Golden City Promotion
×

ဆံပင္ျဖဴတစ္ေခ်ာင္းကိုေတြ႔ျပီဆိုတာနဲ႔ ခ်က္ခ်င္းေရြးခ်ယ္စရာႏွစ္ခုရွိပါတယ္။ ႏႈတ္ပစ္မလား၊ ဒီအတိုင္းေဘးမဲ့ေပးထားမလားဆိုတာပါပဲ။ အမ်ားစုက ယံုၾကည္ထားၾကတာကေတာ့ တစ္ေခ်ာင္းႏႈတ္လိုက္ရင္ အဲဒီေနရာမွာ ဆံပင္ျဖဴေတြပိုျပီးေပါက္လာမယ္ဆိုတာပါပဲ။

အလွအပသုေတသီ ရန္ဒီရွယ္လာကေတာ့ ဆံပင္ျဖဴကိုႏႈတ္တာနဲ႔ အဲဒီလို မျဖစ္ႏိုင္ပါဘူးလို႔ဆိုပါတယ္။ ဒါေပမဲ့ အဲဒီလိုလုပ္တာမေကာင္းဘူးလို႔လည္းသူကထပ္ေျပာပါတယ္။

ဆံပင္ျဖဴကို ႏႈတ္လိုက္ရင္ေတာင္ ခဏတာပဲေပ်ာက္ကြယ္သြားမွာပါ။ ဆံပင္ထြက္တဲ့ ေမႊးညင္းေပါက္ေလးကေန ႏႈတ္ခံလိုက္ရတဲ့ ဆံပင္ေနရာမွာ အစားထိုးဖို႔ ဆံပင္ေနာက္တစ္ေခ်ာင္းထြက္လာဦးမွာပါပဲ။ တစ္ေခ်ာင္းႏႈတ္ရင္ ဆံပင္အျဖဴေတြအမ်ားၾကီးထပ္ထြက္လာမယ္ဆိုတာကေတာ့ ယံုတမ္းစကားတစ္ခုပါပဲ။

ကံေကာင္းရင္ေတာ့ ထပ္ထြက္လာတဲ့ ဆံပင္က အႏႈတ္ခံရတဲ့ဆံပင္ေလာက္ျဖဴခ်င္မွျဖဴမွာပါ။ အဲဒီလိုျဖစ္ရတဲ့အေၾကာင္းက ေမႊးညင္းေပါက္ကေန ဆံပင္ကို အေရာင္ဆိုးရာမွာ တစ္ခါနဲ႔တစ္ခါမတူလို႔ပါပဲ။

ရွယ္လာကသတိေပးတာကေတာ့ ဆံပင္ျဖဴခဏခဏႏႈတ္္မယ္ဆိုရင္ ေမႊးညင္းေပါက္ေတြကိုထိခိုက္ႏိုင္ျပီး ဆံပင္လံုးဝမေပါက္တဲ့အထိျဖစ္သြားနိုင္ပါတယ္တဲ့။ အဲဒီလိုဆိုရင္ ဆံပင္ျဖဴမေပါက္သလို ဘာဆံပင္မွလည္းေပါက္မွာမဟုတ္ေတာ့ဘူးလို႔ဆိုပါတယ္။

ဒီေတာ့ဆံပင္ျဖဴကို မၾကိဳက္ဘူးဆိုရင္ေတာင္ အရင္းကေနဆြဲမႏႈတ္ဘဲ ကတ္ေၾကးနဲ႔ညွပ္တာမ်ိဳးျဖစ္ျဖစ္လုပ္ႏိုင္ပါတယ္။ ဆံပင္ျဖဴဆိုတာကို အလွပ်က္ေစတဲ့ အရာတစ္ခုလို႔ သေဘာမထားဘဲ ကိိုယ့္ကို သူမ်ားနဲ႔ ကြဲထြက္ေနေစတဲ့ အားသာခ်က္တစ္ခုအျဖစ္ သေဘာထားႏိုင္ရင္ အဆင္ေျပသြားမွာပါ။ အခုက နာမည္ေက်ာ္ေတြေတာင္ အျဖဴဆိုး၊ မီးခိုးေရာင္ဆိုးလုပ္ေနၾကတဲ့ ေခတ္မို႔လို႔ သဘာဝအတိုင္းရတဲ့ ဆံပင္ျဖဴကို ဂုဏ္ယူလိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: B.Trix ( Love Shop )

Ref: bustle.com, nbcnews.com

#Unicode Version#
ဆံပင်ဖြူတစ်ချောင်းကိုတွေ့ပြီဆိုတာနဲ့ ချက်ချင်းရွေးချယ်စရာနှစ်ခုရှိပါတယ်။ နှုတ်ပစ်မလား၊ ဒီအတိုင်းဘေးမဲ့ပေးထားမလားဆိုတာပါပဲ။ အများစုက ယုံကြည်ထားကြတာကတော့ တစ်ချောင်းနှုတ်လိုက်ရင် အဲဒီနေရာမှာ ဆံပင်ဖြူတွေပိုပြီးပေါက်လာမယ်ဆိုတာပါပဲ။

အလှအပသုတေသီ ရန်ဒီရှယ်လာကတော့ ဆံပင်ဖြူကိုနှုတ်တာနဲ့ အဲဒီလို မဖြစ်နိုင်ပါဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာမကောင်းဘူးလို့လည်းသူကထပ်ပြောပါတယ်။

ဆံပင်ဖြူကို နှုတ်လိုက်ရင်တောင် ခဏတာပဲပျောက်ကွယ်သွားမှာပါ။ ဆံပင်ထွက်တဲ့ မွှေးညင်းပေါက်လေးကနေ နှုတ်ခံလိုက်ရတဲ့ ဆံပင်နေရာမှာ အစားထိုးဖို့ ဆံပင်နောက်တစ်ချောင်းထွက်လာဦးမှာပါပဲ။ တစ်ချောင်းနှုတ်ရင် ဆံပင်အဖြူတွေအများကြီးထပ်ထွက်လာမယ်ဆိုတာကတော့ ယုံတမ်းစကားတစ်ခုပါပဲ။

ကံကောင်းရင်တော့ ထပ်ထွက်လာတဲ့ ဆံပင်က အနှုတ်ခံရတဲ့ဆံပင်လောက်ဖြူချင်မှဖြူမှာပါ။ အဲဒီလိုဖြစ်ရတဲ့အကြောင်းက မွှေးညင်းပေါက်ကနေ ဆံပင်ကို အရောင်ဆိုးရာမှာ တစ်ခါနဲ့တစ်ခါမတူလို့ပါပဲ။

ရှယ်လာကသတိပေးတာကတော့ ဆံပင်ဖြူခဏခဏနှုတ်မယ်ဆိုရင် မွှေးညင်းပေါက်တွေကိုထိခိုက်နိုင်ပြီး ဆံပင်လုံးဝမပေါက်တဲ့အထိဖြစ်သွားနိုင်ပါတယ်တဲ့။ အဲဒီလိုဆိုရင် ဆံပင်ဖြူမပေါက်သလို ဘာဆံပင်မှလည်းပေါက်မှာမဟုတ်တော့ဘူးလို့ဆိုပါတယ်။

ဒီတော့ဆံပင်ဖြူကို မကြိုက်ဘူးဆိုရင်တောင် အရင်းကနေဆွဲမနှုတ်ဘဲ ကတ်ကြေးနဲ့ညှပ်တာမျိုးဖြစ်ဖြစ်လုပ်နိုင်ပါတယ်။ ဆံပင်ဖြူဆိုတာကို အလှပျက်စေတဲ့ အရာတစ်ခုလို့ သဘောမထားဘဲ ကိုယ့်ကို သူများနဲ့ ကွဲထွက်နေစေတဲ့ အားသာချက်တစ်ခုအဖြစ် သဘောထားနိုင်ရင် အဆင်ပြေသွားမှာပါ။ အခုက နာမည်ကျော်တွေတောင် အဖြူဆိုး၊ မီးခိုးရောင်ဆိုးလုပ်နေကြတဲ့ ခေတ်မို့လို့ သဘာဝအတိုင်းရတဲ့ ဆံပင်ဖြူကို ဂုဏ်ယူလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: B.Trix ( Love Shop )

Ref: bustle.com, nbcnews.com


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top