ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ၾကက္သြန္ျဖဴနဲ႔ သံပုယိုသီးဟာ က်န္းမာေရးကို အေထာက္အကူျပဳတဲ့ သဘာ၀တရားရဲ့ လက္ေဆာင္မြန္ဆိုရင္ မမွားပါဘူး။ မေကာင္းတဲ့ ကိုလက္စထေရာ ပမာဏက ေသြးလြတ္ေၾကာနံရံေတြမွာ ပိတ္ဆို႕လာၿပီး ေသြးလည္ပတ္မႈကို ေလ်ာ့က်ေစပါတယ္။ ဒါ့ေၾကာင့္ ႏွလံုးနဲ႔ဆိုင္ရာေရာဂါ (သို႕) ေလျဖတ္မႈ အႏၱာရာယ္နဲ႔ ရင္ဆိုင္ရႏိုင္ပါတယ္။

မေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလွ်ာ့က်ေစမ့ဲ သဘာ၀နည္းလမ္းကေတာ့ ၾကက္သြန္ျဖဴနဲ႔ သံပုယိုသီးကို မ်ားမ်ားစားေပးတာပါပဲ။ ႏွလံုးေသြေၾကာပိတ္တာကို သက္သာေစဖို႔အတြက္ သံပုယိုသီးနဲ႔ ၾကက္သြန္ျဖဴကို အသံုးျပဳတဲ့ ေဆးေဖာ္စပ္နည္း ၃ မ်ိဳးကို မွ်ေ၀ေပးသြားမွာပါ။
နည္းလမ္း ၁

ပါ၀င္ပစၥည္း

သံပုယုိရည္ ၁ ခြက္

ဂ်င္းရည္ ၁ ခြက္

ၾကက္သြန္ျဖဴရည္ ၁ ခြက္

ပန္းသီး ရွလကာရည္ ၁ ခြက္

ျပဳလုပ္နည္း

ပါ၀င္ပစၥည္းအားလံုးကို အတူတကြထည့္ၿပီး နာရီ၀က္ေလာက္ သယ္ထားေပးပါ။ (သို႕) ဒါမွမဟုတ္ ခြက္ ၃ ခြက္စာပမာဏက်န္တဲ့ထိ သယ္ေပးထားပါ။ အဲဒီေနာက္ အေအးခံၿပီး ရလာတဲ့ အရည္ကို သဘာ၀ ပ်ားရည္ ၃ ခြက္ ေရာပါ။ အဲဒီေနာက္ ဖန္ခြက္တစ္လံုးထဲထည့္ၿပီး ေရခဲေသတၱာထဲထည့္ပါ။

ေသာက္သံုးနည္း

မနက္စာမစားခင္ အဲဒီအရည္ကို စားပြဲတင္ဇြန္း ၁ ဇြန္းေသာက္ပါ။

နည္းလမ္း ၂

ပါ၀င္ပစၥည္း

အခြံခြာၿပီးသား သံပုယိုသီး ၆ လံုး ကို အတံုးေသးေသးေလးေတြျဖစ္ေအာင္ လွီးပါ။

ၾကက္သြန္ျဖဴ အမႊာ ၃၀ ကို အတံုးေသးေသးေလးျဖစ္ေအာင္ လွီးေပးပါ။

ျပဳလုပ္နည္း

ပါ၀င္ပစၥည္းအားလံုးကို ေဖ်ာ္စက္ထဲထည့္ၿပီး ေရအနည္းငယ္ထည့္ကာ အမႈန္႔ႀကိတ္ပါ။

အဲဒီေနာက္ ခြက္တစ္လံုးထဲထည့္ေပးၿပီး ေရ ၂ လီတာထည့္ေပးၿပီး ဆူေအာင္သည္ပါ။

၅ မိနစ္ေလာက္ ဆူေအာင္ထားၿပီး အေအးခံထားပါ။

အဲဒီအရည္ကို ခြက္တစ္လံုးထဲထည့္ၿပီး ေရခဲေသတၱာထဲထည့္ထားပါ။

ေသာက္သံုးနည္း

တစ္ရက္ကို ၅၀ မီလီမီတာ (၅ စင္တီမီတာ) ေလာက္နဲ႔ ၃ ပတ္ ဆက္တိုက္ေသာက္ၿပီး ၁ ပတ္နားပါ။

အဲဒီေနာက္ တစ္ရက္ကို ၅၀ မီလီမီတာ (၅ စင္တီမီတာ) ေလာက္နဲ႔ ၃ ပတ္ဆက္ေသာက္ပါ။ အဲဒီလိုနည္းအတိုင္း ၆ လ တစ္ခါထပ္ေသာက္ပါ။

နည္းလမ္း ၃

ပါ၀င္ပစၥည္း

သံပုယိုသီး ၃ လံုး

ၾကက္သြန္ျဖဴ ၁၅ မႊာ

ျပဳလုပ္နည္း

ပါ၀င္ပစၥည္းအားလံုးကို ေဖ်ာ္စက္ထဲထည့္ၿပီး ေရအနည္းငယ္ထည့္ပါ။

အဲဒီေနာက္ သၾကားအနည္းငယ္ထည့္ၿပီး စက္ကို ေဖ်ာ္လိုက္ပါ။

အဲဒီေနာက္ အိးတစ္လံုးထဲထည့္ေပးၿပီး ေနာက္ထပ္ သံပုယိုသီး ၃ လံုးနဲ႔ ၾကက္သြန္ျဖဴ ၁၅ မႊာကို ထည့္ကာ အဲဒီနည္းအတိုင္း လုပ္ေပးပါ။

ဆက္လက္ၿပီး ေဖ်ာ္စက္ကို ေရ ၁ လီတာေလာက္နဲ႔ ေဆးေပးၿပီး အဲဒီအရည္ကို အိုးထဲ ေလာင္းထည့္ပါ။ အဲဒီေနာက္ ဆူေအာင္သယ္ၿပီး ၅ မိနစ္ေလာက္ထားပါ။

အဲဒီေနာက္ ေရစစ္ (သို႕) ကန္႔ေတာ့ကို အသံုးျပဳကာ ေရစစ္ၿပီး အဲဒီအေရကို ေနာက္ထပ္ အိုးတစ္လံုးထဲထည့္ပါ။

အဲဒီေနာက္ အေအးခံထားၿပီး ေနာက္ထပ္ ပုလင္းေတြထဲ ထည့္ထားကာ ေရခဲေသတၱာမွာ သိုေလာင္ထားပါ။ ပုလင္းကို အသံုးျပဳရမွာ ပလတ္စတစ္မဖစ္ဖို႔အေရးႀကီးပါတယ္။

ေသာက္သံုးနည္း

အဲဒီအေရကို တစ္ရက္ကို တစ္ခြက္ႏႈန္းနဲ႔ ၃ ပတ္ေသာက္ၿပီး တစ္ပတ္ နားပါ။ အဲဒီေနာက္ ေနာက္ထပ္ ၃ ပတ္ထပ္ေသာက္ပါ။ အဲဒီအတိုင္း ၁၂ လေလာက္လုပ္ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mystylemyanmar

#Unicode Version#
ကြက်သွန်ဖြူနဲ့ သံပုယိုသီးဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ သဘာဝတရားရဲ့ လက်ဆောင်မွန်ဆိုရင် မမှားပါဘူး။ မကောင်းတဲ့ ကိုလက်စထရော ပမာဏက သွေးလွတ်ကြောနံရံတွေမှာ ပိတ်ဆို့လာပြီး သွေးလည်ပတ်မှုကို လျော့ကျစေပါတယ်။ ဒါ့ကြောင့် နှလုံးနဲ့ဆိုင်ရာရောဂါ (သို့) လေဖြတ်မှု အန္တာရာယ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ကျစေမဲ့ သဘာဝနည်းလမ်းကတော့ ကြက်သွန်ဖြူနဲ့ သံပုယိုသီးကို များများစားပေးတာပါပဲ။ နှလုံးသွေကြောပိတ်တာကို သက်သာစေဖို့အတွက် သံပုယိုသီးနဲ့ ကြက်သွန်ဖြူကို အသုံးပြုတဲ့ ဆေးဖော်စပ်နည်း ၃ မျိုးကို မျှဝေပေးသွားမှာပါ။
နည်းလမ်း ၁

ပါဝင်ပစ္စည်း

သံပုယိုရည် ၁ ခွက်

ဂျင်းရည် ၁ ခွက်

ကြက်သွန်ဖြူရည် ၁ ခွက်

ပန်းသီး ရှလကာရည် ၁ ခွက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို အတူတကွထည့်ပြီး နာရီဝက်လောက် သယ်ထားပေးပါ။ (သို့) ဒါမှမဟုတ် ခွက် ၃ ခွက်စာပမာဏကျန်တဲ့ထိ သယ်ပေးထားပါ။ အဲဒီနောက် အအေးခံပြီး ရလာတဲ့ အရည်ကို သဘာ၀ ပျားရည် ၃ ခွက် ရောပါ။ အဲဒီနောက် ဖန်ခွက်တစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ပါ။

သောက်သုံးနည်း

မနက်စာမစားခင် အဲဒီအရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းသောက်ပါ။

နည်းလမ်း ၂

ပါဝင်ပစ္စည်း

အခွံခွာပြီးသား သံပုယိုသီး ၆ လုံး ကို အတုံးသေးသေးလေးတွေဖြစ်အောင် လှီးပါ။

ကြက်သွန်ဖြူ အမွှာ ၃၀ ကို အတုံးသေးသေးလေးဖြစ်အောင် လှီးပေးပါ။

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ပြီး ရေအနည်းငယ်ထည့်ကာ အမှုန့်ကြိတ်ပါ။

အဲဒီနောက် ခွက်တစ်လုံးထဲထည့်ပေးပြီး ရေ ၂ လီတာထည့်ပေးပြီး ဆူအောင်သည်ပါ။

၅ မိနစ်လောက် ဆူအောင်ထားပြီး အအေးခံထားပါ။

အဲဒီအရည်ကို ခွက်တစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။

သောက်သုံးနည်း

တစ်ရက်ကို ၅၀ မီလီမီတာ (၅ စင်တီမီတာ) လောက်နဲ့ ၃ ပတ် ဆက်တိုက်သောက်ပြီး ၁ ပတ်နားပါ။

အဲဒီနောက် တစ်ရက်ကို ၅၀ မီလီမီတာ (၅ စင်တီမီတာ) လောက်နဲ့ ၃ ပတ်ဆက်သောက်ပါ။ အဲဒီလိုနည်းအတိုင်း ၆ လ တစ်ခါထပ်သောက်ပါ။

နည်းလမ်း ၃

ပါဝင်ပစ္စည်း

သံပုယိုသီး ၃ လုံး

ကြက်သွန်ဖြူ ၁၅ မွှာ

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ပြီး ရေအနည်းငယ်ထည့်ပါ။

အဲဒီနောက် သကြားအနည်းငယ်ထည့်ပြီး စက်ကို ဖျော်လိုက်ပါ။

အဲဒီနောက် အိးတစ်လုံးထဲထည့်ပေးပြီး နောက်ထပ် သံပုယိုသီး ၃ လုံးနဲ့ ကြက်သွန်ဖြူ ၁၅ မွှာကို ထည့်ကာ အဲဒီနည်းအတိုင်း လုပ်ပေးပါ။

ဆက်လက်ပြီး ဖျော်စက်ကို ရေ ၁ လီတာလောက်နဲ့ ဆေးပေးပြီး အဲဒီအရည်ကို အိုးထဲ လောင်းထည့်ပါ။ အဲဒီနောက် ဆူအောင်သယ်ပြီး ၅ မိနစ်လောက်ထားပါ။

အဲဒီနောက် ရေစစ် (သို့) ကန့်တော့ကို အသုံးပြုကာ ရေစစ်ပြီး အဲဒီအရေကို နောက်ထပ် အိုးတစ်လုံးထဲထည့်ပါ။

အဲဒီနောက် အအေးခံထားပြီး နောက်ထပ် ပုလင်းတွေထဲ ထည့်ထားကာ ရေခဲသေတ္တာမှာ သိုလောင်ထားပါ။ ပုလင်းကို အသုံးပြုရမှာ ပလတ်စတစ်မဖစ်ဖို့အရေးကြီးပါတယ်။

သောက်သုံးနည်း

အဲဒီအရေကို တစ်ရက်ကို တစ်ခွက်နှုန်းနဲ့ ၃ ပတ်သောက်ပြီး တစ်ပတ် နားပါ။ အဲဒီနောက် နောက်ထပ် ၃ ပတ်ထပ်သောက်ပါ။ အဲဒီအတိုင်း ၁၂ လလောက်လုပ်ပေးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: Mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top