ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စဥ့္ကူးမင္းေခါင္းေလာင္းအား အေလာင္းမင္းတရားႀကီ၏ ဒုတိယေျမာက္သားေတာ္ ဆင္ျဖဴရွင္မင္းက ပန္းတည္း၀န္ ပညာေဒ၀ ကုိ သြန္းလုပ္ရန္ တာ၀န္ေပးခဲ့ပါတယ္။ သြန္းလုပ္ေနဆဲအခ်ိန္မွာပင္ ဆင္ျဖဴရွင္မင္း နတ္ရြာစံခဲ့ပါတယ္။ ဆင္ျဖဴရွင္မင္း၏ အရုိက္အရာအား သားေတာ္ စဥ့္ကူးမင္းက ဆက္ခံခဲ့ၿပီး ေခါင္းေလာင္းႀကီးအား ဆက္လက္သြန္းလုပ္ေစခဲ့ပါတယ္။ စဥ့္ကူးမင္းသည္ ေရႊတိဂုံေစတီကုိ အလွဴအမ်ဳိးမ်ဳိးျပဳခဲ့ရာတြင္ ေခါင္းေလာင္းႀကီးလည္းပါ၀င္ခဲ့ပါတယ္။ မဟာဃ႑ဘြဲ႔ေပးကာ ေရႊတိဂုံေစတီ၏ အေနာက္ေျမာက္ဖက္တြင္ တန္ေဆာင္းႏွင့္ တကြ လွဴဒါန္းခဲ့ပါတယ္။

စဥ့္ကူးမင္းေခါင္းေလာင္း၏ အေလးခ်ိန္မွာ ၁၅၅၅၅ ပိႆရွိၿပီး တန္ခ်ိန္အားျဖင့္ ၂၄ တန္ေလးပါတယ္။ အရွည္ ၁၁ေပခြဲရွိၿပီး ေခါင္းေလာင္းအ၀အက်ယ္မွာ ၆ေပ ၈လက္မ က်ယ္ၿပီး ထု မွာ ၁ေပ ရွိပါတယ္။ ၁၇၇၈ခုႏွစ္မွာ သြန္းလုပ္ၿပီးစီးခဲ့ပါတယ္။ ၁၈၂၄ခုႏွစ္ အဂၤလိပ္ ျမန္မာ ဒုတိယစစ္ပြဲမွာ ရန္ကုန္အသိမ္းခံရၿပီးေနာက္ ေခါင္းေလာင္းႀကီအား ျဖဳတ္ယူဖုိ႔ အဂၤလိပ္တုိ႔က ႀကံစည္ခဲ့ပါတယ္။ ေအာင္ပြဲအထိမ္းအမွွတ္္နဲ႔ အဂၤလန္ကုိ ယူရန္ႀကံစည္တာပါ။ လူအင္အားမ်ားစြာနဲ႔ ကုန္းေတာ္ေပၚကေန ျမစ္ဆိပ္ ၊ ျမစ္ဆိပ္ကေန သေဘၤာေပၚသုိ႔ တင္ခဲ့ပါတယ္။ တင္ေနစဥ္မွာပဲ တိမ္းေခ်ာ္ၿပီး ေခါင္းေလာင္းႀကီးဟာ လႈိင္ျမစ္ထဲကို က်သြားခဲ့ရပါတယ္။ အဂၤလိပ္တုိ႔ ကြ်မ္းက်င္အင္ဂ်င္နီယာမ်ားဦးေဆာင္ကာ သေဘၤာမ်ားျဖင့္ နည္းအမ်ဳိးမ်ုိးျဖင့္ ျပန္ဆယ္ဖုိ႔ ႀကဳိးစားေသာ္လည္း မရတဲ့အဆုံးမွာ လက္ေလွ်ာ့လုိက္ရပါတယ္။

ထုိအခ်ိန္မွာပဲ ျမန္မာမ်ားက အဂၤလိပ္အာဏာပုိင္မ်ားႏွင့္ ေတြ႔ဆုံကာ “ေခါင္းေလာင္းႀကီးအား မိမိတုိ႔ႀကဳိးစားဆယ္ယူပါမည္၊ ဆယ္ယူ၍ရပါက မူလေနရာ ကုန္းေတာ္ေပၚတြင္ ျပန္ထားခြင့္ျပဳရမည္” ဟု ေျပာဆုိခဲ့ပါတယ္။ သူတုိ႔ေခတ္မီ နည္းစနစ္ေတြနဲ႔ ဆယ္တာေတာင္မရတာ ၊ ျမန္မာေတြဘယ္နည္းနဲ႔မွ ဆယ္ႏုိင္မည္မဟုတ္ ဟု ေလွာင္ေျပာင္ကာ အလြယ္တကူပင္ခြင့္ျပဳလုိက္ပါတယ္။ ေရွးျမန္မာတုိ႔၏ ဆယ္ယူပုံနည္းလမ္းမွာ ပထမဦးစြာ ျမစ္ေရအက်ဆုံးအခ်ိန္တြင္ ေခါင္းေလာင္းႀကီးကုိ ေက်ာက္သံႀကဳိးႏွစ္ပင္ နဲ႔ ၿမဲေအာင္ခ်ည္ေႏွာင္ပါတယ္ ၊ ေက်ာက္ႀကဳိးကုိေခါင္းေလာင္းအထက္နားမွာ ရပ္ေနတဲ့ေမာ္ေတာ္နဲ႔ ဆက္ထားေစပါတယ္။ ျမစ္ေရတက္လာေသာအခါ သေဘၤာလည္းျမင့္တက္လာခဲ့ၿပီး ခ်ည္ထားခဲ့ေသာ ေခါင္းေလာင္းႀကီးသည္လည္း ျမစ္အတြင္းမွအေပၚကုိၾကြလာပါတယ္။ ထုိ႔ေနာက္ႀကဳိးမ်ားနဲ႔ ထပ္မံခ်ည္ေႏွာင္ေစၿပီး ကမ္းနားစပ္သို႔ဆြဲယူခဲ့ၾကပါေတာ့တယ္။ ေလွာင္ေျပာင္ခဲ့တဲ့ အဂၤလိပ္တုိ႔မွာ ျမန္မာတုိ႔ရဲ႕နည္းလမ္းကုိ အံၾသခဲ့ၿပီိး သူတုိ႔ကတိအတုိင္း မူလေနရာကို ျပန္တင္ခြင့္ျပဳလုိက္ရပါတယ္။

ထုိနည္းနဲ႔ စဥ္းကူးမင္းေခါင္းေလာင္းႀကီးကို ဆယ္ယူခဲ့ၿပီး မူလေနရာ ေရႊတိဂုံကုန္းေတာ္ေပၚကုိ ၁၈၂၆ခုႏွစ္မွာ အခမ္းအနားနဲ႔ ျပန္လည္ပုိ႔ေဆာင္ခဲ့ပါတယ္။ ျမစ္အတြင္းမွ ဆယ္ယူရာတြင္ အထိအခုိက္မ်ားရွိခဲ့ၿပီး သက္တမ္း ၂၅၀ႏွစ္္ နီးပါးရွိေသာ ႏႈတ္ခမ္းသားမ်ားပဲ့ေနတဲ့ စဥ့္ကူးမင္းေခါင္းေလာင္းႀကီးကုိ ယခုထက္တုိင္ ေရႊတိဂုံ ကုန္းေတာ္ေပၚမွာ ျမင္ႏုိင္ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutazone

#Unicode Version#
စဉ့်ကူးမင်းခေါင်းလောင်းအား အလောင်းမင်းတရားကြီ၏ ဒုတိယမြောက်သားတော် ဆင်ဖြူရှင်မင်းက ပန်းတည်းဝန် ပညာဒေ၀ ကို သွန်းလုပ်ရန် တာဝန်ပေးခဲ့ပါတယ်။ သွန်းလုပ်နေဆဲအချိန်မှာပင် ဆင်ဖြူရှင်မင်း နတ်ရွာစံခဲ့ပါတယ်။ ဆင်ဖြူရှင်မင်း၏ အရိုက်အရာအား သားတော် စဉ့်ကူးမင်းက ဆက်ခံခဲ့ပြီး ခေါင်းလောင်းကြီးအား ဆက်လက်သွန်းလုပ်စေခဲ့ပါတယ်။ စဉ့်ကူးမင်းသည် ရွှေတိဂုံစေတီကို အလှူအမျိုးမျိုးပြုခဲ့ရာတွင် ခေါင်းလောင်းကြီးလည်းပါဝင်ခဲ့ပါတယ်။ မဟာဃဏ္ဍဘွဲ့ပေးကာ ရွှေတိဂုံစေတီ၏ အနောက်မြောက်ဖက်တွင် တန်ဆောင်းနှင့် တကွ လှူဒါန်းခဲ့ပါတယ်။

စဉ့်ကူးမင်းခေါင်းလောင်း၏ အလေးချိန်မှာ ၁၅၅၅၅ ပိဿရှိပြီး တန်ချိန်အားဖြင့် ၂၄ တန်လေးပါတယ်။ အရှည် ၁၁ပေခွဲရှိပြီး ခေါင်းလောင်းအဝအကျယ်မှာ ၆ပေ ၈လက်မ ကျယ်ပြီး ထု မှာ ၁ပေ ရှိပါတယ်။ ၁၇၇၈ခုနှစ်မှာ သွန်းလုပ်ပြီးစီးခဲ့ပါတယ်။ ၁၈၂၄ခုနှစ် အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲမှာ ရန်ကုန်အသိမ်းခံရပြီးနောက် ခေါင်းလောင်းကြီအား ဖြုတ်ယူဖို့ အင်္ဂလိပ်တို့က ကြံစည်ခဲ့ပါတယ်။ အောင်ပွဲအထိမ်းအမှှတ်နဲ့ အင်္ဂလန်ကို ယူရန်ကြံစည်တာပါ။ လူအင်အားများစွာနဲ့ ကုန်းတော်ပေါ်ကနေ မြစ်ဆိပ် ၊ မြစ်ဆိပ်ကနေ သင်္ဘောပေါ်သို့ တင်ခဲ့ပါတယ်။ တင်နေစဉ်မှာပဲ တိမ်းချော်ပြီး ခေါင်းလောင်းကြီးဟာ လှိုင်မြစ်ထဲကို ကျသွားခဲ့ရပါတယ်။ အင်္ဂလိပ်တို့ ကျွမ်းကျင်အင်ဂျင်နီယာများဦးဆောင်ကာ သင်္ဘောများဖြင့် နည်းအမျိုးမျိုးဖြင့် ပြန်ဆယ်ဖို့ ကြိုးစားသော်လည်း မရတဲ့အဆုံးမှာ လက်လျှော့လိုက်ရပါတယ်။

ထိုအချိန်မှာပဲ မြန်မာများက အင်္ဂလိပ်အာဏာပိုင်များနှင့် တွေ့ဆုံကာ “ခေါင်းလောင်းကြီးအား မိမိတို့ကြိုးစားဆယ်ယူပါမည်၊ ဆယ်ယူ၍ရပါက မူလနေရာ ကုန်းတော်ပေါ်တွင် ပြန်ထားခွင့်ပြုရမည်” ဟု ပြောဆိုခဲ့ပါတယ်။ သူတို့ခေတ်မီ နည်းစနစ်တွေနဲ့ ဆယ်တာတောင်မရတာ ၊ မြန်မာတွေဘယ်နည်းနဲ့မှ ဆယ်နိုင်မည်မဟုတ် ဟု လှောင်ပြောင်ကာ အလွယ်တကူပင်ခွင့်ပြုလိုက်ပါတယ်။ ရှေးမြန်မာတို့၏ ဆယ်ယူပုံနည်းလမ်းမှာ ပထမဦးစွာ မြစ်ရေအကျဆုံးအချိန်တွင် ခေါင်းလောင်းကြီးကို ကျောက်သံကြိုးနှစ်ပင် နဲ့ မြဲအောင်ချည်နှောင်ပါတယ် ၊ ကျောက်ကြိုးကိုခေါင်းလောင်းအထက်နားမှာ ရပ်နေတဲ့မော်တော်နဲ့ ဆက်ထားစေပါတယ်။ မြစ်ရေတက်လာသောအခါ သင်္ဘောလည်းမြင့်တက်လာခဲ့ပြီး ချည်ထားခဲ့သော ခေါင်းလောင်းကြီးသည်လည်း မြစ်အတွင်းမှအပေါ်ကိုကြွလာပါတယ်။ ထို့နောက်ကြိုးများနဲ့ ထပ်မံချည်နှောင်စေပြီး ကမ်းနားစပ်သို့ဆွဲယူခဲ့ကြပါတော့တယ်။ လှောင်ပြောင်ခဲ့တဲ့ အင်္ဂလိပ်တို့မှာ မြန်မာတို့ရဲ့နည်းလမ်းကို အံသြခဲ့ပြီး သူတို့ကတိအတိုင်း မူလနေရာကို ပြန်တင်ခွင့်ပြုလိုက်ရပါတယ်။

ထိုနည်းနဲ့ စဉ်းကူးမင်းခေါင်းလောင်းကြီးကို ဆယ်ယူခဲ့ပြီး မူလနေရာ ရွှေတိဂုံကုန်းတော်ပေါ်ကို ၁၈၂၆ခုနှစ်မှာ အခမ်းအနားနဲ့ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ မြစ်အတွင်းမှ ဆယ်ယူရာတွင် အထိအခိုက်များရှိခဲ့ပြီး သက်တမ်း ၂၅၀နှစ် နီးပါးရှိသော နှုတ်ခမ်းသားများပဲ့နေတဲ့ စဉ့်ကူးမင်းခေါင်းလောင်းကြီးကို ယခုထက်တိုင် ရွှေတိဂုံ ကုန်းတော်ပေါ်မှာ မြင်နိုင်ပါသေးတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top