ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

(ပတၱျမားေဒဝီ ဇာတ္လမ္း ဗီြဒီယိုကို မၾကည့္ရႈမီ အမွာစကား) ဗမာဘုရင္ဘိုးေတာ္ဘုရား(ေမာင္ဝိုင္း) မက်ဴးေက်ာ္ခင္ကလ လြန္ခဲ့တဲ့ရာစုနွစ္အနည္းငယ္က မိမိတို႔ရြာအနီးကန္ဒုိင္းနယ္ (ရြာရင္းရြာ) ဆိုတဲ့ ရြာကေလး မွာ ပါရမီရွင္မိန္းကေလးတစ္ဦး ေမြးဖြားခဲ့ပါတယ္။

ငယ္စဥ္ကပင္စိတ္ေနစိတ္ထား၊ အက်င့္စာရိတၱ အလြန္ေကာင္းမြန္ၿပီး ဘာသာေရးမွာ စိတ္ဝင္းစားေလ့ရွိေတာ့ လူႀကီးမ်ားႏွင့္ ဘုန္းႀကီးေက်ာင္းသို႔သြားၿပီး ဥပုသ္သီလေဆာက္တည္ေလ့ရွိတယ္။ အသား နည္းနည္းညိဳတာမို႔ ေစာမဲၾကည္(ရခိုင္လို ေစာေမးက်ီ) လို႔ပဲေခၚၾကတယ္။

တစ္ေန႔မွာ သူငယ္ခ်င္း မ်ားႏွင့္ ရြာအနီးမွေတာအုပ္ကေလးမွာ ထင္းေခြဖို႔သြားရာမွ အျပန္ေခ်ာင္းကေလး တစ္ခုမွာ ေရခ်ိဳးၾကပါသတဲ့။ တစ္ခ်ိဳ႕မိန္းခေလးေတြက ယက္သဲ့ကေလးျဖင့္ ငါးဖမ္းသလို ကစားၾကတာကိုျမင္ေတာ့ မေစာမဲၾကည္လည္း လိုက္လုပ္ပါတယ္။ သူ႔မရဲ့ယက္ သက္ထဲကို ေက်ာက္ခဲတစ္လံုး ခဏခဏဝင္လာလို႔ အဲဒီေက်ာက္ကို အိမ္သို႔ယူလာခဲ့တယ္။ ေက်ာက္ကေလးက ညအေမွာင္ထဲမွာ ေရာင္တစ္ဖိမ့္ဖိမ့္ ေတာက္ေနေတာ့ အံ့ၾသၾကရတယ္။ အမွန္က ပါရမီရွင္တို႔ဆီ ေရာက္လာတတ္ေသာ ပတၱျမားမ်က္ရွင္ ျဖစ္ေနေလေတာ့သည္။

တစ္ေယာက္စကား တစ္ေယာက္နားဆိုသလုိပါပဲ တစ္ျဖည္းျဖည္းနဲ႔ ရခုိင္ဘုရင္ဆီ သတင္းေရာက္သြားခဲ့ေတာ့တယ္။ ဒါေၾကာင့္ ရမၼာဝတီၿမိဳ႕စားမွ တဆင့္ေျမာက္ဦးၿမိဳ႕ကို အေရာက္ပို႔ကာဆက္သေစတယ္။ နန္းေတာ္ ေရာက္ေတာ့ ပတၱျမားေက်ာက္ထည့္ယူလာတဲ့ ေသတၱာကေလးထဲမွာ ဘာမွွ မေတြ႔ရေတာ့ပါ။

ဒါေၾကာင့္ ရခိုင္ဘုရင္ကိုယ္တုိင္ခ်ီတက္လာၿပီး ပတၱျမား ေက်ာက္ကိုေရာ ေစာမဲၾကည္ကိုပါ သိမ္းယူသြားခဲ့တယ္။ “ရတနာရွိရာ
ရတနာလာတယ္”ဆိုတဲ့အတိုင္းပါပဲ။ေစာမဲၾကည္မိဖုရားျဖစ္လာေတာ့ ေျမာက္ဦး ေနျပည္ေတာ္ႀကီးဟာ ပိုၿပီးစည္ကားလာခဲ့တယ္။

ရခိုင္ဘုရင္အိႏၵိယကိုစစ္ခ်ီ ရခိုင္ဘုရင္ဟာ စစ္ေရးစစ္ရာစြမ္းရည္ ႀကီးမားလာေတာ့ ယေန႔ ဘဂၤလားေဒ့ခ်္ေဒသနွင့္ အိႏၵိယ(မဇၥ်ိမေဒသ)အထိေအာင္နုိင္ခဲ့ပါတယ္။တစ္ေန႔မွာ ေစတီၿပိဳတစ္ဆူမွ ေရာင္ျခည္ေတာ္မ်ား ကြန္႔ျမဴး၍ တူးေဖၚရာမွ ဗုဒၶရွင္ေတာ္ျမတ္၏ ဓာတ္ေတာ္၊ ေမြေတာ္မ်ားစြာကို ရရွိေလသည္။

၄င္းဓာတ္ေတာ္၊ ေမြေတာ္မ်ားကုိ ေျမာက္ဦးသုိ႔ ပင့္ေဆာင္လာခဲ့တယ္။ ေျမာက္ဦးေရာက္ေတာ့ မိဖုရားေစာမဲၾကည္ရဲ့ သီလ၊ အဓိဌာန္ေတြနဲ႔ ဘုရားပံုေတာ္ ပန္းခ်ီကားေပၚမွာ ဓာတ္ေတာ္ ေမြေတာ္ ေတြကိုျဖန္႔ၾကဲပူေဇာ္လိုက္တာနဲ႔ ဗုဒၶကိုယ္ေတာ္ရဲ့ အဂၤါအစိပ္အပိုင္း အလိုက္ ကိန္းဝပ္ေတာ္မူၾကေလ၏။

ထုိဓာတ္ေတာ္၊ ေမြေတာ္မ်ားကိုေရႊအုပ္ေတြနဲ႔ သီးသန္႔စီခဲြေဝပူေဇာ္ကာ ကမၺည္းေရးထုိးၾကတယ္။ တိုင္းျပည္အႏွံ႔မွာ ေစတီေတြ တည္ထားကိုးကြယ္ၾကဖို႔ စီမံကိန္းေပၚလာတဲ့အခါ မိဖုရားေလးကပဲ တာဝန္ယူ ႀကီးၾကပ္ရပါတယ္။ မိဖုရားက သူ႔ရဲ့ငယ္ကၽြမ္းေဆြ ပန္းရံဆရာကိုေရႊသီးကုိ ေစတီတည္ထားေရးစီမံကိန္း၌ ဦးေဆာင္ဦးရြက္လုပ္ဖို႔ အစီအစဥ္မ်ား ေရးဆြဲခ်ေပး လိုက္ပါတယ္။

တိုင္းျပည္အႏွံ႔ အဓိကၿမိဳ႕ရြာမ်ားမွာ မိဖုရားေစာမဲၾကည္၏ ေကာင္းမႈေတာ္ေစတီပုထိုး ေျမာက္မ်ားစြာ တည္ထားခဲ့ၾကပါတယ္။ ေျမာက္ဘက္ အဆံုး ေျမာက္ဦးေနျပည္ေတာ္မွသည္ ေတာင္ဘက္အဆံုး သံတဲြခရိုင္ထိပါပဲ။ ထုိဘုရားမ်ားဟာ ယေန႔တိုင္တည္ရွိဆဲပါပဲ။ သူ႔ရဲ့ဇာတိရြာက ေစတီကို နားေမြး ေတာ္ေစတီ၊ မိမိတို႔ရြာကေစတီိကိုညွပ္ရိုးေတာ္ေစတီ၊ ကန္းခ်ဳပ္ျပင္ရြာ အနီးကေစတီကိုေတာ့ ကန္ေကာက္ေတာ္ေစတီစသည့္ အမည္မ်ားျဖင့္ တည္ရွိ ဆဲပါ။ ထုိဘုရားသမိုင္းမ်ားကို သီသန္႔စာအုပ္မ်ား ထုတ္ေဝထားပါသည္။

သူမရဲ့ဇာတိရြာက နားေမြးေတာ္ဘုရားပဲြကို နွစ္စဥ္နွစ္ဆန္းတစ္ရက္ေန႔မွာ ၿခိမ့္ၿခိမ့္သဲသဲက်င္းပတုန္းပါပဲ။ သၾကၤန္အတက္ေန႔ ညေနပိုင္းကပင္ ရပ္ေဝးရပ္နီးမွ ဘုရားဖူးဧည့္သည္မ်ား စုရံုးေရာက္ရွိလာတတ္ၾကပါတယ္။ ေန႔ခင္းပိုင္းမွာ ရိုးရာ က်င္ပဲြ၊ ေဘာလံုးပဲြမ်ားျဖင့္ ဧည့္ခံေလ့ရွိၾကပါတယ္။

ညေနပိုင္းမွာေတာ့ ဇာတ္ပဲြ မ်ား၊ ဗီြဒီယုိျပပဲြမ်ားျဖင့္ ဧည့္ခံၾကပါတယ္။ မိဖုရားေစာမဲၾကည္ဦးေဆာင္တဲ့ ေစတီပုထိုးတည္ထားေရးစီမံကိန္းဟာ နွစ္အေတာ္ၾကာၿပီးမွၿပီးစီးဖို႔အခ်ိန္နီးကပ္လာခဲ့ရာေျမာက္ဦးၿမိဳ႕အနီးမွာဓာတ္ေပါင္းစု ေစတီတည္ထားရန္စီမံကိန္းအတြက္ညွိႏႈိင္းတုိင္ပင္ေနတုန္းကာလပန္းရံဆရာ ကုိေရႊသီး ဟာမိဖုရားဆီအဝင္အထြက္မ်ားလာေတာ့မနာလိုမရႈစိမ့္တဲ့ သူတစ္ခိ်ဳ႕က ဘုရင္ဆီကိုဂံုးတိုက္ေလွ်ာက္ထားၾကတယ္။တုိက္ဆိုင္တာလား၊ လုပ္ၾကံတာလား ေတာ့မသိေစတီရဲ့ပံုေတာ္ကအမ်ိဳးသမီးရဲ့ရင္သားနဲ႔တူေနလို႔ဆိုၿပီးပန္းရံ ဆရာႀကီး ကုိဘုရင့္အမ်က္ေတာ္ထြက္ကာကြပ္မ်က္လိုက္ပါတယ္။

ကိုေရႊသီး ကြပ္မ်က္ခံရၿပီး ေနာက္မိဖုရားကိုလည္းမူးမတ္မ်ားက ဘုရင္ႀကီးကုိစည္းရံုးကာ မိဖုရားအက်င့္စာရိတၱမေကာင္းဟူ၍ ဂံုးေခ်ာေလွ်ာက္ထား ၾကျပန္သည္။ ထုိစြပ္စဲြခ်က္ျဖင့္ပင္ မိဖုရားကိုကြပ္မ်က္ရန္ အမိန္႔ေတာ္ ထြက္လာ ျပန္သည္။ မိဖုရားသည္ တုန္လႈပ္ေျခာက္ျခားမႈ အလ်ဥ္းမရွိဘဲ ရဲဝံ့စြာရင္ဆိုင္ဖို႔ ျပင္ဆင္ပါ ေတာ့သည္။ မိဖုရားကသူ႔ဇာတိကန္ဒိုင္းရြာသုိ႔ အေရာက္ပို႔ေပးၿပီးမွ ကြပ္မ်က္ရန္ ေတာင္းပန္ရွာတယ္။ ထုိ႔ေနာက္မိဖုရားေစာမဲၾကည္ကို ကုန္းတစ္တန္၊ ေရတစ္တန္ျဖင့္ မင္းခစားေယာက်္ားမ်ားက ေဝါယာဥ္ျဖင့္ သယ္ယူလာခဲ့ၾကသည္။

 မိဖုရားရြာကိုေရာက္တဲ့အခါ ပထမဆံုးသြားေရာက္ဖူးေမွ်ာ္တာက မိဖုရားႀကီး ျမတ္ႏိုးၾကည္ညိုတဲ့ နားေမြးေတာ္ဘုရားပါပဲ။ အဲ့ဒီအနီးမွာ ဆုေတာင္းအဓိ႒ာန္ျပဳၿပီး အားငယ္တြန္႔ဆုတ္ျခင္း၊ စိုးရိမ္ျခင္းအလ်ဥ္းမေတြ႕ၾကရဘဲ ရာဇဝတ္သားမ်ားကုိ ႀကိဳက္သလို စီမံၾကဖို႔ခြင့္ျပဳလိုက္ေတာ့တယ္။ အဲ့ဒီဘုရားမွတစ္ဆင့္ မိဖုရားႀကီး၏ ပတၱျမားရရွိရာ ေရခ်ိဳးဆိပ္အနီး ကမ္းစပ္နားမွာပဲ မိဖုရားဟာ ဝါးညွပ္ျဖင့္ လည္ပင္းကုိညွပ္ကာ အသတ္ခံခဲ့ရပါတယ္။ မိဖုရားႀကီးအေလာင္းကုိ ဝါးေဖါင္ျဖင့္ ေရေမွ်ာၾကေသာအခါ မိဖုရားႀကီးသစၥာဆိုအဓိ႒ာန္ျပဳခဲ့တဲ့အတိုင္း မိဖုရားႀကီးရဲ့ အေလာင္းဟာ ေရဆန္တက္၍ သူမ၏ျမင့္ျမတ္စင္ၾကယ္မႈကို သက္ေသျပခဲ့တယ္။

 အေလာင္းကုိေရထဲကဆယ္ယူၿပီး အဲ့ဒီကမ္းစပ္အနီးမွာ ဂူသြင္းသၿဂၤိဳဟ္ခဲ့ၾကတယ္။ ဒီဂူေလးကိုယေန႔တိုင္ ေတြ႔ျမင္ႏုိင္ပါတယ္။ ေဝါယာဥ္ေခၚ(ထန္းစင္)ကိုေတာ့ မိမိတို႔ရြာအနီး မိဖုရားရဲ့ဇာတိခ်က္ေၾကြ ေမြးရပ္ေျမ ကန္ဒိုင္းအတြင္းျပင္ရြာ ဘုန္းႀကီးေက်ာင္းေဟာင္းမွာ ယေန႔တိုင္ေအာင္ သိမ္းထားၾကပါတယ္။ မိဖုရား ငယ္စဥ္အပ်ိဳေပါက္စအရြယ္က သံုးခဲ့ေသာ ေရခပ္တဲ့ ေရအိုးကေလးေတြ၊ အလွဴအတန္းမွာ အသံုးျပဳတဲ့ အဆင္တန္ဆာေတြကိုေတာ့ မိဖရားရဲ့ ေဆြမ်ိဳးမ်ားက ထိန္းသိမ္းထားၾကပါတယ္။ ေနာင္တစ္ခ်ိန္ နန္းသူ၊နန္းသားေတြ လာေရာက္ၿပီး အမွတ္တရေစတီတစ္ဆူကို တည္ထားကာ ေစာမဲၾကည္မိဖုရားအတြက္ ေကာင္းမႈ ျပဳခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sanemyoka

# Unicode Version #
  (ပတ္တမြားဒေဝီ ဇာတ်လမ်း ဗွီဒီယိုကို မကြည့်ရှုမီ အမှာစကား) ဗမာဘုရင်ဘိုးတော်ဘုရား(မောင်ဝိုင်း) မကျူးကျော်ခင်ကလ လွန်ခဲ့တဲ့ရာစုနှစ်အနည်းငယ်က မိမိတို့ရွာအနီးကန်ဒိုင်းနယ် (ရွာရင်းရွာ) ဆိုတဲ့ ရွာကလေး မှာ ပါရမီရှင်မိန်းကလေးတစ်ဦး မွေးဖွားခဲ့ပါတယ်။

ငယ်စဉ်ကပင်စိတ်နေစိတ်ထား၊ အကျင့်စာရိတ္တ အလွန်ကောင်းမွန်ပြီး ဘာသာရေးမှာ စိတ်ဝင်းစားလေ့ရှိတော့ လူကြီးများနှင့် ဘုန်းကြီးကျောင်းသို့သွားပြီး ဥပုသ်သီလဆောက်တည်လေ့ရှိတယ်။ အသား နည်းနည်းညိုတာမို့ စောမဲကြည်(ရခိုင်လို စောမေးကျီ) လို့ပဲခေါ်ကြတယ်။

တစ်နေ့မှာ သူငယ်ချင်း များနှင့် ရွာအနီးမှတောအုပ်ကလေးမှာ ထင်းခွေဖို့သွားရာမှ အပြန်ချောင်းကလေး တစ်ခုမှာ ရေချိုးကြပါသတဲ့။ တစ်ချို့မိန်းခလေးတွေက ယက်သဲ့ကလေးဖြင့် ငါးဖမ်းသလို ကစားကြတာကိုမြင်တော့ မစောမဲကြည်လည်း လိုက်လုပ်ပါတယ်။ သူ့မရဲ့ယက် သက်ထဲကို ကျောက်ခဲတစ်လုံး ခဏခဏဝင်လာလို့ အဲဒီကျောက်ကို အိမ်သို့ယူလာခဲ့တယ်။ ကျောက်ကလေးက ညအမှောင်ထဲမှာ ရောင်တစ်ဖိမ့်ဖိမ့် တောက်နေတော့ အံ့သြကြရတယ်။ အမှန်က ပါရမီရှင်တို့ဆီ ရောက်လာတတ်သော ပတ္တမြားမျက်ရှင် ဖြစ်နေလေတော့သည်။

တစ်ယောက်စကား တစ်ယောက်နားဆိုသလိုပါပဲ တစ်ဖြည်းဖြည်းနဲ့ ရခိုင်ဘုရင်ဆီ သတင်းရောက်သွားခဲ့တော့တယ်။ ဒါကြောင့် ရမ္မာဝတီမြို့စားမှ တဆင့်မြောက်ဦးမြို့ကို အရောက်ပို့ကာဆက်သစေတယ်။ နန်းတော် ရောက်တော့ ပတ္တမြားကျောက်ထည့်ယူလာတဲ့ သေတ္တာကလေးထဲမှာ ဘာမှှ မတွေ့ရတော့ပါ။

ဒါကြောင့် ရခိုင်ဘုရင်ကိုယ်တိုင်ချီတက်လာပြီး ပတ္တမြား ကျောက်ကိုရော စောမဲကြည်ကိုပါ သိမ်းယူသွားခဲ့တယ်။ “ရတနာရှိရာ
ရတနာလာတယ်”ဆိုတဲ့အတိုင်းပါပဲ။စောမဲကြည်မိဖုရားဖြစ်လာတော့ မြောက်ဦး နေပြည်တော်ကြီးဟာ ပိုပြီးစည်ကားလာခဲ့တယ်။

ရခိုင်ဘုရင်အိန္ဒိယကိုစစ်ချီ ရခိုင်ဘုရင်ဟာ စစ်ရေးစစ်ရာစွမ်းရည် ကြီးမားလာတော့ ယနေ့ ဘင်္ဂလားဒေ့ချ်ဒေသနှင့် အိန္ဒိယ(မဇ္ဈိမဒေသ)အထိအောင်နိုင်ခဲ့ပါတယ်။တစ်နေ့မှာ စေတီပြိုတစ်ဆူမှ ရောင်ခြည်တော်များ ကွန့်မြူး၍ တူးဖေါ်ရာမှ ဗုဒ္ဓရှင်တော်မြတ်၏ ဓာတ်တော်၊ မွေတော်များစွာကို ရရှိလေသည်။

၎င်းဓာတ်တော်၊ မွေတော်များကို မြောက်ဦးသို့ ပင့်ဆောင်လာခဲ့တယ်။ မြောက်ဦးရောက်တော့ မိဖုရားစောမဲကြည်ရဲ့ သီလ၊ အဓိဌာန်တွေနဲ့ ဘုရားပုံတော် ပန်းချီကားပေါ်မှာ ဓာတ်တော် မွေတော် တွေကိုဖြန့်ကြဲပူဇော်လိုက်တာနဲ့ ဗုဒ္ဓကိုယ်တော်ရဲ့ အင်္ဂါအစိပ်အပိုင်း အလိုက် ကိန်းဝပ်တော်မူကြလေ၏။

ထိုဓာတ်တော်၊ မွေတော်များကိုရွှေအုပ်တွေနဲ့ သီးသန့်စီခွဲဝေပူဇော်ကာ ကမ္ဗည်းရေးထိုးကြတယ်။ တိုင်းပြည်အနှံ့မှာ စေတီတွေ တည်ထားကိုးကွယ်ကြဖို့ စီမံကိန်းပေါ်လာတဲ့အခါ မိဖုရားလေးကပဲ တာဝန်ယူ ကြီးကြပ်ရပါတယ်။ မိဖုရားက သူ့ရဲ့ငယ်ကျွမ်းဆွေ ပန်းရံဆရာကိုရွှေသီးကို စေတီတည်ထားရေးစီမံကိန်း၌ ဦးဆောင်ဦးရွက်လုပ်ဖို့ အစီအစဉ်များ ရေးဆွဲချပေး လိုက်ပါတယ်။

တိုင်းပြည်အနှံ့ အဓိကမြို့ရွာများမှာ မိဖုရားစောမဲကြည်၏ ကောင်းမှုတော်စေတီပုထိုး မြောက်များစွာ တည်ထားခဲ့ကြပါတယ်။ မြောက်ဘက် အဆုံး မြောက်ဦးနေပြည်တော်မှသည် တောင်ဘက်အဆုံး သံတွဲခရိုင်ထိပါပဲ။ ထိုဘုရားများဟာ ယနေ့တိုင်တည်ရှိဆဲပါပဲ။ သူ့ရဲ့ဇာတိရွာက စေတီကို နားမွေး တော်စေတီ၊ မိမိတို့ရွာကစေတီကိုညှပ်ရိုးတော်စေတီ၊ ကန်းချုပ်ပြင်ရွာ အနီးကစေတီကိုတော့ ကန်ကောက်တော်စေတီစသည့် အမည်များဖြင့် တည်ရှိ ဆဲပါ။ ထိုဘုရားသမိုင်းများကို သီသန့်စာအုပ်များ ထုတ်ဝေထားပါသည်။

သူမရဲ့ဇာတိရွာက နားမွေးတော်ဘုရားပွဲကို နှစ်စဉ်နှစ်ဆန်းတစ်ရက်နေ့မှာ ခြိမ့်ခြိမ့်သဲသဲကျင်းပတုန်းပါပဲ။ သင်္ကြန်အတက်နေ့ ညနေပိုင်းကပင် ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များ စုရုံးရောက်ရှိလာတတ်ကြပါတယ်။ နေ့ခင်းပိုင်းမှာ ရိုးရာ ကျင်ပွဲ၊ ဘောလုံးပွဲများဖြင့် ဧည့်ခံလေ့ရှိကြပါတယ်။

ညနေပိုင်းမှာတော့ ဇာတ်ပွဲ များ၊ ဗွီဒီယိုပြပွဲများဖြင့် ဧည့်ခံကြပါတယ်။ မိဖုရားစောမဲကြည်ဦးဆောင်တဲ့ စေတီပုထိုးတည်ထားရေးစီမံကိန်းဟာ နှစ်အတော်ကြာပြီးမှပြီးစီးဖို့အချိန်နီးကပ်လာခဲ့ရာမြောက်ဦးမြို့အနီးမှာဓာတ်ပေါင်းစု စေတီတည်ထားရန်စီမံကိန်းအတွက်ညှိနှိုင်းတိုင်ပင်နေတုန်းကာလပန်းရံဆရာ ကိုရွှေသီး ဟာမိဖုရားဆီအဝင်အထွက်များလာတော့မနာလိုမရှုစိမ့်တဲ့ သူတစ်ချို့က ဘုရင်ဆီကိုဂုံးတိုက်လျှောက်ထားကြတယ်။တိုက်ဆိုင်တာလား၊ လုပ်ကြံတာလား တော့မသိစေတီရဲ့ပုံတော်ကအမျိုးသမီးရဲ့ရင်သားနဲ့တူနေလို့ဆိုပြီးပန်းရံ ဆရာကြီး ကိုဘုရင့်အမျက်တော်ထွက်ကာကွပ်မျက်လိုက်ပါတယ်။

ကိုရွှေသီး ကွပ်မျက်ခံရပြီး နောက်မိဖုရားကိုလည်းမူးမတ်များက ဘုရင်ကြီးကိုစည်းရုံးကာ မိဖုရားအကျင့်စာရိတ္တမကောင်းဟူ၍ ဂုံးချောလျှောက်ထား ကြပြန်သည်။ ထိုစွပ်စွဲချက်ဖြင့်ပင် မိဖုရားကိုကွပ်မျက်ရန် အမိန့်တော် ထွက်လာ ပြန်သည်။ မိဖုရားသည် တုန်လှုပ်ခြောက်ခြားမှု အလျဉ်းမရှိဘဲ ရဲဝံ့စွာရင်ဆိုင်ဖို့ ပြင်ဆင်ပါ တော့သည်။ မိဖုရားကသူ့ဇာတိကန်ဒိုင်းရွာသို့ အရောက်ပို့ပေးပြီးမှ ကွပ်မျက်ရန် တောင်းပန်ရှာတယ်။ ထို့နောက်မိဖုရားစောမဲကြည်ကို ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် မင်းခစားယောကျ်ားများက ဝေါယာဉ်ဖြင့် သယ်ယူလာခဲ့ကြသည်။

 မိဖုရားရွာကိုရောက်တဲ့အခါ ပထမဆုံးသွားရောက်ဖူးမျှော်တာက မိဖုရားကြီး မြတ်နိုးကြည်ညိုတဲ့ နားမွေးတော်ဘုရားပါပဲ။ အဲ့ဒီအနီးမှာ ဆုတောင်းအဓိဋ္ဌာန်ပြုပြီး အားငယ်တွန့်ဆုတ်ခြင်း၊ စိုးရိမ်ခြင်းအလျဉ်းမတွေ့ကြရဘဲ ရာဇဝတ်သားများကို ကြိုက်သလို စီမံကြဖို့ခွင့်ပြုလိုက်တော့တယ်။ အဲ့ဒီဘုရားမှတစ်ဆင့် မိဖုရားကြီး၏ ပတ္တမြားရရှိရာ ရေချိုးဆိပ်အနီး ကမ်းစပ်နားမှာပဲ မိဖုရားဟာ ဝါးညှပ်ဖြင့် လည်ပင်းကိုညှပ်ကာ အသတ်ခံခဲ့ရပါတယ်။ မိဖုရားကြီးအလောင်းကို ဝါးဖေါင်ဖြင့် ရေမျှောကြသောအခါ မိဖုရားကြီးသစ္စာဆိုအဓိဋ္ဌာန်ပြုခဲ့တဲ့အတိုင်း မိဖုရားကြီးရဲ့ အလောင်းဟာ ရေဆန်တက်၍ သူမ၏မြင့်မြတ်စင်ကြယ်မှုကို သက်သေပြခဲ့တယ်။

 အလောင်းကိုရေထဲကဆယ်ယူပြီး အဲ့ဒီကမ်းစပ်အနီးမှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြတယ်။ ဒီဂူလေးကိုယနေ့တိုင် တွေ့မြင်နိုင်ပါတယ်။ ဝေါယာဉ်ခေါ်(ထန်းစင်)ကိုတော့ မိမိတို့ရွာအနီး မိဖုရားရဲ့ဇာတိချက်ကြွေ မွေးရပ်မြေ ကန်ဒိုင်းအတွင်းပြင်ရွာ ဘုန်းကြီးကျောင်းဟောင်းမှာ ယနေ့တိုင်အောင် သိမ်းထားကြပါတယ်။ မိဖုရား ငယ်စဉ်အပျိုပေါက်စအရွယ်က သုံးခဲ့သော ရေခပ်တဲ့ ရေအိုးကလေးတွေ၊ အလှူအတန်းမှာ အသုံးပြုတဲ့ အဆင်တန်ဆာတွေကိုတော့ မိဖရားရဲ့ ဆွေမျိုးများက ထိန်းသိမ်းထားကြပါတယ်။ နောင်တစ်ချိန် နန်းသူ၊နန်းသားတွေ လာရောက်ပြီး အမှတ်တရစေတီတစ်ဆူကို တည်ထားကာ စောမဲကြည်မိဖုရားအတွက် ကောင်းမှု ပြုခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Sanemyoka
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top