ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စက္တင္ဘာလ၁၉ရက္ေန႔က ေနျပည္ေတာ္မွ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္
 ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားခဲ့တဲ့ မိန္႔ခြန္းကို ႀကိဳဆိုတယ္လို႔ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြ႔ံၿဖဳိးေရးပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က ေျပာလိုက္ပါတယ္။

ႏိုင္ငံတကာသံတမန္ေတြဖိတ္ၾကားၿပီး ေျပာဆိုခဲ့တဲ့မိန္႔ခြန္းက ျမန္မာႏိုင္ငံရဲ႕ေဒသၿငိမ္းခ်မ္းေရးနဲ႔ ျဖစ္ေပၚေနတဲ့ အခက္အခဲေတြကို ႏိုင္ငံတကာက နားလည္ေအာင္အဓိက ရည္ရြယ္ၿပီး ေျပာဆိုသြားတာကို နားလည္တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ဖြဲ႔စည္းတာဝန္ေပးခဲ့တဲ့ ကိုဖီအာနန္ေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြကို အေကာင္အထည္ေဖာ္မယ့္ အေပၚမွာေတာ့ စိုးရိမ္တယ္လို႔ ေဒါက္တာနႏၵာလွျမင့္က ေျပာပါတယ္။

“၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒနဲ႔ အညီ ေဆာင္ရြက္သြားမယ္ဆိုတာကိုလည္း ႀကိဳဆိုလက္ခံပါတယ္။ သို႔ေသာ္ ကုိဖီအာနန္ေကာ္မရွင္ အႀကံျပဳခ်က္အတိုင္း အေကာင္ အထည္ေဖာ္ေဆာင္ရြက္မယ္ဆိုတဲ့ အေပၚမွာေတာ့ က်ေနာ္တို႔ စိုးရိမ္စိတ္ရွိတယ္။ အႀကံျပဳခ်က္ေတြက က်ေနာ္တို႔ႏိုင္ငံသားေတြနဲ႔ ႏိုင္ငံသားမဟုတ္သူေတြၾကား ျဖစ္တဲ့ ျပႆနာကေနၿပီးေတာ့မွ မြတ္စလင္နဲ႔ ဗုဒၶဘာသာဆိုတဲ့ ဘာသာေရး ပဋိပကၡပံုစံမ်ိဳးအထိ ျဖစ္ေပၚႏိုင္တဲ့ အသံုးအႏႈန္းေတြ၊ အႀကံျပဳခ်က္ေတြရွိေနတဲ့အတြက္ ဒါကိုေတာ့ စိတ္ပူတယ္”လို႔ ေဒါက္တာနႏၵာလွျမင့္က ေျပာပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံေျပာခဲ့တဲ့ မိန္႔ခြန္းအစီအစဥ္ကုိ ႏိုင္ငံတကာသံတမန္ အသိုင္းအ၀ိုင္းနဲ႔ ျပည္တြင္းျပည္ပ သတင္းေထာက္ေတြ တက္ေရာက္ခဲ့ၿပီး ျပည္တြင္းက ၿမိဳ႕အမ်ားစုမွာ LED ဆိုင္းဘုတ္ေတြ၊ ပရိုဂ်က္တာေတြနဲ႔ ျပသခဲ့ၿပီး ျပည္သူေထာင္ေပါင္းမ်ားစြာ လာေရာက္ ေစာင့္ၾကည့္နားေထာင္ခဲ့တယ္လို႔ သိရပါတယ္။

Source & Photos : DVB
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
စက်တင်ဘာလ၁၉ရက်နေ့က နေပြည်တော်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

 ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ကြိုဆိုတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောလိုက်ပါတယ်။

နိုင်ငံတကာသံတမန်တွေဖိတ်ကြားပြီး ပြောဆိုခဲ့တဲ့မိန့်ခွန်းက မြန်မာနိုင်ငံရဲ့ဒေသငြိမ်းချမ်းရေးနဲ့ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို နိုင်ငံတကာက နားလည်အောင်အဓိက ရည်ရွယ်ပြီး ပြောဆိုသွားတာကို နားလည်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဖွဲ့စည်းတာဝန်ပေးခဲ့တဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်မယ့် အပေါ်မှာတော့ စိုးရိမ်တယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

“၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ အညီ ဆောင်ရွက်သွားမယ်ဆိုတာကိုလည်း ကြိုဆိုလက်ခံပါတယ်။ သို့သော် ကိုဖီအာနန်ကော်မရှင် အကြံပြုချက်အတိုင်း အကောင် အထည်ဖော်ဆောင်ရွက်မယ်ဆိုတဲ့ အပေါ်မှာတော့ ကျနော်တို့ စိုးရိမ်စိတ်ရှိတယ်။ အကြံပြုချက်တွေက ကျနော်တို့နိုင်ငံသားတွေနဲ့ နိုင်ငံသားမဟုတ်သူတွေကြား ဖြစ်တဲ့ ပြဿနာကနေပြီးတော့မှ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဆိုတဲ့ ဘာသာရေး ပဋိပက္ခပုံစံမျိုးအထိ ဖြစ်ပေါ်နိုင်တဲ့ အသုံးအနှုန်းတွေ၊ အကြံပြုချက်တွေရှိနေတဲ့အတွက် ဒါကိုတော့ စိတ်ပူတယ်”လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပြောခဲ့တဲ့ မိန့်ခွန်းအစီအစဉ်ကို နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းနဲ့ ပြည်တွင်းပြည်ပ သတင်းထောက်တွေ တက်ရောက်ခဲ့ပြီး ပြည်တွင်းက မြို့အများစုမှာ LED ဆိုင်းဘုတ်တွေ၊ ပရိုဂျက်တာတွေနဲ့ ပြသခဲ့ပြီး ပြည်သူထောင်ပေါင်းများစွာ လာရောက် စောင့်ကြည့်နားထောင်ခဲ့တယ်လို့ သိရပါတယ်။

Source & Photos : DVB
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top