လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×





Credit: mmupdatenews

# Unicode Version #

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင် နေအိမ်တစ်လုံးရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားသွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၁ နာရီခွဲခန့်က တပ်ကုန်းရပ်ကွက်၊ ဧဒင်နယ်မြေ၊ အပိုင်း (၄)ရှိ ဒေါ်အူရာရော်တင့်၏ နေအိမ်တွင် မီးအားမြှင့်စက် အသုံးပြုနေရာမှ အပူလွန်ကဲကာ အိမ်ထရံအား မီးစတင်လောင်ကျွမ်းပြီး ထိုမှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ၂၇ ပေပတ်လည်ရှိ ထရံကာ၊သွပ်မိုး မြေစိုက် လူနေအိမ်တစ်လုံး ဆုံးရှုံးခဲ့သော်လည်း လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

ထိုမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဒေါ်အူရာရော်တင့်အား မြစ်ကြီးနားမြို့မရဲစခန်းတွင် (ပ -၃၀၄၊၂၈၅/၂၀၁၇)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mmupdatenews
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top