္ကို ထူးဆန္းတာဗ်။
” တစ္ႏွစ္လံုး ေနမထိေတာ့ ေနေရာင္ေၾကာက္တဲ့ နာနာဘာဝ ေတြ ၊ နတ္မိစၦာေတြ ၊ ေသြးစုတ္ေကာင္ေတြ အဲ့ဒီေတာင္မွာစုျပံဳေနၾကတာကြဲ႔”

” ဟာ ဟုတ္လား ဆရာႀကီး ၊ က်ဳပ္တို႔ သြားလို႔ အႏၱရာယ္ကင္းပါ့မလား “

” မပူပါနဲ႔ ေမာင္တာေတ ၊ အဲ့ဒီ မေကာင္းဆိုး၀ါးေတြ အားလံုးမဖဲ၀ါကို ေမာ့မၾကည့္ရဲၾကပါဘူးကြာ ၊ ဒါေပမဲ့ သူတို႔ကို

ႏွိမ္​နင္​း ႏိုင္တဲ့ က်ဳပ္ကိုေတာ့ ပညာစခန္း မတက္ႏိုင္ေအာင္ဖ်က္စီးၾကမွာေပါ့ကြာ၊ ဒါေပမဲ့ မေၾကာက္ပါနဲ႔
ေမာင္တာေတ၊က်ဳပ္မွာ ေဆး၀ါးအစံုအလင္ပါပါတယ္”

ညေမွာင္စပ်ိဳးတာနဲ႔ ဆလံုေတြက မီးဖိုႀကီးဖိုေတာ့ တာဗ်ဳိ ႕။ၿပီးတာနဲ႔
သူတို႔ေလွေပၚျပန္တက္သြားၾကတယ္။ က်ဳပ္နဲ႔ဘိုးလူေပလည္း

ပါလာတဲ့ အစားအေသာက္ေတြကို ထုတ္ၿပီးစားၾကေတာ့တာဗ်ဳ႕ိ။
က်ဳပ္က အညာကပါလာတဲ့ နဂါးေဆးေပါ့လိပ္ထုတ္ထဲက

တစ္လိပ္ကို မီးညိွၿပီးဖြာလိုက္တယ္။မနက္ျဖန္ လျပည့္ဆိုေတာ့ လက ေတာ္ေတာ္သာေနၿပီဗ်။တာေတလို႔ အညာသားတစ္ေယာက္အတြက္

ကေတာ့ လမင္းႀကီး ထိန္ထိန္သာေနတဲ့ ပင္​လယ္​ညတစ္ညကို
လႊတ္သေဘာက်ေနတာေပါ့ဗ်ာ ။

” ကဲ ေမာင္တာေတ ေရ ၊ က်ဳပ္စည္းခ်လိုက္ဦးမယ္ ”
ဘိုးလူေပက မႏၱန္ရြတ္ၿပီး စည္းခ်တယ္။ စည္းခ်ၿပီးေတာ့မွေျပာတယ္
ဗ်။

” ေမာင္တာေတ ဘာမွမေၾကာက္နဲ႔ ႏွစ္​ႏွစ္​ၿခိဳက္​ၿခိဳက္​ သာအိပ္ကြဲ႔ “

” ၀ုန္း ၀ုန္း ”
ေက်ာက္ေဆာင္ေတြကို ေျပးၿပီး႐ိုက္တဲ့ လိႈင္း႐ိုက္သံႀကီးေတြက တစ္၀ုန္း၀ုန္းေပါ့ဗ်ာ

ဘိုးလူေပနဲ႔ က်ဳပ္နဲ႔ စခန္းခ်တဲ့ ေနရာကေတာစပ္မွာေလဗ်ာ။ဒီလြတ္တဲ့ေနရာမွာ စခန္းခ်ရတာေပါ့ဗ်၊ခဏေနေတာ့ ဒိီေရ တက္လာၿပီဗ်ိဳ႕ ၊

” ၀ူး…၀ုန္း ”
“၀ူး…၀ုန္း “

ပင္လယ္ေအာ္သံႀကီးကိုပါၾကားလာရတာဗ်။
၀ူး…ဆိုတာက ပင္လယ္ေအာ္သံႀကီးေလဗ်ာ။ ၀ုန္း ဆိုတာက
ကမ္းေျခကို လိႈင္း႐ိုက္တဲ့အသံဗ်၊

ပင္လယ္ေအာ္သံႀကီးကိုနားေထာင္ရင္း က်ဳပ္မ်က္စိေတြ ေလးလာေရာဗ်ာ။ က်ဳပ္အိပ္ေပ်ာ္သြားလိုက္တာ တစ္ေရးမွကို

မႏိုးဘူး ဗ်။
” ေမာင္တာေတ ၊ ေမာင္တာေတ ၊ထေတာ့ကြဲ႔ “

ဘိုးလူေပ ႏိႈးမွပဲ က်ဳပ္ႏိုးေတာ့တာဗ်ိဳ႕။ ညကက်ဳပ္မအိပ္ခင္ လေရာင္လင္းေနတဲ့ ပင္​လယ္​ ႀကီးမွာ အခုေတာ့ ေနေရာင္ေတြလင္းေနၿပီဗ်၊

က်ဳပ္လည္းပါလာတဲ့ ေရေလးနဲ႔ ပလုပ္က်င္းၿပီး မ်က္ႏွာသစ္လိုက္တယ္။ၿပီးေတာ့ ဘိုးလူေပ အသင့္ျပင္ေပးထားတဲ့

မနက္စာကို စားလိုက္တယ္။ ၿပီးတာနဲ႔ နဂါးေဆးေပါ့လိပ္ ေလး တစ္ဖြာ ႏွစ္ဖြာ သံုးဖြာ ဖြာလိုက္ၿပီး ေနမထိေတာင္ေပၚ တက္ဖို႔ျပင္ရ

ေတာ့တာေပါ့ဗ်ာ။ငွက္ေပ်ာ္သီး အုန္းသီးေတြ မွ်ထည့္ထားတဲ့ ပတၱဴ
အိတ္ႀကီးႏွစ္လံုးကို ဆလံုႀကီး ႏွစ္ေယာက္က စလြယ္သိုင္းၿပီး

လြယ္လိုက္ၾကတယ္။ ဘိုးလူေပနဲ႔ က်ဳပ္နဲ႔ကေတာ့ ေဆးလြယ္အိတ္
တစ္ေယာက္တစ္လံုး လြယ္လို႔ေပါ့ဗ်ာ။ ဆလံုႀကီး ႏွစ္ေယာက္က

ေ႐ွ႕ကသြား ၊ က်ဳပ္တို႔က ေနာက္ကလိုက္ေပါ့ဗ်ာ။အရိပ္မဲမဲႀကီး ထိုးေနသလိုျဖစ္ေနတဲ့ ေနမထိေတာင္ႀကီး ဆီကို က်ဳပ္တို႔ေတြ

တေရြ႕ေရြ႕ လွမ္းလို႔ေပါ့ဗ်ာ ။ ေရာက္ၿပီဗ်၊ ေတာင္ႀကီးရဲ႕ အေျခကိုေတာ့ေရာက္လာၿပီ။ အိုး..မတ္လိုက္တဲ့ ​ေတာင္​ႀကီး ဗ်ာ ။

အေပၚကိုတက္ဖို႔ လမ္းလိုက္႐ွာၾကည့္တယ္။ေတြ႕ကို မေတြ႔တာဗ်။
ဆလံုႀကီးႏွစ္ေယာက္က တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး

ေျပာၾကတယ္။ သူတို႔ေျပာတဲ့ စကားေတြကို က်ဳပ္ေတာင္ နားကိုမလည္တာဗ်။ က်ဳပ္မွန္းၾကည့္တာက ဆလံုႀကီးႏွစ္ေယာက္

တစ္ခုခုကို ႐ွာေနပံုပဲ။
” သူတို႔ ႏွစ္ေယာက္ ႏြယ္​ရွင္​ ႀကီးေတြ ဆင္းတဲ့ေနရာကို ႐ွာေနၾကတာ

ေမာင္တာေတ ရဲ႕ ”
ဘိုးလူေပက က်ဳပ္ကို ေျပာျပတယ္။ ခဏေနေတာ့ ဆလံုႀကီးႏွစ္ေယာက္ က ေ႐ွ႕ဆက္သြားၾကျပန္ေရာဗ်။ ကြၽန္းေပၚက

ေတာကလည္းထူပါ့ဗ်ာ။ ဒီကြၽန္းႀကီးကို လူေတြသိပ္မလာၾကာေတာ့
သစ္ေကာင္း၀ါးေကာင္းေတြမွ ေပါခ်က္ဗ်ာ။ ပ်ဥ္​းကတိုးပင္​ ႀကီးမွ

ေျဖာင့္စင္းေနတာဗ်ာ။ သစ္ခြဲလိုက္လိုက္လို႔ကေတာ့ လႊတ္ေကာင္းေပါ့ဗ်ာ။

ဆလံုႀကီးေတြက သူတို႔ထံုးစံအတိုင္းေပါ့ဗ်ာ။အေပၚပိုင္းဗလာက်င္းၿပီး အကြက္အဆင္မေပၚတဲ့ ပုဆိုးမည္းမည္း

ေတြ ဒူးေခါင္းေလာက္၀တ္လို႔ဗ်။
” ၀ူး “

ေ႐ွ႕ခပ္လွမ္းလွမ္းက သြားေနတဲ့ ဆလံုႀကီး က” ၀ူး ” လို႔
ေအာ္ၿပီး အခ်က္ေပး လိုက္တယ္။

” ေတြ႔ၿပီ ေတြ႔ၿပီ ႏြယ္​ရွင္​ ႀကီးတဲ့ ဆင္းတဲ့ ေနရာကို ေတြ႔သြားၿပီ။
ဒါ့ေၾကာင့္ အခ်က္ေပးတာ “

ဘိုးလူေပက က်ဳပ္ကို ေျပာတယ္ဗ်။ က်ဳပ္တို႔ ေရာက္သြားေတာ့
ဆလံုႀကီးက အေပၚကို ေမာ့ၾကည့္ေနတယ္။ ဟုတ္တယ္ဗ်ဳ႕ိ။

ေတာင္ကမ္းပါးယံမွာ ေရေျမာင္းလို ခ်ိဳင့္ႀကီးေတြ ဗ်။
” ေမာင္တာေတ အဲ့ဒီ ခ်ိဳင့္ႀကီးေတြက ႏြယ္​ရွင္​ ႀကီးေတြ ဆင္းတဲ့ လမ္းေၾကာင္းေတြ ေလ “

” ဟာ ဟုတ္လား ဆရာႀကိိး ၊ ဒါဆိုရင္ အဲ့ဒီ့ႏြယ္႐ွင္ႀကီးေတြက
အသက္႐ွိလို႔လား ဆရာႀကီး ”
” သဘာ၀ေပါ့ကြယ္ ၊ အသက္႐ွိတာေတာ့ မဟုတ္ပါဘူး “

” ေ၀ါ ေ၀ါ ေ၀ါ ”
ဟာ ဘာသံႀကီးေတြတံုးဗ်။က်ဳပ္ လန္႔ေတာင္သြားတယ္။ဆလံုႀကီး ႏွစ္ေယာက္က ေဘးကို ဆုတ္ေျပးၾကတယ္။ ဘိုးလူေပေရာ

က်ဳပ္ေရာ သူတို႔ ေျပးသလို ေ၀းေ၀းေျပးၾကရတာေပါ့ဗ်ာ။
” ဘာျဖစ္တာတံုး ဆရာႀကီး “

” ေတာင္ေပၚက ႏြယ္​ရွင္​ ႀကီးေတြ ဆင္းလာတာကြဲ႔ ေမာင္တာေတရဲ႕၊
အသာၾကည့္ေန႔ ၾကည့္ေန၊ အဲ့ဒီ ဆလံုေတြ ေတြ လုပ္သလိုသာ
လိုက္လုပ္ေပေတာ့ “

” ေ၀ါ ေ၀ါ ေ၀ါ ”
ဟာ ဆင္းလာၿပီဗ်ိဳ႕ ၊ ငန္းေႁမြႀကီးေတြ ဆင္းလာသလားမွတ္ရတယ္။
မည္းမည္း ႐ွည္႐ွည္ႀကီးေတြဗ်ာ။ က်ဳပ္ျဖင့္ ေၾကာက္လိုက္တာ

မေျပာပါနဲ႔ေတာ့ ။
” ဆရာႀကီး ေႁမြႀကီး ေတြမ်ားလားဗ်ာ ”
” ဟာ မဟုတ္ပါဘူး ေမာင္တာေတရဲ႕ ၊ ဒါ ႏြယ္​ရွင္​ ႀကီးေတြပါ ၊ က်ဳပ္
အဘဆရာပြားႀကီး ပညာစခန္း တက္တုန္းက က်ဳပ္စီးဖူးပါတယ္။

ႏြယ္ေပၚကို ၀မ္းလ်ားေမွာက္စီးေနာ္ ေမာင္တာေတ ၊ လက္ကို ျမဲျမဲ
ကိုင္ထား ၊ ဘာမွမေၾကာက္နဲ႔ စိတ္ကို ေပါ့ေပါ့ထားလိုက္ “

“ေ၀ါ ေ၀ါ ” “ေ၀ါ ” ” ဘုန္း ဘုန္ း ”
ေ၀ါ ေ၀ါဆိုတာက ေတာင္ေပၚက ႏြယ္​ရွင္​ ႀကီးေတြ

ဆင္းလာတဲ့အသံဗ်။ ဘုန္း ဘုန္း ဆိုတာက ေယာက်္ားႀကီးတစ္ေယာက္ရဲ႕ ထြာဆိုင္ ႏွစ္ဆိုင္စာေလာက္႐ွိတဲ့
ႏြယ္​ရွင္​ ႀကီးေတြ ေျမႀကီးေပၚကို က်တဲ့ အသံဗ်၊ေျမႀကီးေပၚကို က်ၿပီး

ေတာ့ ေ႐ွ႕ကိုႏွစ္လံ သံုးလံေလာက္ ေျပးသြားေသးတာဗ်၊ၿပီးေတာ့မွ
ရပ္သြားတာ။

ဟာ ေျပးၿပီဗ်ိဳ႕။ ေျပးၿပီ ။ ဆလံုႀကီးေတြ ေျပးၿပီး ႏြယ္​ရွင္​ ႀကီးေတြကို
ဖက္တက္ေနၾကတယ္။ က်ဳပ္ေရၾကည့္တယ္။ အားလံုး ေျခာက္ခုဗ်။

ႏြယ္​ရွင္​ ပင္ႀကီးေတြအားလံုး ေျခာက္ႏြယ္ဗ်။ ဘိုးလူေပနဲ႔ က်ဳပ္လည္း ဆလံုႀကီးေတြ လုပ္သလို လူထြာဆိုင္ ႏွစ္ဆိုင္ေလာက္႐ွိတဲ့ ႏြယ္ႀကီး

တစ္ပင္ဆီမွာ ၀မ္​းလ်ား​ေမွာက္​ ၿပီး ဖက္ထားလိုက္ၾကတာေပါ့ဗ်ာ
ခဏေနေတာ့ တံု႔ကနဲျဖစ္သြားၿပီး ႏြယ္႐ွင္ႀကီးေတြ အေပၚကို ျပန္တက္ သြားတယ္ဗ်။ သဘာ၀တရားႀကီးက အံ့ျသ စရာပါဗ်ာ

က်ဳပ္တစ္သက္မွာေတာ့ ဒါဟာ ပထမဆံုးႏြယ္႐ွင္စီးဖူးတာဗ်။
ေနမထိေတာင္ႀကီးကလည္း မတ္လိုက္တာဗ်ာ။ဒီအတိုင္းသာတက္

ေနလို႔ကေတာ့ အသက္အႏၱရာယ္ေတာင္႐ွိႏိုင္တယ္ဗ်၊
ေရာက္ၿပီဗ်ိဳ႕ ၊ ေရာက္ၿပီ ။ ေတာင္ေပၚကို ေရာက္ၿပီ ။ ေတာင္ေပၚ

ေရာက္တာနဲ႔ ဆလံုႀကီး ႏွစ္ေယာက္က သူတို႔ လြယ္လာတဲ့ ပတၱဴအိတ္ႀကီးေတြထဲက အုန္​းသီး ၊ ငွက္​​ေပ်ာသီး

ေတြထုတ္ေပးၾကတယ္။ ၿပီးေတာ့ ေနရာ တစ္ခုကို လက္ညႇိဳးထိုးျပတယ္။ ဟာ..ေက်ာက္ဖ်ာႀကိိးဗ်ိဳ႕ ။ ေတာ္ေတာ္ ကို

က်ယ္တာဗ်။ ဘိုးလူေပနဲ႔ က်ဳပ္နဲ႔ ငွက္ေပ်ာ္သီး ေတြထည့္ထားတဲ့
အိတ္ႀကိိးကို သယ္ၿပီး ေက်ာက္ဖ်ာခ်ပ္ႀကီးေပၚမွာ ပြဲေတြျပင္ၾကတယ္

အံျသ စရာပဲဗ်ာ။ေက်ာက္ဖ်ာႀကီးရဲ႕ႏႈတ္ခမ္းအစပ္မွာ သဘာ၀အတိုင္းျဖစ္ေနတဲ့ ေက်ာက္တံုးႀကီးေတြဗ်၊ေက်ာက္တံုး

ႀကီးေတြရဲ႕မ်က္ႏွာျပင္က ခ်ိဳင့္ႀကီးေတြ လူေတြေသေသခ်ာခ်ာ ထြင္းထားတဲ့ ေက်ာက္ဆစ္လက္ရာလိုပါပဲဗ်ာ။ေသေသခ်ာခ်ာ

ၾကည့္ေတာ့မွ သဘာ၀အတိုင္းျဖစ္ေနတဲ့ ေက်ာက္ဇလံုႀကီးေတြဗ်။
ေက်ာက္ဖ်ာႀကီးက က်ဳပ္စိတ္အထင္ ေျပာရရင္ အလ်ားေပငါးဆယ္၊

အနံေပ ငါးဆယ္ေလာက္ကို ႐ွိမယ္ဗ်၊ေက်ာက္ဖ်ာေပၚမွာ ျခံဳႏြယ္ပိတ္ေပါင္း မေျပာနဲ႔ ျမက္တစ္ပင္ အမိႈက္တစ္စေတာင္ မ႐ွိဘူးဗ်။တစ္ေယာက္ေယာက္ကမ်ား ဒီေက်ာက္ဖ်ာႀကီးေပၚကို

တံျမက္​စည္​းလွဲထားသလားေတာင္ ထင္ရတယ္။ ဆလံုႀကီးေတြက
ေတာစပ္မွာ ထင္းေျခာက္ေတြ သြားေကာက္ၿပီး ေက်ာက္ဖ်ာေပၚမွာ

လာၿပီး ပံုၾကတယ္။တစ္ေခါက္ လည္း မဟုတ္ ၊ ႏွစ္ေခါက္လည္း မဟုတ္ဘူးဗ်၊တျဖည္းျဖည္းထင္းပံုႀကီးက လူတစ္ရပ္ေလာက္ျမင့္

လာၿပီ။ ဒီ ဆလံုႀကီး ႏွစ္ေယာက္ ဘာအတြက္ ထင္းေခ်ာင္းေတြ ဒီေလာက္ပံုေနမွန္း က်ဳပ္ေတြးမရဘူးဗ်။ ဘိုးလူေပ ကလည္း သဘာ၀

ေက်ာက္တံုး ႀကိိးေတြထဲက ေက်ာက္ဇလံုႀကီးေတြထဲမွာ ပြဲျပင္ေနတယ္။ဘိုးလူေပ ပြဲျပင္ေနတာကလည္း အဆန္းသားဗ်။

ငွက္ေပ်ာက ဆယ္ဖီး ဆင့္တယ္။ ၿပိိးေတာ္မွ အုန္းသီး တင္တယ္။
” ေမာင္တာေတ ဒါ ပထမံပြဲကြဲ႔ ၊ ငွက္ေပ်ာ ဆယ္ဖီးနဲ႔ျပင္ရတယ္”

ပထမံပြဲနဲ႔ ခပ္လွမ္းလွမ္းက ေက်ာက္ဇလံု တစ္ခုမွာေတာ့ ငွက္ေပ်ာသံုးဖီးနဲ႔ အုန္းတစ္လံုးပြဲဗ် ၊

” ဒါက ကြၽန္းပိုင္႐ွင္မ မဖဲဝါ အတြက္ ပြဲကြဲ႔ ၊ ေမာင္တာေတဟိုးမွာျမင္ေနရတဲ့ေတာင္ခြၽန္းႀကိိးကို ၾကည့္လိုက္စမ္း

အဲ့ဒီေတာင္ခြၽန္းႀကီးက အထဲမွာ ဂူႀကီးကြဲ႔။ အဲ့ဒီ့ဂူႀကီးထဲမွာကြၽန္းပိုင္႐ွင္မ မဖဲ၀ါ ေနတယ္ “

ဘိုးလူေပ ျပတဲ့ေနရာကို က်ဳပ္လွမ္းၾကည့္လိုက္တယ္။ဂူေပါက္တစ္ခုကို မသဲမကြဲ ျမင္ရတယ္။ ဒိိီကြၽန္းႀကိီးကို အရပ္အေခၚ

ကေတာ့ ဆလံုကြၽန္းေပါ့ဗ်ာ၊ ပညာသည္ေတြ အထက္ပုဂၢိဳလ္ ေတြသိတာကေတာ့ မဖဲ၀ါ ကြၽန္းတဲ့ဗ်။ ဆလံုႀကီးေတြ ထင္းလာပံုတဲ့

အခ်ိန္မွာ ဘိုးလူေပက လက္ကာျပလိုက္တယ္။
” ရၿပီ ရၿပီ ၊ ဒီေလာက္ဆို လံုေလာက္ၿပီ ၊ ကဲ မင္းတို႔ ေလွကို ျပန္ေတာ့ ေလွကပဲ က်ဳပ္တို႔ကို ေစာင့္ “

ဆလံုႀကီးႏွစ္ေယာက္ ဘိုးလူေပကို ထိုင္ကန္ေတာ့ သြားၾကတယ္။
” ကဲ ေမာင္တာေတ ေရာက္တုန္း ၾကံဳတုန္း ဗဟုသုတ လိုခ်င္ရင္ေတာ့

မ်က္ကြင္းေဆး ကြင္းေပေတာ့ ၊ ၿပီးေတာ့ က်ဳပ္ေပးထားတဲ့ ဒိဗၺေသာတအင္းနဲ႔ စီရင္ထားတဲ့ ေသာတေရစင္ကိုလည္း နားႏွစ္ဖက္မွာ လိမ္းထားလိုက္ကြဲ႔ “

တာေတပဲဗ်ာ။ ဒါမ်ိဳးကို ဘယ္လက္လႊတ္မွာတံုးဗ်ာ။ခ်က္ခ်င္း မ်က္ကြင္းေဆး ကြင္း၊ ေသာတေရစင္နားမွာ ဆြတ္ထားလိုက္တယ္။

ဟာ ၊ က်ဳပ္ျမင္ၿပီဗ်ဳိ႕ ။ ျမင္ၿပီ ၊ ၾကားလည္း ၾကားရၿပီ။
ေအာက္မေလးဗ်ာ။ အျမဲတမ္း ေမွာင္ရိပ္သန္းေနတဲ့ ေနမထိေတာင္

ႀကီးမွာ နာနာဘာဝ ေပါင္း ေထာင္နဲ႔ ေသာင္းနဲ႔ ခ်ီၿပီး ႐ွိေနပါကလားဗ်ာ။ ေတာင္ေပၚေတြမွာေရာ သစ္ပင္ႀကီးေတြမွာေရာ

ပံုစံကလည္း မ်ိဳးစံုဗ်ာ။ တခ်ိဳ႕လည္း ေခါင္းျပတ္ႀကီးေတြဗ်၊တခ်ိဳ႕လည္း ​ေသြးသံ ရဲရဲနဲ႔ဗ်၊တခ်ိဳ႕ၾကေတာ့လည္း နဲတဲ့အရြယ္အစား

မဟုတ္ပါဘူး ဗ်ာ။လွ်ာနီနီႀကီးေတြ တြဲေလာင္းခ်လို႔ဗ်၊အားလံုးက
ဘိုးလူေပကို ၀ိုင္းၾကည့္ေနၾကတာ။က်ဳပ္ျဖင့္ ၾကက္သီးေတြ ေတာင္

ျဖန္​းခနဲ ထေရာဗ်ိဳ႕ ။ ဘိုးလူေပက ေတာ့အေမြးတိုင္ ဖေယာင္းတိုင္ေတြပါ ထြန္းလိုက္တယ္။ ပထမံ ပုဂိၢဳလ္​ ႀကိိးေတြကို

ပင့္ဖိတ္ၿပီး ပထမံ ဆယ္ဖီးပြဲ လႉတယ္။ ကြၽန္းပိုင္႐ွင္မ မဖဲ၀ါကိုလည္း
ပင့္ဖိတ္ၿပီး ပြဲေပးတယ္။ ပညာစခန္းတက္တဲ့ ေနရာမွာ အ​ေႏွာင္​့အယွက္​ မ႐ွိေအာင္ ေစာင့္ေ႐ွာက္ေပးဖို႔ ေမတၱာ ရပ္ခံတယ္။

ၿပီးတာနဲ႔ ဘိုးလူေပ ကေက်ာက္ဖ်ာႀကီးမွာ စည္း၀ိုင္းခ်တယ္။
” ကဲ ေမာင္တာေတ ၊ က်ဳပ္ အလုပ္စလုပ္ေတာ့မယ္။ ဒီကေန႔ မြန္​းတည္​့ ခ်ိန္မွာ ေဟာဒီ့ ေတာင္ေပၚမွာ ဆယ္မိနစ္ေလာက္ ေနပူလိမ့္မယ္

အဲ့ဒိိီ့ အခ်ိန္မွာ က်ဳပ္ပညာစခန္း တစ္ခု တက္လိမ့္မယ္။ ညေရာက္လို႔
ဒီေတာင္ထိပ္ကို လအေရာင္လင္းၿပီဆုိရင္ ေနာက္ထပ္ ပညာစခန္း

တစ္ခု တက္ရမယ္။ ဒီအေတာအတြင္း ဘယ္လို အ​ေႏွာင္​့အယွက္​ အဖ်က္အစီးပဲလာလာ ေမာင္တာေတ လံုး၀မေၾကာက္နဲ႔ ၊

ေၾကာက္ၿပိိး ဒီစည္း၀ိုင္းအျပင္ကို ထြက္ေျပးရင္ေတာ့ စည္းေပါက္ၿပီး
က်ဳပ္တို႔ ဆရာ တပည့္ႏွစ္ေယာက္မ႐ႈ မလွခံၾကရလိမ့္မယ္ကြဲ႔ ။

” ဟာ ဒီအတြက္ေတာ့ စိတ္ခ်ပါ ဆရာႀကိိး ၊ က်ဳပ္က ထြက္ေျပးတဲ့လူ မဟုတ္ပါဘူး ”
” ေမာင္တာေတကို က်ဳပ္ယံုၾကည္ စိတ္ခ်လို႔ ေခၚလာတာေပါ့ကြယ္
ကဲ က်ဳပ္ အလုပ္စၿပီ “

ဘိုးလူေပ ကပုတီးႀကီးထုတ္ၿပိိး စိတ္ေတာ့တာေပါ့ဗ်ာ။ၿပီးေတာ့ ဂါထာေတြ ၊ မႏၱန္ေတြလည္း ရြတ္တယ္ဗ်၊ ေနမထိေတာင္ေပၚက

နာနာဘာဝ ေတြဘာမွေတာ့ မလုပ္ဘူးဗ်။ ၾကည့္ေနရံုပဲ ၾကည့္ေနၾကတယ္။က်ဳပ္လည္း အေ႐ွ႕ ၊ အေနာက္ ၊ေတာင္ ၊ေျမာက္

လွည့္ပတ္ၾကည့္ေနရတာေပါ့ဗ်ာ။နာနာဘ၀ေကာင္ႀကီးေတြ ဘာမွမလုပ္ၾကဘူးဗ်။ဒီေကာင္ေတြ တစ္ေကာင္နဲ႔တစ္ေကာင္

ေျပာဆိုေနတဲ့ အသံလည္းက်ဳပ္ၾကားတယ္။ဒါေပမဲ့ ပီပီသသ ၾကားရတာေတာ့ မဟုတ္ဘူးဗ်၊ ဘိုးလူေပကလည္း ပုတီးမျပတ္စိတ္

ေနတယ္။ မနက္ဆယ့္တစ္နာရီ ထိုးေတာ့ ဘိုးလူေပ အလုပ္ ခဏ နားတယ္။
” ကဲ ေမာင္တာေတ က်ဳပ္ေရာ မင္းေရာ ဥပုသ္ ေစာင့္ထားၾကတယ္
မို႔လား ၊ မြန္းမတည့္ခင္ အစားအ​ေသာက္​ စားထားၾကစို႔ကြဲ႔ “

ဘိုးလူေပ အမိန္႔႐ွိတာနဲ႔ က်ဳပ္က ပါလာတဲ့ အစားအ​ေသာက္​ ေတြထုတ္တယ္။ ေကာက္ညႇင္း ေပါင္းနဲ႔ ငပုတ္ေျခာက္မီးဖုတ္ဗ်။

ကပၸိယႀကီး ထည့္ေပးလိုက္တာ မနဲပါဘူးဗ်ာ။ဘိုးလူေပ စားၿပီးေတာ့
က်ဳပ္ဆက္စားတယ္။စားေသာက္ၿပီးတာနဲ႔ က်ဳပ္က
နဂါးေဆးေပါ့လိပ္ ဖြာတယ္။ဘိုးလူေပက ေဆးတံတစ္ဆံုေသာက္တယ္။

” ကဲ ေမာင္တာေတ၊ အခ်ိန္ နီးၿပီကြဲ႔ ၊ က်ဳပ္ပညာစခန္း တက္ေတာ့မယ္၊ဘာအဖ်က္အစီးပဲ လာလာမေၾကာက္နဲ႔ေနာ္”
” စိတ္ခ်ပါ ဆရာႀကိီး “

ဘိုးလူေပ ထြန္းထားတဲ့ ဖေယာင္းတိုင္ေတြက လင္းတုန္းဗ်၊ဆရာေတာ္ႀကီးေပးလိုက္တဲ့ ၀ါဆိုဖေယာင္းတိုင္ေတြေလဗ်ာ။

ဘိုးလူေပ မႏၱန္ေတြရြတ္ၿပီဗ်ိဳ႕ ၊ ဒီတစ္ခါ ရြတ္တဲ့ မနၱန္ေတြက ေစာေစာက ရြတ္တာမ်ိဳး မဟုတ္ဘူး။ရြတ္ဖတ္တဲ့ ႒ာန္က႐ိုဏ္း

ခ်င္းလည္းမတူဘူး ။ ေစာေစာက ရြတ္သလိုမဟုတ္ဘဲ မာန္အျပည့္ အားအျပည့္နဲ႔ ရြတ္ေနတာဗ်ဳိ ႕။ဟာ နာနာဘာဝ ေတြ တေရြ႔ေရြ႔နဲ႔

ဆင္းလာၾကၿပီဗ်ိဳ႕။ ဘိုးလူေပက ေတာ့ မ်က္စိမွတ္ၿပီး ရြတ္ေနတာဗ်၊
အို သစ္​ပင္​ ေပၚေတြကေရာ ၊ ေတာင္ကုန္းေပၚေတြကေရာ ဆင္းလာ

ၾကာတာဗ် ၊ မည္းမည္းကို လႈပ္ေနတာဗ်ိဳ႕ ၊ နာနာဘာဝ အေကာင္ေပါင္း ဘယ္ႏွစ္ေထာင္ေလာက္႐ွိမွန္း က်ဳပ္လည္း မသိႏိုင္

ဘူးေပါ့ဗ်ာ။ တခ်ိဳ႕ကလည္း တင္းပုတ္ႀကီးေတြနဲ႔ဗ်၊ ​ေန႔ခင္​း ေၾကာင္ေတာင္ ဆိုေပမဲ့ ေဟာဒီ့ ေနမထိေတာင္က အ​ေမွာင္​ ရိပ္ႀကီး

က်ေနတာဗ်၊ တျဖည္​းျဖည္​း နဲ႔ နီးလာႀကၿပီ။ ပံုစံေတြကို က်ဳပ္ျမင္ေနရၿပီ ၊ ေၾကာက္စရာႀကီးေတြပါဗ်ာ။က်ဳပ္ တစ္ကိုယ္လံုး

ၾကက္သီးေတြ တဖ်န္းဖ်န္းနဲ႔ထကုန္ၿပီဗ်ိဳ႕ ၊ ေဟာ ၾကည့္ေနရင္းနဲ႔
ေက်ာက္ဖ်ာၿကီးအစပ္ကို ကပ္လာၾကၿပီ ၊ ေဟာ အားလံုး ရပ္သြားၾက

ၿပီဗ်ိဳ႕ ၊ ေက်ာက္ဖ်ာႀကီးနဲ႔ ဆယ္ေပေလာက္အေရာက္မွာ ရပ္သြားၾကၿပီ၊ ဘိုးလူေပကလည္း အသံက်ယ္က်ယ္နဲ႔ရြတ္ေနတာဗ်ဳိ ႕

ဘိုးလူေပ ရဲ႕ မႏၱန္ရြတ္သံက ေနမထိေတာင္ႀကီး တစ္ခုလံုးမွာ ဟိန္းေနၿပီဗ်ိဳ႕ ၊ နာနာဘာဝ ေကာင္ ေထာင္ေပါင္းမ်ားစြာက

ပါးစပ္ႀကီးေတြဟ ၊ လက္ႀကီးေတြက ကုတ္ေတာ့ဖဲ့ေတာ့မယ့္ ပံုစံနဲ႔
မ်က္​လံုး နီနီႀကီးေတြ ျပဴးၿပီး က်ဳပ္တုိ႔ကို ၾကည့္ေနတာဗ် ။

” ေဟး ေနထိေတာ့မယ္ ”
ေဟာ အသံႀကီး တစ္သံဗ်၊ ေတာင္ခြၽန္းႀကီးဘက္က ထြက္လာတာ။

ဘိုးလူေပေျပာတဲ့ မဖဲ၀ါ ေနတဲ့ ဂူႀကီးထဲကျဖစ္မယ္ဗ်၊။
နာနာဘာဝ ေတြ ေကာင္းကင္ကို တစ္​ၿပိဳင္​နက္​ ေမာ့ၾကည့္တယ္ဗ်ိဳ႕။

” ၀ူး ၀ူး အီ အီး အီ ၊ အား အား အား ”
ဟာ ေျပးကုန္ၾကၿပီဗ်ိဳ႕ ၊ ေျပးၾကၿပီ၊ ေတာနက္ႀကီးထဲကို ၀င္ေျပးၾက

တာဗ်၊က်ဳပ္လည္း ဒီေတာ့မွ စိတ္ေအးသြားေတာ့တာ ေပါ့ဗ်ာ ။
ဟာ လင္းၿပီဗ်ိဳ႕ လင္းၿပီ၊ ေနေရာင္လင္းၿပီဗ်ာ ၊ ထူးဆန္းလိုက္တာဗ်ာ

အေမွာင္ရိပ္ႀကီးက်ေနတဲ့ ေနမထိ ေတာင္ႀကီးမွာ ေနေရာင္ႀကီးက က်ဲက်ဲ ေတာက္ေနေတာ့တာဗ်ဳိ ႕။

ဘိုးလူေပ ရဲ႕ မႏၱန္ရြတ္သံက လည္း ပိုပိုၿပီးက်ယ္လာသလိုပဲဗ် ။ က်ဳပ္ေဘးဘီကို လိုက္ၾကည့္တယ္။ နာနာဘာဝ ႀကီးေတြ တစ္ေကာင္

မွကို မျမင္ရတာဗ်၊ဒီေကာင္ေတြ တစ္ႏွစ္မွ တစ္ခါလင္းတဲ့ ဒီေနေရာင္ကို အထိမခံႏိုင္လို႔ ေျပးၾကတာျဖစ္မယ္ဗ်၊

ဟာ…ဘိုးလူေပ ဘိုးလူေပ စက္ေရာင္ေတြ ထြက္လာၿပီဗ်ိဳ႕ ။ မြန္းတည့္ေနက ဘုိးလူေပအေပၚကို တည့္တည့္ႀကီးထိုးထားတာဗ် ။

အဲ့ဒီေနေရာင္ေအာက္မွာကို ဘိုးလူေပရဲ႕ ကိုယ္က စက္ေရာင္ေတြ ျဖာထြက္လာတာဗ်၊

ဟာ အနီ အ၀ါ အျပာ အစိမ္း အုိ..စက္ေတြ ဆိုတာ ေတာက္ေနေတာ့တာဗ်၊ ဘိုးလူေပက ေတာ့ တစ္ခ်က္မွမနားဘဲ

မႏၱန္ေတြ ရြတ္ေနေတာ့တာဗ်ဳိ ႕။ ေဟာ ေနေရာင္ႀကီး ေပ်ာက္သြားၿပီ။
တစ္ေတာင္လံုး မိႈင္းကနဲ ျပန္ျဖစ္သြားတယ္ ။

” ၀ူး ၀ူး အီး အီ အား ”
ဟာ ေတာထဲမွာ ပုန္းေနတဲ့ နာနာဘာဝ ေကာင္ေတြ ျပန္ထြက္လာၾကျပန္ၿပီ ။ ဒါေပမဲ့ က်ဳပ္တို႔ဘက္ကို မလာၾကေတာ့

ဘူးဗ် ။ ခဏေနေတာ့ ဘိုးလူေပ လည္း မႏၱန္ရြတ္ေတာ့ ရပ္လိုက္ၿပီဗ်။

” ကဲ ေမာင္တာေတ ေရ ၊ က်ဳပ္ေတာ့ ေနမထိေတာင္ရဲ႕ မြန္းတည့္ေနေအာက္မွာ ပညာစခန္းရဲ႕ ပထမအဆင့္ေအာင္သြားၿပီ

ကြဲ႔ ၊ ဒီည လမြန္းတည့္ခ်ိန္မွာ ဒုတိယအဆင့္ တက္ရေတာ့မယ္။
ကဲ ေမာင္တာေတလည္း တစ္ေရးတေမာ အိပ္ေခ်ကြဲ႔ “

ဘိုးလူေပ ေရာ က်ဳပ္ေ႐ာ ေက်ာက္ဖ်ာေပၚမွာ လွဲၿပီး အနားယူလိုက္တယ္၊ ညေနေလာက္ေရာက္ေတာ့ ဘိုးလူေပကေျပာတယ္။

” ေမာင္တာေတ ၊ ဒီည ေဟာဒီေတာင္ႀကီးေပၚကို လေရာင္က်ၿပီဆို
တာနဲ႔ ေဟာဟိုက ထင္းေခ်ာင္းေတြကို စီၾကရမယ္ကြဲ႔ ၊ ၿပီးရင္

အဲ့ဒီ့ ထင္းပံုႀကီးထဲမွာ က်ဳပ္က ၀င္ၿပီး မႏၱန္ရြတ္မယ္ ၊ ပထမဆံုး
မီးခိုးလံုး ႀကီးေတြ ထြက္လာတာေတြ႔ရင္ ေဟာဒီအင္းအနီကို ပစ္ကြဲ႔

ထင္းပံုျကီးက မီးေတြ ဟုန္းကနဲ ထေတာက္လိမ့္မယ္။ ဒီအခ်ိန္မွာ
အဖ်က္အစီးေတြလာလိမ့္မယ္။ မေၾကာက္နဲ႔ေနာ္၊ေမာင္တာေတ

ထြက္လည္းမေျပးနဲ႔ စည္းေပါက္သြားတာနဲ႔ က်ဳပ္ကို မီးသၿဂိဳဟ္​ ၿပီးသားျဖစ္သြားလိမ့္မယ္ “

” စိတ္ခ်ပါ ဆရာႀကီး ”
” ေအး ၊ မီးေတာက္ေတြၾကားက မီးေတာက္နီနီႀကီး ထိုးတက္လာတာေတြ႔ရင္ ေဟာဒီ့အစိမ္းေရာင္အင္းကို ပစ္ကြဲ႔ “

” ဟုတ္ကဲ့ ပါ ဆရာႀကီ ”
” အဲ့ဒီ အနီေရာင္မီးေတာင္ႀကီး ေပ်ာက္သြားၿပီး ခဏၾကာရင္ မီးေတာက္မီလွ်ံေတြၾကားက စက္ေတြ ေရာင္စံုထြက္လာလိမ့္မယ္ ၊

အဲ့ဒီအခ်ိန္မွာ ေဟာဒီ့ ` နတ္စက္ေရာင္အင္း ´ ကို ပစ္ေပေတာ့ကြဲ႔ ”
” စိတ္ခ်ပါ ဆရာႀကီး “

ေျပာသာေျပာရတယ္ဗ်။ ဘိုးလူေပ ေျပာတာကို နားေထာင္ရင္း က်ဳပ္ျဖင့္ စိုးရိမ္လိုက္တာဗ်ာ။ ဒါေပမဲ့ အခ်ိန္တန္ ေတာ့လည္း

ညေရာက္လာတာေပါ့ဗ်ာ။ ဘိုးလူေပနဲ႔ က်ဳပ္နဲ႔ လေရာင္ေအာက္မွာ
ထင္းေခ်ာင္းေတြကို ဂူေပါက္တစ္ခုလို႔ ျဖစ္ေအာင္ စီရင္ၾကရတာဗ်၊

ဘိုးလူေပ၀င္ဖို႔ အေပါက္တစ္ေပါက္ ခ်န္ထားရတယ္။ ဒီအေပါက္ကို
ဘိုးလူေပ ၀င္သြား ေတာ့မွ က်ဳပ္က ထင္းေခ်ာင္းေတြ စီၿပီးပိတ္ရမွာ။

ညဆယ့္တစ္နာရီေလာက္မွာ ဘိုးလူေပက အ၀တ္​အစား လဲတယ္။
အေပၚျဖဴ ၊ ေအာက္အျဖဴ ၊ ေခါင္းေပါင္းပု၀ါအျဖဴ ေပါင္းတယ္။

ၿပီးတာနဲ႔ ဂူတစ္ခုလို စီထားတဲ့ ထင္းပံုထဲကို ပုတီးႀကီး စလြယ္သိုင္းၿပီး ၀င္သြား ေရာဗ်ိဳ႕ ။ က်ဳပ္က ဘိုးလူေပ ၀င္သြားတဲ့ အေပါက္ကို ထင္းေခ်ာင္းေတြ နဲ႔ ပိတ္လိုက္တယ္

ထင္းေခ်ာင္းဂူထဲက ဘိုးလူေပ ရဲ႕ မႏၱန္ရြတ္တဲ့အသံ စၿပီး ထြက္လာၿပီ ။လေရာင္ကလည္း ေတာင္ထိပ္က ေက်ာက္ဖ်ာေပၚမွာ ထိန္ေနေအာင္

လင္းလို႔ေပါ့ဗ်ာ။က်ဳပ္က က်ဳပ္ရဲ႕ ေဆးလြယ္အိတ္ေရာ ၊ ဘိုးလူေပရဲ႕ ေဆးလြယ္အိတ္ေရာ တစ္ဖက္စီ စလြယ္သိုင္းထားတာဗ်။

လက္ထဲမွာလည္း ဘိုးလူေပ ေပးထားတဲ့ အင္းသံုးခ်ပ္ကို အစဥ္အတိုင္း ထပ္ၿပီး ကိုင္ထားတယ္ ။

” ဟီး ဟီး ဟီးဟီး ”
ဟာ အသံ ႀကီးေတြဗ်၊ ဘာသံႀကီးေတြမွန္းေတာ့ မသိဘူးဗ်။ ေတာ္ေတာ္ ေတာ့ ေၾကာက္စရာေကာင္းတာဗ်။ ေဟာ ေတာ

ထဲက ထြက္လာၿပီဗ်ဳိ ႕ ။ ေအာင္မယ္ေလးဗ်ာ ၊ နဲတဲ့ အေကာင္ ႀကီးေတြမွမဟုတ္တာ ။ အရပ္ႀကီးေတြ ထန္းပင္ေလာက္ ျမင့္တယ္ဗ်ဳ႕ိ

ကိုယ္လံုးႀကီးေတြကလည္း ပုတ္လံုးႀကီးေလာက္႐ွိတယ္။ တစ္ကိုယ္လံုး အေမႊးမဲမဲႀကီးေတြ ဖံုးလို႔ဗ်ိဳ႕ ၊ ပခံုးေတြေပၚမွာ

ဧရာမ ေက်ာက္တင္းပုတ္ႀကီးေတြ ထမ္းထားတယ္။ အားလံုး ေလးေကာင္ဗ်၊က်ဳပ္စိတ္ထင္ေတာ့ ဘီလူးႀကီးေတြလို႔ ထင္တာပဲဗ်ာ။

က်ဳပ္တို႔ဘက္ကို တန္​းတန္​းမတ္​မတ္​ ကိုလာေနတာဗ်၊

” ဟီးဟီးဟီး ”
ဟာ နီးလာၿပီဗ်ိဳ႕ ။ နီးလာၿပီ။ ဟာ..ေက်ာက္ဖ်ာႀကိီးအစပ္ထိေရာက္လာၾကၿပီ ဗ်ဳိ ႕။ ေဟာ

ဘီလူး ႀကီးတစ္ေကာင္က ငွက္ေပ်ာဆယ္ဖီးနဲ႔ ဘိုးလူေပထိုးတားတဲ့
ကန္ေတာ့ပြဲကုိစုိက္ၾကည့္ေနတယ္။ ၿပီးေတာ့ သူ႔လက္ထဲမွာ စံုကိုင္ထားတဲ့ ေက်ာက္တင္းပုတ္ႀကီးကို အေပၚေျမႇာက္ၿပီး ပထမံပြဲ

ကို ထုေတာ့မလို လုပ္ေနတယ္ဗ်။ ဟာ ၊ ပထမံပြဲက မီးခိုးလို အေငြ႔ေတြ ထြက္လာၿပီး ဘီလူးႀကီးဘက္ကို လြင့္သြားတယ္။

ေဟာ ဘီလူးႀကီးေနာက္ဆုတ္သြားၿပီဗ်ဳိ ႕ ။ ေဟာ တစ္ေကာင္ကက်ဳပ္ကို စိုက္ၾကည့္ၿပီး လက္ထဲက တင္းပုတ္ႀကိိးနဲ႔

ရြယ္ထားတယ္။ က်ဳပ္ဆိုတာ ၾကက္သီးေတြ တျဖန္းျဖန္းထၿပီး ေခါင္းက ဆံပင္ေတြေတာင္ ေထာင္ထေနေရာဗ်ာ။ ဘီလူးႀကီး

ေလးေကာင္က က်ဳပ္တို႔ကို ၀ိုင္းထားၾကတယ္ဗ်။
ဘိုးလူေပ ကေတာ့ မႏၱန္ကို အသံအက်ယ္ႀကီးနဲ႔ ရြတ္ေနတာဗ်ိဳ႕ ။

ေဟာ…လမြန္းတည့္ၿပီ။
” ဟီး ဟီး ဟီး ဟားဟား ဟား ”
ဟင္ ဒါက မဖဲ၀ါႀကိးအသံပဲဗ် ၊ က်ဳပ္သိတာေပါ့ဗ်ာ ။ ေဟာ..မဖဲ၀ါႀကိီး လာၿပီဗ်ဳိ ႕။ သူ႔ဂူေပါက္ႀကီးထဲကေန မီးလံုးႀကီး

တစ္လံုးထြက္လာၿပီး ေနာက္မွာ မဖဲ၀ါ ပါလာတာဗ်၊ ေလထဲကေန လြင့္လာတာ ဆံပင္ဖားလ်ားႀကီးနဲ႔ ပဲဗ်။

” ဘုန္း ”
ဟာ ေရာက္တာနဲ႔ ပထမံပြဲ ကို တင္းပုတ္နဲ႔ ထုမလို႔ရြယ္ေနတဲ့ ဘီလူးႀကီးကို ” ဘုန္း”ကနဲ ႐ိုက္လိုက္တာဗ်ဳိ႕။ မဖဲ၀ါရဲ႕ လက္၀ါးစာ

မိသြားတဲ့ ဘီလူးႀကီး ေနာက္ကို ဆုတ္ၿပီး ေျပးေရာဗ်ိဳ႕ ။
“အုန္း ”
႐ိုက္ျပန္ၿပီဗ်ာ ။ ေပကပ္ကပ္ လုပ္ေနတဲ့ ဘီလူးႀကီး ရဲ႕ ေက်ာကုန္းကို

ရိုက္လိုက္တာဗ်ိဳ႕ ။
” အုန္း ”
ေဟာ က်ဳပ္ကို တင္းပုတ္နဲ႔ ရြယ္ေနတဲ့ အေကာင္ကို ႐ိုက္လိုက္တာဗ်၊

ဟာ ေျပးၿပီဗ်ိဳ႕ ၊ ေျပးၿပီ ၊ ဘီလူးေလးေကာင္လံုး ေတာင္ေပၚက
ဆင္းေျပးသြားၾကၿပီဗ်ိဳ႕ ။

” ဟီး ဟီးဟီး ဟီး ဟားဟား အီး ”
မဖဲ၀ါႀကီးလည္း ေလထဲပ်ံတက္ၿပီး သူ႔ဂူေပါက္ထဲကို ၀င္သြားေရာဗ်ိဳ႕

ဟာ မီးခိုးလံုးႀကီးေတြ ထြက္လာၿပီဗ်ဳိ႕ ။ ဘိုးလူေပရဲ႕ ထင္းပံုႀကီးထဲက
မီးခိုးလံုး ႀကီး ထြက္လာၿပီ။ ဘိုးလူေပ မွာထားတဲ့ အတိုင္း အနီေရာင္

အင္းကို က်ဳပ္ လွမ္းပစ္လိုက္တယ္။
“၀ုန္း ”
ဟာ ထင္းပံုႀကီး မီးထေတာက္ၿပီဗ်ဳိ႕ ။ က်ဳပ္ေတာင္ ေနာက္ကို ဆုတ္
ေနလိုက္ရတယ္။ ဘိုးလူေပရဲ႕ မႏၱန္ရြတ္သံက ပိုၿပီးေတာ့ က်ယ္လာတယ္။

ဒိိေတာ့မွက်ဳပ္လည္း စိတ္ေအးသြားေတာ့တာေပါ့ဗ်ာ။
ေဟာ မီးေတာင္ႀကီးေတြၾကားက မီးေတာက္နီနီႀကီး ထြက္လာၿပီဗ်ိဳ႕

အို..အေရာင္ေတြက နီရဲေနတာပဲဗ်။ ထင္းပံုႀကီးရဲ႕အေပၚကို
ႏွစ္လန္ သံုးလန္းေလာက္ ထိုးတက္ေနတာဗ်။က်ဳပ္ ဒုတိယအင္းကို

ပစ္ၿပီဗ်ဳိ ႕။
” ၀ုန္း ”
ဟာ စက္ေတြဗ်ိဳ႕ ၊ စက္ေတြ ၊ မီးေတာက္နီႀကီး ၀ုန္းဆိုတဲ့ အသံႀကီးျမည္ၿပီး ေပ်ာက္သြားတာနဲ႔ မီးေတာက္ႀကီးေတြၾကားက

စက္ေရာင္စံုေတြ ျဖာထြက္လာတယ္ဗ်။ အေရာင္မွစံုေနတာပဲဗ်ာ။
ဘိုးလူေပ မွာတဲ့အတိုင္း က်ဳပ္လက္ထဲက တစ္ခ်ပ္ထဲ က်န္ေနတဲ့

နတ္စက္ေရာင္အင္း နဲ႔က်ဳပ္ပစ္လိုက္တယ္။
” ၀ုန္း ”
ဟာ မီးေတာက္ႀကီးပါ ” ၀ုန္း ” ကနဲ ျမည္ၿပီး ၿငိမ္းသြားၿပီဗ်ိဳ႕ ။
စက္ေရာင္ေတြ လည္း တျဖည္​းျဖည္​း ေပ်ာက္သြားၿပီ။ ေဟာ

ဘိုးလူေပ ရဲ႕ မႏၱန္ရြတ္သံေတြလည္း တေျဖးေျဖး တိုးတိုးလာၿပီး
ေနာက္ဆံုး ေပ်ာက္သြားတယ္ ။

ေဟာ ထြက္လာၿပီဗ်ိဳ႕ ။ ဘိုးလူေပ ထြက္လာၿပီ။ က်ဳပ္ျဖင့္ ၀မ္းသာလိုက္တာဗ်ာ။
” ဆရာႀကီး ဘာမွ မျဖစ္ဘူးေနာ္ “

” မျဖစ္ပါဘူး ေမာင္တာေတ ၊ က်ဳပ္ေအာင္သြားပါၿပီ ကြယ္။ ေမာင္တာေတ ေရာ ေဟာဒီ့ကြၽန္းႀကီးရဲ႕ ကြၽန္းပိုင္႐ွင္မမဖဲ၀ါကိုေရာ

က်ဳပ္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ကြယ္ ”
ဘိုးလူေပ ကေက်ာက္ဖ်ာႀကီးရဲ႕အလယ္မွာ ေျခစံုရပ္ၿပီး

ပထမံပုဂၢိဳလ္ေတြကို ႐ွိခိုးတယ္။ ၿပီးေတာ့ သူ႔ရဲ႕ ဖခင္ ဆရာပြားႀကီး
ကို႐ွိခိုးတယ္။ ကြၽန္းပိုင္႐ွင္မ မဖဲ၀ါကို ေမတၱာ ပို႔တယ္။ ၿပီးတာနဲ႔

အ၀တ္ျဖဴေတြကို ခြၽတ္လဲတယ္။ ဘိုးလူေပ၀တ္ထားတဲ့ အ၀တ္ျဖဴမွာ
ျပာတစ္မႈန္ေတာင္ကပ္မေနဘူးဗ်၊ မိႈင္းတစ္စလည္းမေပဘူး။

ဘိုးလူေပ အ၀တ္​အစား လဲၿပီးေတာ့ က်ဳပ္တို႔ႏွစ္ေယာက္ ႏြယ္႐ွင္ႀကီးေတြ ဆီ သြားၾကတယ္။

” လျပည့္ည တစ္ညလံုးေတာ့ ႏြယ္႐ွင္ေတြ ေတာင္ေအာက္ကို ဆင္းဦးမွာ ေမာင္တာေတရဲ႕ “

ဘိုးလူေပ နဲ႔ က်ဳပ္နဲ႔ ခပ္သြက္သြက္သြားၿပီး ေတာင္ေအာက္ကိုဆင္းေနတဲ့ ႏြယ္​ရွင္​ ႀကီးေတြေပၚမွာ ၀မ္​းလ်ား​ေမွာက္​ ၿပီးဆင္းခဲ့ၾကရတယ္။က်ဳပ္တို႔ကို ေစာင့္ေနတဲ့ ဆလံုၿကီးေတြ

လည္း က်ဳပ္တို႔ ေလွေပၚေရာက္တာနဲ ့ ေလွစထြက္ေတာ့တာပဲဗ်။
ဘိတ္မွာတစ္ရက္နားၿပီး ရန္ကုန္ျပန္တယ္။ ရန္ကုန္ကမွ က်ဳပ္ရြာကို

ျပန္တယ္။ ဘိုးလူေပကေတာ့ ကိစၥ တစ္ခုေပၚလာတာနဲ႔ ရန္ကုန္မွာပဲ
ေနခဲ့ေတာ့တယ္ဗ်၊ အိမ္​ျပန္​ ေရာက္ေတာ့မွပဲက်ဳပ္ကို ေမွ်ာ္ေနတဲ့

အေမတို႔ အဘတို႔လည္း စိတ္ေအးသြားၾကေတာ့ေပါ့ဗ်ာ။ မဖဲ၀ါ
ေနတဲ့ ကြၽန္းကို က်ဳပ္ေရာက္ခဲ့တဲ့ အေၾကာင္းကိုေတာ့

က်ဳပ္ဘယ္သူ႔မွ မေျပာျပခဲ့ဘူးေပါ့ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cutegirlsaa

# Unicode Version #
အညာနွေတော့ စပြီဗျို့ ။ နေ့ပူလို့ ညချမ်း တပေါင်းလသရမ်းတဲ့ ။
ဟုတ်ပါ့ဗျာ။မနက်လင်းအားကြီးဆိုရင် စောင်တောင်ခြုံရသေးတာဗျို့

နေ့လယ် ၊ နေ့ခင်းကျတော့ ချွေးတပြိုက်ပြိုက်ကျပေါ့ဗျာ။ယာလုပ်ငန်းမရှိပေမဲ့ `ရွှေတောင်ဦး ´ ဘုရားပွဲ အတွက် ကျုပ်တို့မှာ

မနားရတော့ပါဘူးဗျာ။တပို့တွဲ လပြည့်ကျော်ပြီဆိုကတည်းက ကျုပ်တို့မှာ အစည်းအဝေး ခေါ်ကြ၊တာဝန်တွေခွဲကြ၊အလုပ်တွေစလုပ်ကြပေါ့ဗျာ၊

ဘုရားမှာ ငြမ်းဆင် ၊ ထုံးသင်္ကန်း အသစ်ကပ်၊ စေတီရံတွေ အုပ်တံတိုင်းတွေ ထုံးသုတ် ၊ လက်ရမ်းသံတိုင်တွေဆေးသုတ်၊

မီးတိုင်တွေ စိုက်တဲ့သူက စိုက် ၊မီးကြိုးသွယ်တဲ့လူကသွယ်ပေါ့ဗျာ။
ပစ္စည်း တွေကအဆင်သင့်ရှိနေတာဆိုတော့ ဘာမှမကြာလိုက်ဘူးဗျ။

ဦးရွှေရိုးကမဲ့ အဖွဲ့ကလည်း အပြိုင်အဆိုင် တိုက်ကြရောဗျို့ ။မြို့ကဇာတ်ကလည်း နှစ်ဇာတ်လောက်ကမှာဆိုတော့ ဇာတ်ရုံကလည်းဆောက်ရသေးသဗျ။

အခုလည်း သာသနာ့ အလံတွေ ကျုပ်လိုက်ထူနေတာ ။ဘန့်ဘွေးကုန်းက သိန်းဇော်တို့ ညီအစ်ကို နဲ့ ကျုပ်ပေါ့ဗျာ။

“ဟေ့ကောင် တာတေ ၊ ငါ့မှာ မင်းကို ရှာလိုက်ရတာကွာ ၊ငါတို့အိမ်က
နွားညိုကြီးတောထဲပျောက်သွားလို့ ရှာရသလိုပါပဲလား တာတေရာ “

သိနိးဇော်တို့ ညီအစ်ကို ရော ကျုပ်ရော လှည့်ကြည့်လိုက်တော့
အုတ်လှေကားထစ်တွေကို နင်းလာတဲ့ ခါးကြီးကိုင်းကိုင်းနဲ့

ဘန့်ဘွေးကုန်းက ကိုစံအေးကြီးဗျ ။ သူ့ထုံးစံအတိုင်း အသံကျယ်ကျယ်နဲ့ လှမ်းပြောလိုက်တာဗျ။

” ဟားဟား ဟားဟား ကိုကြီးစံအေးရာ ခင်ဗျား ပြောလိုက်မှဖြင့််
တာတေတောင် နွားဖြစ်တော့မလိုပဲ ၊ ခင်ဗျား ကတော့ “

“ဟာ ငါက အဲ့လိုပြောတာမဟုတ်ပါဘူးကွာ ။ တာတေ့ကို ရှာရခက်တာ ပြောတာပါသိန်းဇော်ရာ “

လူကပြုံးဖြဲဖြဲလုပ်ပြီး ပြောနေတာဗျ ၊ကိုကြီးစံအေးက ကျုပ်တို့ကိုတွေ့ရင် သူ့ညီလိုပဲအမြဲစနေကြ။

“ကိုကြိးစံအေး ရွှေတောင်ဦး ဘုရား လာဖူးတာလား”
သိန်းဇော်ညီ သိန်းတင်က ကိုစံအေးကြီးကို လှမ်းပြီးနှုတ်ဆက်တာဗျ၊

” အေးပေါ့ သိန်းတင်ရာ ဘုရားလည်းဖူးရင်း နွားလည်းရှာရင်း အဲ..
ဟုတ်ပါဘူး။ တာတေ့လည်းရှာရင်းပေါ့ကွာ “

ကျုပ်ကိုထပ်စသေးသဗျ။ ပြီးတော့မှ ဘုရားကို ဦးချတယ်။ခဏနေတော့မှ ကျုပ်တို့ အလံစိုက်နေတဲ့ ဆီကို ဆင်းလာတာဗျ

” ကိုကြီးစံအေး ကျုပ်ကို လာရှာတာ ဘာကိစ္စ ရှိလို့တုံး ”
” တို့အိမ်မှာ မင်းဆရာကြီး ဘိုးလူပေ ရောက်နေလို့ကွ ၊

ကြည့်ရတာတော့ အရေးကြီးတဲ့ ကိစ္စရှိပုံပဲ ၊ မင်းကိုခေါ်ပေးပါဆိုလို့
ထွက်လာတာ “

ကျုပ်သိန်းဇော်တို့ ညီအစ်ကို ကိုအကျိုးအကြောင်းပြောပြီး ထားခဲ့ရတာပေါ့ဗျာ ။ဘိုး လူပေ ကပိန်လည်းမပိန် ၊ ဝလည်းမဝဘူးဗျ၊

အရင်အတိုင်းပဲ ကျုပ်ကိုမြင်တော့ ပြုံးပြတယ်။
” မောင် တာတေ နေကောင်းရဲ့လားကွဲ့ “

” ဟုတ်ကဲ့ ကောင်းပါတယ် ဆရာကြီး ၊ ဆရာကြီးရော ကျန်းမာရဲ့လား “

“ကျန်းမာပါတယ် မောင်တာတေ ၊ နို့ မောင်တာတေရဲ့ မိဘများရော
နေထိုင်ကောင်းကြရဲ့လားကွဲ့”
” ဟုတ်ကဲ့ ဆရာကြီး အဘရော အမေရော နေကောင်းကြပါတယ် “

” အေးအေး ကျန်းမာ ကြပါစေကွယ် ၊ကျန်းမာကြပါစေ ”
” ဆရာကြီး အခုလို ဗြုန်းစားကြီး ရောက်လာတော့ အကြောင်း
အကြောင်းထူးများရှိနေလို့လား “

ကျုပ် မေးလိုက်တော့ ဘိုးလူပေက နှုတ်ခမ်း မွှေးလေးတင်းသွားတယ်ဆိုရုံလောက်ပြုံးလိုက်တယ်။

“ကိစ္စ ရှိတယ် မောင်တာတေ၊ ကိစ္စ ကဒီအနီးအနားမှာ မဟုတ်ဘူးကွဲ့၊ခရီးထွက်ရမှာ ၊ ခရီးကလည်းဝေးတယ်ကွဲ့ ၊ ဆလုံလူမျိုးတွေရှိတဲ့

ဒေသကိုသွားရမှာ မောင်တာတေရဲ့ “

” အဲ့ဒီ ဒေသမှာ ပညာသည်ဆိုးတွေ ရှိနေလို့လား ဆရာကြိး ”
” ဟာ..မဟုတ်ဘူး မောင်တာတေ ရဲ့ ဒီတစ်ခါသွားမဲ့ ခရီးက

ပညာသည် နှိမ်နင်း မဲ့ခရီးမဟုတ်ဘူး ဆရာကြီးရဲ့ကိစ္စပါ ၊
ဆရာကြီးပညာစခန်း ထပ်တက်ရမဲ့စခန်းပါ “

” သြော်.. ဒါနဲ့ ကျုပ်က ဆရာကြီးကို ဘာအကူအညီပေးရမှာတုန်းဆရာကြီးရဲ့ “

” ဒီလိုကွဲ့ မောင်တာတေရဲ့ စောစောကကျုပ်ပြောတဲ့ ဆလုံတွေရဲ့ ဒေသမှာ ကျွန်းကြီးတစ်ကျွန်းရှိတယ်။ ပင်လယ်ထဲမှာပေါ့ကွယ် ၊

အဲ့ဒီ ကျွန်းကြီးပေါ်မှာ နေမထိတောင်လို့ ခေါ်တဲ့တောင်ကြီး တစ်တောင်ရှိတယ်”

” ဗျာ နေမထိတောင် ဟုတ်လား ဆရာကြီး ၊နေမထွက်လို့လားဗျ ”
” နေကတော့ ထွက်ပါတယ်။ဒါပေမဲ့ ဒီတောင်ပေါ်ကို

နေရောင်လုံးဝမကျဘူးကွဲ့၊ အေး တစ်နှစ်လုံးမှာ တပေါင်းလပြည့်နေ့တစ်ရက်ပဲ မွန်းတည့် ချိန်မှာ ဆယ်မိနစ်လောက်

နေရောင်ကျတယ်။ ပြီးရင် ပြန်မှောင်သွားရောကွဲ့ ၊ တစ်နှစ်လုံး နေရောင်မထိုးတော့ ဒီတောင်ပေါ်မှာ ပေါက်တဲ့အပင်တွေကအစ

ထူးထူးခြားခြား အပင်တွေပေါက်တာကွဲ့၊ နွယ်ရှင်ကြီးတွေတောင်ရှိတယ် “

” ဗျာ နွယ်ရှင် ဟုတ်လား ဆရာကြီး”
” ဟုတ်တယ်ကွဲ့ မောင်တာတေရဲ့ နေမထိ တောင်ကြီးက

မတ်မတ်ကြီးဆိုတော့ဒိအတိုင်းတက်ရင် တောင်ထိပ်ကိုရောက်ဖို့က
သိပ်မလွယ်ဘူး။လပြည့် လကွယ် နေ့တွေမှာတောင်ပေါ်က

ဆင်းလာတဲ့ နွယ်ရှင်ကြိးတွေကို စီးပြီးလိုက်မှ တောင်ထိပ်ကိုရောက်တာကွဲ့ “

” ဆရာကြီး တော့ အဲ့စလုံကျွန်းကိုရောက်ဖူးတယ် ထင်တယ် ”
ကျုပ်ကတွေးပြီးပြောလိုက်တော့ ဘိုးလူပေက ပြုံးပြီး ခေါင်းညိတ်ပြတယ်ဗျ “

ကျုပ် မောင်တာတေ အရွယ်တုန်းက ကျုပ်ရဲ့ မွေးစားအဖေလည်းဟုတ် ၊ ကျုပ်ရဲ့ ဆရာလည်း ဟုတ်တဲ့

ပထမံဆရာပွားကြီးနဲ့ တစ်ခေါက်ရောက်သွားဖူးတယ်။ဒီတုန်းက ကျုပ်တက်မဲ့ ပညာစခန်းကိုကျုပ်အဘဆရာကြီးတက်ခဲ့တာပေါ့ကွယ်

ဒီတစ်ခါတော့ ကျုပ်တက်ရမယ့်အလှည့်ရောက်ပြီ မောင်တာတေ၊
ဒီတော့ မဖြစ်မနေ ကျုပ်သွားရမယ်။သွားရမှာကလည်းအခုလာမယ့်

တပေါင်းလပြည့်နေ့အမှီသွားရမှာ၊ အဲ့ဒီ့နေ့မှာ ကျုပ်ကပညာစခန်းတက်ရမှာကွဲ့၊ အဲ့ဒါမောင်တာတေ ကျုပ်နဲ့

ဆလုံကျွန်းကို လိုက်ခဲ့ပြီး ကျုပ်ကိုအကူအညီပေးပါလို့ မေတ္တာ ရပ်ခံချင်လို့ပါကွယ် “

ကျုပ်စဉ်းစားကြည့်တယ်။ဆရာကြီးဒေါက်တာ မင်းအောင်တို့ ဆရာကြီး စိုင်းနွံဖတို့နဲ့တောင် ယိုးဒယား နယ်စပ်အထိလိုက်ခဲ့ဖူးတာ

ပဲဗျာ၊ ပင်လယ်ဖျားသွားရတော့ရော ဘာကြောက်စရာရှိလို့တုန်း ။နောက်ပြီးတော့ ဘိုးလူပေလို အထက်လမ်းဆရာစစ်စစ်၊လူသူတော်

ကောင်းကြီးတစ်ယောက် ပညာစခန်းတက်ရမဲ့ ကိစ္စ မျိုးကို ကူညီခွင့်ရတာပဲ ကျုပ်အတွက် ဝမ်းသာစရာဖြစ်နေပြီပေါ့ဗျာ။

အဘနဲ့ အမေကလည်း ကျုပ်ခွင့်တောင်းရင် ရမှာပါ။ ဒီတော့ ဘိုးလူပေကို တစ်ထိုင်တည်းပဲ ကျုပ်ကတိ ပေးလိုက်တော့တယ်ဗျာ။

အဘနဲ့အမေကို ကျုပ်လိုက်ခဲ့ပါ့မယ် ဆရာကြီး ”
ကျုပ်စကားကိုကြားတော့ ဘိုးလူပေ တော်တော်ကို ဝမ်းသာသွားတာဗျ။

“ဟာ ဒါဆို နေရာကျပြီပေါ့ မောင်တာတေရာ ”
ကျုပ်က အဘနဲ့ အမေကို ခွင့်တောင်းတော့ခွင့်ပြုတယ်။ဒီတစ်ခါ

အဘနဲ့ အမေတင် ခွင့်တောင်းရတာမဟုတ်ဘူးလေ ဗျာ။ဘုရားပွဲ ကျင်းပတဲ့ ကော်မတီကိုပါအကျိုးအကြောင်းပြောပြီး

ခွင့်တောင်းရတာဗျ။ ကျုပ်တာဝန် ယူထားတဲ့ ကိစ္စကိုတခြားတစ်ယောက်နဲ့ အစားထိုးရတော့မှာပေါ့ဗျာ။

ဘန့်ဘွေးကုန်းရော၊ ထနောင်း ကုန်းရောကလူကြီးတွေတော်တော်များများကဘိုးလူပေကိုသိထား

ကြတာလေဗျာ။ဒီတော့လည်း ခွင့််ပြုကြတာပေါ့။ ကျုပ်လာဖြစ်ကတည်းက ဒီတစ်ခါပဲ

ရွှေတောင်ဦးဘုရားနဲ့လွဲဖူးတာဗျ။ဒါပေမဲ့လည်း ကျုပ်တွေးကြည့်တယ်လေ၊ရွှေတောင်ဦးဘုရားပွဲက နောင်လည်းနှစ်တိုင်း ရှိမှာပဲလေဗျာ။ ဘိုးလူပေလို ပုဂ္ဂိုလ် ကြီးစခန်း

တက်ဖို့က ဒီတစ်ခါပဲ အချိန်ကိုက်လုပ်ရမှာ။ ဘိုးလူပေလို လူသူတော်
ကောင်း အထက်လမ်းပညာရှင်ကြီးရှိနေရင် ဟောဒီ့ လောကကြီးမှာ

စုန်းတွေ ၊ ကဝေတွေ ၊ အောက်လမ်း ပညာသည်တွေ တော်တော် များများ ကို နိမ်နှင်းပစ်လို့ ရတယ်လေဗျာ။ဘိုးလူပေကို ကျုပ်မဖြစ်

မနေ ကူညီရမှာဗျ။မှတ်မှတ်ရရပါပဲဗျာ ။ ကျုပ်နဲ့ ဘိုးလူပေ ရွာကထွက်တော့ တစ်ပေါင်းလဆန်းတစ်ရက်ဗျ။ ဆုတ်တစ်ရက်၊

ဆန်းတစ်ရက် ခရီးမထွက်ရဘူးလို့ကျုပ်တို့ရွာက လူကြီးတွေ ပြောလေ့ရှိတဲ့အကြောင်း ကျုပ်က ဘိုးလူပေကိုပြောပြတော့

ဘိုးလူပေက ရယ်ပြီးပြောတယ်ဗျ ၊။
” ဒါတွေက ရွာဓလေ့ ၊ ရပ်ဓလေ့ အယူအဆ တွေပါ မောင်တာတေရယ်၊လူတွေကို ကယ်ဖို့ လုပ်ရတဲ့ ကိစ္စမှာ ပြဿဒါး တို့

ရက်ယုတ်မာ တို့ မရှိပါဘူးကွယ်၊ နေ့တိုင်း နေ့တိုင်း ဟာမင်္ဂလာရှိတဲ့
ရက်ရာဇာ တွေချည်းပါပဲ “

ဘိုးလူပေရဲ့ စကားကို ကျုပ် က ခေါင်းညိတ်ပြလိုက်တယ်။
ရန်ကုန် ရောက်တော့ ကျုပ်နဲ့ ဘိုးလူပေ ဘိတ်စက်လှေ တစ်စီးနဲ့

လိုက်ခဲ့ကြတယ်။ ကျုပ်တို့ စီးတဲ့ စက်လှေရဲ့ နံမည်က ` ငွေပင်လယ်´
တဲ့ဗျ၊ ပင်လယ်ထဲမှာ တစ်ညအိပ်ပြီးတော့မှ ဘိုးလူပေက ကျုပ်ကို

မေးတယ်။
” မောင် တာတေ လှိုင်းတွေ ဘာတွေ မမူးဘူးလား ”
“ဟာ မမူးဘူး ဆရာကြီးရဲ့ ၊ ကျုပ်က ကျုပ်တို့ရွာကကိုဆိတ်ဖွားနဲ့

ပင်လယ်ခရီးထွက်ဖူးပါတယ် ”
” ဟေ ဟုတ်လား ၊ဟန်ကျလိုက်တာကွယ်၊ကျုပ်က မောင်တာတေ ကို

ခေါ်သာ လာခဲ့ရတာ မောင်တာတေ ကအညာသားလေးဆိုတော့
ပင်လယ်ခရီးမှာ လှိုင်းတွေဘာတွေများ မူးနေမလားလို့စိုးရိမ်နေတာ

နို့ မောင်တာတေ ရေတွေ ဘာတွေရော ကူးတတ်ရဲ့လားကွဲ့ ”
” ကူးတတ်တယ် ဆရာကြီး ၊ ကျုပ်ရေလည်း ကောင်းကောင်းငုပ်တတ် တယ် “

” ဟေ ၊ မောင်တာတေက အညာသား သာ ဆိုတယ် အာဂလူပေပဲကွဲ့”
” ကျုပ် ဆရာ စိုင်းနွံဖ တို့ ဆရာကြီး ဒေါက်တာမင်းအောင် တို့နဲ့ ” ကန်တော် ကဝေမ ” လိုက်တုန်းက ရေအောက်မှာ မိကျောင်းနဲ့
သတ်ခဲ့ဖူးတယ် ဆရာကြီးရဲ့ “

” သြော် မောင်တာတေက ကျုပ်ထင်ထားတာထက်တောင် အရာရောက်နေတဲ့ လူပါလား ၊ မင်းဆရာနွံဖလက်ပေါ်မှာကျုပ်ကြီးခဲ့

ရတာကွဲ့ ၊ ကျုပ်ကို အကိုကြီးတစ်ယောက်လို ထိန်းကျောင်းခဲ့တာ ကျုပ်ဆရာနွံဖကို မကြာမကြာ သတိရပါတယ် မောင်တာတေရယ် “

ကျုပ်တို့ ဘိတ်ကို ရောက်တော့ ဆရာကြိး ဘိုးလူပေကဘုန်းကြီးတစ်ကျောင်းကို သွားတယ်။ ကျောင်းထိုင်ဆရာ

တော်ကြီးကို ဝတ်ဖြည့်လိုက်ကြတော့ ဆရာတော်ကြီး ကဘယ်သူတွေတုံးလို့မေးတယ်။ ကျုပ်စိတ်ထင်တော့ ဆရာတော်ကြီးက သက်တော်ခြောက်ဆယ်လောက်ပဲရှိမယ်ထင်တယ်။

ဒါပေမဲ့ ဘိတ်သံဝဲ၀ဲနဲ့ဘိုးလူပေကို ပြောဆိုနေတဲ့ ပုံက သက်တော်ကိုးဆယ်လောက်ရှိတဲ့ ပုံစံမျိုးဗျ။

တပည့်တော် မောင်လူပေပါ ဘုရား ”
” ဟေ မောင်လူပေ ဟုတ်လား ၊ ဒကာ ပွားကြီးရဲ့သားလား “

” ဟေ၊ကြည့်စမ်း ၊ မင်းအဘ ဆရာပွားကြီးရော ရှိသေးလားဟဲ့
မောင်လူပေရဲ့ ၊ ကြည့်စမ်း မင်းတောင်ဒီအရွယ်ရောက်နေပါရောလား “

” အဘက ရှိတော့ ရှိပါတယ်ဘုရား ၊ ဒီမှာမဟုတ်ဘူး ဘုရား ”
” သြော် ၊ သိပြီ ၊ သိပြီ ၊ မောင်လူပေ ၊ နို့ ဘိတ်ကို ဘာကိစ္စ လာတုံးကွဲ့”

” တပည့်တော် ရဲ့ ဖခင် ဆရာပွားကြီးတုန်းကလိုပါပဲဘုရား၊ ဆလုံးကျွန်းကြီးကိုသွားပြီး ပညာစခန်းတက်မလို့ပါ ဘုရား “

” ကဲ ကဲ နားလိုက်ကြဦး ”
ဆရာတော်ကြီးက သူ့ဘေးမှာ ချထားတဲ့ ကြေးခေါင်းလောင်းကိုယူပြီး ခေါက်လိုက်တယ်။

” ကလင် ကလင် ”
ခေါင်းလောင်းသံ ဆုံးတာနဲ့ ဦးပဉ္ဇင်းတစ်ပါးရောက်လာတယ်။

” ဟဲ့ ရေဝတ၊ ဒီ ဧည့်သည်တွေကို ဟိုဘက်က ထားဝယ်ကျောင်းဆောင်မှာ တည်းခိုဖို့ လုပ်ပေးလိုက်ကွဲ့ “

ဦးပဉ္ဇင်း ဦးရေဝတ နောက်ကို ဘိုးလူပေနဲ့ ကျုပ်လိုက်လာခဲ့တယ်။ဦးပဉ္ဇင်းက ကျုပ်တို့အိပ်ဖို့အိပ်ရာတွေပြင်ဆင်ပေးတယ်။

ပြီးတော့ ကျောင်းကြီးရဲ့ အောက်ထပ်မှာ ထမင်းကျွေးတယ်။ ထားဝယ်ကျောင်းဆောင်ကြီးက ဆွမ်းစားဆောင်ကြီးဗျ။

ကျုပ်တို့ နေ့လည်ဘက် တစ်ရေးတစ်မော အိပ်လိုက်တယ်။
ညနေစောင်းတော့ ဆရာတော်ခေါ်ခိုင်းလို့ ကျုပ်နဲ့ ဘိုးလူပေနဲ့

ဆရာတော်ကြီး သီတင်းသုံးတဲ့ မှန်ကျောင်းလေးကိုလာခဲ့ကြတယ်။
” မောင်လူပေ ဒိနေ့က ဆယ့်သုံးရက်နေ့ဆိုတော့ မနက်ဖြန် ခါ

ဆလုံးကျွန်းကို အရောက်သွားရမှာမဟုတ်လား ၊ ဒါမှလပြည့်နေ့မှာ
ပညာစခန်းတက်ရမှာပေါ့ “

” မှန်ပါ့ ဘုရား ၊ လပြည့်နေ့မှာ ပညာစခန်းတက်ရမှာပါ ဘုရား ”
” အေးအေး ဟောဒီ့က ကပ္ပိယကြီးက အားလုံးစီစဉ်နေပြီ “

ကျုပ်ရော ဘိုးလူပေရော ကျုပ်တို့ နဲ့ မလှမ်းမကမ်း မှာထိုင်နေတဲ့
ကပ္ပိယကြီးကို လှည့်ကြည့်လိုက်တယ်။

သျှောင်ထုံး ကြီးတစ်စောင်းထုံးထားတဲ့ အသားညိုညိုနဲ့ ကပ္ပိယကြီးက ဖျင်ကြမ်းအကျႌကြီး ဝတ်လို့ဗျ ။

ကျုပ်တို့ကို ပြုံးပြီး ခေါင်းညိတ်ပြတယ်။
” ကဲ ကပ္ပိယကြီး၊ မောင် လူပေတို့ကို ပြောပြလိုက်ပါဦး ”
” ကျုပ်အားလုံး စီစဉ်ထားပါပြီ ဘိုးလူပေ ၊ ပထမံပွဲအတွက်

ငှက်ပျော်ဆယ်ဖီး၊ ကျွန်းပိုင်ရှင်မအတွက် ငှက်ပျော်သုံးဖီး၊ပြီးတော့ အုန်းသီး နှစ်လုံး ၊အမွှေးတိုင်၊ရှန်ပန်းစအဖြူ ၊ သောက်စရာ ရေ ၊ အားလုံးကို စီစဉ်ထားပါတယ်။

မနက်ဖြန် ခုနှစ်နာရီ တိတိမှာ ရေဆိပ်ကို ဆင်းရပါမယ်။ အဲ့ဒီ့မှာ ဆလုံလှေတစ်စင်း အဆင်သင့်စောင့်နေမယ်။

ဆလုံကျွန်းကြီးအရောက် သူတို့ပို့ပေးပြီး တောင်ပေါ်အထိ
ဆလုံနှစ်ယောက်ကလိုက်ပို့ပေးကြလိုက်မယ်။ ပြီးရင် သူတို့လှေက

နေပြန်စောင့်နေလိုက်မယ်။ဘိုးလူပေတို့ ပြန်ရောက်လာတော့မှလှေနဲ့ ဘိတ်ကို ပြန်ခေါ်လာကြလိမ့်မယ်”

” ကျေးဇူး အထူးတင်ပါတယ်။ ကပ္ပိယကြီးရယ် ”
ဘိုးလူပေက ကပ္ပိယကြီးကို ရိုရိုသေသေ ပြောလိုက်တာဗျ။ကပ္ပိယကြီးကတော့ ဘာမှပြန်မပြောဘဲ ပြုံးပြီးခေါင်းညိတ်ပြတယ်။

ဆရာတော်ကြီးကတော့ ဘိုးလူပေကို မိန့်တယ်
” မောင်လူပေ ပညာစခန်း အတက်လမ်းဆိုတာ အင်မတန်မှာ အဖျက်

ကြမ်းတတ်တယ်ကွဲ့ ၊ အစစအရာရာ သတိမလစ်စေနဲ့ ၊ မနက်ဖြန် အရုဏ်တက်မှာ ကျုပ်ဆီကနေ သီလယူသွားကြ

၊နေမထိတောင်ပေါ်မှာ သီလလုံအောင်ထိန်းပြီးနေ ၊ လုပ်စရာရှိတာကို
တစ်ဆင့်ချင်း အဆင့်မကျော်အောင် လုပ်ပေတော့ မောင်လူပေ၊

ဒီရုပ် ၊ ဒီခန္ဓာ ၊ ဒီအသက်နဲ့ပဲ ဘဘုန်းဆီကို ပြန်ရောက်လာပါစေဗျာ”
” မှန်လှပါဘုရား “

ဆရာတော်ကြီးရဲ့ ဆုတောင်းစကားကိုကြားတော့ ကျုပ်တော်တော် လန့်သွားတာဗျ။ ကျုပ်နဲ့ ဘိုးလူပေ ထားဝယ်ကျောင်း ဆောင်ကို

ပန်ရောက်တော့ ကျုပ်က ဘိုးလူပေကို ဆရာတော်ကြီး အကြောင်း
မေးတယ်။
” မောင်တာတေ ၊ ဆရာတော်ကြီး ရဲ့ သက်တော်ဘယ်လောက်ရှိပြီ
ထင်လဲ “

” သက်တော် ခြောက်ဆယ်လောက်လို့ ထင်တယ် ဆရာကြီးရဲ့ ”
ဘိုးလူပေ က ပြုံးလိုက်ပြီးမှပြောတယ်။

” သက်တော် ရာကျော်နေပြီ မောင်တာတေရဲ့၊ ကျုပ်စိတ်ထင်တော့
တစ်ရာ့ငါးဆယ်လောက်ရှိပြီထင်တယ် “

” ဗျာ ဟုတ်လား ဆရာကြီး ၊ ပြီးတော့ ဆရာကြီးလုပ်မဲ့ ကိစ္စတွေကို
ဆရာတော်ကြီးက အားလုံးသိနေတာဗျ ၊ဆရာကြီး ဘာမှမစီစဉ်ရဘဲ

ဆရာတော်ကြီးက အဆင်သင့် စီစဉ်ပေးထားတယ်ဗျ ”
” ဟုတ်တယ် မောင်တာတေ ၊ ဆလုံကျွန်းလို့ခေါ်တဲ့ မဖဲဝါ ကျွန်းမှာ

ပညာစခန်းတက်ဖို့အတွက် ဝင်ပေါက်က ဒီက စရတာကွဲ့၊ဆရာတော်ကြီးက လက်ခံပြီးစီစဉ်လွှတ်လိုက်မှ နေမထိတောင်ပေါ်ကို

တက်လို့ရတာ ၊ ဒီဒေသက ဆလုံတွေဟာနေမထိတောင်ပေါ်ကို ဘယ်သူမှ မတက်ဝံ့ကြဘူး။ ဆရာတော်ကြီးသွားခိုင်းမှသွားကြတာ

အခုလည်း ကျုပ်တို့ကို လိုက်ပို့မဲ့ ဆလုံတွေက ဆရာတော်ကြီး ရဲ့
အမိန့်နဲ့မို့လို့လိုက်ပို့ကြမှာ “

” နေပါဦး ဆရာကြီးရဲ့၊ စောစောက ဆရာကြီးပြောလိုက်တာ မဖဲဝါကျွန်းဆိုသလားပဲ ”
” အေး ဟုတ်တယ် လေ မောင်တာတေ ၊ ဆလုံကျွန်းကြီးက မဖဲဝါကျွန်းလေ၊ ကျွန်းပိုင်ရှင်မက မဖဲဝါကွဲ့ “

” ဟာ…ဟုတ်လား ဆရာကြီး ”
” ဟုတ်တယ်ကွဲ့ ၊ ကျုပ်တို့တွေ ဒီပညာစခန်းတက်ဖို့ အတွက် မဖဲဝါရဲ့ အကူအညီ ကိုအများကြီးယူရတယ်။မဖဲဝါကိုလည်း ပွဲတစ်ပွဲ
သက်သက်ပေးရတာကွဲ့ “

ိ”သြော်… လတ်စသတ်တော့ ဒီကျွန်းကြီးက မဖဲဝါနေတဲ့ ကျွန်းကြီးကိုး “

” ဟုတ်တယ် မောင်တာတေ ၊ နေမထိတောင်ပေါ်မှာ မဖဲဝါနေတဲ့ ဂူကြီးရှိတယ်။ ဒါပေမဲ့ ဆရာတွေက အဲ့ဒီ့ဂူကို လုံးဝမသွားရဘူး “

” ဟင် ဒါဆိုရင် သချႋုင်းတွေကို စောက်ရှောက်တဲ့ မဖဲဝါက တခြားမဖဲဝါ တစ်ယောက်လား ဆရာကြီး “

” ဟာ မဟုတ်ဘူးကွဲ့ သူပဲ မောင်တာတေရဲ့ ၊ မဖဲဝါက ရုပ်ခွဲ နာမ်ခွဲတွေ အများကြီး ခွဲနိုင်တယ်ကွဲ့၊ မဖဲဝါ ရဲ့ ကမ္မဇိဒ္ဓက နည်းနည်း

နောနော မဟုတ်ဘူး မောင်တာတေ ”
” သြော် ဒီလိုကိုး “

နောက်နေ့မနက် အာရုဏ်တက်မှာ ဘိုးလူပေရော ကျုပ်ရော ဆရာတော်ကြီးဆီမှာ ကိုးပါးသီလခံယူကြတယ်။ ဘိုးလူပေနဲ့ကျုပ်

ဆရာတော်ကြီး ကျောင်းမှာ အာရုဏ်ထမင်းစားပြီး လှေဆိပ်ကို ဆင်းခဲ့ကြတယ်။ဆရာတော်ရဲ့ ကပ္ပိယကြီးက လိုက်ပို့တာဗျ။

ရေဆိပ်မှာ ကျုပ်တို့ကိုအဆင်သင့်စောင့်နေတဲ့ ဆလုံလှေသမားလေးယောက်က ကျုပ်တို့ကိုမြင်တာနဲ့ လှေထွက်ဖို့

ပြင်တော့တာဗျို့ ။ညနေစောင်းတော့မှ မဖဲဝါနေတဲ့ ဆလုံကျွန်းကြီးကို
ရောက်တာဗျ၊သြော်…ဒီကျွန်းမှာ မဖဲဝါ နေသတဲ့ ။ ကျုပ်ဖြင့် အံ့သြ

သွားတာပဲဗျာ။ဘိုးလူပေကိုယ်တိုင်ပြောမှတော့ ဘယ်မှာမဟုတ်ဘဲရှိမှာတုံး ။ မဖဲဝါက ရုပ်ခွဲ နာမ်ခွဲတွေ အများကြီး

ခွဲထုတ်နိုင်တယ်ဆိုပဲ ။ လေကွယ်တဲ့ဘက်မှာ ဆလုံကြီးတွေက လှေကို
ကပ်လိုက်တယ်။လှေကပ်တာနဲ့ ဆလုံနှစ်ယောက်က ကျွန်းပေါ်ကို

တက်သွားပြီး ထင်းတုံးတွေ ၊ ထင်းချောင်းတွေ ထမ်းချလာတယ်။
” မောင်တာတေ မြင်လား ၊ ဟိုတောင်ထွတ်ကြီးကနေမထိတောင်ပေါ့
ကွဲ့ ၊ မြင်လား ဒီကျွန်းပေါ်မှာ နေပူနေတုန်းရှိသေးတယ်။

အဲ့ဒီ တောင်ကြီးပေါ်ကို ကြည့်လိုက်၊နေရောင်ထိုးနေတာ မြင်လား ”
ဟာ..ဟုတ်ပါရဲ့ဗျာ။ တောင်ကြီး တစ်တောင်လုံးက နေရိပ်နေတာဗျ၊

ကျွန်းကြီးတစ်ကျွန်းလုံး နေပူနေပေမယ့် နေမထိတောင်ကြီးက နေရိပ်နေတာဗျ၊ နေရောင်ကို တစ်ခုခုနဲ့ကွယ်ထားသလိုပဲ

တော်တော်ကို ထူးဆန်းတာဗျ။
” တစ်နှစ်လုံး နေမထိတော့ နေရောင်ကြောက်တဲ့ နာနာဘာဝ တွေ ၊ နတ်မိစ္ဆာတွေ ၊ သွေးစုတ်ကောင်တွေ အဲ့ဒီတောင်မှာစုပြုံနေကြတာကွဲ့”

” ဟာ ဟုတ်လား ဆရာကြီး ၊ ကျုပ်တို့ သွားလို့ အန္တရာယ်ကင်းပါ့မလား “

” မပူပါနဲ့ မောင်တာတေ ၊ အဲ့ဒီ မကောင်းဆိုးဝါးတွေ အားလုံးမဖဲဝါကို မော့မကြည့်ရဲကြပါဘူးကွာ ၊ ဒါပေမဲ့ သူတို့ကို

နှိမ်နင်း နိုင်တဲ့ ကျုပ်ကိုတော့ ပညာစခန်း မတက်နိုင်အောင်ဖျက်စီးကြမှာပေါ့ကွာ၊ ဒါပေမဲ့ မကြောက်ပါနဲ့
မောင်တာတေ၊ကျုပ်မှာ ဆေးဝါးအစုံအလင်ပါပါတယ်”

ညမှောင်စပျိုးတာနဲ့ ဆလုံတွေက မီးဖိုကြီးဖိုတော့ တာဗျို့။ပြီးတာနဲ့
သူတို့လှေပေါ်ပြန်တက်သွားကြတယ်။ ကျုပ်နဲ့ဘိုးလူပေလည်း

ပါလာတဲ့ အစားအသောက်တွေကို ထုတ်ပြီးစားကြတော့တာဗျု့ိ။
ကျုပ်က အညာကပါလာတဲ့ နဂါးဆေးပေါ့လိပ်ထုတ်ထဲက

တစ်လိပ်ကို မီးညှိပြီးဖွာလိုက်တယ်။မနက်ဖြန် လပြည့်ဆိုတော့ လက တော်တော်သာနေပြီဗျ။တာတေလို့ အညာသားတစ်ယောက်အတွက်

ကတော့ လမင်းကြီး ထိန်ထိန်သာနေတဲ့ ပင်လယ်ညတစ်ညကို
လွှတ်သဘောကျနေတာပေါ့ဗျာ ။

” ကဲ မောင်တာတေ ရေ ၊ ကျုပ်စည်းချလိုက်ဦးမယ် ”
ဘိုးလူပေက မန္တန်ရွတ်ပြီး စည်းချတယ်။ စည်းချပြီးတော့မှပြောတယ်
ဗျ။

” မောင်တာတေ ဘာမှမကြောက်နဲ့ နှစ်နှစ်ခြိုက်ခြိုက် သာအိပ်ကွဲ့ “

” ဝုန်း ဝုန်း ”
ကျောက်ဆောင်တွေကို ပြေးပြီးရိုက်တဲ့ လှိုင်းရိုက်သံကြီးတွေက တစ်ဝုန်းဝုန်းပေါ့ဗျာ

ဘိုးလူပေနဲ့ ကျုပ်နဲ့ စခန်းချတဲ့ နေရာကတောစပ်မှာလေဗျာ။ဒီလွတ်တဲ့နေရာမှာ စခန်းချရတာပေါ့ဗျ၊ခဏနေတော့ ဒီရေ တက်လာပြီဗျို့ ၊

” ဝူး…ဝုန်း ”
“ဝူး…ဝုန်း “

ပင်လယ်အော်သံကြီးကိုပါကြားလာရတာဗျ။
ဝူး…ဆိုတာက ပင်လယ်အော်သံကြီးလေဗျာ။ ဝုန်း ဆိုတာက
ကမ်းခြေကို လှိုင်းရိုက်တဲ့အသံဗျ၊

ပင်လယ်အော်သံကြီးကိုနားထောင်ရင်း ကျုပ်မျက်စိတွေ လေးလာရောဗျာ။ ကျုပ်အိပ်ပျော်သွားလိုက်တာ တစ်ရေးမှကို

မနိုးဘူး ဗျ။
” မောင်တာတေ ၊ မောင်တာတေ ၊ထတော့ကွဲ့ “

ဘိုးလူပေ နှိုးမှပဲ ကျုပ်နိုးတော့တာဗျို့။ ညကကျုပ်မအိပ်ခင် လရောင်လင်းနေတဲ့ ပင်လယ် ကြီးမှာ အခုတော့ နေရောင်တွေလင်းနေပြီဗျ၊

ကျုပ်လည်းပါလာတဲ့ ရေလေးနဲ့ ပလုပ်ကျင်းပြီး မျက်နှာသစ်လိုက်တယ်။ပြီးတော့ ဘိုးလူပေ အသင့်ပြင်ပေးထားတဲ့

မနက်စာကို စားလိုက်တယ်။ ပြီးတာနဲ့ နဂါးဆေးပေါ့လိပ် လေး တစ်ဖွာ နှစ်ဖွာ သုံးဖွာ ဖွာလိုက်ပြီး နေမထိတောင်ပေါ် တက်ဖို့ပြင်ရ

တော့တာပေါ့ဗျာ။ငှက်ပျော်သီး အုန်းသီးတွေ မျှထည့်ထားတဲ့ ပတ္တူ
အိတ်ကြီးနှစ်လုံးကို ဆလုံကြီး နှစ်ယောက်က စလွယ်သိုင်းပြီး

လွယ်လိုက်ကြတယ်။ ဘိုးလူပေနဲ့ ကျုပ်နဲ့ကတော့ ဆေးလွယ်အိတ်
တစ်ယောက်တစ်လုံး လွယ်လို့ပေါ့ဗျာ။ ဆလုံကြီး နှစ်ယောက်က

ရှေ့ကသွား ၊ ကျုပ်တို့က နောက်ကလိုက်ပေါ့ဗျာ။အရိပ်မဲမဲကြီး ထိုးနေသလိုဖြစ်နေတဲ့ နေမထိတောင်ကြီး ဆီကို ကျုပ်တို့တွေ

တရွေ့ရွေ့ လှမ်းလို့ပေါ့ဗျာ ။ ရောက်ပြီဗျ၊ တောင်ကြီးရဲ့ အခြေကိုတော့ရောက်လာပြီ။ အိုး..မတ်လိုက်တဲ့ တောင်ကြီး ဗျာ ။

အပေါ်ကိုတက်ဖို့ လမ်းလိုက်ရှာကြည့်တယ်။တွေ့ကို မတွေ့တာဗျ။
ဆလုံကြီးနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး

ပြောကြတယ်။ သူတို့ပြောတဲ့ စကားတွေကို ကျုပ်တောင် နားကိုမလည်တာဗျ။ ကျုပ်မှန်းကြည့်တာက ဆလုံကြီးနှစ်ယောက်

တစ်ခုခုကို ရှာနေပုံပဲ။
” သူတို့ နှစ်ယောက် နွယ်ရှင် ကြီးတွေ ဆင်းတဲ့နေရာကို ရှာနေကြတာ

မောင်တာတေ ရဲ့ ”
ဘိုးလူပေက ကျုပ်ကို ပြောပြတယ်။ ခဏနေတော့ ဆလုံကြီးနှစ်ယောက် က ရှေ့ဆက်သွားကြပြန်ရောဗျ။ ကျွန်းပေါ်က

တောကလည်းထူပါ့ဗျာ။ ဒီကျွန်းကြီးကို လူတွေသိပ်မလာကြာတော့
သစ်ကောင်းဝါးကောင်းတွေမှ ပေါချက်ဗျာ။ ပျဉ်းကတိုးပင် ကြီးမှ

ဖြောင့်စင်းနေတာဗျာ။ သစ်ခွဲလိုက်လိုက်လို့ကတော့ လွှတ်ကောင်းပေါ့ဗျာ။

ဆလုံကြီးတွေက သူတို့ထုံးစံအတိုင်းပေါ့ဗျာ။အပေါ်ပိုင်းဗလာကျင်းပြီး အကွက်အဆင်မပေါ်တဲ့ ပုဆိုးမည်းမည်း

တွေ ဒူးခေါင်းလောက်ဝတ်လို့ဗျ။
” ဝူး “

ရှေ့ခပ်လှမ်းလှမ်းက သွားနေတဲ့ ဆလုံကြီး က” ဝူး ” လို့
အော်ပြီး အချက်ပေး လိုက်တယ်။

” တွေ့ပြီ တွေ့ပြီ နွယ်ရှင် ကြီးတဲ့ ဆင်းတဲ့ နေရာကို တွေ့သွားပြီ။
ဒါ့ကြောင့် အချက်ပေးတာ “

ဘိုးလူပေက ကျုပ်ကို ပြောတယ်ဗျ။ ကျုပ်တို့ ရောက်သွားတော့
ဆလုံကြီးက အပေါ်ကို မော့ကြည့်နေတယ်။ ဟုတ်တယ်ဗျု့ိ။

တောင်ကမ်းပါးယံမှာ ရေမြောင်းလို ချိုင့်ကြီးတွေ ဗျ။
” မောင်တာတေ အဲ့ဒီ ချိုင့်ကြီးတွေက နွယ်ရှင် ကြီးတွေ ဆင်းတဲ့ လမ်းကြောင်းတွေ လေ “

” ဟာ ဟုတ်လား ဆရာကြိး ၊ ဒါဆိုရင် အဲ့ဒီ့နွယ်ရှင်ကြီးတွေက
အသက်ရှိလို့လား ဆရာကြီး ”
” သဘာဝပေါ့ကွယ် ၊ အသက်ရှိတာတော့ မဟုတ်ပါဘူး “

” ဝေါ ဝေါ ဝေါ ”
ဟာ ဘာသံကြီးတွေတုံးဗျ။ကျုပ် လန့်တောင်သွားတယ်။ဆလုံကြီး နှစ်ယောက်က ဘေးကို ဆုတ်ပြေးကြတယ်။ ဘိုးလူပေရော

ကျုပ်ရော သူတို့ ပြေးသလို ဝေးဝေးပြေးကြရတာပေါ့ဗျာ။
” ဘာဖြစ်တာတုံး ဆရာကြီး “

” တောင်ပေါ်က နွယ်ရှင် ကြီးတွေ ဆင်းလာတာကွဲ့ မောင်တာတေရဲ့၊
အသာကြည့်နေ့ ကြည့်နေ၊ အဲ့ဒီ ဆလုံတွေ တွေ လုပ်သလိုသာ
လိုက်လုပ်ပေတော့ “

” ဝေါ ဝေါ ဝေါ ”
ဟာ ဆင်းလာပြီဗျို့ ၊ ငန်းမြွေကြီးတွေ ဆင်းလာသလားမှတ်ရတယ်။
မည်းမည်း ရှည်ရှည်ကြီးတွေဗျာ။ ကျုပ်ဖြင့် ကြောက်လိုက်တာ

မပြောပါနဲ့တော့ ။
” ဆရာကြီး မြွေကြီး တွေများလားဗျာ ”
” ဟာ မဟုတ်ပါဘူး မောင်တာတေရဲ့ ၊ ဒါ နွယ်ရှင် ကြီးတွေပါ ၊ ကျုပ်
အဘဆရာပွားကြီး ပညာစခန်း တက်တုန်းက ကျုပ်စီးဖူးပါတယ်။

နွယ်ပေါ်ကို ဝမ်းလျားမှောက်စီးနော် မောင်တာတေ ၊ လက်ကို မြဲမြဲ
ကိုင်ထား ၊ ဘာမှမကြောက်နဲ့ စိတ်ကို ပေါ့ပေါ့ထားလိုက် “

“ဝေါ ဝေါ ” “ဝေါ ” ” ဘုန်း ဘုန် း ”
ဝေါ ဝေါဆိုတာက တောင်ပေါ်က နွယ်ရှင် ကြီးတွေ

ဆင်းလာတဲ့အသံဗျ။ ဘုန်း ဘုန်း ဆိုတာက ယောကျ်ားကြီးတစ်ယောက်ရဲ့ ထွာဆိုင် နှစ်ဆိုင်စာလောက်ရှိတဲ့
နွယ်ရှင် ကြီးတွေ မြေကြီးပေါ်ကို ကျတဲ့ အသံဗျ၊မြေကြီးပေါ်ကို ကျပြီး

တော့ ရှေ့ကိုနှစ်လံ သုံးလံလောက် ပြေးသွားသေးတာဗျ၊ပြီးတော့မှ
ရပ်သွားတာ။

ဟာ ပြေးပြီဗျို့။ ပြေးပြီ ။ ဆလုံကြီးတွေ ပြေးပြီး နွယ်ရှင် ကြီးတွေကို
ဖက်တက်နေကြတယ်။ ကျုပ်ရေကြည့်တယ်။ အားလုံး ခြောက်ခုဗျ။

နွယ်ရှင် ပင်ကြီးတွေအားလုံး ခြောက်နွယ်ဗျ။ ဘိုးလူပေနဲ့ ကျုပ်လည်း ဆလုံကြီးတွေ လုပ်သလို လူထွာဆိုင် နှစ်ဆိုင်လောက်ရှိတဲ့ နွယ်ကြီး

တစ်ပင်ဆီမှာ ဝမ်းလျားမှောက် ပြီး ဖက်ထားလိုက်ကြတာပေါ့ဗျာ
ခဏနေတော့ တုံ့ကနဲဖြစ်သွားပြီး နွယ်ရှင်ကြီးတွေ အပေါ်ကို ပြန်တက် သွားတယ်ဗျ။ သဘာဝတရားကြီးက အံ့သြ စရာပါဗျာ

ကျုပ်တစ်သက်မှာတော့ ဒါဟာ ပထမဆုံးနွယ်ရှင်စီးဖူးတာဗျ။
နေမထိတောင်ကြီးကလည်း မတ်လိုက်တာဗျာ။ဒီအတိုင်းသာတက်

နေလို့ကတော့ အသက်အန္တရာယ်တောင်ရှိနိုင်တယ်ဗျ၊
ရောက်ပြီဗျို့ ၊ ရောက်ပြီ ။ တောင်ပေါ်ကို ရောက်ပြီ ။ တောင်ပေါ်

ရောက်တာနဲ့ ဆလုံကြီး နှစ်ယောက်က သူတို့ လွယ်လာတဲ့ ပတ္တူအိတ်ကြီးတွေထဲက အုန်းသီး ၊ ငှက်ပျောသီး

တွေထုတ်ပေးကြတယ်။ ပြီးတော့ နေရာ တစ်ခုကို လက်ညှိုးထိုးပြတယ်။ ဟာ..ကျောက်ဖျာကြိးဗျို့ ။ တော်တော် ကို

ကျယ်တာဗျ။ ဘိုးလူပေနဲ့ ကျုပ်နဲ့ ငှက်ပျော်သီး တွေထည့်ထားတဲ့
အိတ်ကြိးကို သယ်ပြီး ကျောက်ဖျာချပ်ကြီးပေါ်မှာ ပွဲတွေပြင်ကြတယ်

အံသြ စရာပဲဗျာ။ကျောက်ဖျာကြီးရဲ့နှုတ်ခမ်းအစပ်မှာ သဘာဝအတိုင်းဖြစ်နေတဲ့ ကျောက်တုံးကြီးတွေဗျ၊ကျောက်တုံး

ကြီးတွေရဲ့မျက်နှာပြင်က ချိုင့်ကြီးတွေ လူတွေသေသေချာချာ ထွင်းထားတဲ့ ကျောက်ဆစ်လက်ရာလိုပါပဲဗျာ။သေသေချာချာ

ကြည့်တော့မှ သဘာဝအတိုင်းဖြစ်နေတဲ့ ကျောက်ဇလုံကြီးတွေဗျ။
ကျောက်ဖျာကြီးက ကျုပ်စိတ်အထင် ပြောရရင် အလျားပေငါးဆယ်၊

အနံပေ ငါးဆယ်လောက်ကို ရှိမယ်ဗျ၊ကျောက်ဖျာပေါ်မှာ ခြုံနွယ်ပိတ်ပေါင်း မပြောနဲ့ မြက်တစ်ပင် အမှိုက်တစ်စတောင် မရှိဘူးဗျ။တစ်ယောက်ယောက်ကများ ဒီကျောက်ဖျာကြီးပေါ်ကို

တံမြက်စည်းလှဲထားသလားတောင် ထင်ရတယ်။ ဆလုံကြီးတွေက
တောစပ်မှာ ထင်းခြောက်တွေ သွားကောက်ပြီး ကျောက်ဖျာပေါ်မှာ

လာပြီး ပုံကြတယ်။တစ်ခေါက် လည်း မဟုတ် ၊ နှစ်ခေါက်လည်း မဟုတ်ဘူးဗျ၊တဖြည်းဖြည်းထင်းပုံကြီးက လူတစ်ရပ်လောက်မြင့်

လာပြီ။ ဒီ ဆလုံကြီး နှစ်ယောက် ဘာအတွက် ထင်းချောင်းတွေ ဒီလောက်ပုံနေမှန်း ကျုပ်တွေးမရဘူးဗျ။ ဘိုးလူပေ ကလည်း သဘာဝ

ကျောက်တုံး ကြိးတွေထဲက ကျောက်ဇလုံကြီးတွေထဲမှာ ပွဲပြင်နေတယ်။ဘိုးလူပေ ပွဲပြင်နေတာကလည်း အဆန်းသားဗျ။

ငှက်ပျောက ဆယ်ဖီး ဆင့်တယ်။ ပြိးတော်မှ အုန်းသီး တင်တယ်။
” မောင်တာတေ ဒါ ပထမံပွဲကွဲ့ ၊ ငှက်ပျော ဆယ်ဖီးနဲ့ပြင်ရတယ်”

ပထမံပွဲနဲ့ ခပ်လှမ်းလှမ်းက ကျောက်ဇလုံ တစ်ခုမှာတော့ ငှက်ပျောသုံးဖီးနဲ့ အုန်းတစ်လုံးပွဲဗျ ၊

” ဒါက ကျွန်းပိုင်ရှင်မ မဖဲဝါ အတွက် ပွဲကွဲ့ ၊ မောင်တာတေဟိုးမှာမြင်နေရတဲ့တောင်ချွန်းကြိးကို ကြည့်လိုက်စမ်း

အဲ့ဒီတောင်ချွန်းကြီးက အထဲမှာ ဂူကြီးကွဲ့။ အဲ့ဒီ့ဂူကြီးထဲမှာကျွန်းပိုင်ရှင်မ မဖဲဝါ နေတယ် “

ဘိုးလူပေ ပြတဲ့နေရာကို ကျုပ်လှမ်းကြည့်လိုက်တယ်။ဂူပေါက်တစ်ခုကို မသဲမကွဲ မြင်ရတယ်။ ဒီကျွန်းကြီးကို အရပ်အခေါ်

ကတော့ ဆလုံကျွန်းပေါ့ဗျာ၊ ပညာသည်တွေ အထက်ပုဂ္ဂိုလ် တွေသိတာကတော့ မဖဲဝါ ကျွန်းတဲ့ဗျ။ ဆလုံကြီးတွေ ထင်းလာပုံတဲ့

အချိန်မှာ ဘိုးလူပေက လက်ကာပြလိုက်တယ်။
” ရပြီ ရပြီ ၊ ဒီလောက်ဆို လုံလောက်ပြီ ၊ ကဲ မင်းတို့ လှေကို ပြန်တော့ လှေကပဲ ကျုပ်တို့ကို စောင့် “

ဆလုံကြီးနှစ်ယောက် ဘိုးလူပေကို ထိုင်ကန်တော့ သွားကြတယ်။
” ကဲ မောင်တာတေ ရောက်တုန်း ကြုံတုန်း ဗဟုသုတ လိုချင်ရင်တော့

မျက်ကွင်းဆေး ကွင်းပေတော့ ၊ ပြီးတော့ ကျုပ်ပေးထားတဲ့ ဒိဗ္ဗသောတအင်းနဲ့ စီရင်ထားတဲ့ သောတရေစင်ကိုလည်း နားနှစ်ဖက်မှာ လိမ်းထားလိုက်ကွဲ့ “

တာတေပဲဗျာ။ ဒါမျိုးကို ဘယ်လက်လွှတ်မှာတုံးဗျာ။ချက်ချင်း မျက်ကွင်းဆေး ကွင်း၊ သောတရေစင်နားမှာ ဆွတ်ထားလိုက်တယ်။

ဟာ ၊ ကျုပ်မြင်ပြီဗျို့ ။ မြင်ပြီ ၊ ကြားလည်း ကြားရပြီ။
အောက်မလေးဗျာ။ အမြဲတမ်း မှောင်ရိပ်သန်းနေတဲ့ နေမထိတောင်

ကြီးမှာ နာနာဘာဝ ပေါင်း ထောင်နဲ့ သောင်းနဲ့ ချီပြီး ရှိနေပါကလားဗျာ။ တောင်ပေါ်တွေမှာရော သစ်ပင်ကြီးတွေမှာရော

ပုံစံကလည်း မျိုးစုံဗျာ။ တချို့လည်း ခေါင်းပြတ်ကြီးတွေဗျ၊တချို့လည်း သွေးသံ ရဲရဲနဲ့ဗျ၊တချို့ကြတော့လည်း နဲတဲ့အရွယ်အစား

မဟုတ်ပါဘူး ဗျာ။လျှာနီနီကြီးတွေ တွဲလောင်းချလို့ဗျ၊အားလုံးက
ဘိုးလူပေကို ဝိုင်းကြည့်နေကြတာ။ကျုပ်ဖြင့် ကြက်သီးတွေ တောင်

ဖြန်းခနဲ ထရောဗျို့ ။ ဘိုးလူပေက တော့အမွေးတိုင် ဖယောင်းတိုင်တွေပါ ထွန်းလိုက်တယ်။ ပထမံ ပုဂ္ဂိုလ် ကြိးတွေကို

ပင့်ဖိတ်ပြီး ပထမံ ဆယ်ဖီးပွဲ လှူတယ်။ ကျွန်းပိုင်ရှင်မ မဖဲဝါကိုလည်း
ပင့်ဖိတ်ပြီး ပွဲပေးတယ်။ ပညာစခန်းတက်တဲ့ နေရာမှာ အနှောင့်အယှက် မရှိအောင် စောင့်ရှောက်ပေးဖို့ မေတ္တာ ရပ်ခံတယ်။

ပြီးတာနဲ့ ဘိုးလူပေ ကကျောက်ဖျာကြီးမှာ စည်းဝိုင်းချတယ်။
” ကဲ မောင်တာတေ ၊ ကျုပ် အလုပ်စလုပ်တော့မယ်။ ဒီကနေ့ မွန်းတည့် ချိန်မှာ ဟောဒီ့ တောင်ပေါ်မှာ ဆယ်မိနစ်လောက် နေပူလိမ့်မယ်

အဲ့ဒီ့ အချိန်မှာ ကျုပ်ပညာစခန်း တစ်ခု တက်လိမ့်မယ်။ ညရောက်လို့
ဒီတောင်ထိပ်ကို လအရောင်လင်းပြီဆိုရင် နောက်ထပ် ပညာစခန်း

တစ်ခု တက်ရမယ်။ ဒီအတောအတွင်း ဘယ်လို အနှောင့်အယှက် အဖျက်အစီးပဲလာလာ မောင်တာတေ လုံးဝမကြောက်နဲ့ ၊

ကြောက်ပြိး ဒီစည်းဝိုင်းအပြင်ကို ထွက်ပြေးရင်တော့ စည်းပေါက်ပြီး
ကျုပ်တို့ ဆရာ တပည့်နှစ်ယောက်မရှု မလှခံကြရလိမ့်မယ်ကွဲ့ ။

” ဟာ ဒီအတွက်တော့ စိတ်ချပါ ဆရာကြိး ၊ ကျုပ်က ထွက်ပြေးတဲ့လူ မဟုတ်ပါဘူး ”
” မောင်တာတေကို ကျုပ်ယုံကြည် စိတ်ချလို့ ခေါ်လာတာပေါ့ကွယ်
ကဲ ကျုပ် အလုပ်စပြီ “

ဘိုးလူပေ ကပုတီးကြီးထုတ်ပြိး စိတ်တော့တာပေါ့ဗျာ။ပြီးတော့ ဂါထာတွေ ၊ မန္တန်တွေလည်း ရွတ်တယ်ဗျ၊ နေမထိတောင်ပေါ်က

နာနာဘာဝ တွေဘာမှတော့ မလုပ်ဘူးဗျ။ ကြည့်နေရုံပဲ ကြည့်နေကြတယ်။ကျုပ်လည်း အရှေ့ ၊ အနောက် ၊တောင် ၊မြောက်

လှည့်ပတ်ကြည့်နေရတာပေါ့ဗျာ။နာနာဘဝကောင်ကြီးတွေ ဘာမှမလုပ်ကြဘူးဗျ။ဒီကောင်တွေ တစ်ကောင်နဲ့တစ်ကောင်

ပြောဆိုနေတဲ့ အသံလည်းကျုပ်ကြားတယ်။ဒါပေမဲ့ ပီပီသသ ကြားရတာတော့ မဟုတ်ဘူးဗျ၊ ဘိုးလူပေကလည်း ပုတီးမပြတ်စိတ်

နေတယ်။ မနက်ဆယ့်တစ်နာရီ ထိုးတော့ ဘိုးလူပေ အလုပ် ခဏ နားတယ်။
” ကဲ မောင်တာတေ ကျုပ်ရော မင်းရော ဥပုသ် စောင့်ထားကြတယ်
မို့လား ၊ မွန်းမတည့်ခင် အစားအသောက် စားထားကြစို့ကွဲ့ “

ဘိုးလူပေ အမိန့်ရှိတာနဲ့ ကျုပ်က ပါလာတဲ့ အစားအသောက် တွေထုတ်တယ်။ ကောက်ညှင်း ပေါင်းနဲ့ ငပုတ်ခြောက်မီးဖုတ်ဗျ။

ကပ္ပိယကြီး ထည့်ပေးလိုက်တာ မနဲပါဘူးဗျာ။ဘိုးလူပေ စားပြီးတော့
ကျုပ်ဆက်စားတယ်။စားသောက်ပြီးတာနဲ့ ကျုပ်က
နဂါးဆေးပေါ့လိပ် ဖွာတယ်။ဘိုးလူပေက ဆေးတံတစ်ဆုံသောက်တယ်။

” ကဲ မောင်တာတေ၊ အချိန် နီးပြီကွဲ့ ၊ ကျုပ်ပညာစခန်း တက်တော့မယ်၊ဘာအဖျက်အစီးပဲ လာလာမကြောက်နဲ့နော်”
” စိတ်ချပါ ဆရာကြီး “

ဘိုးလူပေ ထွန်းထားတဲ့ ဖယောင်းတိုင်တွေက လင်းတုန်းဗျ၊ဆရာတော်ကြီးပေးလိုက်တဲ့ ဝါဆိုဖယောင်းတိုင်တွေလေဗျာ။

ဘိုးလူပေ မန္တန်တွေရွတ်ပြီဗျို့ ၊ ဒီတစ်ခါ ရွတ်တဲ့ မန္တန်တွေက စောစောက ရွတ်တာမျိုး မဟုတ်ဘူး။ရွတ်ဖတ်တဲ့ ဋ္ဌာန်ကရိုဏ်း

ချင်းလည်းမတူဘူး ။ စောစောက ရွတ်သလိုမဟုတ်ဘဲ မာန်အပြည့် အားအပြည့်နဲ့ ရွတ်နေတာဗျို့။ဟာ နာနာဘာဝ တွေ တရွေ့ရွေ့နဲ့

ဆင်းလာကြပြီဗျို့။ ဘိုးလူပေက တော့ မျက်စိမှတ်ပြီး ရွတ်နေတာဗျ၊
အို သစ်ပင် ပေါ်တွေကရော ၊ တောင်ကုန်းပေါ်တွေကရော ဆင်းလာ

ကြာတာဗျ ၊ မည်းမည်းကို လှုပ်နေတာဗျို့ ၊ နာနာဘာဝ အကောင်ပေါင်း ဘယ်နှစ်ထောင်လောက်ရှိမှန်း ကျုပ်လည်း မသိနိုင်

ဘူးပေါ့ဗျာ။ တချို့ကလည်း တင်းပုတ်ကြီးတွေနဲ့ဗျ၊ နေ့ခင်း ကြောင်တောင် ဆိုပေမဲ့ ဟောဒီ့ နေမထိတောင်က အမှောင် ရိပ်ကြီး

ကျနေတာဗျ၊ တဖြည်းဖြည်း နဲ့ နီးလာကြပြီ။ ပုံစံတွေကို ကျုပ်မြင်နေရပြီ ၊ ကြောက်စရာကြီးတွေပါဗျာ။ကျုပ် တစ်ကိုယ်လုံး

ကြက်သီးတွေ တဖျန်းဖျန်းနဲ့ထကုန်ပြီဗျို့ ၊ ဟော ကြည့်နေရင်းနဲ့
ကျောက်ဖျာကြီးအစပ်ကို ကပ်လာကြပြီ ၊ ဟော အားလုံး ရပ်သွားကြ

ပြီဗျို့ ၊ ကျောက်ဖျာကြီးနဲ့ ဆယ်ပေလောက်အရောက်မှာ ရပ်သွားကြပြီ၊ ဘိုးလူပေကလည်း အသံကျယ်ကျယ်နဲ့ရွတ်နေတာဗျို့

ဘိုးလူပေ ရဲ့ မန္တန်ရွတ်သံက နေမထိတောင်ကြီး တစ်ခုလုံးမှာ ဟိန်းနေပြီဗျို့ ၊ နာနာဘာဝ ကောင် ထောင်ပေါင်းများစွာက

ပါးစပ်ကြီးတွေဟ ၊ လက်ကြီးတွေက ကုတ်တော့ဖဲ့တော့မယ့် ပုံစံနဲ့
မျက်လုံး နီနီကြီးတွေ ပြူးပြီး ကျုပ်တို့ကို ကြည့်နေတာဗျ ။

” ဟေး နေထိတော့မယ် ”
ဟော အသံကြီး တစ်သံဗျ၊ တောင်ချွန်းကြီးဘက်က ထွက်လာတာ။

ဘိုးလူပေပြောတဲ့ မဖဲဝါ နေတဲ့ ဂူကြီးထဲကဖြစ်မယ်ဗျ၊။
နာနာဘာဝ တွေ ကောင်းကင်ကို တစ်ပြိုင်နက် မော့ကြည့်တယ်ဗျို့။

” ဝူး ဝူး အီ အီး အီ ၊ အား အား အား ”
ဟာ ပြေးကုန်ကြပြီဗျို့ ၊ ပြေးကြပြီ၊ တောနက်ကြီးထဲကို ဝင်ပြေးကြ

တာဗျ၊ကျုပ်လည်း ဒီတော့မှ စိတ်အေးသွားတော့တာ ပေါ့ဗျာ ။
ဟာ လင်းပြီဗျို့ လင်းပြီ၊ နေရောင်လင်းပြီဗျာ ၊ ထူးဆန်းလိုက်တာဗျာ

အမှောင်ရိပ်ကြီးကျနေတဲ့ နေမထိ တောင်ကြီးမှာ နေရောင်ကြီးက ကျဲကျဲ တောက်နေတော့တာဗျို့။

ဘိုးလူပေ ရဲ့ မန္တန်ရွတ်သံက လည်း ပိုပိုပြီးကျယ်လာသလိုပဲဗျ ။ ကျုပ်ဘေးဘီကို လိုက်ကြည့်တယ်။ နာနာဘာဝ ကြီးတွေ တစ်ကောင်

မှကို မမြင်ရတာဗျ၊ဒီကောင်တွေ တစ်နှစ်မှ တစ်ခါလင်းတဲ့ ဒီနေရောင်ကို အထိမခံနိုင်လို့ ပြေးကြတာဖြစ်မယ်ဗျ၊

ဟာ…ဘိုးလူပေ ဘိုးလူပေ စက်ရောင်တွေ ထွက်လာပြီဗျို့ ။ မွန်းတည့်နေက ဘိုးလူပေအပေါ်ကို တည့်တည့်ကြီးထိုးထားတာဗျ ။

အဲ့ဒီနေရောင်အောက်မှာကို ဘိုးလူပေရဲ့ ကိုယ်က စက်ရောင်တွေ ဖြာထွက်လာတာဗျ၊

ဟာ အနီ အဝါ အပြာ အစိမ်း အို..စက်တွေ ဆိုတာ တောက်နေတော့တာဗျ၊ ဘိုးလူပေက တော့ တစ်ချက်မှမနားဘဲ

မန္တန်တွေ ရွတ်နေတော့တာဗျို့။ ဟော နေရောင်ကြီး ပျောက်သွားပြီ။
တစ်တောင်လုံး မှိုင်းကနဲ ပြန်ဖြစ်သွားတယ် ။

” ဝူး ဝူး အီး အီ အား ”
ဟာ တောထဲမှာ ပုန်းနေတဲ့ နာနာဘာဝ ကောင်တွေ ပြန်ထွက်လာကြပြန်ပြီ ။ ဒါပေမဲ့ ကျုပ်တို့ဘက်ကို မလာကြတော့

ဘူးဗျ ။ ခဏနေတော့ ဘိုးလူပေ လည်း မန္တန်ရွတ်တော့ ရပ်လိုက်ပြီဗျ။

” ကဲ မောင်တာတေ ရေ ၊ ကျုပ်တော့ နေမထိတောင်ရဲ့ မွန်းတည့်နေအောက်မှာ ပညာစခန်းရဲ့ ပထမအဆင့်အောင်သွားပြီ

ကွဲ့ ၊ ဒီည လမွန်းတည့်ချိန်မှာ ဒုတိယအဆင့် တက်ရတော့မယ်။
ကဲ မောင်တာတေလည်း တစ်ရေးတမော အိပ်ချေကွဲ့ “

ဘိုးလူပေ ရော ကျုပ်ရော ကျောက်ဖျာပေါ်မှာ လှဲပြီး အနားယူလိုက်တယ်၊ ညနေလောက်ရောက်တော့ ဘိုးလူပေကပြောတယ်။

” မောင်တာတေ ၊ ဒီည ဟောဒီတောင်ကြီးပေါ်ကို လရောင်ကျပြီဆို
တာနဲ့ ဟောဟိုက ထင်းချောင်းတွေကို စီကြရမယ်ကွဲ့ ၊ ပြီးရင်

အဲ့ဒီ့ ထင်းပုံကြီးထဲမှာ ကျုပ်က ဝင်ပြီး မန္တန်ရွတ်မယ် ၊ ပထမဆုံး
မီးခိုးလုံး ကြီးတွေ ထွက်လာတာတွေ့ရင် ဟောဒီအင်းအနီကို ပစ်ကွဲ့

ထင်းပုံကြီးက မီးတွေ ဟုန်းကနဲ ထတောက်လိမ့်မယ်။ ဒီအချိန်မှာ
အဖျက်အစီးတွေလာလိမ့်မယ်။ မကြောက်နဲ့နော်၊မောင်တာတေ

ထွက်လည်းမပြေးနဲ့ စည်းပေါက်သွားတာနဲ့ ကျုပ်ကို မီးသဂြိုဟ် ပြီးသားဖြစ်သွားလိမ့်မယ် “

” စိတ်ချပါ ဆရာကြီး ”
” အေး ၊ မီးတောက်တွေကြားက မီးတောက်နီနီကြီး ထိုးတက်လာတာတွေ့ရင် ဟောဒီ့အစိမ်းရောင်အင်းကို ပစ်ကွဲ့ “

” ဟုတ်ကဲ့ ပါ ဆရာကြီ ”
” အဲ့ဒီ အနီရောင်မီးတောင်ကြီး ပျောက်သွားပြီး ခဏကြာရင် မီးတောက်မီလျှံတွေကြားက စက်တွေ ရောင်စုံထွက်လာလိမ့်မယ် ၊

အဲ့ဒီအချိန်မှာ ဟောဒီ့ ` နတ်စက်ရောင်အင်း ´ ကို ပစ်ပေတော့ကွဲ့ ”
” စိတ်ချပါ ဆရာကြီး “

ပြောသာပြောရတယ်ဗျ။ ဘိုးလူပေ ပြောတာကို နားထောင်ရင်း ကျုပ်ဖြင့် စိုးရိမ်လိုက်တာဗျာ။ ဒါပေမဲ့ အချိန်တန် တော့လည်း

ညရောက်လာတာပေါ့ဗျာ။ ဘိုးလူပေနဲ့ ကျုပ်နဲ့ လရောင်အောက်မှာ
ထင်းချောင်းတွေကို ဂူပေါက်တစ်ခုလို့ ဖြစ်အောင် စီရင်ကြရတာဗျ၊

ဘိုးလူပေဝင်ဖို့ အပေါက်တစ်ပေါက် ချန်ထားရတယ်။ ဒီအပေါက်ကို
ဘိုးလူပေ ဝင်သွား တော့မှ ကျုပ်က ထင်းချောင်းတွေ စီပြီးပိတ်ရမှာ။

ညဆယ့်တစ်နာရီလောက်မှာ ဘိုးလူပေက အဝတ်အစား လဲတယ်။
အပေါ်ဖြူ ၊ အောက်အဖြူ ၊ ခေါင်းပေါင်းပုဝါအဖြူ ပေါင်းတယ်။

ပြီးတာနဲ့ ဂူတစ်ခုလို စီထားတဲ့ ထင်းပုံထဲကို ပုတီးကြီး စလွယ်သိုင်းပြီး ဝင်သွား ရောဗျို့ ။ ကျုပ်က ဘိုးလူပေ ဝင်သွားတဲ့ အပေါက်ကို ထင်းချောင်းတွေ နဲ့ ပိတ်လိုက်တယ်

ထင်းချောင်းဂူထဲက ဘိုးလူပေ ရဲ့ မန္တန်ရွတ်တဲ့အသံ စပြီး ထွက်လာပြီ ။လရောင်ကလည်း တောင်ထိပ်က ကျောက်ဖျာပေါ်မှာ ထိန်နေအောင်

လင်းလို့ပေါ့ဗျာ။ကျုပ်က ကျုပ်ရဲ့ ဆေးလွယ်အိတ်ရော ၊ ဘိုးလူပေရဲ့ ဆေးလွယ်အိတ်ရော တစ်ဖက်စီ စလွယ်သိုင်းထားတာဗျ။

လက်ထဲမှာလည်း ဘိုးလူပေ ပေးထားတဲ့ အင်းသုံးချပ်ကို အစဉ်အတိုင်း ထပ်ပြီး ကိုင်ထားတယ် ။

” ဟီး ဟီး ဟီးဟီး ”
ဟာ အသံ ကြီးတွေဗျ၊ ဘာသံကြီးတွေမှန်းတော့ မသိဘူးဗျ။ တော်တော် တော့ ကြောက်စရာကောင်းတာဗျ။ ဟော တော

ထဲက ထွက်လာပြီဗျို့ ။ အောင်မယ်လေးဗျာ ၊ နဲတဲ့ အကောင် ကြီးတွေမှမဟုတ်တာ ။ အရပ်ကြီးတွေ ထန်းပင်လောက် မြင့်တယ်ဗျု့ိ

ကိုယ်လုံးကြီးတွေကလည်း ပုတ်လုံးကြီးလောက်ရှိတယ်။ တစ်ကိုယ်လုံး အမွှေးမဲမဲကြီးတွေ ဖုံးလို့ဗျို့ ၊ ပခုံးတွေပေါ်မှာ

ဧရာမ ကျောက်တင်းပုတ်ကြီးတွေ ထမ်းထားတယ်။ အားလုံး လေးကောင်ဗျ၊ကျုပ်စိတ်ထင်တော့ ဘီလူးကြီးတွေလို့ ထင်တာပဲဗျာ။

ကျုပ်တို့ဘက်ကို တန်းတန်းမတ်မတ် ကိုလာနေတာဗျ၊

” ဟီးဟီးဟီး ”
ဟာ နီးလာပြီဗျို့ ။ နီးလာပြီ။ ဟာ..ကျောက်ဖျာကြီးအစပ်ထိရောက်လာကြပြီ ဗျို့။ ဟော

ဘီလူး ကြီးတစ်ကောင်က ငှက်ပျောဆယ်ဖီးနဲ့ ဘိုးလူပေထိုးတားတဲ့
ကန်တော့ပွဲကိုစိုက်ကြည့်နေတယ်။ ပြီးတော့ သူ့လက်ထဲမှာ စုံကိုင်ထားတဲ့ ကျောက်တင်းပုတ်ကြီးကို အပေါ်မြှောက်ပြီး ပထမံပွဲ

ကို ထုတော့မလို လုပ်နေတယ်ဗျ။ ဟာ ၊ ပထမံပွဲက မီးခိုးလို အငွေ့တွေ ထွက်လာပြီး ဘီလူးကြီးဘက်ကို လွင့်သွားတယ်။

ဟော ဘီလူးကြီးနောက်ဆုတ်သွားပြီဗျို့ ။ ဟော တစ်ကောင်ကကျုပ်ကို စိုက်ကြည့်ပြီး လက်ထဲက တင်းပုတ်ကြိးနဲ့

ရွယ်ထားတယ်။ ကျုပ်ဆိုတာ ကြက်သီးတွေ တဖြန်းဖြန်းထပြီး ခေါင်းက ဆံပင်တွေတောင် ထောင်ထနေရောဗျာ။ ဘီလူးကြီး

လေးကောင်က ကျုပ်တို့ကို ဝိုင်းထားကြတယ်ဗျ။
ဘိုးလူပေ ကတော့ မန္တန်ကို အသံအကျယ်ကြီးနဲ့ ရွတ်နေတာဗျို့ ။

ဟော…လမွန်းတည့်ပြီ။
” ဟီး ဟီး ဟီး ဟားဟား ဟား ”
ဟင် ဒါက မဖဲဝါကြိးအသံပဲဗျ ၊ ကျုပ်သိတာပေါ့ဗျာ ။ ဟော..မဖဲဝါကြီး လာပြီဗျို့။ သူ့ဂူပေါက်ကြီးထဲကနေ မီးလုံးကြီး

တစ်လုံးထွက်လာပြီး နောက်မှာ မဖဲဝါ ပါလာတာဗျ၊ လေထဲကနေ လွင့်လာတာ ဆံပင်ဖားလျားကြီးနဲ့ ပဲဗျ။

” ဘုန်း ”
ဟာ ရောက်တာနဲ့ ပထမံပွဲ ကို တင်းပုတ်နဲ့ ထုမလို့ရွယ်နေတဲ့ ဘီလူးကြီးကို ” ဘုန်း”ကနဲ ရိုက်လိုက်တာဗျို့။ မဖဲဝါရဲ့ လက်ဝါးစာ

မိသွားတဲ့ ဘီလူးကြီး နောက်ကို ဆုတ်ပြီး ပြေးရောဗျို့ ။
“အုန်း ”
ရိုက်ပြန်ပြီဗျာ ။ ပေကပ်ကပ် လုပ်နေတဲ့ ဘီလူးကြီး ရဲ့ ကျောကုန်းကို

ရိုက်လိုက်တာဗျို့ ။
” အုန်း ”
ဟော ကျုပ်ကို တင်းပုတ်နဲ့ ရွယ်နေတဲ့ အကောင်ကို ရိုက်လိုက်တာဗျ၊

ဟာ ပြေးပြီဗျို့ ၊ ပြေးပြီ ၊ ဘီလူးလေးကောင်လုံး တောင်ပေါ်က
ဆင်းပြေးသွားကြပြီဗျို့ ။

” ဟီး ဟီးဟီး ဟီး ဟားဟား အီး ”
မဖဲဝါကြီးလည်း လေထဲပျံတက်ပြီး သူ့ဂူပေါက်ထဲကို ဝင်သွားရောဗျို့

ဟာ မီးခိုးလုံးကြီးတွေ ထွက်လာပြီဗျို့ ။ ဘိုးလူပေရဲ့ ထင်းပုံကြီးထဲက
မီးခိုးလုံး ကြီး ထွက်လာပြီ။ ဘိုးလူပေ မှာထားတဲ့ အတိုင်း အနီရောင်

အင်းကို ကျုပ် လှမ်းပစ်လိုက်တယ်။
“ဝုန်း ”
ဟာ ထင်းပုံကြီး မီးထတောက်ပြီဗျို့ ။ ကျုပ်တောင် နောက်ကို ဆုတ်
နေလိုက်ရတယ်။ ဘိုးလူပေရဲ့ မန္တန်ရွတ်သံက ပိုပြီးတော့ ကျယ်လာတယ်။

ဒိတော့မှကျုပ်လည်း စိတ်အေးသွားတော့တာပေါ့ဗျာ။
ဟော မီးတောင်ကြီးတွေကြားက မီးတောက်နီနီကြီး ထွက်လာပြီဗျို့

အို..အရောင်တွေက နီရဲနေတာပဲဗျ။ ထင်းပုံကြီးရဲ့အပေါ်ကို
နှစ်လန် သုံးလန်းလောက် ထိုးတက်နေတာဗျ။ကျုပ် ဒုတိယအင်းကို

ပစ်ပြီဗျို့။
” ဝုန်း ”
ဟာ စက်တွေဗျို့ ၊ စက်တွေ ၊ မီးတောက်နီကြီး ဝုန်းဆိုတဲ့ အသံကြီးမြည်ပြီး ပျောက်သွားတာနဲ့ မီးတောက်ကြီးတွေကြားက

စက်ရောင်စုံတွေ ဖြာထွက်လာတယ်ဗျ။ အရောင်မှစုံနေတာပဲဗျာ။
ဘိုးလူပေ မှာတဲ့အတိုင်း ကျုပ်လက်ထဲက တစ်ချပ်ထဲ ကျန်နေတဲ့

နတ်စက်ရောင်အင်း နဲ့ကျုပ်ပစ်လိုက်တယ်။
” ဝုန်း ”
ဟာ မီးတောက်ကြီးပါ ” ဝုန်း ” ကနဲ မြည်ပြီး ငြိမ်းသွားပြီဗျို့ ။
စက်ရောင်တွေ လည်း တဖြည်းဖြည်း ပျောက်သွားပြီ။ ဟော

ဘိုးလူပေ ရဲ့ မန္တန်ရွတ်သံတွေလည်း တဖြေးဖြေး တိုးတိုးလာပြီး
နောက်ဆုံး ပျောက်သွားတယ် ။

ဟော ထွက်လာပြီဗျို့ ။ ဘိုးလူပေ ထွက်လာပြီ။ ကျုပ်ဖြင့် ဝမ်းသာလိုက်တာဗျာ။
” ဆရာကြီး ဘာမှ မဖြစ်ဘူးနော် “

” မဖြစ်ပါဘူး မောင်တာတေ ၊ ကျုပ်အောင်သွားပါပြီ ကွယ်။ မောင်တာတေ ရော ဟောဒီ့ကျွန်းကြီးရဲ့ ကျွန်းပိုင်ရှင်မမဖဲဝါကိုရော

ကျုပ် ကျေးဇူးအများကြီးတင်ပါတယ်ကွယ် ”
ဘိုးလူပေ ကကျောက်ဖျာကြီးရဲ့အလယ်မှာ ခြေစုံရပ်ပြီး

ပထမံပုဂ္ဂိုလ်တွေကို ရှိခိုးတယ်။ ပြီးတော့ သူ့ရဲ့ ဖခင် ဆရာပွားကြီး
ကိုရှိခိုးတယ်။ ကျွန်းပိုင်ရှင်မ မဖဲဝါကို မေတ္တာ ပို့တယ်။ ပြီးတာနဲ့

အဝတ်ဖြူတွေကို ချွတ်လဲတယ်။ ဘိုးလူပေဝတ်ထားတဲ့ အဝတ်ဖြူမှာ
ပြာတစ်မှုန်တောင်ကပ်မနေဘူးဗျ၊ မှိုင်းတစ်စလည်းမပေဘူး။

ဘိုးလူပေ အဝတ်အစား လဲပြီးတော့ ကျုပ်တို့နှစ်ယောက် နွယ်ရှင်ကြီးတွေ ဆီ သွားကြတယ်။

” လပြည့်ည တစ်ညလုံးတော့ နွယ်ရှင်တွေ တောင်အောက်ကို ဆင်းဦးမှာ မောင်တာတေရဲ့ “

ဘိုးလူပေ နဲ့ ကျုပ်နဲ့ ခပ်သွက်သွက်သွားပြီး တောင်အောက်ကိုဆင်းနေတဲ့ နွယ်ရှင် ကြီးတွေပေါ်မှာ ဝမ်းလျားမှောက် ပြီးဆင်းခဲ့ကြရတယ်။ကျုပ်တို့ကို စောင့်နေတဲ့ ဆလုံကြီးတွေ

လည်း ကျုပ်တို့ လှေပေါ်ရောက်တာနဲ့ လှေစထွက်တော့တာပဲဗျ။
ဘိတ်မှာတစ်ရက်နားပြီး ရန်ကုန်ပြန်တယ်။ ရန်ကုန်ကမှ ကျုပ်ရွာကို

ပြန်တယ်။ ဘိုးလူပေကတော့ ကိစ္စ တစ်ခုပေါ်လာတာနဲ့ ရန်ကုန်မှာပဲ
နေခဲ့တော့တယ်ဗျ၊ အိမ်ပြန် ရောက်တော့မှပဲကျုပ်ကို မျှော်နေတဲ့

အမေတို့ အဘတို့လည်း စိတ်အေးသွားကြတော့ပေါ့ဗျာ။ မဖဲဝါ
နေတဲ့ ကျွန်းကို ကျုပ်ရောက်ခဲ့တဲ့ အကြောင်းကိုတော့

ကျုပ်ဘယ်သူ့မှ မပြောပြခဲ့ဘူးပေါ့ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: cutegirlsaa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top