ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အနည္းအက်ဥ္းေသာလူအခ်ဳိ႕ရဲ႕ ေကာင္းတဲ့ အသိအျမင္ေတြလည္း စြန္းေပေစတယ္။ ေျမာက္မ်ားလွစြာေသာလူထုရဲ႕ မေကာင္းတဲ့ အေတြးအေခၚ ေတြလည္း ထုနဲ႔ထည္နဲ႔ ကိုယ့္ႏွလံုးသားမွာ ဖ်က္မရေလာက္ေအာင္ ထင္က်န္ရစ္ေစခဲ့တယ္။

– Facebook ဟာ မတစ္ရာသားတို႔ရဲ႕ အေတြးအျမင္ အညစ္အေၾကးေတြ စြန္႔ထုတ္ရာ အမ်ားျပည္သူသံုး သန္႔စင္ခန္းနဲ႔လည္း တူတယ္။

– သစ္သီး၊ ပန္း၊ အသားစိမ္း၊ အသားပုပ္၊ အရိုး၊ အခြံေတြနဲ႔ ေရာယွက္ေနတဲ့ အနံ႔ေပါင္းစံုလိႈင္ေနေသာ လမ္းေလးခြဆံုက အမိႈက္ပံုႀကီးနဲ႔လည္း တူတယ္။ ရနံ႔ေကာင္းတဲ့ ပစၥည္းေတြ ဘယ္ေလာက္ပါပါ၊ အားလံုးေပါင္းစုလိုက္တဲ့အခါ ေမႊးႀကိဳင္ႏွစ္လိုဖြယ္ေကာင္းတဲ့ အမႈိက္ပံုဆိုတာ မရွိစဖူးသလိုပါပဲ။

– တစ္ခါတရံမွာေတာ့ တစ္ေယာက္တစ္ေပါက္ ဆူဆူညံညံနဲ႔ အၿပိဳင္အဆိုင္ ေအာ္ဟစ္ေရာင္းခ်ေနတဲ့ လမ္းေဘးေစ်းတစ္ခုနဲ႔လည္း တူတယ္။ ကိုယ္လုိရာကို ဝယ္ယူဖို႔ ေစ်းဆိုင္ကို သြားတဲ့အခါ မလိုလားအပ္တဲ့ ေဘးက ဆူညံသံေတြ၊ ဆဲဆိုသံေတြ၊ ညစ္ပတ္ေပေရေနတဲ့ လမ္းေတြ၊ အနံ႔ဆိုးေတြကို မလႊဲမေရွာင္သာ ႀကံဳေတြ႕ ျဖတ္သန္းၾကရတယ္။

– ေရွးက အဖိုးတန္ စာေပေတြမွာ ႀကီးသူကို ရိုေသ၊ ငယ္သူကို ေလးစားတတ္ေအာင္၊ စိတ္ဓာတ္အရည္အေသြးကို ဂုဏ္ပကာသနနဲ႔ ရုပ္ဝတၳဳပစၥည္းေတာက္ေျပာင္မႈထက္ ပိုတန္ဖိုးထားတတ္ေအာင္၊ စိတ္ရိုင္းကို အသိဉာဏ္ခၽြန္းအုပ္ႏိုင္ေအာင္၊ အတၱမာနအစား ဂါရဝနိဝါတ ထားႏိုင္ေအာင္ သင္ေပးခဲ့ၾကတယ္။

– အခုကေတာ့ လူၿပိန္းႀကိဳက္စကားလံုးလွလွေလးေတြ၊ ရုပ္ဝတၳဳနဲ႔ ဂုဏ္ပကာသန ယွဥ္ၿပိဳင္မႈေတြ၊ အတၱမာနေရွ႕တန္းတင္ဖို႔ ေသြးထိုးေျမွာက္ပင့္မႈေတြ၊ ဆဲဆို ေလွာင္ေျပာင္ ရိုင္းစိုင္းရတာကို ဂုဏ္ယူေနတာေတြသာ အမ်ားစု ေတြ႕ရတာပါပဲ။

– ေကာင္းတဲ့ အသိအျမင္ဆိုတာ ေရဆန္ကို တက္ရသလို စနစ္တက် ေလ့က်င့္ထံုကူးယူမွ ရတတ္ေပမယ့္ မေကာင္းတဲ့အတတ္ကို သင္တဲ့အခါ ေရတံခြန္ေပၚက ခုန္ဆင္းသလို လ်င္လ်င္ျမန္ျမန္နဲ႔ပဲ တတ္ေျမာက္သြားတတ္တယ္။

– Facebook ေပၚမွာ ‘ဒီလို ရိုင္းစိုင္းရတယ္၊ ဒီလို ေထ့ရေလွာင္ရတယ္၊ ဒီလို တစ္ကိုယ္ေကာင္းဆန္ဆန္ ခံယူရတယ္၊ ဒီလို တစ္ဖက္သတ္ ေတြးေခၚရတယ္’ စသည္ျဖင့္ မသင္ေပးေသာ္လည္း သင္ေပးေနသလိုပဲ ေန႔စဥ္ ျမင္ရေတြ႕ရတဲ့ အျပဳအမႈေတြဟာ ကိုယ့္ရဲ႕အတြင္းစိတ္ထဲကို မသိမသာ စိမ့္ဝင္ေနတယ္။ ကိုယ္သတိမျပဳမိစဥ္မွာပဲ ကိုယ္ဟာ တျခားလူႀကီးလံုးလံုး ျဖစ္ေနတာကို ေသေသခ်ာခ်ာ ျပန္ဆင္ျခင္မွသာ သိႏိုင္ပါလိမ့္မယ္။

– ညစ္ေထးအေတြးအေခၚ ကူးစက္ခံရမႈကေန သက္သာကင္းေဝးေစခ်င္ရင္ေတာ့ ကိုယ့္မွာ လံုေလာက္တဲ့ စိတ္ဓာတ္အရည္အေသြး ကိုယ္ခံအားရွိရပါမယ္။ ယဥ္ေက်းမႈအသိအလိမ္မာဆိုတဲ့ ကာကြယ္ေဆးေတြလည္း ႀကိဳတင္ ထိုးႏွံထားသင့္ပါတယ္။ ညစ္ေထးအေတြးအေခၚရွိတဲ့ နာတာရွည္ေရာဂါသည္ေတြနဲ႔လည္း ကင္းကင္းရွင္းရွင္း ေနသင့္ပါတယ္။ မတတ္သာလို႔ ေျပာဆိုဆက္ဆံရရင္လည္း သူ႔မွာ ကူးစက္ေရာဂါဆိုးရွိတယ္ဆိုတာ မေမ့ဘဲ အျမဲသတိခ်ပ္ဖို႔ လိုအပ္ပါတယ္။

– ႏြံမွာ ေပါက္တဲ့ ၾကာပန္းဟာ ႏြံမလူးဘဲ စြင့္စြင့္ငြားငြား တင့္တယ္သလို အညစ္အေၾကး အပုပ္အသိုးေတြၾကားမွာလည္း မိမိရဲ႕ ႏွလံုးသားဟာ အစြန္းအထင္းမခံ သန္႔စင္ တည္တံ့ဖို႔ ကိုယ့္ကိုကိုယ္ မညွာတမ္း မညာတမ္း အျမဲမျပတ္ ေဝဖန္ဆန္းစစ္ႏိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Wai Soe Thein

# Unicode Version #
အနည်းအကျဉ်းသောလူအချို့ရဲ့ ကောင်းတဲ့ အသိအမြင်တွေလည်း စွန်းပေစေတယ်။ မြောက်များလှစွာသောလူထုရဲ့ မကောင်းတဲ့ အတွေးအခေါ် တွေလည်း ထုနဲ့ထည်နဲ့ ကိုယ့်နှလုံးသားမှာ ဖျက်မရလောက်အောင် ထင်ကျန်ရစ်စေခဲ့တယ်။

– Facebook ဟာ မတစ်ရာသားတို့ရဲ့ အတွေးအမြင် အညစ်အကြေးတွေ စွန့်ထုတ်ရာ အများပြည်သူသုံး သန့်စင်ခန်းနဲ့လည်း တူတယ်။

– သစ်သီး၊ ပန်း၊ အသားစိမ်း၊ အသားပုပ်၊ အရိုး၊ အခွံတွေနဲ့ ရောယှက်နေတဲ့ အနံ့ပေါင်းစုံလှိုင်နေသော လမ်းလေးခွဆုံက အမှိုက်ပုံကြီးနဲ့လည်း တူတယ်။ ရနံ့ကောင်းတဲ့ ပစ္စည်းတွေ ဘယ်လောက်ပါပါ၊ အားလုံးပေါင်းစုလိုက်တဲ့အခါ မွှေးကြိုင်နှစ်လိုဖွယ်ကောင်းတဲ့ အမှိုက်ပုံဆိုတာ မရှိစဖူးသလိုပါပဲ။

– တစ်ခါတရံမှာတော့ တစ်ယောက်တစ်ပေါက် ဆူဆူညံညံနဲ့ အပြိုင်အဆိုင် အော်ဟစ်ရောင်းချနေတဲ့ လမ်းဘေးဈေးတစ်ခုနဲ့လည်း တူတယ်။ ကိုယ်လိုရာကို ဝယ်ယူဖို့ ဈေးဆိုင်ကို သွားတဲ့အခါ မလိုလားအပ်တဲ့ ဘေးက ဆူညံသံတွေ၊ ဆဲဆိုသံတွေ၊ ညစ်ပတ်ပေရေနေတဲ့ လမ်းတွေ၊ အနံ့ဆိုးတွေကို မလွှဲမရှောင်သာ ကြုံတွေ့ ဖြတ်သန်းကြရတယ်။

– ရှေးက အဖိုးတန် စာပေတွေမှာ ကြီးသူကို ရိုသေ၊ ငယ်သူကို လေးစားတတ်အောင်၊ စိတ်ဓာတ်အရည်အသွေးကို ဂုဏ်ပကာသနနဲ့ ရုပ်ဝတ္ထုပစ္စည်းတောက်ပြောင်မှုထက် ပိုတန်ဖိုးထားတတ်အောင်၊ စိတ်ရိုင်းကို အသိဉာဏ်ချွန်းအုပ်နိုင်အောင်၊ အတ္တမာနအစား ဂါရဝနိဝါတ ထားနိုင်အောင် သင်ပေးခဲ့ကြတယ်။

– အခုကတော့ လူပြိန်းကြိုက်စကားလုံးလှလှလေးတွေ၊ ရုပ်ဝတ္ထုနဲ့ ဂုဏ်ပကာသန ယှဉ်ပြိုင်မှုတွေ၊ အတ္တမာနရှေ့တန်းတင်ဖို့ သွေးထိုးမြှောက်ပင့်မှုတွေ၊ ဆဲဆို လှောင်ပြောင် ရိုင်းစိုင်းရတာကို ဂုဏ်ယူနေတာတွေသာ အများစု တွေ့ရတာပါပဲ။

– ကောင်းတဲ့ အသိအမြင်ဆိုတာ ရေဆန်ကို တက်ရသလို စနစ်တကျ လေ့ကျင့်ထုံကူးယူမှ ရတတ်ပေမယ့် မကောင်းတဲ့အတတ်ကို သင်တဲ့အခါ ရေတံခွန်ပေါ်က ခုန်ဆင်းသလို လျင်လျင်မြန်မြန်နဲ့ပဲ တတ်မြောက်သွားတတ်တယ်။

– Facebook ပေါ်မှာ ‘ဒီလို ရိုင်းစိုင်းရတယ်၊ ဒီလို ထေ့ရလှောင်ရတယ်၊ ဒီလို တစ်ကိုယ်ကောင်းဆန်ဆန် ခံယူရတယ်၊ ဒီလို တစ်ဖက်သတ် တွေးခေါ်ရတယ်’ စသည်ဖြင့် မသင်ပေးသော်လည်း သင်ပေးနေသလိုပဲ နေ့စဉ် မြင်ရတွေ့ရတဲ့ အပြုအမှုတွေဟာ ကိုယ့်ရဲ့အတွင်းစိတ်ထဲကို မသိမသာ စိမ့်ဝင်နေတယ်။ ကိုယ်သတိမပြုမိစဉ်မှာပဲ ကိုယ်ဟာ တခြားလူကြီးလုံးလုံး ဖြစ်နေတာကို သေသေချာချာ ပြန်ဆင်ခြင်မှသာ သိနိုင်ပါလိမ့်မယ်။

– ညစ်ထေးအတွေးအခေါ် ကူးစက်ခံရမှုကနေ သက်သာကင်းဝေးစေချင်ရင်တော့ ကိုယ့်မှာ လုံလောက်တဲ့ စိတ်ဓာတ်အရည်အသွေး ကိုယ်ခံအားရှိရပါမယ်။ ယဉ်ကျေးမှုအသိအလိမ်မာဆိုတဲ့ ကာကွယ်ဆေးတွေလည်း ကြိုတင် ထိုးနှံထားသင့်ပါတယ်။ ညစ်ထေးအတွေးအခေါ်ရှိတဲ့ နာတာရှည်ရောဂါသည်တွေနဲ့လည်း ကင်းကင်းရှင်းရှင်း နေသင့်ပါတယ်။ မတတ်သာလို့ ပြောဆိုဆက်ဆံရရင်လည်း သူ့မှာ ကူးစက်ရောဂါဆိုးရှိတယ်ဆိုတာ မမေ့ဘဲ အမြဲသတိချပ်ဖို့ လိုအပ်ပါတယ်။

– နွံမှာ ပေါက်တဲ့ ကြာပန်းဟာ နွံမလူးဘဲ စွင့်စွင့်ငွားငွား တင့်တယ်သလို အညစ်အကြေး အပုပ်အသိုးတွေကြားမှာလည်း မိမိရဲ့ နှလုံးသားဟာ အစွန်းအထင်းမခံ သန့်စင် တည်တံ့ဖို့ ကိုယ့်ကိုကိုယ် မညှာတမ်း မညာတမ်း အမြဲမပြတ် ဝေဖန်ဆန်းစစ်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Wai Soe Thein
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top