မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×










#Unicode Version#
စက်တင်ဘာလ ၁၆ ရက်နေ့က အမှန်အတိုင်းဝန်ခံရရင် ရုပ်ရှင်လုံးဝမရိုက်ချင်တော့ပါဆိုတဲ့ Status တစ်ခုကြောင့် ပရိသတ်တွေစိတ်မကောင်းဖြစ်ခဲ့ရပြီး ဝေဖန်သူတွေလည်းရှိခဲ့ပါတယ်။

“အမှန်အတိုင်းဝန်ခံရရင်ကျွန်မရုပ်ရှင်လုံးဝမရိုက်ချင်တော့ပါ….

အခုလာဌားတဲ့ဇာတ်ကအရမ်းကောင်းတဲ့ဇာတ်တစ်ဇာတ်ပါ…ဆရာတော်ကြီးတစ်ပါးရေးတဲ့စာအုပ်တွေထဲကဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်…လုပ်နိုင်ရင် အကယ်ဒမီမှန်းလို့ရတဲ့ဇာတ်မျိုးပါ….

ဒါမဲ့ ပြင်ဦးလွင်မှာ တစ်လသွားရိုက်ရမယ်… တဲ့…..

သေချာသွားပြီ…မဖြစ်နိုင်တော့ပါ…နဂိုထဲကမှ ကားရိုက်ချင်စိတ်မရှိပါဘူးဆိုမှ ကလေးတွေထားပြီးနယ်မှာအကြာကြီးသွားရိုက်ရမယ်ဆိုတော့ ပိုသာဆိုးပေါ့….ဒီလိုအချိန်မှာကျွန်မကို ဇာတ်လမ်းကောင်းတွေကလဲမဆွဲဆောင်နိုင်တော့ပါဘူး…အကယ်ဒမီရုပ်တွေကလဲမဆွဲဆောင်နိုင်တော့ပါဘူး…အောင်မြင်ကျော်ကြားမှ ူတွေကလဲမဆွဲဆောင်နိုင်တော့ပါဘူး……

ကလေးတစ်ယောက်ရဲ့အနာဂတ်ဟာ မိခင်တစ်ယောက်ရဲ့ပဲ့ကိုင်မှုတွေနဲ့အများကြီး သက်ဆိုင်တယ်လို့ကျွန်မခံယူထားတဲ့အတွက်ကြောင့်ပါ”  ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားထားပါတယ်။

အဲဒီပို့စ်ကို တခြားသတင်းစာမျက်နှာပေါ်မှာလည်း ပြန်လည်ဖော်ပြခဲ့ကြပြီး ပရိသတ်တွေကြားထဲမှာလည်း ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ မိခင်စိတ်ကိုနားလည်ပေးပြီး ပြန်လည်ပြောဆိုတဲ့သူတွေလည်းရှိသလို ဝေဖန်မှုပြောဆိုမှုတွေလည်းရှိခဲ့ပါတယ်။

ကလေးနှစ်ယောက်မိခင် ဖြစ်နေပြီဖြစ်တဲ့ မင်းသမီး အိန္ဒြာကျော်ဇင်ဟာ ပရိသတ်တွေကို ချစ်လို့ အနုပညာအလုပ်ကို ဆက်လုပ်နေပေမယ့် ကလေးကိုမခွဲနိုင်ဖြစ်နေတဲ့ မိခင်မေတ္တာစိတ်တွေနဲ့ ဒွိဟဖြစ်နေရပါတယ်။ သူမရုပ်ရှင်မရိုက်တာနဲ့ သူမကိုချစ်တဲ့ ပရိသတ်တွေ ဒုက္ခရောက်မသွားနိုင်ပါဘူးလို့လည်း ပရိသတ်တစ်ဦးရဲ့ ကောမန့်ကို ပြန်လည်ရေးသားထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top