ဘယ္ေတာ့ ကင္ဆာၿဖစ္ႏုိင္တယ္္ဆိုတာကို ၾကိဳတင္ၿပီးေတာ့လည္း မသိႏုိင္ပါ။

အားကစား၊ အစားအေသာက္၊ ေန႔စဥ္ေနထိုင္မႈဘဝ၊ ဘာရယ္လို႔မဟုတ္ပဲ နည္းနည္းခ်င္းလုပ္ေဆာင္ေနတဲ့ အက်င့္တစ္ခုက ရင္သားကင္ဆာကို ကာကြယ္ႏုိင္ပါတယ္။ အဓိကအားၿဖင့္ ပံုမွန္ ေဆးစစ္ေဆးမႈက လိုအပ္ပါတယ္။ ဒါပင္မဲ့လည္း ေန႔စဥ္ စစ္ေဆးႏုိင္တဲ့ နည္းလမ္းေတြလည္းရွိတာကို တင္ၿပလိုက္ရပါတယ္။

၀၁. ရင္သားကို ႏွိပ္ေပးပါ။
ခ်ိဳင္းေအာက္မွစ၍ ရင္သားေဘးကို စတင္ၿပီး ႏွိပ္သင့္ၿပီး ရင္သားေအာက္ပိုင္း၊ ရင္သားထိပ္အထိေရာက္ေအာင္ ႏွိပ္ရပါမည္။ ထိုသို႔ ႏွိပ္ၿခင္းၿဖင့္ အၾကိတ္မ်ား၏ လႈပ္ရွားမႈကို အေထာက္အကူၿဖစ္ေစၿပီး ရင္သားအတြင္း ေသြးလည္ပင္မႈကိုလည္း ေကာင္းမြန္ေစမွာပါ။

၀၂. တရားမွတ္ၾကည့္ပါ။
တရားထုိင္တာဟာ ကင္ဆာကအစ ေရာဂါအေတာ္မ်ားမ်ားကို မၿဖစ္ခင္က ၾကိဳတင္ကာကြယ္ႏုိင္တယ္လို႔သိရပါတယ္။ အဓိကအားၿဖင့္ ေရာဂါၿဖစ္ႏႈန္းက ေလ်ာ့က်ေစႏုိင္ပါတယ္။

၀၃. ေန႔စဥ္ အခ်ိန္အနည္းငယ္ေပး၍ အားကစားလုပ္ပါ။
ေန႔စဥ္ႏွင့္အမွ် ခႏၵာကိုယ္အတြင္းမွ အညစ္အေၾကးမ်ားကို စြန္႔ထုတ္ရန္လိုအပ္ပါတယ္။ ထုိအညစ္အေၾကးမ်ားကို စြန္႔ထုတ္ရန္အတြက္ အၾကိတ္မ်ား၏ လႈပ္ရွားမႈေကာင္းရန္ လိုအပ္ပါတယ္။ ဒီအတြက္ကေတာ့ ခႏၵာကိုယ္လႈပ္ရွားမႈ အားကစား လိုအပ္ပါတယ္။ အားကစား ေလ့က်င့္ခန္း လုပ္ၿခင္းအားၿဖင့္ လိုအပ္ေသာ ေဟာ္မုန္းဓါတ္မ်ားကို ထုတ္လုပ္ႏုိင္ေစၿပီး ကင္ဆာအတြက္လည္း ကာကြယ္ရန္ နည္းလမ္းေကာင္း တစ္ခုၿဖစ္မွာပါ။ ေနာက္တခ်က္ကေတာ့ အားကစားေၾကာင့္ လွပတဲ့ ခႏၵာကိုယ္ေလးကိုလည္း ပိုင္ဆုိင္ေစမွာပါ။

၀၄. ေခၽြးမ်ားမ်ားထြက္ေစရန္ ရည္ရြယ္ၿပီး အားကစာလုုပ္ပါ။
အားကစားလုပ္တာကိုလည္း သာမန္ထက္စာလွ်င္ ပိုမိုလႈပ္ရွားၿခင္းအားၿဖင့္ ေခၽြးမ်ားမ်ားထြက္ေစၿပီး ကိုယ္ခႏၵာအတြင္းမွာ အညစ္အေၾကးမ်ားကို ပိုမိုစြန္႔ပစ္ႏုိင္သလို၊ ကိုယ္ခံစြမ္းအားလည္း ၿမင့္တက္လာေစမွာပါ။

၀၅. ေရမ်ားမ်ားေသာက္ပါ။
ကိုယ္အတြင္းမွ ဆဲလ္မ်ားဟာ ေရကို အစာအၿဖစ္လိုအပ္ေနတာပါ။ ကိုယ္ခႏၵာအတြက္လိုအပ္ေသာ ဗီတာမင္ဓါတ္၊ အစရွိသည့္ဓါတ္မ်ားဟာ ေန႔စဥ္လိုအပ္လ်က္ရွိၿပီး ဝမ္းခ်ဳပ္ၿခင္းကိုလည္း ကာကြယ္ႏုိင္မွာပါ။

၀၆. အလွကုန္ပစၥည္းမ်ားကိုလည္း သဘာဝပစၥည္းမ်ားကို ေရြးခ်ယ္သံုးပါ။
အိမ္၊ အလုပ္မွာ ဓါတုေဗဒပစၥည္းအမ်ားအၿပားက ကိုယ့္ရဲ႕ပတ္ဝန္းက်င္မွာရွိေနပါတယ္။ ကိုယ့္ကိုယ္ မ်က္ႏွာတြင္လိမ္းေသာ ပစၥည္းမ်ားကို ၿဖစ္ႏုိင္ရင္ သဘာဝ အလွကုန္မ်ားကိုသာ သံုးသင့္ပါတယ္။

၀၇. သဘာဝ သန္႔ရွင္း လတ္ဆပ္ေသာ အစားအစာမ်ားကို စားသံုးပါ။
အလွကုန္ပစၥည္းမ်ားသာမက သန္႔ရွင္းလတ္ဆပ္ေသာ အစားအစာ၊ သဘာဝထုတ္ကုန္ပစၥည္းမ်ားကို ေရြးခ်ယ္ၿပီး စားသံုးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ChelmoTeam

#Unicode version#
ဘယ်တော့ ကင်ဆာဖြစ်နိုင်တယ်ဆိုတာကို ကြိုတင်ပြီးတော့လည်း မသိနိုင်ပါ။

အားကစား၊ အစားအသောက်၊ နေ့စဉ်နေထိုင်မှုဘဝ၊ ဘာရယ်လို့မဟုတ်ပဲ နည်းနည်းချင်းလုပ်ဆောင်နေတဲ့ အကျင့်တစ်ခုက ရင်သားကင်ဆာကို ကာကွယ်နိုင်ပါတယ်။ အဓိကအားဖြင့် ပုံမှန် ဆေးစစ်ဆေးမှုက လိုအပ်ပါတယ်။ ဒါပင်မဲ့လည်း နေ့စဉ် စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေလည်းရှိတာကို တင်ပြလိုက်ရပါတယ်။

၀၁. ရင်သားကို နှိပ်ပေးပါ။
ချိုင်းအောက်မှစ၍ ရင်သားဘေးကို စတင်ပြီး နှိပ်သင့်ပြီး ရင်သားအောက်ပိုင်း၊ ရင်သားထိပ်အထိရောက်အောင် နှိပ်ရပါမည်။ ထိုသို့ နှိပ်ခြင်းဖြင့် အကြိတ်များ၏ လှုပ်ရှားမှုကို အထောက်အကူဖြစ်စေပြီး ရင်သားအတွင်း သွေးလည်ပင်မှုကိုလည်း ကောင်းမွန်စေမှာပါ။

၀၂. တရားမှတ်ကြည့်ပါ။
တရားထိုင်တာဟာ ကင်ဆာကအစ ရောဂါအတော်များများကို မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်တယ်လို့သိရပါတယ်။ အဓိကအားဖြင့် ရောဂါဖြစ်နှုန်းက လျော့ကျစေနိုင်ပါတယ်။

၀၃. နေ့စဉ် အချိန်အနည်းငယ်ပေး၍ အားကစားလုပ်ပါ။
နေ့စဉ်နှင့်အမျှ ခန္ဒာကိုယ်အတွင်းမှ အညစ်အကြေးများကို စွန့်ထုတ်ရန်လိုအပ်ပါတယ်။ ထိုအညစ်အကြေးများကို စွန့်ထုတ်ရန်အတွက် အကြိတ်များ၏ လှုပ်ရှားမှုကောင်းရန် လိုအပ်ပါတယ်။ ဒီအတွက်ကတော့ ခန္ဒာကိုယ်လှုပ်ရှားမှု အားကစား လိုအပ်ပါတယ်။ အားကစား လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် လိုအပ်သော ဟော်မုန်းဓါတ်များကို ထုတ်လုပ်နိုင်စေပြီး ကင်ဆာအတွက်လည်း ကာကွယ်ရန် နည်းလမ်းကောင်း တစ်ခုဖြစ်မှာပါ။ နောက်တချက်ကတော့ အားကစားကြောင့် လှပတဲ့ ခန္ဒာကိုယ်လေးကိုလည်း ပိုင်ဆိုင်စေမှာပါ။

၀၄. ချွေးများများထွက်စေရန် ရည်ရွယ်ပြီး အားကစာလုုပ်ပါ။
အားကစားလုပ်တာကိုလည်း သာမန်ထက်စာလျှင် ပိုမိုလှုပ်ရှားခြင်းအားဖြင့် ချွေးများများထွက်စေပြီး ကိုယ်ခန္ဒာအတွင်းမှာ အညစ်အကြေးများကို ပိုမိုစွန့်ပစ်နိုင်သလို၊ ကိုယ်ခံစွမ်းအားလည်း မြင့်တက်လာစေမှာပါ။

၀၅. ရေများများသောက်ပါ။
ကိုယ်အတွင်းမှ ဆဲလ်များဟာ ရေကို အစာအဖြစ်လိုအပ်နေတာပါ။ ကိုယ်ခန္ဒာအတွက်လိုအပ်သော ဗီတာမင်ဓါတ်၊ အစရှိသည့်ဓါတ်များဟာ နေ့စဉ်လိုအပ်လျက်ရှိပြီး ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်နိုင်မှာပါ။

၀၆. အလှကုန်ပစ္စည်းများကိုလည်း သဘာဝပစ္စည်းများကို ရွေးချယ်သုံးပါ။
အိမ်၊ အလုပ်မှာ ဓါတုဗေဒပစ္စည်းအများအပြားက ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေပါတယ်။ ကိုယ့်ကိုယ် မျက်နှာတွင်လိမ်းသော ပစ္စည်းများကို ဖြစ်နိုင်ရင် သဘာဝ အလှကုန်များကိုသာ သုံးသင့်ပါတယ်။

၀၇. သဘာဝ သန့်ရှင်း လတ်ဆပ်သော အစားအစာများကို စားသုံးပါ။
အလှကုန်ပစ္စည်းများသာမက သန့်ရှင်းလတ်ဆပ်သော အစားအစာ၊ သဘာဝထုတ်ကုန်ပစ္စည်းများကို ရွေးချယ်ပြီး စားသုံးသင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: ChelmoTeam
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top