Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အမ်ဳိးသားအမ်ားစုက ထက္ျမက္တဲ့ မိန္းကေလးေတြကို သေဘာက်ေပမဲ့ မေရြးခ်ယ္ရဲၾကပါဘူး။

ထက္ျမက္တဲ့ မိန္းကေလးေတြဟာ ဆရာႀကီးစတိုင္ေတြ ျဖစ္တဲ့အတြက္ ၾကာရင္ စိတ္ပ်က္စရာေကာင္းမွာပဲလုိ႔ ေတြးၿပီး အမ်ဳိးသားေတြဟာ သေဘာက်ေပမဲ့လည္း ခ်စ္သူရည္းစားအျဖစ္ မေရြးခ်ယ္ခ်င္ၾကတာပါ။ ဒါေပမဲ့ အဲဒါမွားယြင္းေနတဲ့ အယူအဆပါ။ သူတုိ႔ရဲ႕ စိတ္ေနသေဘာထားက အမ်ဳိးသားေတြထင္သလို မဟုတ္ပါဘူး။

၁။ ယွဥ္ၿပိဳင္ေနတာ မဟုတ္ဘူး။

ထက္ျမက္တဲ့ မိန္းကေလးေတြက ခ်စ္သူရည္းစားထက္ ေတာ္ေနခ်င္တာ မဟုတ္ပါဘူး။ သူတုိ႔သိတာ သင္ေပးလိမ့္မယ္။ သူမ်ားဆီကလည္း သင္ယူခ်င္သူေတြပါ။

၂။ အားလံုးသိတာ မဟုတ္ပါဘူး၊ သူမရဲ႕အျမင္ေတြကို ေျပာျပရဲတာပါ။

အေၾကာင္းအရာတစ္ခုခုကို အျငင္းပြားတုိင္းမွာ ထက္ျမက္တဲ့ မိန္းကေလးေတြဟာ သူတုိ႔ အႏိုင္ရခ်င္တာ မဟုတ္ပါဘူး။ ကိုယ္သိေနတာ မွန္တယ္ဆုိတာကို ယံုၾကည္မႈရွိရွိ ေျပာျပေနတာပါ။ လူတစ္ေယာက္ကို အႏုိင္ယူဖို႔ ႀကိဳးစားေနတာ မဟုတ္သလို လႊမ္းမိုးခ်ဳပ္ကိုင္ဖို႔ ႀကိဳးစားေနတာ မဟုတ္ဘူး။

၃။ ဆုိးတာ မဟုတ္ပါဘူး၊ စိတ္အားထက္သန္တာပါ။

ထက္ျမက္တဲ့ မိန္းကေလးေတြဟာ သူတုိ႔ရဲ႕စိတ္ခံစားခ်က္ေတြ၊ သူတို႔ သိတာတတ္တာကို ေျပာျပဖို႔ မေၾကာက္တာကို ဆိုးတယ္လို႔ ေျပာလုိ႔မရပါဘူး။ ထက္ျမက္တဲ့ မိန္းကေလးေတြက သူတုိ႔သိတာကို ယံုၾကည္ခ်က္ရွိရွိ စိတ္အားထက္သန္စြာနဲ႔ ေျပာၾကတာပါ။ အဲဒါကို သည္းမခံႏုိင္တဲ့ ေယာက္်ားတစ္ေယာက္ ျဖစ္ေနရင္ေတာ့ ကိုယ့္ရဲ႕ယံုၾကည္မႈကို ျပန္လည္စစ္ေဆးသင့္ပါၿပီ။

၄။ ၿခိမ္းေျခာက္တတ္တာ မဟုတ္ပါဘူး၊ စိတ္ဓာတ္ခုိင္မာတာပါ။

ထက္ျမက္တဲ့ မိန္းကေလးေတြကို ေပ်ာ့ညံ့တဲ့ေယာက္်ားေတြသာ ေၾကာက္ၾကတာပါ။ ဒါဟာ ဆြဲေဆာင္မႈတစ္မ်ဳိးဆုိတာ အမ်ဳိးသားေတြ သိသင့္ပါတယ္။ ထက္ျမက္တဲ့ အမ်ဳိးသမီးေတြက သူတုိ႔ကို ေျခထိုးခံသူကို ဆြဲလွဲလိုက္ဖုိ႔ ေၾကာက္ရြံ႕ေနၾကသူေတြ မဟုတ္ဘူး။

၅။ ပုန္ကန္တာ မဟုတ္ပါဘူး၊ ယံုၾကည္မႈလြန္ကဲတာပါ။

အမ်ဳိးသမီးတစ္ေယာက္က ယံုၾကည္မႈရွိရွိနဲ႔ အတင္းအက်ပ္ေျပာလာရင္ ဘာလုိ႔ ပုန္ကန္တယ္လို႔ ေျပာခ်င္ၾကတာလဲ။ အမ်ဳိးသမီးဆုိတာ အမ်ဳိးသားေတြ ကာကြယ္ဦးေဆာင္ေပးဖုိ႔ လိုအပ္တဲ့ စိတ္ခံစားလြယ္တဲ့ ေပ်ာ့ညံ့သူေတြလို႔ ျမင္ၾကတဲ့ ေခတ္က က်န္ခဲ့ပါၿပီ။ ထက္ျမက္တဲ့ မိန္းမေတြဟာ သူတုိ႔ဘဝ၊ သူတုိ႔အလုပ္ကို သူတုိ႔စိတ္ဆႏၵအတုိင္း ဖန္တီးသူေတြသာ ျဖစ္တယ္။

၆။ ရဲေဘာ္ရဲဘက္စိတ္ ရွိသူေတြပါ။

ထက္ျမက္တဲ့ မိန္းကေလးေတြက ေယာက္်ားတစ္ေယာက္ရဲ႕ ဂုဏ္သိကၡာကို က်ဆင္းေစလိမ့္မယ္ဆုိတာတဲ့ အျမင္ရွိတာ ေတာ္ေတာ္ေလး မွားယြင္းပါတယ္။ သူတို႔ကို နားလည္ေအာင္ ႀကိဳးစားၿပီး ပူးေပါင္းေဆာင္ရြက္မယ္ဆုိရင္ သင့္ရဲ႕ဘဝက ပိုၿပီး ေတာ့ေတာင္ ေကာင္းမြန္သာယာပါလိမ့္မယ္။

၇။ စိုးမိုးတတ္သူေတြမဟုတ္ပါဘူး။ ပူးေပါင္းေဆာင္ရြက္တတ္သူေတြပါ။

ထက္ျမက္တဲ့ မိန္းကေလးေတြက အျမဲတမ္း အသာစီးရလုိၾကေပမဲ့ ပူးေပါင္း ေဆာင္ရြက္တတ္သူေတြလည္း ျဖစ္ပါတယ္။

၈။ တန္းတူအခြင့္အေရး လိုခ်င္သူေတြပါ။

ထက္ျမက္တဲ့ မိန္းကေလးကို ယူမိရင္ ဆရာႀကီးလုပ္ခံရမယ္ဆုိတဲ့ အထင္က လံုးဝကို မွားယြင္းပါတယ္။ သူတုိ႔တကယ္ တန္ဖိုးထားတာက ေယာက္်ားမိန္းမ မခြဲျခားတဲ့ တန္းတူအခြင့္အေရးပဲ ျဖစ္ပါတယ္။

Source & Photos : Life

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

# Unicode Version #
အမျိုးသားအများစုက ထက်မြက်တဲ့ မိန်းကလေးတွေကို သဘောကျပေမဲ့ မရွေးချယ်ရဲကြပါဘူး။

ထက်မြက်တဲ့ မိန်းကလေးတွေဟာ ဆရာကြီးစတိုင်တွေ ဖြစ်တဲ့အတွက် ကြာရင် စိတ်ပျက်စရာကောင်းမှာပဲလို့ တွေးပြီး အမျိုးသားတွေဟာ သဘောကျပေမဲ့လည်း ချစ်သူရည်းစားအဖြစ် မရွေးချယ်ချင်ကြတာပါ။ ဒါပေမဲ့ အဲဒါမှားယွင်းနေတဲ့ အယူအဆပါ။ သူတို့ရဲ့ စိတ်နေသဘောထားက အမျိုးသားတွေထင်သလို မဟုတ်ပါဘူး။

၁။ ယှဉ်ပြိုင်နေတာ မဟုတ်ဘူး။

ထက်မြက်တဲ့ မိန်းကလေးတွေက ချစ်သူရည်းစားထက် တော်နေချင်တာ မဟုတ်ပါဘူး။ သူတို့သိတာ သင်ပေးလိမ့်မယ်။ သူများဆီကလည်း သင်ယူချင်သူတွေပါ။

၂။ အားလုံးသိတာ မဟုတ်ပါဘူး၊ သူမရဲ့အမြင်တွေကို ပြောပြရဲတာပါ။

အကြောင်းအရာတစ်ခုခုကို အငြင်းပွားတိုင်းမှာ ထက်မြက်တဲ့ မိန်းကလေးတွေဟာ သူတို့ အနိုင်ရချင်တာ မဟုတ်ပါဘူး။ ကိုယ်သိနေတာ မှန်တယ်ဆိုတာကို ယုံကြည်မှုရှိရှိ ပြောပြနေတာပါ။ လူတစ်ယောက်ကို အနိုင်ယူဖို့ ကြိုးစားနေတာ မဟုတ်သလို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။

၃။ ဆိုးတာ မဟုတ်ပါဘူး၊ စိတ်အားထက်သန်တာပါ။

ထက်မြက်တဲ့ မိန်းကလေးတွေဟာ သူတို့ရဲ့စိတ်ခံစားချက်တွေ၊ သူတို့ သိတာတတ်တာကို ပြောပြဖို့ မကြောက်တာကို ဆိုးတယ်လို့ ပြောလို့မရပါဘူး။ ထက်မြက်တဲ့ မိန်းကလေးတွေက သူတို့သိတာကို ယုံကြည်ချက်ရှိရှိ စိတ်အားထက်သန်စွာနဲ့ ပြောကြတာပါ။ အဲဒါကို သည်းမခံနိုင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်နေရင်တော့ ကိုယ့်ရဲ့ယုံကြည်မှုကို ပြန်လည်စစ်ဆေးသင့်ပါပြီ။

၄။ ခြိမ်းခြောက်တတ်တာ မဟုတ်ပါဘူး၊ စိတ်ဓာတ်ခိုင်မာတာပါ။

ထက်မြက်တဲ့ မိန်းကလေးတွေကို ပျော့ညံ့တဲ့ယောက်ျားတွေသာ ကြောက်ကြတာပါ။ ဒါဟာ ဆွဲဆောင်မှုတစ်မျိုးဆိုတာ အမျိုးသားတွေ သိသင့်ပါတယ်။ ထက်မြက်တဲ့ အမျိုးသမီးတွေက သူတို့ကို ခြေထိုးခံသူကို ဆွဲလှဲလိုက်ဖို့ ကြောက်ရွံ့နေကြသူတွေ မဟုတ်ဘူး။

၅။ ပုန်ကန်တာ မဟုတ်ပါဘူး၊ ယုံကြည်မှုလွန်ကဲတာပါ။

အမျိုးသမီးတစ်ယောက်က ယုံကြည်မှုရှိရှိနဲ့ အတင်းအကျပ်ပြောလာရင် ဘာလို့ ပုန်ကန်တယ်လို့ ပြောချင်ကြတာလဲ။ အမျိုးသမီးဆိုတာ အမျိုးသားတွေ ကာကွယ်ဦးဆောင်ပေးဖို့ လိုအပ်တဲ့ စိတ်ခံစားလွယ်တဲ့ ပျော့ညံ့သူတွေလို့ မြင်ကြတဲ့ ခေတ်က ကျန်ခဲ့ပါပြီ။ ထက်မြက်တဲ့ မိန်းမတွေဟာ သူတို့ဘဝ၊ သူတို့အလုပ်ကို သူတို့စိတ်ဆန္ဒအတိုင်း ဖန်တီးသူတွေသာ ဖြစ်တယ်။

၆။ ရဲဘော်ရဲဘက်စိတ် ရှိသူတွေပါ။

ထက်မြက်တဲ့ မိန်းကလေးတွေက ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေလိမ့်မယ်ဆိုတာတဲ့ အမြင်ရှိတာ တော်တော်လေး မှားယွင်းပါတယ်။ သူတို့ကို နားလည်အောင် ကြိုးစားပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သင့်ရဲ့ဘဝက ပိုပြီး တော့တောင် ကောင်းမွန်သာယာပါလိမ့်မယ်။

၇။ စိုးမိုးတတ်သူတွေမဟုတ်ပါဘူး။ ပူးပေါင်းဆောင်ရွက်တတ်သူတွေပါ။

ထက်မြက်တဲ့ မိန်းကလေးတွေက အမြဲတမ်း အသာစီးရလိုကြပေမဲ့ ပူးပေါင်း ဆောင်ရွက်တတ်သူတွေလည်း ဖြစ်ပါတယ်။

၈။ တန်းတူအခွင့်အရေး လိုချင်သူတွေပါ။

ထက်မြက်တဲ့ မိန်းကလေးကို ယူမိရင် ဆရာကြီးလုပ်ခံရမယ်ဆိုတဲ့ အထင်က လုံးဝကို မှားယွင်းပါတယ်။ သူတို့တကယ် တန်ဖိုးထားတာက ယောက်ျားမိန်းမ မခွဲခြားတဲ့ တန်းတူအခွင့်အရေးပဲ ဖြစ်ပါတယ်။

Source & Photos : Life

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top