ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အေမရိကန္ သမၼတေလာင္းအျဖစ္ ေနာက္တစ္ႀကိမ္ ပါဝင္ ယွဉ္ၿပိဳင္ေတာ့မည္ မဟုတ္ဟု ဟီလာရီ ကလင္တန္က အတည္ျပဳ ေျပာၾကားခဲ့သည္။

၂၀၂၀ ေရြးေကာက္ပြဲတြင္ အတိုက္အခံ ဒီမိုကရက္ ပါတီကို ကိုယ္စားျပဳၿပီး လက္ရွိသမၼတ ေဒၚနယ္လ္ထရမ့္ကို စိန္ေခၚ ယွဉ္ၿပိဳင္ရန္ အစီအစဉ္ လံုးဝမရွိဟု ကလင္တန္က ျငင္းဆိုခဲ့သည္။ “သမၼတေလာင္း ေနရာအတြက္ ၿပိဳင္ဆိုင္ရတာ ကၽြန္မအတြက္ေတာ့ ၿပီးသြားပါၿပီ”ဟု CBSႏွင့္ အင္တာဗ်ဴးတြင္ သူမက ေျပာဆိုသြားသည္။

ကလင္တန္သည္ ၂၀၁၆ ေရြးေကာက္ပြဲတြင္ ဒီမုိကရက္ ပါတီ၏ သမၼတေလာင္း အေနျဖင့္ ထရမ့္ႏွင့္ ယွဉ္ၿပိဳင္ၿပီး အေရးနိမ့္ခဲ့သည္။ သူမသည္ သမၼတေဟာင္း ဘာရတ္အိုဘားမား လက္ထက္က ႏုိင္ငံျခားေရး ဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ဖူးသလို အေမရိကန္ႏုိင္ငံ သမိုင္းတေလွ်ာက္ ပထမဆံုး အမ်ိဳးသမီး သမၼတ ျဖစ္လာရန္ လက္တစ္ကမ္းထိ နီးစပ္ခဲ့သည္။

ေရြးေကာက္ပြဲတြင္ ပါဝင္ရန္ စိတ္ကူး မရွိေတာ့ေသာ္လည္း ႏုိင္ငံေရး နယ္ပယ္တြင္ တက္တက္ႂကြႂကြ ဆက္ရွိေနမည္ဟု ကလင္တန္က ဆိုသည္။ “ႏုိင္ငံေရးအေပၚ ကၽြန္မ စိတ္မကုန္ေသးပါဘူး။ ဒါကလည္း ကၽြန္မတို႔ ႏိုင္ငံရဲ႕ အနာဂတ္ဟာ အေရးအပါဆံုး အခ်ိဳးအေကြ႕ေတြဆီ ဦးတည္ေနတယ္လုိ႔ ခံစားမိတာေၾကာင့္ပါ”ဟု သူမက ေျပာၾကားခဲ့သည္။

သူမက သမၼတ ထရမ့္၏ ႀကိဳတင္ျပင္ဆင္မႈပိုင္း အားနည္းခ်က္မ်ားကိုလည္း ေဝဖန္ခဲ့သည္။ “ေရြးေကာက္ပြဲမွာ အႏိုင္ရၿပီးတဲ့ေနာက္ သူက ဘဲဥပံု ႐ံုးခန္းထဲ ေရာက္သြားတယ္။ ဒါေပမဲ့ ႏိုင္ငံကို တာဝန္ယူ အုပ္ခ်ဳပ္ရတာဟာ Reality Show တစ္ခုနဲ႔ မတူဘူး။ အခု ထရမ့္ေျပာေနပံုက ငါထင္တာထက္ အမ်ားႀကီး ခက္ပါတယ္ကြာဆိုၿပီး ဝန္ခံေနသလုိမ်ိဳးပဲ။ ဒါအမွန္ပဲေလ။ ဒါက Showတစ္ခု မဟုတ္ဘူး။ ကြာဟခ်က္က အႀကီးႀကီး ရွိေနတာ ေသခ်ာတယ္”ဟု ကလင္တန္က မွတ္ခ်က္ျပဳသြားသည္။

Ref: CBS
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
 အမေရိကန် သမ္မတလောင်းအဖြစ် နောက်တစ်ကြိမ် ပါဝင် ယှဉ်ပြိုင်တော့မည် မဟုတ်ဟု ဟီလာရီ ကလင်တန်က အတည်ပြု ပြောကြားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အတိုက်အခံ ဒီမိုကရက် ပါတီကို ကိုယ်စားပြုပြီး လက်ရှိသမ္မတ ဒေါ်နယ်လ်ထရမ့်ကို စိန်ခေါ် ယှဉ်ပြိုင်ရန် အစီအစဉ် လုံးဝမရှိဟု ကလင်တန်က ငြင်းဆိုခဲ့သည်။ “သမ္မတလောင်း နေရာအတွက် ပြိုင်ဆိုင်ရတာ ကျွန်မအတွက်တော့ ပြီးသွားပါပြီ”ဟု CBSနှင့် အင်တာဗျူးတွင် သူမက ပြောဆိုသွားသည်။

ကလင်တန်သည် ၂၀၁၆ ရွေးကောက်ပွဲတွင် ဒီမိုကရက် ပါတီ၏ သမ္မတလောင်း အနေဖြင့် ထရမ့်နှင့် ယှဉ်ပြိုင်ပြီး အရေးနိမ့်ခဲ့သည်။ သူမသည် သမ္မတဟောင်း ဘာရတ်အိုဘားမား လက်ထက်က နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသလို အမေရိကန်နိုင်ငံ သမိုင်းတလျှောက် ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာရန် လက်တစ်ကမ်းထိ နီးစပ်ခဲ့သည်။

ရွေးကောက်ပွဲတွင် ပါဝင်ရန် စိတ်ကူး မရှိတော့သော်လည်း နိုင်ငံရေး နယ်ပယ်တွင် တက်တက်ကြွကြွ ဆက်ရှိနေမည်ဟု ကလင်တန်က ဆိုသည်။ “နိုင်ငံရေးအပေါ် ကျွန်မ စိတ်မကုန်သေးပါဘူး။ ဒါကလည်း ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ဟာ အရေးအပါဆုံး အချိုးအကွေ့တွေဆီ ဦးတည်နေတယ်လို့ ခံစားမိတာကြောင့်ပါ”ဟု သူမက ပြောကြားခဲ့သည်။

သူမက သမ္မတ ထရမ့်၏ ကြိုတင်ပြင်ဆင်မှုပိုင်း အားနည်းချက်များကိုလည်း ဝေဖန်ခဲ့သည်။ “ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် သူက ဘဲဥပုံ ရုံးခန်းထဲ ရောက်သွားတယ်။ ဒါပေမဲ့ နိုင်ငံကို တာဝန်ယူ အုပ်ချုပ်ရတာဟာ Reality Show တစ်ခုနဲ့ မတူဘူး။ အခု ထရမ့်ပြောနေပုံက ငါထင်တာထက် အများကြီး ခက်ပါတယ်ကွာဆိုပြီး ဝန်ခံနေသလိုမျိုးပဲ။ ဒါအမှန်ပဲလေ။ ဒါက Showတစ်ခု မဟုတ်ဘူး။ ကွာဟချက်က အကြီးကြီး ရှိနေတာ သေချာတယ်”ဟု ကလင်တန်က မှတ်ချက်ပြုသွားသည်။

Ref: CBS
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top