ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ခြၽန္​ရဲလင္​းတို႔ စာသင္​ခန္​းထဲတြင္​
ဆရာမက

" ကဲ က​ေလးတို႔​ေရ --နက္​ျဖန္​က်ရင္​ အိမ္​က​ေန မိဘ​ေက်းဇူးနဲ႔ ပက္​သက္​ၿပီး စာစီစာကုံး ​ေရးခဲ့ၾက​ေနာ္​--​ေခါင္​းစဥ္​ကို မင္​းတို႔ ႀကိဳက္​သလို ​ေပးလို႔ရတယ္​ - ဒါ​ေပမဲ့ မိဘ​ေက်းဇူးနဲ႔​ေတာ့ သက္​ဆိုင္​ရမယ္​ ဟုတ္​ၿပီလား"

" ဟုတ္​ကဲ့ပါ ဆရာမ "

++++++++++++++++++++++++

​ေနာက္​တစ္​​ေန႔
ဆရာမက အိမ္စာ ​ေပးလိုက္​​ေသာ စာစီစာကုံးကို
​ေက်ာင္​းသားတစ္​​ေယာက္​ခ်င္​း ​ေခၚ၍အမွတ္​ျခစ္​​ေပး​ေလသည္​

" ခင္​ဝင္​့ျပာ --စာစီစာကုံး ​ေရးခဲ့လား?"

" ဟုတ္​ကဲ့ ​ေရးခဲ့ပါတယ္​ ဆရာမ "

" ​ေအး အာ့ဆို စာအုပ္​ ယူၿပီး လာခဲ့ "

ခင္​ဝင္​့ျပာက စာအုပ္​ယူ၍ ဆရာမအား သြားျပသည္​
ဆရာမက ၾကည္​့ၿပီး

" အံမယ္​ --"​ေမတၱာ ပန္​းတို႔ လန္​းရာ​ေျမ "ဆိုပါလား - ​ေခါင္​းစဥ္​​ေလးက လွသားပဲ --"

ဆရာမက ခင္​ဝင္​့ျပာ၏စာအုပ္​ကို ဖတ္​ၿပီး အမွတ္​ျခစ္​​ေပးသည္​

" မဆိုးဘူး --သမီး​ေရးတာ ​ေကာင္​းတယ္​ -မိဘ​ေမတၱာအ​ေၾကာင္​့ကို ဖဲြ႔ဖဲြ႔နဲြ႔နဲြ႔​ေရးထားတာ - သမီးႀကီးလာရင္​ စာ​ေရးဆရာမ ျဖစ္​​ေလာက္​တယ္​ "

" ဟုတ္​ကဲ့ ​ေက်းဇူးပါ ဆရာမ "

ခင္​ဝင္​့ျပာ အလွၫ္​့ၿပီးသြား​ေတာ့
ဆရာမက ခြၽန္​ရဲလင္​းကို ​ေခၚသည္​

" ခြၽန္​ရဲလင္​း --စာစီစာကုံး ​ေရးခဲ့လား "

" ဟုတ္​ --​ေရးခဲ့ပါတယ္​ ခ်ာမ "

" အာ့ဆို --စာအုပ္​ ယူၿပီး လာခဲ့ "

ခြၽန္​ရဲလင္​းက ဆရာမဆီ သြား၍ သူ႔စာအုပ္​အား ​ေပးလိုက္​သည္​
ဆရာမက စာအုပ္​ကို လွန္​၍
စာစီစာကုံး ​ေခါင္​းစဥ္​ကို ဖတ္​လိုက္​​ေသာအခါ

" ဟင္​ "

ဆရာမ၏မ်က္​နာမွာ ခ်က္​ခ်င္​း ​ေဒါသအရိပ္​အျခည္​သို႔ ​ေျပာင္​းလဲသြားသည္​
ခြၽန္​ရဲလင္​းလည္​း ဆရာမ၏ အမူအယာကို ၾကည္​့၍ 'နားမလည္​ ျဖစ္​သြားသည္​

" ခြၽန္​ရဲလင္​း --နင္​ ဒါ ဘာလုပ္​ လိုက္​တာလဲ ?"

" ​ေဟာဂ်ာ --ခ်ာမပဲ စာစီစာကုံး လာျပ ဆိုလို႔ လာျပတာ​ေလ --အာ့ ဘာျဖစ္​႐ို႔လဲ "

" ဟမ္​ ဘာျဖစ္​ရမွာလဲ ဟုတ္​လား-- နင္​ စာစီစာကုံး ​ေခါင္​းစဥ္​ ကို --ဘယ္​လို ​ေပးထားတာလဲ --နင္​့ ​ေတာ္​​ေတာ္​ ညစ္​ပတ္​ပါလား --ငါက မိဘ​ေက်းဇူးနဲ႔ ပက္​သက္​တဲ့ ​ေခါင္​းစဥ္​ ​ေပးခိုင္​းတာ​ေလ

" ဟာ --ဟုတ္​တယ္​​ေလ --တား​ေပးထားတာလည္​း မိဘ​ေက်းဇူးနဲ႔ ပက္​သက္​တဲ့ ​ေခါင္​းစဥ္​ ​ေပးထားတာပဲ --ဘာမွားလို႔လဲ "

ခြၽန္​ရဲလင္​းအ​ေျပာ​ေၾကာင္​့ ဆရာမလည္​း စိတ္​တိုသြားကာ လက္​ထဲက စာအုပ္​ျဖင္​့ ခြၽန္​ရဲလင္​း လက္​​ေမာင္​းကို ႐ိုက္​လိုက္​ရင္​း

" ဘာ ဘာမွားလို႔လဲ ဟုတ္​လား -" ​ေရႊပန္​း ​ေပၚ က်တဲ့မ်က္​ရည္​" က မိဘ​ေက်းဇူးနဲ႔ ပက္​သက္​သလား ကဲဟယ္​ ကဲဟယ္​ "

" အ အ "

"ဟား ဟား ဟား "

ဆရာမ ရြတ္​ျပလိုက္​တဲ့ ​ေခါင္​းစဥ္​​ေၾကာင္​့ တစ္​တန္​းလုံး ပဲြက်သြားသည္​

ခြၽန္​ရဲလင္​းလည္​း ဆရာမ၏ ႐ိုက္​ခ်က္​မ်ားကို ​ေ႐ွာင္​ရင္​းက

" ဟာ​ဂ်ာ --ခ်ာမ ​ေျပာတာ မဟုတ္​​ေသးပါဘူး - တား ​ေပးထားတဲ့ ​ေခါင္​းစဥ္​က " ​ေရႊပန္​းကန္​ ​ေပၚ က်တဲ့ မ်က္​ရည္​ " ပါ --ခ်ာမ မ်က္​ခ်ိထဲ ျမင္​ခ်င္​တာ​ေတြ ျမင္​ၿပီး - မွား မဖတ္​ပါနဲ႔ ဂ် "

" ဟမ္​ "

ခြၽန္​ရဲလင္​း ​ေျပာမွ
ဆရာမလည္​း ခြၽန္​ရဲလင္​း၏ စာစီစာကုံး ​ေခါင္​းစဥ္​ကို ျပန္​ဖတ္​ၾကည္​့​ေတာ့ -
ဟုတ္​သည္​
ခြၽန္​ရဲလင္​း ​ေရးထားသည္​က " ​ေရႊပန္​းကန္​​ေပၚ က်တဲ့မ်က္​ရည္​ "ျဖစ္​သည္​
သို႔​ေသာ္​ လက္​​ေရးမလွတဲ့ ခြၽန္​ရဲလင္​း၏အ​ေရးက
"​ေရႊပန္​း"က စာလုံးႀကီး​ေနၿပီး "ကန္​" က စာလုံး​ ​ေသး​ေနသည္​
ဒါကို ဆရာမက အမွတ္​တမဲ့ ဖတ္​လိုက္​​ေတာ့
" ​ေရႊပန္​း​ေပၚ က်တဲ့ မ်က္​ရည္​ " ျဖစ္​သြားသည္​
ခြၽန္​ရဲလင္​းလည္​း ဆက္​၍

" ​ေတြ႔လား --တား​ေရးထားတာ ဘာမွ မမွားဘူး --မိဘ​ေတြရဲ႕မ်က္​ရည္​ကို တင္​ခ်ားၿပီး ​ေရးထားတာ --"မိဘ မ်က္​ရည္​ ခ ရင္​ -သားသမီး ဘဝ​ေတြ မလွဘူး ." တဲ့ အာ့​ေၾကာင္​့ မိဘ​ေတြက သားသမီး​ေတြ ဒုကၡ မ​ေရာက္​​ေအာင္​ သူတို႔မ်က္​ရည္​ကို ဘယ္​​ေတာ့မွ ​ေျမခ မခံဘူး တဲ့- မ်က္​ရည္​ က်ခဲ့မယ္​ ဆိုရင္​​ေတာင္​ ​ေရႊပန္​းကန္​နဲ႔ ခံထားလိုက္​မယ္​ "လို႔ တင္​ခ်ားၿပီး ​ေရးထားတာ... သိရား - ဟြန္​း "

ခြၽန္​ရဲလင္​း၏စကားအဆုံး
ဆရာမလည္​း သူ မွားမွန္​း သိသြားသျဖင္​့
႐ွက္​ကိုး႐ွက္​ကန္​းျဖင္​့

" ​ေအး​ေအး ဟုတ္​တယ္​ ဆရာမ မွားသြားတာ- သား​ေရးတာ မွန္​တယ္​ - ဟို ဆရာမကို ခြင္​့လြတ္​​ေနာ္​ --ဆရာမက အမွတ္​တမဲ့ ဖတ္​လိုက္​မိ​ေတာ့ စိတ္​တိုသြားလို႔ပါ ​ေနာ္​ သား "

ထိုအခါ
ခြၽန္​ရဲလင္​းက မၾကည္​တဲ့ မ်က္​နာျဖင္​့
ဆရာမကို ​ေပ​ေစာင္​း​ေစာင္​း ၾကည္​့လိုက္​ၿပီး

" ရပါတယ္​ဂ်ာ --လူခ်ိဳတာ မွားတတ္​တဲ့ အမ်ိဳးပဲ - ကိတ္​ခ် မရိွပါဘူး တားက သ​ေဘာထား ႀကီးပါတယ္​ "

ထိုအခါ
ဆရာမလည္​း ခြၽန္​ရဲလင္​း၏စာစီစာကုံးကို ​ေသခ်ာပင္​ မဖတ္​​ေတာ့ပဲ အမွတ္​ျခစ္​​ေပးလိုက္​ျပ္ီး

" ​ေအး​ေအး သား​ေရးတာ အကုန္​​ေကာင္​းတယ္​ သိလား --ဆရာမ very good ​ေပးလိုက္​မယ္​​ေနာ္​ - ဟုတ္​ၿပီလား "

" ​ေအး​ေယ --ၿပီးတာပဲ "

ခြၽန္​ရဲလင္​းလည္​း အမွတ္​ျခစ္​ၿပီးတဲ့ သူ႔စာအုပ္​ကို ျပန္​ယူရင္​း စိတ္​ထဲက သိပ္​မ​ေက်နပ္​​ေသးတာနဲ႔
အျပန္​မွာ
​ေယာက်္​ား​ေလး အတန္​းဘက္​ကို လွည္​့၍ ဤသို႔ ​ေျပာသြားလိုက္​ပါ​ေတာ့သည္​

" ​ေဟ်ာင္​့​ေဒြ --မင္​းတို႔​ေတြ ထိုင္​ရင္​လည္​း လုံလံုျခံဳျခံဳ ထိုင္​ၾကကြ --မင္​းတို႔လုပ္​တာနဲ႔ ခ်ာမက နာ့​ေခါင္​းစဥ္​ကို မွားဖတ္​သြားတာကြ တိလား "

" အယ္​ "
(ဟာသအျဖစ္​သာ ရည္​ရြယ္​​ေရးသားပါသည္​)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လူခြၽန္​​ေတာ္​ (Myo Win Htun)

# Unicode Versin #
ချွန်ရဲလင်းတို့ စာသင်ခန်းထဲတွင်
ဆရာမက

" ကဲ ကလေးတို့ရေ --နက်ဖြန်ကျရင် အိမ်ကနေ မိဘကျေးဇူးနဲ့ ပက်သက်ပြီး စာစီစာကုံး ရေးခဲ့ကြနော်--ခေါင်းစဉ်ကို မင်းတို့ ကြိုက်သလို ပေးလို့ရတယ် - ဒါပေမဲ့ မိဘကျေးဇူးနဲ့တော့ သက်ဆိုင်ရမယ် ဟုတ်ပြီလား"

" ဟုတ်ကဲ့ပါ ဆရာမ "

++++++++++++++++++++++++

နောက်တစ်နေ့
ဆရာမက အိမ်စာ ပေးလိုက်သော စာစီစာကုံးကို
ကျောင်းသားတစ်ယောက်ချင်း ခေါ်၍အမှတ်ခြစ်ပေးလေသည်

" ခင်ဝင့်ပြာ --စာစီစာကုံး ရေးခဲ့လား?"

" ဟုတ်ကဲ့ ရေးခဲ့ပါတယ် ဆရာမ "

" အေး အာ့ဆို စာအုပ် ယူပြီး လာခဲ့ "

ခင်ဝင့်ပြာက စာအုပ်ယူ၍ ဆရာမအား သွားပြသည်
ဆရာမက ကြည့်ပြီး

" အံမယ် --"မေတ္တာ ပန်းတို့ လန်းရာမြေ "ဆိုပါလား - ခေါင်းစဉ်လေးက လှသားပဲ --"

ဆရာမက ခင်ဝင့်ပြာ၏စာအုပ်ကို ဖတ်ပြီး အမှတ်ခြစ်ပေးသည်

" မဆိုးဘူး --သမီးရေးတာ ကောင်းတယ် -မိဘမေတ္တာအကြောင့်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးထားတာ - သမီးကြီးလာရင် စာရေးဆရာမ ဖြစ်လောက်တယ် "

" ဟုတ်ကဲ့ ကျေးဇူးပါ ဆရာမ "

ခင်ဝင့်ပြာ အလှည့်ပြီးသွားတော့
ဆရာမက ချွန်ရဲလင်းကို ခေါ်သည်

" ချွန်ရဲလင်း --စာစီစာကုံး ရေးခဲ့လား "

" ဟုတ် --ရေးခဲ့ပါတယ် ချာမ "

" အာ့ဆို --စာအုပ် ယူပြီး လာခဲ့ "

ချွန်ရဲလင်းက ဆရာမဆီ သွား၍ သူ့စာအုပ်အား ပေးလိုက်သည်
ဆရာမက စာအုပ်ကို လှန်၍
စာစီစာကုံး ခေါင်းစဉ်ကို ဖတ်လိုက်သောအခါ

" ဟင် "

ဆရာမ၏မျက်နာမှာ ချက်ချင်း ဒေါသအရိပ်အခြည်သို့ ပြောင်းလဲသွားသည်
ချွန်ရဲလင်းလည်း ဆရာမ၏ အမူအယာကို ကြည့်၍ 'နားမလည် ဖြစ်သွားသည်

" ချွန်ရဲလင်း --နင် ဒါ ဘာလုပ် လိုက်တာလဲ ?"

" ဟောဂျာ --ချာမပဲ စာစီစာကုံး လာပြ ဆိုလို့ လာပြတာလေ --အာ့ ဘာဖြစ်ရို့လဲ "

" ဟမ် ဘာဖြစ်ရမှာလဲ ဟုတ်လား-- နင် စာစီစာကုံး ခေါင်းစဉ် ကို --ဘယ်လို ပေးထားတာလဲ --နင့် တော်တော် ညစ်ပတ်ပါလား --ငါက မိဘကျေးဇူးနဲ့ ပက်သက်တဲ့ ခေါင်းစဉ် ပေးခိုင်းတာလေ

" ဟာ --ဟုတ်တယ်လေ --တားပေးထားတာလည်း မိဘကျေးဇူးနဲ့ ပက်သက်တဲ့ ခေါင်းစဉ် ပေးထားတာပဲ --ဘာမှားလို့လဲ "

ချွန်ရဲလင်းအပြောကြောင့် ဆရာမလည်း စိတ်တိုသွားကာ လက်ထဲက စာအုပ်ဖြင့် ချွန်ရဲလင်း လက်မောင်းကို ရိုက်လိုက်ရင်း

" ဘာ ဘာမှားလို့လဲ ဟုတ်လား -" ရွှေပန်း ပေါ် ကျတဲ့မျက်ရည်" က မိဘကျေးဇူးနဲ့ ပက်သက်သလား ကဲဟယ် ကဲဟယ် "

" အ အ "

"ဟား ဟား ဟား "

ဆရာမ ရွတ်ပြလိုက်တဲ့ ခေါင်းစဉ်ကြောင့် တစ်တန်းလုံး ပွဲကျသွားသည်

ချွန်ရဲလင်းလည်း ဆရာမ၏ ရိုက်ချက်များကို ရှောင်ရင်းက

" ဟာဂျာ --ချာမ ပြောတာ မဟုတ်သေးပါဘူး - တား ပေးထားတဲ့ ခေါင်းစဉ်က " ရွှေပန်းကန် ပေါ် ကျတဲ့ မျက်ရည် " ပါ --ချာမ မျက်ချိထဲ မြင်ချင်တာတွေ မြင်ပြီး - မှား မဖတ်ပါနဲ့ ဂျ "

" ဟမ် "

ချွန်ရဲလင်း ပြောမှ
ဆရာမလည်း ချွန်ရဲလင်း၏ စာစီစာကုံး ခေါင်းစဉ်ကို ပြန်ဖတ်ကြည့်တော့ -
ဟုတ်သည်
ချွန်ရဲလင်း ရေးထားသည်က " ရွှေပန်းကန်ပေါ် ကျတဲ့မျက်ရည် "ဖြစ်သည်
သို့သော် လက်ရေးမလှတဲ့ ချွန်ရဲလင်း၏အရေးက
"ရွှေပန်း"က စာလုံးကြီးနေပြီး "ကန်" က စာလုံး သေးနေသည်
ဒါကို ဆရာမက အမှတ်တမဲ့ ဖတ်လိုက်တော့
" ရွှေပန်းပေါ် ကျတဲ့ မျက်ရည် " ဖြစ်သွားသည်
ချွန်ရဲလင်းလည်း ဆက်၍

" တွေ့လား --တားရေးထားတာ ဘာမှ မမှားဘူး --မိဘတွေရဲ့မျက်ရည်ကို တင်ချားပြီး ရေးထားတာ --"မိဘ မျက်ရည် ခ ရင် -သားသမီး ဘဝတွေ မလှဘူး ." တဲ့ အာ့ကြောင့် မိဘတွေက သားသမီးတွေ ဒုက္ခ မရောက်အောင် သူတို့မျက်ရည်ကို ဘယ်တော့မှ မြေခ မခံဘူး တဲ့- မျက်ရည် ကျခဲ့မယ် ဆိုရင်တောင် ရွှေပန်းကန်နဲ့ ခံထားလိုက်မယ် "လို့ တင်ချားပြီး ရေးထားတာ... သိရား - ဟွန်း "

ချွန်ရဲလင်း၏စကားအဆုံး
ဆရာမလည်း သူ မှားမှန်း သိသွားသဖြင့်
ရှက်ကိုးရှက်ကန်းဖြင့်

" အေးအေး ဟုတ်တယ် ဆရာမ မှားသွားတာ- သားရေးတာ မှန်တယ် - ဟို ဆရာမကို ခွင့်လွတ်နော် --ဆရာမက အမှတ်တမဲ့ ဖတ်လိုက်မိတော့ စိတ်တိုသွားလို့ပါ နော် သား "

ထိုအခါ
ချွန်ရဲလင်းက မကြည်တဲ့ မျက်နာဖြင့်
ဆရာမကို ပေစောင်းစောင်း ကြည့်လိုက်ပြီး

" ရပါတယ်ဂျာ --လူချိုတာ မှားတတ်တဲ့ အမျိုးပဲ - ကိတ်ချ မရှိပါဘူး တားက သဘောထား ကြီးပါတယ် "

ထိုအခါ
ဆရာမလည်း ချွန်ရဲလင်း၏စာစီစာကုံးကို သေချာပင် မဖတ်တော့ပဲ အမှတ်ခြစ်ပေးလိုက်ြပ်ီး

" အေးအေး သားရေးတာ အကုန်ကောင်းတယ် သိလား --ဆရာမ very good ပေးလိုက်မယ်နော် - ဟုတ်ပြီလား "

" အေးယေ --ပြီးတာပဲ "

ချွန်ရဲလင်းလည်း အမှတ်ခြစ်ပြီးတဲ့ သူ့စာအုပ်ကို ပြန်ယူရင်း စိတ်ထဲက သိပ်မကျေနပ်သေးတာနဲ့
အပြန်မှာ
ယောကျ်ားလေး အတန်းဘက်ကို လှည့်၍ ဤသို့ ပြောသွားလိုက်ပါတော့သည်

" ဟျောင့်ဒွေ --မင်းတို့တွေ ထိုင်ရင်လည်း လုံလုံခြုံခြုံ ထိုင်ကြကွ --မင်းတို့လုပ်တာနဲ့ ချာမက နာ့ခေါင်းစဉ်ကို မှားဖတ်သွားတာကွ တိလား "

" အယ် "
(ဟာသအဖြစ်သာ ရည်ရွယ်ရေးသားပါသည်)

ဖိုးသူတော် (www.phothutaw.com)
Credit: လူချွန်တော် (Myo Win Htun)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top