Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူကသာ ပိန္ေနေပမယ့္ ခါးမွာ အဆီရွိေနရင္လည္း ၾကည့္လို႔မေကာင္းပါဘူး။ ခါးပတ္လည္၊ ဗိုက္ေတြမွာ အဆီေတြ စုေနရင္ ျမန္မာ အက်ၤီ၀တ္ရတာလည္း အဆင္မေျပသလို ၾကည့္လို႔လည္း မေကာင္းပါဘူး။

ဒါေၾကာင့္ ခါးပတ္လည္က အဆီပိုေတြကို အလ်င္အျမန္ က်ဆင္းေစမယ့္ အစားအစာအေၾကာင္းကို ေ၀မွ်ခ်င္ပါတယ္။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ ပိုတက္ဆီယမ္၊ ကယ္ဆီယမ္၊ မဂၢနီဆီယမ္ နဲ႔ ဗီတာမင္ဓာတ္ေတြ ပါ၀င္ပါတယ္။ တစ္ေန႔ကို ငွက္ေပ်ာသီးတစ္လံုးစားရင္ ဗိုက္ျပည့္ေနၿပီး အဆီမတက္တာေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့က်ကာ ခါးပတ္လည္က ပိုေနတဲ့ အဆီေတြလည္း က်ဆင္းသြားမွာျဖစ္ပါတယ္္။

အခြံမာအသီးမ်ားနဲ႔ Almonds ေစ့

အခြံမာအသီးေတြ၊ Almonds သီးေတြမွာ Omega-3 နဲ႔ ပရိုတင္းဓာတ္ တို႔ ပါ၀င္မႈမ်ားပါတယ္။ Almonds အေစ့ကေတာ့ ေသြးအတြင္း သၾကားဓာတ္ပါ၀င္မႈပမာဏကို ထိန္းညွိေပးၿပီး ဇီ၀ကမၼျဖစ္စဥ္ကို အားေကာင္းေစပါတယ္။ အဲ့ဒီအျပင္ ခါးပတ္လည္က အဆီပိုေတြကိုလည္း က်ဆင္းေစပါတယ္။

အခြံမာသီးေတြနဲ႔ Almonds တို႔ကို အသုတ္ေတြမွာထည့္စားတာျဖစ္ျဖစ္ အဆာေျပ အစားအစာ အျဖစ္ စားသံုးလို႔ရပါတယ္။

ေထာပတ္သီး

ေထာပတ္သီးက အရသာ ေကာင္းရုံတင္မကဘဲ သူ႔မွာ oleic အက္ဆစ္ဓာတ္ပါ၀င္ၿပီး ဗိုက္ခဏခဏ မဆာေအာင္လည္း ပံ့ပိုးေပးပါတယ္။ သူ႔မွာ အမွ်င္ဓာတ္ေတြ၊ Monounsaturated Fats ေတြပါ၀င္တာေၾကာင့္ ကိုယ္အေလးခ်ိန္ မတက္ေအာင္ ကူညီေပးပါတယ္။

ျဖစ္ႏိုင္ရင္ေတာ့ ေထာပတ္သီး တစ္ေန႔ ၁ လံုး စားသံုးေပးပါ။

ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးက ေသြးထဲမွာရွိတဲ့ မေကာင္းတဲ့ ကိုလက္စထေရာဓာတ္ေတြနဲ႔ အဆီေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

ဒါေၾကာင့္ ကိုယ္အေလးခ်ိန္က်ဆင္းႏိုင္ကာ အဆီေတြလည္း ေလ်ာ့က်ေစပါတယ္။ အေကာင္းဆံုးကေတာ့ ခရမ္းခ်ဥ္သီးကို အသုတ္ေတြထဲထည့္စားတာ အစိမ္းစားတာမ်ိဳး စားသံုးသင့္ပါတယ္။

ဘယ္ရီသီး

ဘယ္ရီသီးေတြျဖစ္တဲ့ စေတာ္ဘယ္ရီ၊ Raspberries၊ Blackberries ၊ Blueberries တို႔က ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစပါတယ္။

သူတို႔မွာ Anthocyanins ဓာတ္ပါ၀င္တာေၾကာင့္ အၿမဲတမ္း ဗိုုက္ျပည့္ေနသလိုခံစားရၿပီး ခႏၶာကိုယ္ထဲက အဆီနဲ႔ သၾကားဓာတ္ေတြကို ေလ်ာ့ခ်ေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfoodmyanmar

#Unicode Version#
လူကသာ ပိန်နေပေမယ့် ခါးမှာ အဆီရှိနေရင်လည်း ကြည့်လို့မကောင်းပါဘူး။ ခါးပတ်လည်၊ ဗိုက်တွေမှာ အဆီတွေ စုနေရင် မြန်မာ အင်္ကျီဝတ်ရတာလည်း အဆင်မပြေသလို ကြည့်လို့လည်း မကောင်းပါဘူး။

ဒါကြောင့် ခါးပတ်လည်က အဆီပိုတွေကို အလျင်အမြန် ကျဆင်းစေမယ့် အစားအစာအကြောင်းကို ဝေမျှချင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ တစ်နေ့ကို ငှက်ပျောသီးတစ်လုံးစားရင် ဗိုက်ပြည့်နေပြီး အဆီမတက်တာကြောင့် ကိုယ်အလေးချိန်လျော့ကျကာ ခါးပတ်လည်က ပိုနေတဲ့ အဆီတွေလည်း ကျဆင်းသွားမှာဖြစ်ပါတယ်။

အခွံမာအသီးများနဲ့ Almonds စေ့

အခွံမာအသီးတွေ၊ Almonds သီးတွေမှာ Omega-3 နဲ့ ပရိုတင်းဓာတ် တို့ ပါဝင်မှုများပါတယ်။ Almonds အစေ့ကတော့ သွေးအတွင်း သကြားဓာတ်ပါဝင်မှုပမာဏကို ထိန်းညှိပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ အဲ့ဒီအပြင် ခါးပတ်လည်က အဆီပိုတွေကိုလည်း ကျဆင်းစေပါတယ်။

အခွံမာသီးတွေနဲ့ Almonds တို့ကို အသုတ်တွေမှာထည့်စားတာဖြစ်ဖြစ် အဆာပြေ အစားအစာ အဖြစ် စားသုံးလို့ရပါတယ်။

ထောပတ်သီး

ထောပတ်သီးက အရသာ ကောင်းရုံတင်မကဘဲ သူ့မှာ oleic အက်ဆစ်ဓာတ်ပါဝင်ပြီး ဗိုက်ခဏခဏ မဆာအောင်လည်း ပံ့ပိုးပေးပါတယ်။ သူ့မှာ အမျှင်ဓာတ်တွေ၊ Monounsaturated Fats တွေပါဝင်တာကြောင့် ကိုယ်အလေးချိန် မတက်အောင် ကူညီပေးပါတယ်။

ဖြစ်နိုင်ရင်တော့ ထောပတ်သီး တစ်နေ့ ၁ လုံး စားသုံးပေးပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက သွေးထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေနဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဒါကြောင့် ကိုယ်အလေးချိန်ကျဆင်းနိုင်ကာ အဆီတွေလည်း လျော့ကျစေပါတယ်။ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးကို အသုတ်တွေထဲထည့်စားတာ အစိမ်းစားတာမျိုး စားသုံးသင့်ပါတယ်။

ဘယ်ရီသီး

ဘယ်ရီသီးတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ Raspberries၊ Blackberries ၊ Blueberries တို့က ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

သူတို့မှာ Anthocyanins ဓာတ်ပါဝင်တာကြောင့် အမြဲတမ်း ဗိုုက်ပြည့်နေသလိုခံစားရပြီး ခန္ဓာကိုယ်ထဲက အဆီနဲ့ သကြားဓာတ်တွေကို လျော့ချပေးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top