ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ယေန႔ညကစားမည့္ ဆီဗီလာႏွင့္ ခ်န္ပီယံလိဂ္ပြဲတြင္ အသင္း၏ လူစာရင္း၌ ကြင္းလယ္ လူ ေကာ္တင္ဟုိ အခ်ိန္ကုိက္ျပန္လည္ပါဝင္လာႏိုင္ေၾကာင္း လီဗာပူးနည္းျပ ဂ်ာဂန္ကေလာ့ပ္ က အတည္ျပဳသည္။

ဘာစီလုိနာထံ ေရာင္းခ်ရန္ အသင္းက ျငင္းဆန္ခဲ့ၿပီးေနာက္ ဘရာဇီးလက္ေရြးစင္ေကာ္တင္ ဟုိသည္ ယခုႏွစ္ရာသီတြင္ လီဗာ ပူးအတြက္ တစ္ပဲြမွ် မကစားရ ေသးေပ။ သို႔ေသာ္ အိမ္ကြင္းအန္ဖီးလ္၌ ဆီဗီလာႏွင့္ပြဲတြင္ ေကာ္တင္ဟုိ ျပန္လည္ကစားမည္ဟု ဂ်ာဂန္ကေလာ့ပ္က အတည္ျပဳ သည္။ေကာ္တင္ဟုိသည္ ဘရာဇီး အတြက္ ကမၻာ့ဖလားေျခစစ္ပဲြစဥ္ ႏွစ္ပဲြ လူစားဝင္ကစားခဲ့ၿပီး အီေကြေဒါကို ၂-၀ ဂုိးျဖင့္ ႏိုင္သည့္ပဲြ၌တစ္ဂုိးသြင္းယူခဲ့သည္။

လီဗာပူးသည္ ဆီဗီလာ၊ မာ ရီေဘာ့ႏွင့္ စပါးတပ္စ္ေမာ္စကို တုိ႔ႏွင့္အတူ ခ်န္ပီယံလိဂ္အုပ္စု (E)တြင္ က်ေရာက္လ်က္ရိွသည္။

ခ်န္ပီယံလိဂ္ဖလား ငါးႀကိမ္ ရ လီဗာပူးသည္ ႐ႈံးထြက္မွတစ္ ဆင့္ ခ်န္ပီယံလိဂ္ယွဥ္ၿပိဳင္ခြင့္ရခဲ့ ျခင္းျဖစ္ၿပီး ၂၀၁၆ ယူ႐ုိပါလိဂ္ ဖလားဗိုလ္လုပဲြတြင္ ဆီဗီလာကုိ လက္စားေခ်ခြင့္ရ၊မရ ေစာင့္ ၾကည့္ရမည္ျဖစ္သည္။

မန္စီးတီး၊ ရွက္တာဒုိးနက္၊ နာပိုလီႏွင့္ ဖီယင္ႏုတို႔ပါဝင္ေသာ အုပ္စု (F)ပဲြစဥ္မ်ားကို ယေန႔ယွဥ္ ၿပိဳင္မည္ျဖစ္ၿပီး ဖီယင္ႏုႏွင့္ မန္စီးတီး၊ ရွက္တာဒုိးနက္ႏွင့္ နာပိုလီ တုိ႔ ေတြ႕ဆံုေနသည္။

အုပ္စု (G)တြင္ ၿပီးခဲ့သည့္ႏွစ္က ခ်န္ပီယံလိဂ္ အႀကိဳဗိုလ္လုပြဲ အထိ ေရာက္ခဲ့ေသာ မုိနာကုိက အုပ္စုဗိုလ္ျဖစ္ေရး ဦးစားေပးအ ဆင့္ သတ္မွတ္ခံရေသာ္လည္း အမ္မက္ဘီ၊ ဘာနာဒုိေဆးလ္ဗား ႏွင့္ ဘန္ဂ်မင္မန္ဒီတုိ႔ကို ယခုေႏြ ရာသီတြင္ လက္လႊတ္ခဲ့ရသျဖင့္ အသင္းဟန္ခ်က္ပ်က္သြားသည္။

၂၀၀၉ တြင္ စတင္တည္ ေထာင္ခဲ့ေသာ ဂ်ာမန္ကလပ္ လုိက္ပ္ဇစ္က အျဖည့္ခံသတ္မွတ္ ခံထားရၿပီး ေပၚတုိႏွင့္ ဘက္ရွီး တပ္စ္တုိ႔က ဒုတိယေနရာအတြက္ ယွဥ္ၿပိဳင္ရဖြယ္ရွိသည္။

အုပ္စု (H)တြင္ လက္ရိွခ်န္ ပီယံ ရီးရဲလ္မက္ဒရစ္ႏွင့္ ေအ ပုိးလ္၊ စပါးႏွင့္ ေဒါ့မြန္တို႔ ကစား မည္ျဖစ္သည္။ ကြင္းသစ္ေဆာက္ ဆဲကာလအတြင္း ဝင္ဘေလ ကြင္းကို အိမ္ကြင္းအျဖစ္ လက္ခံ ယွဥ္ၿပိဳင္ေနသည့္ စပါးသည္ ယခု ႏွစ္တြင္ ရလဒ္ေကာင္းမ်ား ရရိွရန္ ေမွ်ာ္လင့္ထားသည္။ ၿပီးခဲ့သည့္ႏွစ္ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္တြင္စပါးသည္ ယင္းကြင္း၌ သံုးပြဲလက္ခံကစားရာ ႏွစ္ပြဲ႐ႈံးနိမ့္ခဲ့သည္။

နည္းျပ ဇီဒန္း၏ ရီးရဲလ္မက္ ဒရစ္က ဘုိင္ယန္ျမဴးနစ္ (၁၉၇၄- ၁၉၇၆)ေနာက္ပုိင္း သံုးႀကိမ္ဆက္ ခ်န္ပီယံလိဂ္ဖလားကို သိမ္းပုိက္ ႏုိင္ေသာ ပထမဆံုးအသင္းျဖစ္ လာရန္ ေမွ်ာ္မွန္းလ်က္ရိွသည္။

—Ref:AP

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ယနေ့ညကစားမည့် ဆီဗီလာနှင့် ချန်ပီယံလိဂ်ပွဲတွင် အသင်း၏ လူစာရင်း၌ ကွင်းလယ် လူ ကော်တင်ဟို အချိန်ကိုက်ပြန်လည်ပါဝင်လာနိုင်ကြောင်း လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ် က အတည်ပြုသည်။


ဘာစီလိုနာထံ ရောင်းချရန် အသင်းက ငြင်းဆန်ခဲ့ပြီးနောက် ဘရာဇီးလက်ရွေးစင်ကော်တင် ဟိုသည် ယခုနှစ်ရာသီတွင် လီဗာ ပူးအတွက် တစ်ပွဲမျှ မကစားရ သေးပေ။ သို့သော် အိမ်ကွင်းအန်ဖီးလ်၌ ဆီဗီလာနှင့်ပွဲတွင် ကော်တင်ဟို ပြန်လည်ကစားမည်ဟု ဂျာဂန်ကလော့ပ်က အတည်ပြု သည်။ကော်တင်ဟိုသည် ဘရာဇီး အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် နှစ်ပွဲ လူစားဝင်ကစားခဲ့ပြီး အီကွေဒေါကို ၂-၀ ဂိုးဖြင့် နိုင်သည့်ပွဲ၌တစ်ဂိုးသွင်းယူခဲ့သည်။


လီဗာပူးသည် ဆီဗီလာ၊ မာ ရီဘော့နှင့် စပါးတပ်စ်မော်စကို တို့နှင့်အတူ ချန်ပီယံလိဂ်အုပ်စု (E)တွင် ကျရောက်လျက်ရှိသည်။


ချန်ပီယံလိဂ်ဖလား ငါးကြိမ် ရ လီဗာပူးသည် ရှုံးထွက်မှတစ် ဆင့် ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရခဲ့ ခြင်းဖြစ်ပြီး ၂၀၁၆ ယူရိုပါလိဂ် ဖလားဗိုလ်လုပွဲတွင် ဆီဗီလာကို လက်စားချေခွင့်ရ၊မရ စောင့် ကြည့်ရမည်ဖြစ်သည်။


မန်စီးတီး၊ ရှက်တာဒိုးနက်၊ နာပိုလီနှင့် ဖီယင်နုတို့ပါဝင်သော အုပ်စု (F)ပွဲစဉ်များကို ယနေ့ယှဉ် ပြိုင်မည်ဖြစ်ပြီး ဖီယင်နုနှင့် မန်စီးတီး၊ ရှက်တာဒိုးနက်နှင့် နာပိုလီ တို့ တွေ့ဆုံနေသည်။


အုပ်စု (G)တွင် ပြီးခဲ့သည့်နှစ်က ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ အထိ ရောက်ခဲ့သော မိုနာကိုက အုပ်စုဗိုလ်ဖြစ်ရေး ဦးစားပေးအ ဆင့် သတ်မှတ်ခံရသော်လည်း အမ်မက်ဘီ၊ ဘာနာဒိုဆေးလ်ဗား နှင့် ဘန်ဂျမင်မန်ဒီတို့ကို ယခုနွေ ရာသီတွင် လက်လွှတ်ခဲ့ရသဖြင့် အသင်းဟန်ချက်ပျက်သွားသည်။


၂၀၀၉ တွင် စတင်တည် ထောင်ခဲ့သော ဂျာမန်ကလပ် လိုက်ပ်ဇစ်က အဖြည့်ခံသတ်မှတ် ခံထားရပြီး ပေါ်တိုနှင့် ဘက်ရှီး တပ်စ်တို့က ဒုတိယနေရာအတွက် ယှဉ်ပြိုင်ရဖွယ်ရှိသည်။


အုပ်စု (H)တွင် လက်ရှိချန် ပီယံ ရီးရဲလ်မက်ဒရစ်နှင့် အေ ပိုးလ်၊ စပါးနှင့် ဒေါ့မွန်တို့ ကစား မည်ဖြစ်သည်။ ကွင်းသစ်ဆောက် ဆဲကာလအတွင်း ဝင်ဘလေ ကွင်းကို အိမ်ကွင်းအဖြစ် လက်ခံ ယှဉ်ပြိုင်နေသည့် စပါးသည် ယခု နှစ်တွင် ရလဒ်ကောင်းများ ရရှိရန် မျှော်လင့်ထားသည်။ ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ် အုပ်စုအဆင့်တွင်စပါးသည် ယင်းကွင်း၌ သုံးပွဲလက်ခံကစားရာ နှစ်ပွဲရှုံးနိမ့်ခဲ့သည်။


နည်းပြ ဇီဒန်း၏ ရီးရဲလ်မက် ဒရစ်က ဘိုင်ယန်မြူးနစ် (၁၉၇၄- ၁၉၇၆)နောက်ပိုင်း သုံးကြိမ်ဆက် ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက် နိုင်သော ပထမဆုံးအသင်းဖြစ် လာရန် မျှော်မှန်းလျက်ရှိသည်။


—Ref:AP


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top