လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×





# Unicode Version #
 ပြင်သစ်လိဂ်ဂူး၁ရဲ့ သြဂုတ်လအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုအတွက် စကာတင်၅ဦးစာရင်း ထွက်ပေါ်လာခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူးနေမာဟာ အဆိုပါဆုရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့သိရပါတယ်။

စကာတင်၅ဦးစာရင်းမှာ ပါဝင်ခဲ့သူတွေကတော့ နေမာ၊ ဖယ်ကာအို၊ မယ်လ်ကွန်၊ နာဘီဖေကီရ်၊ ကာမီဂလစ်တို့ပဲ ဖြစ်ပါတယ်။ နေမာရဲ့နောက်မှာတော့ ဖယ်ကာအိုက ရေပန်းစားနေပါတယ်။

နေမာဟာ ပီအက်စ်ဂျီကို ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြနိုင်ခဲ့ပြီး ကိုယ်တိုင်လှပတဲ့ သွင်းဂိုးတွေ သွင်းယူပေးခဲ့သလို အသင်းဖော်တွေ ဂိုးသွင်းနိုင်ဖို့ သေသပ်တဲ့ ဖန်တီးမှုတွေလဲ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နေမာကြောင့်၈ဂိုးရခဲ့ပြီး ၄ဂိုးသွင်းကာ ၄ဂိုးဖန်တီးပေးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ထက်အောင် (momolay)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top