ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မနီလာ၊ စက္တင္ဘာ ၁၆ – ဖိလစ္ပိုင္သမၼတ ဒူတာတီက ဖိလစ္ပိုင္အစိုးရရဲ႕ မူးယစ္စစ္ပြဲမွာ ဆယ္ေက်ာ္သက္ေတြသတ္ျဖတ္ခံရမႈအေပၚ အဓိကအာ႐ံုစိုက္ေနတဲ့ လူ႕အခြင့္အေရးေကာ္မရွင္ (CHR) ေခါင္းေဆာင္ကို ကေလးေတြအေပၚ လိင္စိတ္သာယာတတ္ သူတစ္ဦးလားလို႔ စေနေန႔က ေမးခြန္းထုတ္လိုက္ပါတယ္။

ဒါ့အျပင္ ဒူတာတီက CHR အတြက္ အဆိုျပဳဘတ္ဂ်က္ ပီဆို ၆၇၈ သန္းကိုလႊတ္ေတာ္အမတ္ေတြအေနနဲ႔ အဆိုပါေအဂ်င္စီအတြက္မေပးခ်င္ဘူးဆိုရင္ ရဲတပ္ဖြဲ႕သံုးကင္မရာေတြဝယ္ရာမွာအသံုးျပဳလိုက္ဖို႔အၾကံျပဳထားပါတယ္။ CHR ဟာဒူတာတီရဲ႕ မူးယစ္ေဆးဝါးႏွိမ္နင္းမႈနဲ႔ ပတ္သက္ၿပီး မၾကာခဏဆိုသလို သမၼတနဲ႔ ထိပ္တိုက္ေတြ႕ေနတဲ့အဖြဲ႕ျဖစ္ပါတယ္။

CHR က ၂၀၁၈ ခုႏွစ္အတြက္ ဘတ္ဂ်က္ ၁. ၇၂ ဘီလ်ံေတာင္းဆိုထားေပမဲ့ အစိုးရက အဲသည္အစား ပီဆို ၆၇၈ သန္းကိုသာ အဆိုျပဳခဲ့ပါတယ္။ သည္ေနာက္မွာေတာ့ ေအာက္လႊတ္ေတာ္က ဒူတာတီမဟာမိတ္ေတြက ပီဆို ၁၀ဝ၀ (ေဒၚလာ ၂၀)သာခြဲေဝေပးဖို႔ မဲေပးေထာက္ခံခဲ့ ၾက ၿပီး မူးယစ္စစ္ပြဲကိုေဝဖန္ၾကသူေတြကေတာ့ ဒါဟာၿပီးခဲ့တဲ့ ၁၅ လအတြင္း လူေထာင္ေပါင္းမ်ားစြာ အသတ္ခံရမႈကိုစံုစမ္းဖို႔ ႀကိဳးပမ္းအားထုတ္တဲ့ သည္အဖြဲ႕ကို လက္တံု႔ျပန္မႈတစ္ခုသာျဖစ္တယ္လို႔ ေျပာၾကပါတယ္။

ဒီလူဟာ ဘာေၾကာင့္လူငယ္ေတြအထူးသျဖင့္ ေကာင္ေလးေတြနဲ႔ပတ္သက္လာရင္ သိပ္ၿပီးေတာ့ မ႐ူႏိုင္မကယ္ႏိုင္ ျဖစ္ေနရတာလဲ၊ ခင္ဗ်ားက ကေလးေတြအေပၚတဏွာစိတ္ျဖစ္ေနတဲ့သူမ်ားလားလို႔ ဒူတာတီကCHR ေခါင္းေဆာင္ခ်ီတိုဂက္စ္ကြန္ကို ရည္ညႊန္းၿပီးေျပာပါတယ္။

ဆယ္ေက်ာ္သက္ေတြအေပၚ သည္ေလာက္အထိအျဖစ္သည္းေနတဲ့ ဂက္စ္ကြန္အေပၚသံသယဝင္လာၿပီး ဂက္စ္ကြန္ဟာေဂးတစ္ဦး ဒါမွမဟုတ္ ကေလးေတြအေပၚလိင္စိတ္သာယာေနသူတစ္ဦးမ်ားလားဆိုၿပီး ဒူတာတီကေမးျမန္းခဲ့ပါတယ္။

ဒါ့အျပင္ ဒူတာတီက ဂက္စ္ကြန္ဟာအတိုက္အခံအဖြဲ႕ရဲ႕ ေျပာခြင့္ရအမ်ိဳးသား တစ္ေယာက္ျဖစ္ေနတယ္လို႔ စြပ္စြဲခဲ့ၿပီး ရဲေတြရဲ႕မူး ယစ္တိုက္ဖ်က္ေရးလႈပ္ရွားမႈအေပၚ သူ႕ရဲ႕စံုစမ္းစစ္ေဆးမႈကိုလည္းေဝဖန္ခဲ့ပါတယ္။

တိုင္းျပည္မွာပတ္ခ်ာလည္ဝိုင္းေနတဲ့ အျခားျပႆနာေတြအေပၚက်ေတာ့ ခင္ဗ်ားဘာေၾကာင့္ ထုတ္မေျပာတာလဲလို႔ ဒူတာတီက ေတာင္ပိုင္းမာရာဝီၿမိဳ႕တြင္း ပိတ္မိေနတဲ့လူေတြကိုကိုးကားၿပီးေတာ့ ေျပာပါတယ္။

ေဝဖန္ေရးသမားေတြကေတာ့ ရဲေတြဟာ မသကၤာသူေတြကိုလည္းသတ္ျဖတ္ေနၿပီး အစိုးရမွာလူသတ္လိုင္စင္ရထားတယ္လို႔ေဝ ဖန္ထားၾကေပမဲ့ ဒူတာတီကေတာ့ ဒါကိုျငင္းဆိုထားၿပီး ရဲေတြဟာကိုယ့္ကိုယ္ကိုခုခံကာကြယ္တဲ့အေနနဲ႔ သာသတ္ျဖတ္ၾကတာလို႔ ေျပာပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  kumudranews

#Unicode Version#
မနီလာ၊ စက်တင်ဘာ ၁၆ – ဖိလစ်ပိုင်သမ္မတ ဒူတာတီက ဖိလစ်ပိုင်အစိုးရရဲ့ မူးယစ်စစ်ပွဲမှာ ဆယ်ကျော်သက်တွေသတ်ဖြတ်ခံရမှုအပေါ် အဓိကအာရုံစိုက်နေတဲ့ လူ့အခွင့်အရေးကော်မရှင် (CHR) ခေါင်းဆောင်ကို ကလေးတွေအပေါ် လိင်စိတ်သာယာတတ် သူတစ်ဦးလားလို့ စနေနေ့က မေးခွန်းထုတ်လိုက်ပါတယ်။

ဒါ့အပြင် ဒူတာတီက CHR အတွက် အဆိုပြုဘတ်ဂျက် ပီဆို ၆၇၈ သန်းကိုလွှတ်တော်အမတ်တွေအနေနဲ့ အဆိုပါအေဂျင်စီအတွက်မပေးချင်ဘူးဆိုရင် ရဲတပ်ဖွဲ့သုံးကင်မရာတွေဝယ်ရာမှာအသုံးပြုလိုက်ဖို့အကြံပြုထားပါတယ်။ CHR ဟာဒူတာတီရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို သမ္မတနဲ့ ထိပ်တိုက်တွေ့နေတဲ့အဖွဲ့ဖြစ်ပါတယ်။

CHR က ၂၀၁၈ ခုနှစ်အတွက် ဘတ်ဂျက် ၁. ၇၂ ဘီလျံတောင်းဆိုထားပေမဲ့ အစိုးရက အဲသည်အစား ပီဆို ၆၇၈ သန်းကိုသာ အဆိုပြုခဲ့ပါတယ်။ သည်နောက်မှာတော့ အောက်လွှတ်တော်က ဒူတာတီမဟာမိတ်တွေက ပီဆို ၁၀ဝ၀ (ဒေါ်လာ ၂၀)သာခွဲဝေပေးဖို့ မဲပေးထောက်ခံခဲ့ ကြ ပြီး မူးယစ်စစ်ပွဲကိုဝေဖန်ကြသူတွေကတော့ ဒါဟာပြီးခဲ့တဲ့ ၁၅ လအတွင်း လူထောင်ပေါင်းများစွာ အသတ်ခံရမှုကိုစုံစမ်းဖို့ ကြိုးပမ်းအားထုတ်တဲ့ သည်အဖွဲ့ကို လက်တုံ့ပြန်မှုတစ်ခုသာဖြစ်တယ်လို့ ပြောကြပါတယ်။

ဒီလူဟာ ဘာကြောင့်လူငယ်တွေအထူးသဖြင့် ကောင်လေးတွေနဲ့ပတ်သက်လာရင် သိပ်ပြီးတော့ မရူနိုင်မကယ်နိုင် ဖြစ်နေရတာလဲ၊ ခင်ဗျားက ကလေးတွေအပေါ်တဏှာစိတ်ဖြစ်နေတဲ့သူများလားလို့ ဒူတာတီကCHR ခေါင်းဆောင်ချီတိုဂက်စ်ကွန်ကို ရည်ညွှန်းပြီးပြောပါတယ်။

ဆယ်ကျော်သက်တွေအပေါ် သည်လောက်အထိအဖြစ်သည်းနေတဲ့ ဂက်စ်ကွန်အပေါ်သံသယဝင်လာပြီး ဂက်စ်ကွန်ဟာဂေးတစ်ဦး ဒါမှမဟုတ် ကလေးတွေအပေါ်လိင်စိတ်သာယာနေသူတစ်ဦးများလားဆိုပြီး ဒူတာတီကမေးမြန်းခဲ့ပါတယ်။

ဒါ့အပြင် ဒူတာတီက ဂက်စ်ကွန်ဟာအတိုက်အခံအဖွဲ့ရဲ့ ပြောခွင့်ရအမျိုးသား တစ်ယောက်ဖြစ်နေတယ်လို့ စွပ်စွဲခဲ့ပြီး ရဲတွေရဲ့မူး ယစ်တိုက်ဖျက်ရေးလှုပ်ရှားမှုအပေါ် သူ့ရဲ့စုံစမ်းစစ်ဆေးမှုကိုလည်းဝေဖန်ခဲ့ပါတယ်။

တိုင်းပြည်မှာပတ်ချာလည်ဝိုင်းနေတဲ့ အခြားပြဿနာတွေအပေါ်ကျတော့ ခင်ဗျားဘာကြောင့် ထုတ်မပြောတာလဲလို့ ဒူတာတီက တောင်ပိုင်းမာရာဝီမြို့တွင်း ပိတ်မိနေတဲ့လူတွေကိုကိုးကားပြီးတော့ ပြောပါတယ်။

ဝေဖန်ရေးသမားတွေကတော့ ရဲတွေဟာ မသင်္ကာသူတွေကိုလည်းသတ်ဖြတ်နေပြီး အစိုးရမှာလူသတ်လိုင်စင်ရထားတယ်လို့ဝေ ဖန်ထားကြပေမဲ့ ဒူတာတီကတော့ ဒါကိုငြင်းဆိုထားပြီး ရဲတွေဟာကိုယ့်ကိုယ်ကိုခုခံကာကွယ်တဲ့အနေနဲ့ သာသတ်ဖြတ်ကြတာလို့ ပြောပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  kumudranews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top