Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အခ်ိဳ႕မ်က္နွာေပၚမွာ ေသြးေၾကာရာေလးေတြ ထင္းေနတတ္ပါတယ္။ ေသြးေၾကာရာေတြ ထင္ရတဲ့ အေၾကာင္းအရင္းကေတာ့ ေနေရာင္ျခည္ ၊ ကိုယ္ဝန္ေဆာင္ျခင္းနွင့္ ကေလးေမြးျခင္း ၊ အေရျပားကိုၾကမ္းတမ္းစြာပြတ္ျခင္း ၊ က်န္းမာေရးနွင့္မညီညြတ္ေသာ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္း ၊ အသက္အရြယ္ၾကီးလာျခင္း ၊ ကိုယ္ခံအားစနစ္မေကာင္းမြန္ျခင္း စတဲ့ အေၾကာင္းျပခ်က္ေတြေၾကာင့္ ျဖစ္ပါတယ္ ။ အခ်ိဳ႕က ဒီလုိ ေသြးေၾကာရာေလးေတြေၾကာင့္ ခ်စ္စရာေကာငး္သလို အခ်ိ႕က်ေတာ့လည္း အလွပ်က္ရပါတယ္ ။ ဒီလို မ်က္နွာမွာ ေသြးေၾကာရာေတြ ထင္းေနတာကို မၾကိဳက္တဲ့သူေတြအတြက္ ေအာက္ပါနည္းလမ္းေတြနဲ႕ ေပ်ာက္ေအာင္ ျပဳလုပ္လို႔ ရပါတယ္။

၁။ ရွားေစာင္းလက္ပက္

ရွားေစာင္းလက္ပက္ရဲ႕ အစြမ္းဟာ အသားအေရအတြက္ အထူးေကာင္းမြန္ျပီး မ်က္နွာအေရျပားေပၚက ေသြးေၾကာရာေတြကိုလည္း ေပ်ာက္ကင္းေအာင္ ကုသနိုင္စြမ္းရွိပါတယ္ ။ ရွားေစာင္းလက္ပက္ အနွစ္ကို ေသြးေၾကာရာေလးေတြေပၚမွာ လိမ္းေပးျပီး ၁၅မိနစ္ခန္႔ၾကာလွ်င္ ေရေအးျဖင့္ ေဆးေပးလိုက္ရံပါပဲ ။ ျပီးေနာက္ သန္႔ရွင္းတဲ့ သဘက္ေလးျဖင့္ ခပ္ဖြဖြေလး ေျခာက္ေသြ႕ေအာင္ သုတ္ပါ ။ တစ္ေန႔ နွစ္ၾကိမ္ ပံုမွန္လုပ္ေပးရင္ ေသြးေၾကာရာေတြ တေျဖးေျဖး ကင္းေပ်ာက္သြားေစမွာပါ။

၂။အစိမ္းေရာင္ ခရမ္းခ်ဥ္သီး

ေဆးေၾကာသန္႔စင္ျပီးေသာ အေနေတာ္ ခရမ္းခ်ဥ္သီး အစိမ္းေရာင္ တစ္လံုးကို ယူပါ ။ ထို႔ေနာက္ အဝိုင္းေလးေတြ လွီးပါ ။ ျပီလွ်င္ မ်က္ႏွာေပၚမွာ ၁၀မိနစ္ခန္႔ၾကာေအာင္ ကပ္ထားလုိက္ပါ ။ ကပ္ျပီးလွ်င္ေတာ့ ေရေႏြးေႏြးျဖင့္ ေဆးေၾကာျပီး သဘက္ျဖင့္ အသာအယာ သုတ္ေပးပါ ။ အသားေျခာက္တယ္ဟု ခံစားရလွ်င္ moisturizing cream တစ္မ်ိဳးမ်ိဳး လိမ္းေပးပါ ။ ဒီနည္းလမ္းကို တစ္ေန႔တစ္ၾကိမ္ လုပ္ျခင္းျဖင့္ ၁၀ရက္ၾကာတဲ့အခါ အေရျပားမွာ အက်ိဳးထိေရာက္မႈရွိတာကို ျမင္ေတြ႕ရမွာပါ ။

၃။ Vitamin E Oil

ညအိပ္ရာဝင္တိုင္း မ်က္ႏွာကို ဗီတာမင္အီး လိမ္းေပးျပီး အိပ္ပါ ။ မနက္နိုးတဲ့အခါမွာ ေဆးေၾကာျပီး ခပ္ဖြဖြေလး သုတ္ေပးပါ ။ ဒီနည္းလမ္းေလးကိုလည္း ေန႔စဥ္ပံုမွန္ လုပ္ေဆာင္ေပးမယ္ဆိုရင္ တေျဖးေျဖးနဲ႕ သက္သာသြားေစမွာပါ ။

ေသြးေၾကာရာေတြမျဖစ္ေအာင္ ဘယ္လိုကာကြယ္မလဲ

    လိုင္စင္း နွင့္ ဗီတာမင္စီ ၾကြယ္ဝေသာ အစားအစာမ်ား စားပါ။
    အျပင္သြားလွ်င္ Sunscreen လိမး္ပါ။
    အရက္ ၊ ေဆးလိပ္ ေရွာင္ပါ ။
    ပူလြန္း ၊ ေအးလြန္းေသာ ရာသီဥတုကို ေရွာင္ပါ။
    မွ်တစြာ ကိုယ္အေလးခ်ိန္ ေလွ်ာ့ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN (ေရႊအင္းေလး)

#Unicode Version#
အချို့မျက်နှာပေါ်မှာ သွေးကြောရာလေးတွေ ထင်းနေတတ်ပါတယ်။ သွေးကြောရာတွေ ထင်ရတဲ့ အကြောင်းအရင်းကတော့ နေရောင်ခြည် ၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးခြင်း ၊ အရေပြားကိုကြမ်းတမ်းစွာပွတ်ခြင်း ၊ ကျန်းမာရေးနှင့်မညီညွတ်သော ကိုယ်အလေးချိန်လျှော့ချခြင်း ၊ အသက်အရွယ်ကြီးလာခြင်း ၊ ကိုယ်ခံအားစနစ်မကောင်းမွန်ခြင်း စတဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်ပါတယ် ။ အချို့က ဒီလို သွေးကြောရာလေးတွေကြောင့် ချစ်စရာကောင်းသလို အချိ့ကျတော့လည်း အလှပျက်ရပါတယ် ။ ဒီလို မျက်နှာမှာ သွေးကြောရာတွေ ထင်းနေတာကို မကြိုက်တဲ့သူတွေအတွက် အောက်ပါနည်းလမ်းတွေနဲ့ ပျောက်အောင် ပြုလုပ်လို့ ရပါတယ်။

၁။ ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ရဲ့ အစွမ်းဟာ အသားအရေအတွက် အထူးကောင်းမွန်ပြီး မျက်နှာအရေပြားပေါ်က သွေးကြောရာတွေကိုလည်း ပျောက်ကင်းအောင် ကုသနိုင်စွမ်းရှိပါတယ် ။ ရှားစောင်းလက်ပက် အနှစ်ကို သွေးကြောရာလေးတွေပေါ်မှာ လိမ်းပေးပြီး ၁၅မိနစ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးပေးလိုက်ရံပါပဲ ။ ပြီးနောက် သန့်ရှင်းတဲ့ သဘက်လေးဖြင့် ခပ်ဖွဖွလေး ခြောက်သွေ့အောင် သုတ်ပါ ။ တစ်နေ့ နှစ်ကြိမ် ပုံမှန်လုပ်ပေးရင် သွေးကြောရာတွေ တဖြေးဖြေး ကင်းပျောက်သွားစေမှာပါ။

၂။အစိမ်းရောင် ခရမ်းချဉ်သီး

ဆေးကြောသန့်စင်ပြီးသော အနေတော် ခရမ်းချဉ်သီး အစိမ်းရောင် တစ်လုံးကို ယူပါ ။ ထို့နောက် အဝိုင်းလေးတွေ လှီးပါ ။ ပြီလျှင် မျက်နှာပေါ်မှာ ၁၀မိနစ်ခန့်ကြာအောင် ကပ်ထားလိုက်ပါ ။ ကပ်ပြီးလျှင်တော့ ရေနွေးနွေးဖြင့် ဆေးကြောပြီး သဘက်ဖြင့် အသာအယာ သုတ်ပေးပါ ။ အသားခြောက်တယ်ဟု ခံစားရလျှင် moisturizing cream တစ်မျိုးမျိုး လိမ်းပေးပါ ။ ဒီနည်းလမ်းကို တစ်နေ့တစ်ကြိမ် လုပ်ခြင်းဖြင့် ၁၀ရက်ကြာတဲ့အခါ အရေပြားမှာ အကျိုးထိရောက်မှုရှိတာကို မြင်တွေ့ရမှာပါ ။

၃။ Vitamin E Oil

ညအိပ်ရာဝင်တိုင်း မျက်နှာကို ဗီတာမင်အီး လိမ်းပေးပြီး အိပ်ပါ ။ မနက်နိုးတဲ့အခါမှာ ဆေးကြောပြီး ခပ်ဖွဖွလေး သုတ်ပေးပါ ။ ဒီနည်းလမ်းလေးကိုလည်း နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးမယ်ဆိုရင် တဖြေးဖြေးနဲ့ သက်သာသွားစေမှာပါ ။

သွေးကြောရာတွေမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

    လိုင်စင်း နှင့် ဗီတာမင်စီ ကြွယ်ဝသော အစားအစာများ စားပါ။
    အပြင်သွားလျှင် Sunscreen လိမ်းပါ။
    အရက် ၊ ဆေးလိပ် ရှောင်ပါ ။
    ပူလွန်း ၊ အေးလွန်းသော ရာသီဥတုကို ရှောင်ပါ။
    မျှတစွာ ကိုယ်အလေးချိန် လျှော့ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN (ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top