စစ္ကိုင္းတုိင္းေဒသၾကီး၊ ေဖာင္းျပင္ျမိဳ႕နယ္၊ မုိင္းေခ်ာင္းရြာတြင္ က်န္းမာေရးမေကာင္း၍ အႏွိပ္ခံေသာ အသက္ ၁၉ ႏွစ္အရြယ္ မိန္းမပ်ဳိေလး အား အႏွိပ္သည္မွ အၾကိမ္ၾကိမ္ သားမယားအျဖစ္ ျပဳက်င့္ သျဖင္႔ စက္တင္ဘာ ၃ ရက္ေန႔က ေဖာင္းျပင္ျမိဳ႔မရဲစခန္းသို႔ ျပဳက်င္႔ခံရသူကုိယ္တုိင္ အမႈဖြင္႔ တုိင္ၾကားခဲ႔ေၾကာင္း သတင္းရရွိသည္။

လြန္ခဲ႔ေသာလပုိင္းက တရားလိုမွာ အမ်ဳးိသမီးေရာဂါေၾကာင္႔ ေျခလက္တုိ႔ ေကြးေနသျဖင္႔ မိခင္မွ ေဖာင္းျပင္ျမိဳ႕နယ္၊ သငါရြာေန အသက္ ၅၅ နွစ္အရြယ္ အႏွိပ္သည္အား အိမ္ေခၚ၍ ႏွိပ္ေပးေစခဲ႔သည္။ ထုိစဥ္ကတည္းက အိပ္ခန္းအတြင္းႏွိပ္ေပးစဥ္ ပါးနွစ္ဖက္အား နမ္းျပီး ေအာ္ရင္ သတ္ပစ္မည္ဟု ျခိမ္းေျခာက္ေျပာျပီး သားမယားအျဖစ္ စတင္ျပဳက်င္႔ခဲ႔ေၾကာင္း အမႈဖြင္႔တုိင္စာ အရသိရသည္။

၄င္းေနာက္တြင္လည္း ငါးၾကိမ္ခန္႔ ရက္ျခား သားမယားအျဖစ္ျပဳက်င္႔ခဲ႔ျပီး စက္တင္ဘာ ၂ ရက္ေန႔တြင္ လည္း ျပဳက်င္႔ရန္ၾကိဳးစားေနစဥ္ အတူေန ေယာက္မျဖစ္သူက ေတြ႔သြားျပီး ေမးျမန္းသျဖင္႔ ျပဳက်င္႔ခဲ႔မႈမ်ား ေပၚေပါက္ခဲ႔သည္။

အႏွိပ္သည္အား ဖမ္းဆီးျပီး ပုဒ္မ ၃၇၆ ျဖင္႔ အမႈဖြင္႔ကာ ျပစ္မႈက်ဴးလြန္သူႏွင္႔ က်ဳးလြန္ခံရသူတုိ႔ အခင္းျဖစ္စဥ္က ၀တ္ဆင္ခဲ႔ေသာ ပုဆုိး၊ လုံျခည္မ်ားကုိ သိမ္းယူျပီး အမႈတည္ေဆာက္ကာ စစ္ေဆးမႈရဲလုပ္ငန္းစဥ္မ်ားကို ေဆာင္ရြက္ေနေၾကာင္း ေဖာင္းျပင္ရဲစခန္းမွ သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ႏွင္းေမာင္ (Central News Myanmar)

# Unicode Version #
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းရွာတွင် ကျန်းမာရေးမကောင်း၍ အနှိပ်ခံသော အသက် ၁၉ နှစ်အရွယ် မိန်းမပျိုလေး အား အနှိပ်သည်မှ အကြိမ်ကြိမ် သားမယားအဖြစ် ပြုကျင့် သဖြင့် စက်တင်ဘာ ၃ ရက်နေ့က ဖောင်းပြင်မြို့မရဲစခန်းသို့ ပြုကျင့်ခံရသူကိုယ်တိုင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

လွန်ခဲ့သောလပိုင်းက တရားလိုမှာ အမျုးိသမီးရောဂါကြောင့် ခြေလက်တို့ ကွေးနေသဖြင့် မိခင်မှ ဖောင်းပြင်မြို့နယ်၊ သငါရွာနေ အသက် ၅၅ နှစ်အရွယ် အနှိပ်သည်အား အိမ်ခေါ်၍ နှိပ်ပေးစေခဲ့သည်။ ထိုစဉ်ကတည်းက အိပ်ခန်းအတွင်းနှိပ်ပေးစဉ် ပါးနှစ်ဖက်အား နမ်းပြီး အော်ရင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောပြီး သားမယားအဖြစ် စတင်ပြုကျင့်ခဲ့ကြောင်း အမှုဖွင့်တိုင်စာ အရသိရသည်။

၎င်းနောက်တွင်လည်း ငါးကြိမ်ခန့် ရက်ခြား သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး စက်တင်ဘာ ၂ ရက်နေ့တွင် လည်း ပြုကျင့်ရန်ကြိုးစားနေစဉ် အတူနေ ယောက်မဖြစ်သူက တွေ့သွားပြီး မေးမြန်းသဖြင့် ပြုကျင့်ခဲ့မှုများ ပေါ်ပေါက်ခဲ့သည်။

အနှိပ်သည်အား ဖမ်းဆီးပြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူနှင့် ကျုးလွန်ခံရသူတို့ အခင်းဖြစ်စဉ်က ဝတ်ဆင်ခဲ့သော ပုဆိုး၊ လုံခြည်များကို သိမ်းယူပြီး အမှုတည်ဆောက်ကာ စစ်ဆေးမှုရဲလုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း ဖောင်းပြင်ရဲစခန်းမှ သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: နှင်းမောင် (Central News Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top