ေတာင္ၾကီးဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူငယ္လူရြယ္မ်ားစြာအတြက္ တစ္ေန႔လွ်င္ တစ္ႀကိမ္မွ ႏွစ္ႀကိမ္အထိ မိမိဘာသာ လိင္စိတ္ေျဖေဖ်ာက္ျခင္း (masturbation) သည္ သာမန္ပင္ျဖစ္သည္။

သီတင္းတစ္ပတ္လတြင္ သံုးႀကိမ္မွ ခုနစ္ႀကိမ္အထိ မိမိဘာသာ လိင္စိတ္ေျဖျခင္းသည္ ျပႆနာမရွိေသာ္လည္း အသက္(၃၀) ေက်ာ္၊ (၄၀)ေက်ာ္အရြယ္၌ အႀကိမ္ေရေလ်ာ့သြားႏိုင္သည္။

သို႔ေသာ္ လူမ်ားစြာအတြက္ မိမိဘာသာ လိင္စိတ္ေျဖျခင္းသည္ ထိန္းမႏိုင္ျဖစ္လာႏိုင္ၿပီး စြဲလမ္းေသာ အေလ့အထတစ္ခု ျဖစ္လာႏိုင္သည္။

မိမိဘာသာ လိင္စိတ္ေျဖေဖ်ာက္ခ်ိန္တြင္ ခႏၶာကိုယ္က လိင္ ပိုင္းဆိုင္ရာ ေက်နပ္မႈကိုရရန္ အေထာက္အကူျပဳေသာ dopamine ဟုေခၚသည့္ ဓာတုဓာတ္တစ္မ်ိဳး ထုတ္လုပ္သည္။ အခ်ိန္ၾကာလာပါက ဦးေႏွာက္က ထုတ္လႊတ္ေသာ ဓာတုဓာတ္ကို ခႏၶာကိုယ္က လိုအပ္သည့္အႀကိမ္ေရ ပိုလာႏိုင္ၿပီး စြဲလမ္းမႈျဖစ္လာႏိုင္သည္။

မိမိဘာသာ လိင္စိတ္ေျဖေဖ်ာက္ျခင္းသည္ က်န္းမာေသာ လူ တစ္ေယာက္၏ လိင္မႈဘဝ အေရးႀကီးေသာ အစိတ္အပိုင္းတစ္ခု ျဖစ္သည္ဟု ဆိုေသာ္လည္း လြန္ကဲေသာအျပဳအမူက ျပႆနာမ်ား ျဖစ္ေပၚေစႏိုင္သည္။

အကယ္၍ ကာလရွည္ ယင္းအျပဳအမူမ်ိဳး ျပဳလုပ္သူ၊ တစ္ေန႔ လွ်င္ အႀကိမ္မ်ားစြာ လုပ္ေလ့ရွိသူသည္ စြဲလမ္းလာႏိုင္သည္။

ယင္းသို႔ လုပ္ရန္အၿမဲစဥ္းစားေနေလ့ရိွိၿပီး ယင္းအေလ့အထ ေၾကာင့္ ေန႔စဥ္ ေနထိုင္မႈဘဝကို ထိခိုက္ပါက ေအာက္ပါလကၡဏာ မ်ားကို စစ္ေဆးရန္လိုသည္။

ၾကမ္းၾကမ္းရမ္းရမ္း ညစ္ညမ္းကားမ်ားကို ၾကည့္႐ႈရန္ ႀကိဳးပမ္း မႈပိုမ်ားလာျခင္း၊ မၾကာခဏ လိင္စိတ္ေျဖေဖ်ာက္ေနမိျခင္းအတြက္ အရွက္ရသလိုခံစားရျခင္း၊ ယင္းအေလ့အထေၾကာင့္ ဆက္ဆံေရး တြင္ ျပႆနာႏွင့္ ႀကံဳေတြ႕ရျခင္း၊ အမ်ားျပည္သူသြားလာရာေနရာ မ်ား (သို႔မဟုတ္) အလုပ္ေနရာကဲ့သို႔ မသင့္ေတာ္ေသာ ေနရာမ်ား တြင္ ယင္းသို႔ လုပ္ေလ့ရွိျခင္း၊ ယင္းသို႔မလုပ္ႏိုင္လွ်င္ စိတ္ပ်က္ဝမ္း နည္းျခင္း၊ စိတ္ဓာတ္က်ျခင္း၊ မိသားစုႏွင့္အတူရွိေနခ်ိန္ အခက္ႀကံဳ  ျခင္း၊ ယခင္က သေဘာက်ခဲ့ေသာ လုပ္ေဆာင္မႈမ်ားကို သေဘာမ က်ျခင္းတို႔အတြက္ စစ္ေဆးရန္လိုသည္။

က်န္းမာေရးႏွင့္မညီေသာ မိမိဘာသာ လိင္စိတ္ေျဖေဖ်ာက္ ျခင္းကို ရပ္တန္႔ရန္၊ အခ်ိန္ႏွင့္ စြမ္းအင္ကို အသံုးျပဳရန္ အျခားေသာ နည္းလမ္းမ်ား ရွာေဖြျခင္း၊ အားကစားလုပ္ျခင္း၊ ေကာင္းစြာအိပ္ စက္ၿပီး က်န္းမာေရးႏွင့္အညီ စားေသာက္ျခင္း၊ ျပင္းျပေသာဆႏၵကို ထိန္းခ်ဳပ္ျခင္း၊ ညစ္ညမ္းဇာတ္လမ္းမ်ား ၾကည့္႐ႈရန္ အားေပးေစႏိုင္ သည့္ အရာအားလံုးကို ဖယ္ရွားရွင္းလင္းျခင္း၊ စြမ္းအင္တိုးေစေသာ အသီးအႏွံမ်ားႏွင့္ ဟင္းသီးဟင္းရြက္မ်ား စားျခင္း၊ စြဲလမ္းေသာ အေလ့အထႏွင့္ပတ္သက္၍ တိုင္ပင္ေဆြးေႏြးႏိုင္မည့္သူတစ္ဦး ရွာ ေဖြျခင္းတို႔ ျပဳလုပ္သင့္သည္။                           

—Ref: TOI
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
လူငယ်လူရွယ်များစွာအတွက် တစ်နေ့လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ မိမိဘာသာ လိင်စိတ်ဖြေဖျောက်ခြင်း (masturbation) သည် သာမန်ပင်ဖြစ်သည်။

သီတင်းတစ်ပတ်လတွင် သုံးကြိမ်မှ ခုနစ်ကြိမ်အထိ မိမိဘာသာ လိင်စိတ်ဖြေခြင်းသည် ပြဿနာမရှိသော်လည်း အသက်(၃၀) ကျော်၊ (၄၀)ကျော်အရွယ်၌ အကြိမ်ရေလျော့သွားနိုင်သည်။

သို့သော် လူများစွာအတွက် မိမိဘာသာ လိင်စိတ်ဖြေခြင်းသည် ထိန်းမနိုင်ဖြစ်လာနိုင်ပြီး စွဲလမ်းသော အလေ့အထတစ်ခု ဖြစ်လာနိုင်သည်။

မိမိဘာသာ လိင်စိတ်ဖြေဖျောက်ချိန်တွင် ခန္ဓာကိုယ်က လိင် ပိုင်းဆိုင်ရာ ကျေနပ်မှုကိုရရန် အထောက်အကူပြုသော dopamine ဟုခေါ်သည့် ဓာတုဓာတ်တစ်မျိုး ထုတ်လုပ်သည်။ အချိန်ကြာလာပါက ဦးနှောက်က ထုတ်လွှတ်သော ဓာတုဓာတ်ကို ခန္ဓာကိုယ်က လိုအပ်သည့်အကြိမ်ရေ ပိုလာနိုင်ပြီး စွဲလမ်းမှုဖြစ်လာနိုင်သည်။

မိမိဘာသာ လိင်စိတ်ဖြေဖျောက်ခြင်းသည် ကျန်းမာသော လူ တစ်ယောက်၏ လိင်မှုဘဝ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု ဆိုသော်လည်း လွန်ကဲသောအပြုအမူက ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။

အကယ်၍ ကာလရှည် ယင်းအပြုအမူမျိုး ပြုလုပ်သူ၊ တစ်နေ့ လျှင် အကြိမ်များစွာ လုပ်လေ့ရှိသူသည် စွဲလမ်းလာနိုင်သည်။

ယင်းသို့ လုပ်ရန်အမြဲစဉ်းစားနေလေ့ရှိပြီး ယင်းအလေ့အထ ကြောင့် နေ့စဉ် နေထိုင်မှုဘဝကို ထိခိုက်ပါက အောက်ပါလက္ခဏာ များကို စစ်ဆေးရန်လိုသည်။

ကြမ်းကြမ်းရမ်းရမ်း ညစ်ညမ်းကားများကို ကြည့်ရှုရန် ကြိုးပမ်း မှုပိုများလာခြင်း၊ မကြာခဏ လိင်စိတ်ဖြေဖျောက်နေမိခြင်းအတွက် အရှက်ရသလိုခံစားရခြင်း၊ ယင်းအလေ့အထကြောင့် ဆက်ဆံရေး တွင် ပြဿနာနှင့် ကြုံတွေ့ရခြင်း၊ အများပြည်သူသွားလာရာနေရာ များ (သို့မဟုတ်) အလုပ်နေရာကဲ့သို့ မသင့်တော်သော နေရာများ တွင် ယင်းသို့ လုပ်လေ့ရှိခြင်း၊ ယင်းသို့မလုပ်နိုင်လျှင် စိတ်ပျက်ဝမ်း နည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မိသားစုနှင့်အတူရှိနေချိန် အခက်ကြုံ  ခြင်း၊ ယခင်က သဘောကျခဲ့သော လုပ်ဆောင်မှုများကို သဘောမ ကျခြင်းတို့အတွက် စစ်ဆေးရန်လိုသည်။

ကျန်းမာရေးနှင့်မညီသော မိမိဘာသာ လိင်စိတ်ဖြေဖျောက် ခြင်းကို ရပ်တန့်ရန်၊ အချိန်နှင့် စွမ်းအင်ကို အသုံးပြုရန် အခြားသော နည်းလမ်းများ ရှာဖွေခြင်း၊ အားကစားလုပ်ခြင်း၊ ကောင်းစွာအိပ် စက်ပြီး ကျန်းမာရေးနှင့်အညီ စားသောက်ခြင်း၊ ပြင်းပြသောဆန္ဒကို ထိန်းချုပ်ခြင်း၊ ညစ်ညမ်းဇာတ်လမ်းများ ကြည့်ရှုရန် အားပေးစေနိုင် သည့် အရာအားလုံးကို ဖယ်ရှားရှင်းလင်းခြင်း၊ စွမ်းအင်တိုးစေသော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ စားခြင်း၊ စွဲလမ်းသော အလေ့အထနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးနိုင်မည့်သူတစ်ဦး ရှာ ဖွေခြင်းတို့ ပြုလုပ်သင့်သည်။                          

—Ref: TOI

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top