ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ပစၥည္းေတြကို အရည္အေသြး ေကာင္း၊ မေကာင္း ဘယ္လိုစစ္မလဲ? အ၀တ္အစားေတြ၊ အိတ္ေတြ၊ accessory ေတြ၀ယ္တဲ့အခါ အရည္အေသြးေကာင္းတဲ့ ပစၥညး္ကိုပဲ ကၽြန္မတို႔က လိုခ်င္ၾကပါတယ္။ ဒါေပမယ့္ ကိုယ္ကအရည္အေသြး ေကာင္းတယ္္ထင္ၿပီး ၀ယ္လာၿပီးမွ အ၀တ္အစားေတြက ပထမဆံုးေရေလွ်ာ္ၿပီးေနာက္ က်ံဳ႕သြားတာ၊ က်ယ္သြားတာ ၊စုတ္ၿပဲသြားတာ စသျဖင့္ျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ ၀ယ္တဲ့ေနရာမွာတင္ အရည္အေသြးညံ့တဲ့ ပစၥည္းေတြကို သိရွိဖို႔ ကူညီႏိုင္မယ့္ နည္းလမ္ေလးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။ ဒါက သင့္ပိုက္ဆံ အလဟႆ ဆံုးရံႈးျခင္းကို ေရွာင္ရွားႏိုင္မွာ ျဖစ္ပါတယ္။

၁။ ခ်ဳပ္ရိုးခ်ဳပ္သားကို ဆြဲၾကည့္ပါ။
အရည္အေသြးေကာင္းတဲ့ပစၥည္းမ်ားက ခ်ဳပ္ရိုးစိပ္ၿပီး ခ်ဳပ္ရိုးထူပါတယ္။ ခ်ဳပ္ရိုးသားကိုအသာေလး ဆြဲၾကည့္ပါ။ ခ်ဳပ္ရိုးက်ဲလွ်င္ အရည္အေသြး မေကာင္းပါဘူး။

၂။ ပလတ္စတစ္ ဇစ္ေတြကို ေရွာင္ၾကဥ္ပါ
လက္ပတ္ႀကိဳးတစ္ခုႏွင့္အတူ တပ္ထားေသာ သတၱဳဇစ္ပါတဲ့ အ၀တ္ႏွင့္ accessoriesေတြကိုပဲေရြး၀ယ္ပါ။ သူတို႔က အလြန္စိတ္ခ်ရၿပီး အခ်ိန္ၾကာၾကာခံပါတယ္။ ပလတ္စတစ္ဇစ္ေတြက မၾကာခဏက်ိဳးၿပီး ဘယ္ပစၥည္းမဆို အရည္အေသြးည့ံဖ်င္းတဲ့ လကၡဏာျဖစ္ပါတယ္။

၃။ ေအာက္နား လံုေလာက္တဲ့အက်ယ္ပါတာကို ေရြးခ်ယ္ပါ။
ေဘာင္းဘီမ်ားႏွင့္ စကတ္မ်ားက ၄စင္တီမီတာေလာက္ ေခါက္ထားတဲ့ ေအာက္နားတစ္ခု ရွိသင့္ပါတယ္။ အက်ီ ၤႏွင့္ ရွပ္အက်ီ ၤမ်ားက ၂စင္တီမီတာခန္႔ ေသးငယ္တဲ့ေအာက္နား ေခါက္စာ ရွိရပါမယ္။ အနားမရွိတာ ဒါမွမဟုတ္ ဒီေနရာက ရိုးရိုးခ်ဳပ္ထားတာျဖစ္လွ်င္ အရည္အေသြးနိမ့္တဲ့ ပစၥည္းျဖစ္ႏိုင္ဖြယ္ ရွိပါတယ္။

၄။ အထည္ကို လက္နဲ႔ဆြဲၾကည့္ပါ
အရည္အေသြးေကာင္းတဲ့ ပစၥည္းတစ္ခုက ၎ရဲ႕ပံုသ႑ာန္ကို အၿမဲေစာင့္ေရွာက္ပါလိမ့္မယ္။ ဂါ၀န္တစ္ထည္ ဒါမွမဟုတ္ စကတ္တစ္ထည္ကို ဆြဲဆန္႔ၾကည့္လို႔ အသားက က်ယ္သြားတာ၊ က်ံဳ႕သြားတာျဖစ္လွ်င္ ေစ်းေပါၿပီး အရည္အေသြးနိမ့္ပါတယ္။

၅။ ဇစ္အလ်ားကိုက္ညီတာကို ေရြးခ်ယ္ပါ။
ဂါ၀န္၊ စကတ္ႏွင့္တျခား ဘယ္အ၀တ္အစားမ်ိဳးမဆို ဇစ္မ်ားက အေရာင္ကိုက္ညီမႈရွိၿပီး အလ်ားမွာ တန္းတူဟိုဘက္ဒီဘက္ ညီမွ်ေနသင့္ပါတယ္။

၆။ အညြန္းတံဆိပ္ကို အေလးထားပါ
၀ါဂြမ္းကဲ့သို႔ သဘာ၀အထည္မ်ား၊ ပိုးႏွင့္ သိုးေမႊးထည္မ်ားက ခိုင္ခံ့ၿပီး ဓါတုထည္ေတြထက္ ပိုမိုတာရွည္ခံပါတယ္။ သို႔ေသ္ာ ၁၀၀% ခ်ည္သားေတြက အ၀တ္ေလွ်ာ္ၿပီးေနာက္ လ်င္ျမန္စြာ က်ံဳ႕ႏိုင္ပါတယ္။ (ႏိုင္လြန္၊ polyester စတဲ့)ဖန္တီးထားတဲ့အထည္မ်ား၏ (5-30%)ႏွင့္အ၀တ္မ်ားကို ေရြးခ်ယ္တာက ေကာင္းတဲ့အယူအဆ ျဖစ္ပါတယ္။ ဒီအ၀တ္မ်ားသည္ မဆန္႔ထြက္ပဲ ပိုၿပီးၾကာရွည္ခံပါလိမ့္မယ္။

၇။ ၾကယ္သီးမ်ားနဲ႔ ၾကယ္သီးေပါက္မ်ားကို စစ္ေဆးပါ
အတု ဒါမွမဟုတ္ အရည္အေသြးနိမ့္တဲ့ ပစၥည္းေတြကို ထုတ္လုပ္တဲ့အခါ သူတို႔က အေသးစိတ္အခ်က္အလက္အနည္းငယ္ကို အာရံုမစိုက္ၾကပါဘူး။ သင္ပစၥည္းတစ္ခုကို မ၀ယ္ခင္မွာ ၾကယ္သီးမ်ားႏွင့္ ၾကယ္သီးေပါက္မ်ားကို ဆန္းစစ္သင့္ပါတယ္။ ၾကယ္သီးေတြ မခိုင္တာ၊ ၾကယ္သီးေပါက္ေတြက ခ်ည္မ်င္ေတြ ထြက္ေနတာ မျဖစ္ဖို႔ စစ္ေဆးပါ. အေပါက္ေတြက သပ္ရပ္ၿပီး ညီညီညာညာ ေဖာက္ထားတာ ျဖစ္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: heheharhar

# Unicode Version #
ပစ္စည်းတွေကို အရည်အသွေး ကောင်း၊ မကောင်း ဘယ်လိုစစ်မလဲ? အဝတ်အစားတွေ၊ အိတ်တွေ၊ accessory တွေဝယ်တဲ့အခါ အရည်အသွေးကောင်းတဲ့ ပစ္စည်းကိုပဲ ကျွန်မတို့က လိုချင်ကြပါတယ်။ ဒါပေမယ့် ကိုယ်ကအရည်အသွေး ကောင်းတယ်ထင်ပြီး ဝယ်လာပြီးမှ အဝတ်အစားတွေက ပထမဆုံးရေလျှော်ပြီးနောက် ကျုံ့သွားတာ၊ ကျယ်သွားတာ ၊စုတ်ပြဲသွားတာ စသဖြင့်ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဝယ်တဲ့နေရာမှာတင် အရည်အသွေးညံ့တဲ့ ပစ္စည်းတွေကို သိရှိဖို့ ကူညီနိုင်မယ့် နည်းလမ်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဒါက သင့်ပိုက်ဆံ အလဟဿ ဆုံးရှုံးခြင်းကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

၁။ ချုပ်ရိုးချုပ်သားကို ဆွဲကြည့်ပါ။
အရည်အသွေးကောင်းတဲ့ပစ္စည်းများက ချုပ်ရိုးစိပ်ပြီး ချုပ်ရိုးထူပါတယ်။ ချုပ်ရိုးသားကိုအသာလေး ဆွဲကြည့်ပါ။ ချုပ်ရိုးကျဲလျှင် အရည်အသွေး မကောင်းပါဘူး။

၂။ ပလတ်စတစ် ဇစ်တွေကို ရှောင်ကြဉ်ပါ
လက်ပတ်ကြိုးတစ်ခုနှင့်အတူ တပ်ထားသော သတ္တုဇစ်ပါတဲ့ အဝတ်နှင့် accessoriesတွေကိုပဲရွေးဝယ်ပါ။ သူတို့က အလွန်စိတ်ချရပြီး အချိန်ကြာကြာခံပါတယ်။ ပလတ်စတစ်ဇစ်တွေက မကြာခဏကျိုးပြီး ဘယ်ပစ္စည်းမဆို အရည်အသွေးညံ့ဖျင်းတဲ့ လက္ခဏာဖြစ်ပါတယ်။

၃။ အောက်နား လုံလောက်တဲ့အကျယ်ပါတာကို ရွေးချယ်ပါ။
ဘောင်းဘီများနှင့် စကတ်များက ၄စင်တီမီတာလောက် ခေါက်ထားတဲ့ အောက်နားတစ်ခု ရှိသင့်ပါတယ်။ အကျီ ၤနှင့် ရှပ်အကျီ ၤများက ၂စင်တီမီတာခန့် သေးငယ်တဲ့အောက်နား ခေါက်စာ ရှိရပါမယ်။ အနားမရှိတာ ဒါမှမဟုတ် ဒီနေရာက ရိုးရိုးချုပ်ထားတာဖြစ်လျှင် အရည်အသွေးနိမ့်တဲ့ ပစ္စည်းဖြစ်နိုင်ဖွယ် ရှိပါတယ်။

၄။ အထည်ကို လက်နဲ့ဆွဲကြည့်ပါ
အရည်အသွေးကောင်းတဲ့ ပစ္စည်းတစ်ခုက ၎င်းရဲ့ပုံသဏ္ဍာန်ကို အမြဲစောင့်ရှောက်ပါလိမ့်မယ်။ ဂါဝန်တစ်ထည် ဒါမှမဟုတ် စကတ်တစ်ထည်ကို ဆွဲဆန့်ကြည့်လို့ အသားက ကျယ်သွားတာ၊ ကျုံ့သွားတာဖြစ်လျှင် ဈေးပေါပြီး အရည်အသွေးနိမ့်ပါတယ်။

၅။ ဇစ်အလျားကိုက်ညီတာကို ရွေးချယ်ပါ။
ဂါဝန်၊ စကတ်နှင့်တခြား ဘယ်အဝတ်အစားမျိုးမဆို ဇစ်များက အရောင်ကိုက်ညီမှုရှိပြီး အလျားမှာ တန်းတူဟိုဘက်ဒီဘက် ညီမျှနေသင့်ပါတယ်။

၆။ အညွန်းတံဆိပ်ကို အလေးထားပါ
ဝါဂွမ်းကဲ့သို့ သဘာဝအထည်များ၊ ပိုးနှင့် သိုးမွှေးထည်များက ခိုင်ခံ့ပြီး ဓါတုထည်တွေထက် ပိုမိုတာရှည်ခံပါတယ်။ သို့သေ်ာ ၁၀၀% ချည်သားတွေက အဝတ်လျှော်ပြီးနောက် လျင်မြန်စွာ ကျုံ့နိုင်ပါတယ်။ (နိုင်လွန်၊ polyester စတဲ့)ဖန်တီးထားတဲ့အထည်များ၏ (5-30%)နှင့်အဝတ်များကို ရွေးချယ်တာက ကောင်းတဲ့အယူအဆ ဖြစ်ပါတယ်။ ဒီအဝတ်များသည် မဆန့်ထွက်ပဲ ပိုပြီးကြာရှည်ခံပါလိမ့်မယ်။

၇။ ကြယ်သီးများနဲ့ ကြယ်သီးပေါက်များကို စစ်ဆေးပါ
အတု ဒါမှမဟုတ် အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်တဲ့အခါ သူတို့က အသေးစိတ်အချက်အလက်အနည်းငယ်ကို အာရုံမစိုက်ကြပါဘူး။ သင်ပစ္စည်းတစ်ခုကို မဝယ်ခင်မှာ ကြယ်သီးများနှင့် ကြယ်သီးပေါက်များကို ဆန်းစစ်သင့်ပါတယ်။ ကြယ်သီးတွေ မခိုင်တာ၊ ကြယ်သီးပေါက်တွေက ချည်မျင်တွေ ထွက်နေတာ မဖြစ်ဖို့ စစ်ဆေးပါ. အပေါက်တွေက သပ်ရပ်ပြီး ညီညီညာညာ ဖောက်ထားတာ ဖြစ်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: heheharhar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top