Golden City Promotion
×

ဆုအိမ့်စံက ၄င်းရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး”ပြီးခဲ့တာတွေလည်းပြီးခဲ့ပြီ ဘယ်သူ့ကိုမှမထိခိုက်ချင်ပါဘူး သူနဲ့ချစ်ခဲ့တုံးက သူလည်းအကောင်းဆုံး ချစ်ခဲ့သလို ကိုယ်လည်း အကောင်းဆုံးချစ်ခဲ့တယ် တခါတလေမှာ  ဆုဆုတို့လွန်ခဲ့တာတွေလည်းရှိပါတယ် ဆုဆုမောင်နှစ် ယောက်ငဆိုးလေးတွေလည်းဂရက်ကထသေးတယ် ။





Credit: Hsu Eaint San
Photo’ Cele Cele Small

#Unicode Version#
လတ်တလောဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့
ဆုအိမ့်စံက ၎င်းရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး”ပြီးခဲ့တာတွေလည်းပြီးခဲ့ပြီ ဘယ်သူ့ကိုမှမထိခိုက်ချင်ပါဘူး သူနဲ့ချစ်ခဲ့တုံးက သူလည်းအကောင်းဆုံး ချစ်ခဲ့သလို ကိုယ်လည်း အကောင်းဆုံးချစ်ခဲ့တယ် တခါတလေမှာ  ဆုဆုတို့လွန်ခဲ့တာတွေလည်းရှိပါတယ် ဆုဆုမောင်နှစ် ယောက်ငဆိုးလေးတွေလည်းဂရက်ကထသေးတယ် ။

သူလည်းသည်းခံရှာပါတယ် သူဆုဆုကိုတကယ်ချစ်တယ်ဆိုတာလည်းသိပါတယ် ဒီကိစ္စမှာသူလည်းမမှားသလို ကိုယ်လည်းမမှားခဲ့ပါဘူး သူကကြားထဲမှာမြေဇာပင်ဖြစ်ခဲ့ရှာတယ် သိန်း၁၀၀ ကလည်းသူ့အတွက်လည်းပါသလိုဆုဆုမောင်တွေအတွက်လည်းပါပါတယ်။

ဆုဆုမောင်တွေအလေမလိုက်အောင် အရင်းအနှိးထောင်ပေးတာပါ သူ့ကိုဒီထက်ပိုပြီးတိုးတက်စေချင်တယ် တွဲခဲ့တဲ့တလျောက်လုံးဆုဆုသစ္စာရှိရှိ ချစ်ခဲ့တာအမှန်ပါ သူလည်းသစ္စာတော့ရှိပါတယ်

ဒါပေမဲ့လည်း ဖောက်တာလေးတွေရှိခဲ့တယ် လက်တွဲဖို့မဖြစ်တော့လို့ လမ်းခွဲခဲ့တာပါ။

ဒါတွေလည်းပုံကြီးချဲ့ပြီးမပြောတော့ပါဘူး  သူလေးလည်းအေးအေးချမ်းချမ်းနဲ့ ဘဝမှာတိုးတက် အောင်မြင်ပါစေ သူလည်းဆုဆုပျော်နေတာမြင်ရင် ပျော်နေသူပါ

ဆုဆုလည်း သူအဆင်ပြေတာမြင်ရင် ပျော်နေမှာပါ … အခုအားလုံးအေးဆေးပါပဲ  သူကိုထိခိုက်စေမဲ့ စာတွေမရေးစေချင်ဘူး ဘာလို့လဲဆိုတော့သူလည်းမှန်နေလို့ပါ”လို့သူမကဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Hsu Eaint San
Photo’ Cele Cele Small
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top