မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝဘ်ဆိုက်
×





# Unicode Version #
လူတိုင်းက အမျိုးမျိုးသောအကြောင်းပြချက်တွေအတွက် အကြိမ်ပေါင်းများစွာ သူတို့မိုဘိုင်းဖုန်းကို အသုံးပြုကြပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်မှာ ဒီကိရိယာရဲ့ သြဇာလွှမ်းမိုးမှုကို စဉ်းစားမိဘူးလား? သင်ဒီအကြောင်းကို မစဉ်းစားမိဘူးဆိုရင် အောက်ပါအချက်အလက်များက သင့်ကိုတုန်လှုပ်စေပါလိမ့်မယ်။

မကြာသေးမီက လေ့လာမှုတစ်ခုအရ အိပ်နေသူနားမှာ မိုဘိုင်းဖုန်းတစ်လုံး တည်ရှိခြင်းက အမြဲတမ်း အိပ်မပျော်မှုတွေအတွက် အကြောင်းရင်းတစ်ခု ဖြစ်လာနိုင်တဲ့ ထူးထူးဆန်းဆန်း အိမ်မက်ဆိုးတွေ ဖြစ်လာနိုင်တယ်လို့ အမေရိကန် သိပ္ပံပညာရှင်များက ဖော်ထုတ်ခဲ့ပါတယ်။ စစ်တမ်းဖြေဆိုသူ ခန့်မှန်းခြေအားဖြင့် လေးပုံသုံးပုံ(၇၁%)သည် သူတို့မိုဘိုင်းဖုန်းတွေကိုအတူ ဒါမှမဟုတ်အနားမှာ ထားပြီးအိပ်စက်ခြင်းတယ်လို့ လေ့လာမှုမှာ တွေ့ရှိရပါတယ်။ ဒါ့အပြင် မျိုးဆက်သစ်လူငယ် (အသက် ၁၈ မှ ၂၄နှစ်)သည် အိပ်ရာပေါ်မှာ သူတို့ဖုန်းတွေကိုထားတတ်ပါတယ်။

ဒီပြဿနာက ဝိုင်ဖိုင်တွေကို မပိတ်ထားတဲ့ လူအများစုမှာ ဖြစ်ပြီး လူတွေရဲ့ ခန္ဓာကိုယ်ကို လွှမ်းမိုးတဲ့ မိုက်ခရိုဝေ့ဖ် ကိုနောက်ပိုင်းထုတ်လုပ်တာကြောင့် ဖြစ်ပါတယ်။ သိပ္ပံပညာရှင်များက ဒီဓါတ်ရောင်ခြည်ရဲ့ ရေရှည် လွှမ်းမိုးမှုက အိမ်မက်ဆိုးများနှင့် အိပ်မပျော်ခြင်းမျှသာ ဖြစ်နိုင်တာ မဟုတ်ပါဘူး။ ကွဲပြားတဲ့ နှလုံးသွေးကြောရောဂါများနှင့် ကိုယ်ခံစွမ်းအားစနစ်ကိုလည်း ပြဿနာဖြစ်ပေါ်စေတယ်လို့ ပြောဆိုကြပါတယ်။ ဒီပြဿနာများကို လွတ်မြောက်ချင်လျှင် သင့်အိပ်ရာနဲ့ အနည်းဆုံး ၃မီတာအကွာမှာ သင့်မိုဘိုင်းဖုန်းကို ထားဖို့ ကြိုးစားပါ။ သုတေသီတွေရဲ့အဆိုအရ ဒါက ဖုန်းများရဲ့ အန္တရာယ်ရှိတဲ့ မိုက်ခရိုဝေ့ဖ် လွှမ်း မိုးမှု ခံရခြင်းမှ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ နမှုနာအကွာအဝေးဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: TB_Nandar (Today_Lifestyle)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top