Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္အတြင္း ပိုၿပီးဆိုး၀ါးေနတဲ့အေျခအေနေတြနဲ႕ပတ္သက္လို႕ ကုလသမဂၢလံုၿခံဳေရးေကာင္စီက တရား၀င္ အစည္းအေ၀း ေခၚယူၿပီးေဆြးေႏြးဖို႕ လံုၿခံဳေရးေကာင္စီရဲ႕ အလွည့္က်အဖြဲ႕၀င္ ဆီြဒင္နဲ႕ အၿမဲ တန္းအဖြဲ႕၀င္ ၿဗိတိန္ႏိုင္ငံ တို႕က စက္တင္ဘာ၁၁ရက္ တနလၤာေန႕ကေတာင္းဆိုလိုက္ပါတယ္။

ကုလ သမဂၢဆိုင္ရာၿဗိတိန္သံအမတ္ႀကီး Matthew Rycroft က သတင္းေထာက္ေတြကို အခုလိုေျပာပါတယ္။

"လံုၿခံဳေရးေကာင္စီအေနနဲ႔ ဗုဒၶဟူးေန႕မွာ ျမန္မာ့အေရးတရား၀င္ေဆြးေႏြးဖို႔ က်ေန္ာတို႔ ေတာင္းဆိုပါတယ္ ဒါဟာ တနည္းလမ္းနဲ႔ ေၾကညာခ်က္ထြက္လာေစဖို႔ ဦးတည္ေစတဲ့ ေနာက္ထပ္ေျခလွမ္းတရပ္ျဖစ္လိမ့္မယ္လို႔ က်ေနာ္တို႔ေမွ်ာ္လင့္ပါတယ္။ ရခိုင္ျပည္နယ္ကေန ရိုဟင္ဂ်ာေတြ ဘဂၤလားေဒ့ရွ္ႏိုင္ငံဆီကို ထြက္ေျပးခဲ့ၾကတာ အေရအတြက္က သိပ္မ်ားေနတာကို ၾကည့္ျခင္းအားျဖင့္ အေျခအေနဟာ ပိုဆိုး၀ါးလာတာေၾကာင့္ လံုၿခံဳေရးေကာင္စီအဖြဲ႔၀င္ေတြအေနနဲ႔ စိုးရိမ္မကင္း ျဖစ္ၾကတဲ့ အရိပ္လကၡဏာလို႔ က်ေနာ္ထင္ပါတယ္။"

ဗုဒၶဟူးေန႕မွာ က်င္းပဖို႕ရွိတဲ့ လံုၿခံဳေရးေကာင္စီ ေဆြးေႏြးပြဲကို တံခါးပိတ္က်င္းပဖို႕ရွိေပမဲ့ တိုင္ပင္ႏွီးေႏွာ တဲ့ အေနအထားလည္းျဖစ္ႏိုင္ၿပီး ေကာင္စီဥကၠဌရဲ႕ဆံုးျဖတ္ခ်က္ ေပၚမူတည္တယ္လို႕ ၿဗိတိ္န္သံအမတ္ႀကီးကေျပာပါတယ္။ၾသဂုတ္လ၃၀ရက္ေန႕တုန္းကလည္း သံအမတ္ႀကီး Rycroft ရဲ ႔ တိုက္တြန္းခ်က္အရ ရခိုင္ျပည္နယ္အေရး လံုၿခံဳေရးေကာင္စီမွာ အေရးေပၚအစည္းအေ၀းေခၚယူခဲ့ၿပီး အေသးစိတ္ေဆြး ေႏြးခ်က္ေတြကို မထုတ္ျပန္ခဲ့ပါဘူး။

ဒါေပမဲ့ သက္ဆိုင္သူေတြအားလံုးအေနနဲ႕ တင္းမာမႈေတြေလွ်ာ့က်ေအာင္လုပ္ၿပီး ကိုဖီအာနန္ရဲ႕ အႀကံျပဳခ်က္ေတြကို အေကာင္အထည္ေဖၚတာအပါအ၀င္ ေရရွည္အေျဖေတြရွာေဖြသင့္တယ္လို႕ သံ အမတ္ႀကီး Rycroftက သတင္းေထာက္ေတြကိုေျပာခဲ့ပါတယ္။ ၿပီးခဲ့တဲ့အပတ္က ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ António Guterres ကလည္း ရခိုင္ျပည္နယ္မွာ လူသားခ်င္း စာနာမႈဆိုင္ရာ ကပ္ေဘး ဒုကၡႀကီး ေရွာင္ရွားႏိုင္ေရး ထိန္း ထိန္းသိမ္းသိမ္းလုပ္ေရး ျမန္မာအစိုးရကို လံုၿခံဳေရးေကာင္စီ အဖဲြ႔၀င္ႏိုင္ငံေတြ အေနနဲ႔ဖိအားေပးဖို႕ ေကာင္စီဥကၠဌကို တိုက္တြန္းခဲ့တယ္။ တနလၤာေန႕ကေတာ့ လူ႔အခြင့္အေရးမဟာမင္းႀကီး Zeid Ra’ad al-Hussein က ျမန္မာ ႏိုင္ငံမွာ ရိုဟင္ဂ်ာေတြအေပၚ တိုက္ခုိက္ေနတာက လူမ်ိဳးတံုးသတ္ျဖတ္မႈ အဆင့္ေရာက္ေနပံုရတယ္လို႔ ျပင္းျပင္းထန္ ထန္ေျပာလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗြီအိုေအ (ျမန္မာပုိင္း)

# Unicode Version #
ရခိုင်ပြည်နယ်အတွင်း ပိုပြီးဆိုးဝါးနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တရားဝင် အစည်းအဝေး ခေါ်ယူပြီးဆွေးနွေးဖို့ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျအဖွဲ့ဝင် ဆွီဒင်နဲ့ အမြဲ တန်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံ တို့က စက်တင်ဘာ၁၁ရက် တနင်္လာနေ့ကတောင်းဆိုလိုက်ပါတယ်။

ကုလ သမဂ္ဂဆိုင်ရာဗြိတိန်သံအမတ်ကြီး Matthew Rycroft က သတင်းထောက်တွေကို အခုလိုပြောပါတယ်။

"လုံခြုံရေးကောင်စီအနေနဲ့ ဗုဒ္ဓဟူးနေ့မှာ မြန်မာ့အရေးတရားဝင်ဆွေးနွေးဖို့ ကျနေ်ာတို့ တောင်းဆိုပါတယ် ဒါဟာ တနည်းလမ်းနဲ့ ကြေညာချက်ထွက်လာစေဖို့ ဦးတည်စေတဲ့ နောက်ထပ်ခြေလှမ်းတရပ်ဖြစ်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်ပါတယ်။ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီကို ထွက်ပြေးခဲ့ကြတာ အရေအတွက်က သိပ်များနေတာကို ကြည့်ခြင်းအားဖြင့် အခြေအနေဟာ ပိုဆိုးဝါးလာတာကြောင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအနေနဲ့ စိုးရိမ်မကင်း ဖြစ်ကြတဲ့ အရိပ်လက္ခဏာလို့ ကျနော်ထင်ပါတယ်။"

ဗုဒ္ဓဟူးနေ့မှာ ကျင်းပဖို့ရှိတဲ့ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲကို တံခါးပိတ်ကျင်းပဖို့ရှိပေမဲ့ တိုင်ပင်နှီးနှော တဲ့ အနေအထားလည်းဖြစ်နိုင်ပြီး ကောင်စီဥက္ကဌရဲ့ဆုံးဖြတ်ချက် ပေါ်မူတည်တယ်လို့ ဗြိတိန်သံအမတ်ကြီးကပြောပါတယ်။သြဂုတ်လ၃၀ရက်နေ့တုန်းကလည်း သံအမတ်ကြီး Rycroft ရဲ့ တိုက်တွန်းချက်အရ ရခိုင်ပြည်နယ်အရေး လုံခြုံရေးကောင်စီမှာ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး အသေးစိတ်ဆွေး နွေးချက်တွေကို မထုတ်ပြန်ခဲ့ပါဘူး။

ဒါပေမဲ့ သက်ဆိုင်သူတွေအားလုံးအနေနဲ့ တင်းမာမှုတွေလျှော့ကျအောင်လုပ်ပြီး ကိုဖီအာနန်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖေါ်တာအပါအဝင် ရေရှည်အဖြေတွေရှာဖွေသင့်တယ်လို့ သံ အမတ်ကြီး Rycroftက သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကလည်း ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဘေး ဒုက္ခကြီး ရှောင်ရှားနိုင်ရေး ထိန်း ထိန်းသိမ်းသိမ်းလုပ်ရေး မြန်မာအစိုးရကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ဖိအားပေးဖို့ ကောင်စီဥက္ကဌကို တိုက်တွန်းခဲ့တယ်။ တနင်္လာနေ့ကတော့ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Ra’ad al-Hussein က မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်နေတာက လူမျိုးတုံးသတ်ဖြတ်မှု အဆင့်ရောက်နေပုံရတယ်လို့ ပြင်းပြင်းထန် ထန်ပြောလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဗွီအိုအေ (မြန်မာပိုင်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top