ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

လူျမင္ကြင္းမွာ မိမိရဲ႕ရင္ေသြးကို ႏို႔ခ်ိဳတိုက္ေကၽြးတဲ့အေပၚ တခ်ိဳ႕ေတြက ကဲ့ရဲ႕ၾကပါတယ္။ မိမိရင္ေသြးကို ႏို႔ခ်ိဳတိုက္ေကၽြးျခင္းဟာ ႐ွက္ေၾကာက္စရာမဟုတ္ပါဘူး။ ဒါကို ေထာက္ခံေၾကာင္း ျပသလိုတဲ့ စံုတြဲတစ္တြဲက သူတုိ႔ရဲ႕မဂၤလာပြဲမွာ ထူးထူးျခားျခားေလး ထုတ္ေဖာ္ျပသခဲ့ပါတယ္။

ဘရာဇီးႏိုင္ငံက မဂၤလာပြဲတစ္ခုမွာ အသက္ ၂၄ ႏွစ္သာရွိေသးတဲ့ သတုိ႔သမီး ငယ္ငယ္လွလွေလး Danielly Katsue ဟာ သူမရဲ႕ ရင္ေသြးကို လူၾကားထဲ ႏုိ႕ခ်ိဳတုိက္ေကၽြးခဲ့ပါတယ္။ ခင္ပြန္းသည္ Kale Rios နဲ႔ လက္ထပ္သစၥာတိုင္တည္ၿပီးေနာက္ သူတုိ႔ရဲ႕ရင္ေသြးေလးျဖစ္တဲ့ အသက္ ၃ လအရြယ္ Kaua ေလးကို ႏို႔ခ်ိဳတိုက္ေကၽြးကာ မိခင္ေတြၾကံဳေနရတဲ့ ေဝဖန္ခံရမႈကို ရင္ဆုိင္ျပလိုက္တာပါပဲ။

ဒီဓာတ္ပံုကို အင္စတာဂရမ္ေပၚေရာက္လာခ်ိန္မွာ တံု႔ျပန္မႈေတြ ေျမာက္မ်ားစြာရခဲ့ပါတယ္။ ဓာတ္ပံုရိုက္ေပးခဲ့တဲ့ မိုနီကာက သတုိ႔သမီးေလးရဲ႕ပံုကို အင္စတာဂရမ္ေပၚမွာ တင္ခဲ့တာပါ။

မိခင္ေတြအေနနဲ႔ ရင္ေသြးငယ္ကို ဘယ္အခ်ိန္ဘယ္ေနရာျဖစ္ျဖစ္ ကေလးႏို႔ဆာေနရင္ ႏို႔တုိက္သင့္ေၾကာင္း တုိက္တြန္းေထာက္ခံလိုစိတ္၊ အဲ့လိုမ်ိဳး ႏုိ႔ခ်ိဳတိုက္ေကၽြးတဲ့မိခင္ေတြအေနနဲ႔လည္း ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရေစလုိစိတ္နဲ႔ တင္ခဲ့တယ္လို႔ ေျပာပါတယ္။ သတုိ႔သမီးေလးရဲ႕လုပ္ရပ္ကို ေထာက္ခံအားေပးသူေတြ အမ်ားႀကီး ရွိလာခဲ့ပါတယ္။

Source : Mail Online

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#
လူမြင်ကွင်းမှာ မိမိရဲ့ရင်သွေးကို နို့ချိုတိုက်ကျွေးတဲ့အပေါ် တချို့တွေက ကဲ့ရဲ့ကြပါတယ်။ မိမိရင်သွေးကို နို့ချိုတိုက်ကျွေးခြင်းဟာ ရှက်ကြောက်စရာမဟုတ်ပါဘူး။ ဒါကို ထောက်ခံကြောင်း ပြသလိုတဲ့ စုံတွဲတစ်တွဲက သူတို့ရဲ့မင်္ဂလာပွဲမှာ ထူးထူးခြားခြားလေး ထုတ်ဖော်ပြသခဲ့ပါတယ်။

ဘရာဇီးနိုင်ငံက မင်္ဂလာပွဲတစ်ခုမှာ အသက် ၂၄ နှစ်သာရှိသေးတဲ့ သတို့သမီး ငယ်ငယ်လှလှလေး Danielly Katsue ဟာ သူမရဲ့ ရင်သွေးကို လူကြားထဲ နို့ချိုတိုက်ကျွေးခဲ့ပါတယ်။ ခင်ပွန်းသည် Kale Rios နဲ့ လက်ထပ်သစ္စာတိုင်တည်ပြီးနောက် သူတို့ရဲ့ရင်သွေးလေးဖြစ်တဲ့ အသက် ၃ လအရွယ် Kaua လေးကို နို့ချိုတိုက်ကျွေးကာ မိခင်တွေကြုံနေရတဲ့ ဝေဖန်ခံရမှုကို ရင်ဆိုင်ပြလိုက်တာပါပဲ။

ဒီဓာတ်ပုံကို အင်စတာဂရမ်ပေါ်ရောက်လာချိန်မှာ တုံ့ပြန်မှုတွေ မြောက်များစွာရခဲ့ပါတယ်။ ဓာတ်ပုံရိုက်ပေးခဲ့တဲ့ မိုနီကာက သတို့သမီးလေးရဲ့ပုံကို အင်စတာဂရမ်ပေါ်မှာ တင်ခဲ့တာပါ။

မိခင်တွေအနေနဲ့ ရင်သွေးငယ်ကို ဘယ်အချိန်ဘယ်နေရာဖြစ်ဖြစ် ကလေးနို့ဆာနေရင် နို့တိုက်သင့်ကြောင်း တိုက်တွန်းထောက်ခံလိုစိတ်၊ အဲ့လိုမျိုး နို့ချိုတိုက်ကျွေးတဲ့မိခင်တွေအနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရစေလိုစိတ်နဲ့ တင်ခဲ့တယ်လို့ ပြောပါတယ်။ သတို့သမီးလေးရဲ့လုပ်ရပ်ကို ထောက်ခံအားပေးသူတွေ အများကြီး ရှိလာခဲ့ပါတယ်။

Source : Mail Online


ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top