Golden City Promotion
×

မွဲ႔ တည္ေနရာႏွင့္ အေဟာေတြပါ။
ဗဟုသုတ အေန နဲ႔ မွ်ေဝတာပါ။ အမွန္ၾကီးပဲ လို႔ ့မေျပာနိုင္သလို၊ အမွားေတြပါ လို႔လဲ မဆိုသာပါဘူး။ ကိုယ့္မွာ ပါတာေလးေတြ နဲ႔ တိုက္ၾကည္ေပါ႔။ ၾကိဳက္လ်ွင္ယူ၊ မၾကိဳက္လွ်င္ ပယ္လိုက္ပါ။

 ေယာက်္ားတို႔ ၏ မွဲ႔ တည္ေနရာႏွင့္ အေဟာ
***********************************
( ၁ ) နဖူးျပင္ တည့္တည့္ တြင္ မွဲ႔ ရွိလွ်င္ ေငြေၾကးႏွင့္ ပတ္သက္ ၍ အစြပ္အစြဲ ခံရတတ္၏။ အပူေသာက မ်ား လိမ့္မည္။ မိမိ တြင္ ရွိသည္ထက္ ပို၍ လူ အမ်ားက ခ်မ္းသာသည္ ဟု ထင္ျမင္ တတ္ျခင္းေၾကာင့္ ဒုကၡေတြ႔ရ တတ္ ပါသည္။

( ၂ ) ညာဘက္ မ်က္ခံုးေမြးေပၚတြင္ ရွိလွ်င္ ခ်မ္းသာ တတ္ပါသည္။ ပစၥည္းဥစၥာ ျပည့္စံု လိမ့္မည္။ ေလာကီ စည္းစိမ္ အဝဝ ကို သံုးေဆာင္ ခံစားရတတ္သည္။

( ၃ ) ဘယ္ဘက္ မ်က္ခံုးေမြးေပၚတြင္ မွဲ႔ ရွိ္လွ်င္ အရက္သမား၊ ၾကက္သမား၊ ေလာင္းကစား သမား ျဖစ္ တတ္ သည္။ ေလာင္းကစားမႈ ကို ဇနီးမယား ထက္ပင္ ပိုမို ၍ ခ်စ္ခ်င္ စြဲလမ္းႏွစ္သက္ပါသည္။

( ၄ ) ႏွာေခါင္း တည့္တည့္ (ႏွာသီး ထိပ္ဖ်ား) တြင္ မွဲ႔ ရွိလွ်င္ စာေပ၊ ဇာတ္သဘင္၊ ေတးဂီတ အႏုပညာ ရပ္ မ်ားျဖင့္ ထင္ရွား ၍ ေအာင္ျမင္ေက်ာ္ၾကား တတ္ပါသည္။

( ၅ ) ညာဘက္ မ်က္ခမ္းေအာက္ တြင္ မွဲ႔ ရွိလွ်င္ မ်က္ႏွာပြင့္လန္း တတ္သည္။ မ်က္ႏွာျမင္ ခ်စ္ခင္၍ အသံ ၾကား သနားေစ- ဟူေသာ ဆုေတာင္းျဖင့္ ျပည့္စံုသူျဖစ္သည္။ လူအမ်ား၏ ခ်စ္ခင္ျခင္း ခံရတတ္သည္။

( ၆ ) ဘယ္ဘက္ မ်က္ခမ္းေအာက္နား တြင္ မွဲ႔ ရွိလွ်င္ လူမုန္း မ်ားတတ္သည္။ အလုပ္ လုပ္ကိုင္ ရာတြင္ အတိုက္ အခံႏွင့္ ၾကံဳရ တတ္သည္။ ငယ္စဥ္ အခါက ဆင္းရဲဒုက ၡအမ်ိဳးမ်ိဳး ၾကံဳေတြ႔ခဲ့ရလိမ့္မည္။ အခ်စ္ေရးတြင္ စြန္႔စား တတ္သည္။ တဇြတ္ထိုး လုပ္တတ္သည္။ ဇနီးမယား ကို ခ်စ္ခင္သူျဖစ္မည္။ ဇနီးသည္ ၏ ၾသဇာ လႊမ္းမိုး မႈကို ခံရတတ္ပါသည္။


( ၇ ) ညာဘက္ ပါးမို ႔တြင္ စံပယ္တင္မွဲ႔ ရွိလွ်င္ မိန္းကေလးမ်ား စိတ္ဝင္စားျခင္း ကို ခံရတတ္သည္။ မ်က္ႏွာ ပြင့္လန္း တတ္ပါသည္။ ေလာက ကို တရား သေဘာျဖင့္ ရႈျမင္ တတ္ေသာသူ ျဖစ္သည္။ အသက္ႀကီးရင့္ လာလွ်င္ ရေသ ရဟန္း ျပဳတတ္သည္။ အမ်ား အက်ိဳးေဆာင္ သည့္ သာသနာျပဳ  ပုဂၢိဳလ္ ျဖစ္တတ္ပါသည္။

( ၈ ) ဘယ္ဘက္ ပါးေပၚတြင္ စံပယ္တင္မွဲ႔ ရွိလွ်င္ မိန္းမေခ်ာမ်ား ( သို႔မဟုတ္ ) ထင္ရွားေက်ာ္ၾကားေသာ မိန္းမႏွင့္ အိမ္ေထာင္က်တတ္ ပါသည္။ မိန္းမ တို႔၏ ခ်စ္ခင္စြဲျခင္း ကို အထူးသျဖင့္ ခံယူရတတ္ပါသည္။

( ၉ ) ညာဘက္ ပါးျပင္၏ ေအာက္ဘက္နား တြင္ မွဲ႔ ရွိလွ်င္ ခ်မ္းသာလွ်င္လည္း ခဏတာမွ်သာ ျဖစ္သည္။ ဆင္းရျပင္ပန္းတတ္သည္။

( ၁၀ ) ဘယ္ဘက္ ပါးျပင္ေအာက္ တြင္ ထင္ရွားစြာ မွဲ႔ ရွိလွ်င္ ခ်မ္းသာႀကီးပြား တတ္သည္။ ဘယ္ အလုပ္ မဆို ေအာင္ျမင္၍ နာမည္ေက်ာ္ၾကား တတ္ပါသည္။

( ၁၁ ) ေမးေစ့ တည့္တည့္ တြင္ မွဲ႔ ရွိ္လွ်င္ ကိုယ္ပိုင္ လုပ္ငန္းျဖင့္ ႀကီးပြား ခ်မ္းသာ တတ္ပါသည္။ သတင္းေကာင္းျဖင့္ ေက်ာ္ၾကားေအာင္ျမင္မည္။

( ၁၂ ) ေမးေစ့နား တစ္ဝိုက္တြင္ ထင္ရွားေသာ မွဲ ႔ရွိလွ်င္ ဒုက ၡဆင္းရဲ အမ်ိဳးမ်ိဳး တို႔ကို ၾကံဳေတြ႔ရ တတ္ျပီး ေနာက္ ဆံုးတြင္ ေအာင္ျမင္တတ္သည္။ ကမၻာေက်ာ္သည့္ ပုဂၢိဳလ္ထူး မ်ားတြင္လည္း ပါရွိသည္။

( ၁၃ ) မ်က္ရည္ စီးက်ရာ လမ္းေၾကာင္း တည့္တည့္ (ဝဲ,ယာ)တြင္ မွဲ႔ ရွိလွ်င္ မယား ဆံုးတတ္သည္။ (သို႔မဟုတ္) အိမ္ေထာင္ေရး ညံ႔ တတ္သည္။ စီးပြားရွာရာ တြင္ ပင္ပန္းတတ္ပါသည္။

( ၁၄ ) လည္ပင္း တြင္ မွဲ ႔ရွိ္လွ်င္ ခ်မ္းသာႀကီးပြား တတ္သည္။ အလုပ္အကိုင္ အၾကံအစည္ ေအာင္ျမင္ တတ္ သည္။ ဆင္းရဲလွ်င္လည္း တစ္ခဏတာျဖစ္၍ မေမွ်ာ္လင့္ မထင္မွတ္ေသာ အေၾကာင္း တစ္ခုခုျဖင့္ ခ်မ္းသာ တတ္ပါသည္။

( ၁၅ ) ဘယ္, ညာ လက္ေမာင္း (သို႔မဟုတ္) လက္ဖ်ံ ဘယ္,ညာ တြင္ မွဲ႔ ရွိလွ်င္ ဆင္းရဲသူျဖစ္ပါက လူလတ္ တန္းစား ဘဝျဖင့္ အဆင္ေျပတတ္သည္။ အလယ္ အလတ္တန္း အဆင့္ျဖစ္လွ်င္ ေဇာတိက သူေဌးကဲ့သို႔ ခ်မ္းသာၾကြယ္ဝေသာ သူေဌး ျဖစ္တတ္ပါသည္။

( ၁၆ ) ရင္ဘတ္ ဘယ္ဘက္ႏွင့္ ညာဘက္ တြင္ မွဲ႔ တစ္လံုးစီ ရွိ၍ ရင္ဘတ္ အလယ္တည့္တည့္ တြင္ မွဲ႔ တစ္လံုး၊ ခါးနား တြင္ မွဲ႔ တလံုး၊ ပါရွိျခင္းကို မွဲ႔စလြယ္ ဟု ေခၚဆိုသည္။

အသက္ရွည္ ၍ ဗဟုသုတ ဉာဏ္ အေျမာ္ အျမင္ ႀကီးမားေသာ ေရွးလူႀကီးမ်ား၊ ရေသ့ ပညာရွိႀကီးမ်ား ၏ အဆိုအမိန္႔ အရ ေယာက်္ားတြင္ မွဲ႔ စလြယ္ ရွိျခင္းသည္ ယခင္ဘဝေဟာင္း က မင္းျဖစ္ခဲ့သူျဖစ္သည္ဟု အဆို အမိန္႔ရွိၾက၏။

မွဲ႔စလြယ္ ပါရွိေသာသူသည္ ဆင္းရဲ ဒုကၡႏွင့္ မၾကံဳရဘဲ အဆင့္ အတန္းျမင့္သည္ ့ဘဝမ်ိဳးႏွင့္ ေနႏိုင္ရလိမ့္မည္။ လူ အမ်ား၏ ၾကည္ညိဳေလးစားျခင္းကို ခံ၇တတ္သည္။ ဇနီးမယား အေပၚတြင္ ၾသဇာေညာင္း တတ္ပါသည္။

( ၁၇ ) ဘယ္ဘက္ (သို႔မဟုတ္) ညာဘက္ ေပါင္ တြင္ မွဲ႔ ရွိလွ်င္ လ်င္ျမန္ ဖ်တ္လတ္ သူ ျဖစ္တတ္သည္။ လူမႈေရး ကိစၥ အဝဝ ကို သိနားလည္ျပီး အကင္းပါးသူ ျဖစ္တတ္သည္။

( ၁၈ ) တင္ပါး ၏ ဘယ္ဘက္ (သို႔မဟုတ္) ညာဘက္ တြင္ မွဲ႔ ရွိလွ်င္ အရွက္ အေၾကာက္ အလြန္ႀကီး တတ္ ပါ သည္။ စိတ္သေဘာထား ႏုတတ္ သည္။ ေယာက်္ားျဖစ္ပါလ်က္ႏွင့္ တစ္ခါတစ္ရံတြင္ မိန္းမ ဆန္ေသာ အျပဳ အမူ အေနအထိုင္ မ်ားကို ေတြ႔ရတတ္သည္။

( ၁၉ ) ေယာက်္ား တန္ဆာ ထိပ္ဖူး နားတြင္ မွဲ႔ ရွိလွ်င္ မိန္းမ တို႔၏ ခ်စ္ခင္ စြဲလမ္း ႏွစ္သက္ျခင္းကို ခံစားရ တတ္ ပါသည္။ ေရွးဆရာႀကီးမ်ား ၏ အဆိုအမိန္႔ အရ မွဲ႔မ်ားေလ ပို၍ အစြမ္းထက္ေလဟု ဆို၏။ ထိပ္ဖူးနား တြင္ မွဲ႔ ႏွစ္လံုးထက္ ပိုလွ်င္ အိမ္ေထာင္ဆက္ မ်ားတတ္သည္။ တန္ဆာ ၏ အရင္းပိုင္းတြင္ မွဲ႔ ပါရွိလွ်င္ မွဲ႔မပါ သကဲ့ သို႔ပင္ စြမ္းအား မရွိဟု မွတ္ယူရပါမည္။

( ၂၀ ) ေျခဖဝါး အလည္ တည့္တည့္ တြင္ မွဲ႔ ရွိလွ်င္ တစ္ေနရာတည္း တြင္ အတည္တစ္က်ေန မရဘဲ ေျခ သလံုး အိမ္တိုင္ ဘဝျဖင့္ သြားလာေနထိုင္ရကာ ဘဝ ဆံုးပါး ပ်က္စီးတတ္ပါသည္။

( ၂၁ ) ဘယ္ (သို႔မဟုတ္) ညာ ေျခဖမိုး တြင္ မွဲ ့ မ်ားစြာ ပါရွိလွ်င္ သူရဲေကာင္းျဖစ္တတ္သည္။ (သို႔မဟုတ္) လူဆိုး၊ ဓားျပ ျဖစ္တတ္ပါသည္။ တုတ္၊ ဓား၊ လွံ စသည့္ လက္နက္ကိရိယာမ်ားကို ေဆာင္ထားတတ္သည္။ တိုက္ခိုက္ေရး ပညာ မ်ားတြင္လည္း ဝါသနာ ပါ၍ ပညာရွင္ျဖစ္တတ္သည္။

( ၂၂ ) ရင္ညြန္႔ တည့္တည့္ တြင္ ထင္ရွားေသာ မွဲ႔ ရွိလွ်င္ သူေတာ္ေကာင္း သူျမတ္ေလာင္း ျဖစ္တတ္သည္။ တရားဓမၼ ႏွလံုးသြင္းတတ္သည္။ ေလာကီ သမထစ်ာန္ တန္ခိုးဘက္သို႔ လိုက္စားတတ္သည္။ သိဒၶိ မဟိဒၶိ တန္ခိုးမ်ား ရ၍ ေပါက္ေျမာက္ႏိုင္သည္။

( ၂၃ ) ညာဘက္လက္ တြင္ မွဲ႔ ပါရွိလွ်င္ ေငြေၾကး ကို အေၾကာင္းျပဳ၍ အမႈျဖစ္တတ္ပါသည္။ ကပ္ေစးႏွဲသူ၊ မိမိ ကိုယ္က်ိဳး တစ္ခုတည္း ကိုသာ ၾကည့္ျမင္တတ္သူ ျဖစ္တတ္ပါသည္။

( ၂၄ ) လက္ဖဝါးျပင္ ၏ ဘယ္ ၫာ ႏွစ္ဖက္စလံုး ၏ အလယ္ တည့္တည့္ တြင္ ထူးထူးျခားျခား မွဲ႔ အစိမ္း တစ္လံုး ပါရွိလွ်င္ လူအမ်ား ၏ ၾကည္ညိဳေလးစားျခင္း ခံရေသာ ဘုန္းရွင္၊ ကံရွင္၊ ပါရမီရွင္ ျဖစ္တတ္ပါသည္။

ဝိဇၨာဓိုရ္၊ သိဒၶိရွင္၊ မဟိဒၶိရွင္ ပုဂၢိဳလ္မ်ားႏွင့္ ပ႒ာန္းဆက္ ရွိသူျဖစ္သည္။ ဝိဇၨာလမ္း သို႔ လိုက္စားလွ်င္ ဆရာ သမားေကာင္းႏွင့္ ေတြ႔ျပီး သိဒၶိ ရတတ္ပါသည္။


မိန္းမ တို႔၏ မွဲ႔ တည္ေနရာႏွင္႔ အေဟာ
*********************************
( ၁ ) နဖူးျပင္ ၏ မ်က္ခံုး အထက္ နားတြင္ မွဲ႔မည္း တစ္လံုးတည္း ရွိလွ်င္ ဂုဏ္ ဓနႏွင့္ေက်ာ္ေစာေသာ လင္ေယာက်္ား ကို ရတတ္သည္။ အိမ္ေထာင္ဆက္ မ်ားတတ္သည္။ သားေယာက်္ား မ်ား ထြန္းကားသည့္ မိခင္ ျဖစ္ပါလိမ့္မည္။

( ၂ ) ညာဘက္ နားထင္ မ်က္ခံုး ၏ အနီးအနား ပတ္ဝန္းက်င္ တြင္ မွဲ ႔ရွိလွ်င္ ငယ္ရြယ္စဥ္ က ဆင္းရဲ၍ ႀကီးေသာ္ ခ်မ္းသာ တတ္ပါသည္။ အိုဇာတာ ကံေကာင္းမည္။ မိမိၾသဇာ ကို နာခံမည့္ လင္ေယာက်္ားအား ရတတ္ သည္။ အလုပ္အကိုင္ မွန္သမွ်ကို ဦးစီးဦးေဆာင္ ျပဳလုပ္တတ္သည္။ သားေယာက်္ားေမြးျပီး အက်ိဳးေပး တတ္သည္။

( ၃ ) အထက္ႏွဳတ္ခမ္း (သို႔) ေအာက္ႏႈတ္ခမ္း အနီးတစ္ဝို္က္ တြင္ မွဲ ႔ရွိလွ်င္ မိမိကို ခ်စ္ျမတ္ႏိုးေသာ ေယာက်္ား မ်ား ေပါ မ်ားတတ္သည္။ ေယာက်္ားမ်ား ၏ ႏွစ္ႏွစ္ ကာကာ ခ်စ္ျမတ္ႏိုးျခင္းကို ခံရမည္။ မိမိ ကိုယ္တိုင္လည္း အခ်စ္ႏွင့္ပတ္သက္လွ်င္ အစြဲအလမ္း စိတ္ ႀကီးတတ္သည္။ အစား အေသာက္ေကာင္း မ်ားကို အထူးႀကိဳက္ႏွစ္သက္သူျဖစ္သည္။

( ၄ ) ဘယ္ဘက္ ပါးျပင္မို႔ တြင္ မွဲ႔ ရွိလွ်င္ စိတ္ႏု ၍ အညႇာလြယ္ တတ္ပါသည္။ တစ္ဖက္သားေျပာ လာသည့္ စကားကို မစဥ္းစားဘဲ အယံု လြယ္တတ္ပါသည္။ ေယာက်္ားမ်ား ၏ စိတ္ဝင္စားျခင္း၊ အေရးေပျခင္း ကို ခံရ တတ္သည္။

( ၅.) ညာဘက္ ပါးျပင္ မို႔တြင္ စံပယ္တင္မွဲ႔ ရွိလွ်င္ လူခ်စ္ လူခင္ မ်ားတတ္သည္။ စန္း အလြန္ ပြင့္တတ္သည္။ လင္ေယာက်ာ္း အေပၚ သစၥာ ရွိတတ္သည္။ အလုပ္ အကိုင္ အဆင္ေျပ၍ ေအာင္ျမင္ေက်ာ္ၾကားမည္။ ကံေကာင္းသူ ျဖစ္တတ္ပါသည္။

( ၆ ) လည္ပင္း တြင္ မွဲ႔ ရွိလွ်င္ ခ်မ္းသာၾကြယ္ဝ တတ္ပါသည္။

( ၇ ) ဘယ္ ညာ လက္ေမာင္း (သို႔) ဘယ္ လက္ဖ်ံ ညာ လက္ဖ်ံတြင္ မွဲ႔ ရွိ္လွ်င္ ပင္ပင္ပန္းပန္း လုပ္ကိုင္ စားေသာက္ျခင္း မျပဳရဘဲ ေအးေအး ခ်မ္းခ်မ္းႏွင့္ ေနထိုင္ရတတ္ပါသည္။

( ၈ ) ညာဘက္ သားျမတ္ (သို႔) ဘယ္ဘက္ သားျမတ္ေပၚတြင္ မွဲ႔ တစ္လံုးထက္ ပိုျပီး မ်ားစြာရွိလွ်င္ ငယ္စဥ္က မိဘ တို႔၏ စြန္႔ပစ္ျခင္းကို ခံရတတ္သည္။ ပစၥည္း ခ်မ္းသာေသာ္လည္း စိတ္မခ်မ္းသာ ျဖစ္ရတတ္ သည္။ ေလာ ဘ ရမၼက္ ႀကီးတတ္သည္။ မုဆိုးမ ျဖစ္တတ္ပါသည္။ ကံဆိုးတတ္ ပါသည္။

( ၉.) ရင္ ၏ အလယ္ ဗဟို တည့္တည့္ တြင္ မွဲ႔ ရွိလွ်င္ ပစၥည္း ဥစၥာ ျပည့္စံုတတ္ ပါသည္။ မိမိ အေပၚ အလို လိုက္ အႀကိဳက္ေဆာင္မည့္ လင္ေယာက်္ား ကို ရတတ္သည္။ သားေကာင္း သမီးေကာင္း ထြန္းကားတတ္ သည္။

( ၁၀ ) မိန္းမေယာနိ တြင္ ထင္ရွားစြာ မွဲ႔ရွိလွ်င္ ရမၼက္ က်ဴးတတ္သည္။ လွ်ပ္ေပၚေလာ္လီ တတ္သည္။ မာယာ ပရိယာယ္ မ်ားတတ္ပါသည္။ မိမိစိတ္ ကို မထိန္းႏိုင္လွ်င္ ဘဝပ်က္တတ္ ပါသည္။

( ၁၁ ) မွဲ႔စလြယ္ ပါရွိလွ်င္ ငယ္စဥ္ က ဆင္းရဲေစကာမူ ခ်မ္းသာၾကြယ္ဝ လာတတ္သည္။ ကေတာ္ မယား ျဖစ္ တတ္ ပါသည္။ လူသိ မ်ားျပီး ထင္ရွားေက်ာ္ၾကားေသာ လင္ေယာက်ာ္း ကို ရတတ္ပါသည္။ မည္မွ် ဆိုးသြမ္းေသာ ေယာက်ာ္ား ျဖစ္ေစကာ မူ မိမိ ၏ၾသဇာ ကို နာခံမည့္ လင္ေယာက်ာ္းႏွင့္ ေပါင္းဖက္ ႏိုင္ မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Myanma Spectrum

#Unicode Version#
မှဲ့ တည်နေရာနှင့် အဟောတွေပါ။
ဗဟုသုတ အနေ နဲ့ မျှဝေတာပါ။ အမှန်ကြီးပဲ လို့မပြောနိုင်သလို၊ အမှားတွေပါ လို့လဲ မဆိုသာပါဘူး။ ကိုယ့်မှာ ပါတာလေးတွေ နဲ့ တိုက်ကြည်ပေါ့။ ကြိုက်လျှင်ယူ၊ မကြိုက်လျှင် ပယ်လိုက်ပါ။

 ယောကျ်ားတို့ ၏ မှဲ့ တည်နေရာနှင့် အဟော
***********************************
( ၁ ) နဖူးပြင် တည့်တည့် တွင် မှဲ့ ရှိလျှင် ငွေကြေးနှင့် ပတ်သက် ၍ အစွပ်အစွဲ ခံရတတ်၏။ အပူသောက များ လိမ့်မည်။ မိမိ တွင် ရှိသည်ထက် ပို၍ လူ အများက ချမ်းသာသည် ဟု ထင်မြင် တတ်ခြင်းကြောင့် ဒုက္ခတွေ့ရ တတ် ပါသည်။

( ၂ ) ညာဘက် မျက်ခုံးမွေးပေါ်တွင် ရှိလျှင် ချမ်းသာ တတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံ လိမ့်မည်။ လောကီ စည်းစိမ် အဝဝ ကို သုံးဆောင် ခံစားရတတ်သည်။

( ၃ ) ဘယ်ဘက် မျက်ခုံးမွေးပေါ်တွင် မှဲ့ ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစား သမား ဖြစ် တတ် သည်။ လောင်းကစားမှု ကို ဇနီးမယား ထက်ပင် ပိုမို ၍ ချစ်ချင် စွဲလမ်းနှစ်သက်ပါသည်။

( ၄ ) နှာခေါင်း တည့်တည့် (နှာသီး ထိပ်ဖျား) တွင် မှဲ့ ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတ အနုပညာ ရပ် များဖြင့် ထင်ရှား ၍ အောင်မြင်ကျော်ကြား တတ်ပါသည်။

( ၅ ) ညာဘက် မျက်ခမ်းအောက် တွင် မှဲ့ ရှိလျှင် မျက်နှာပွင့်လန်း တတ်သည်။ မျက်နှာမြင် ချစ်ခင်၍ အသံ ကြား သနားစေ- ဟူသော ဆုတောင်းဖြင့် ပြည့်စုံသူဖြစ်သည်။ လူအများ၏ ချစ်ခင်ခြင်း ခံရတတ်သည်။

( ၆ ) ဘယ်ဘက် မျက်ခမ်းအောက်နား တွင် မှဲ့ ရှိလျှင် လူမုန်း များတတ်သည်။ အလုပ် လုပ်ကိုင် ရာတွင် အတိုက် အခံနှင့် ကြုံရ တတ်သည်။ ငယ်စဉ် အခါက ဆင်းရဲဒုက ္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရလိမ့်မည်။ အချစ်ရေးတွင် စွန့်စား တတ်သည်။ တဇွတ်ထိုး လုပ်တတ်သည်။ ဇနီးမယား ကို ချစ်ခင်သူဖြစ်မည်။ ဇနီးသည် ၏ သြဇာ လွှမ်းမိုး မှုကို ခံရတတ်ပါသည်။


( ၇ ) ညာဘက် ပါးမို့တွင် စံပယ်တင်မှဲ့ ရှိလျှင် မိန်းကလေးများ စိတ်ဝင်စားခြင်း ကို ခံရတတ်သည်။ မျက်နှာ ပွင့်လန်း တတ်ပါသည်။ လောက ကို တရား သဘောဖြင့် ရှုမြင် တတ်သောသူ ဖြစ်သည်။ အသက်ကြီးရင့် လာလျှင် ရသေ ရဟန်း ပြုတတ်သည်။ အများ အကျိုးဆောင် သည့် သာသနာပြု  ပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။

( ၈ ) ဘယ်ဘက် ပါးပေါ်တွင် စံပယ်တင်မှဲ့ ရှိလျှင် မိန်းမချောများ ( သို့မဟုတ် ) ထင်ရှားကျော်ကြားသော မိန်းမနှင့် အိမ်ထောင်ကျတတ် ပါသည်။ မိန်းမ တို့၏ ချစ်ခင်စွဲခြင်း ကို အထူးသဖြင့် ခံယူရတတ်ပါသည်။

( ၉ ) ညာဘက် ပါးပြင်၏ အောက်ဘက်နား တွင် မှဲ့ ရှိလျှင် ချမ်းသာလျှင်လည်း ခဏတာမျှသာ ဖြစ်သည်။ ဆင်းရပြင်ပန်းတတ်သည်။

( ၁၀ ) ဘယ်ဘက် ပါးပြင်အောက် တွင် ထင်ရှားစွာ မှဲ့ ရှိလျှင် ချမ်းသာကြီးပွား တတ်သည်။ ဘယ် အလုပ် မဆို အောင်မြင်၍ နာမည်ကျော်ကြား တတ်ပါသည်။

( ၁၁ ) မေးစေ့ တည့်တည့် တွင် မှဲ့ ရှိလျှင် ကိုယ်ပိုင် လုပ်ငန်းဖြင့် ကြီးပွား ချမ်းသာ တတ်ပါသည်။ သတင်းကောင်းဖြင့် ကျော်ကြားအောင်မြင်မည်။

( ၁၂ ) မေးစေ့နား တစ်ဝိုက်တွင် ထင်ရှားသော မှဲ့ရှိလျှင် ဒုက ္ခဆင်းရဲ အမျိုးမျိုး တို့ကို ကြုံတွေ့ရ တတ်ပြီး နောက် ဆုံးတွင် အောင်မြင်တတ်သည်။ ကမ္ဘာကျော်သည့် ပုဂ္ဂိုလ်ထူး များတွင်လည်း ပါရှိသည်။

( ၁၃ ) မျက်ရည် စီးကျရာ လမ်းကြောင်း တည့်တည့် (ဝဲ,ယာ)တွင် မှဲ့ ရှိလျှင် မယား ဆုံးတတ်သည်။ (သို့မဟုတ်) အိမ်ထောင်ရေး ညံ့ တတ်သည်။ စီးပွားရှာရာ တွင် ပင်ပန်းတတ်ပါသည်။

( ၁၄ ) လည်ပင်း တွင် မှဲ့ရှိလျှင် ချမ်းသာကြီးပွား တတ်သည်။ အလုပ်အကိုင် အကြံအစည် အောင်မြင် တတ် သည်။ ဆင်းရဲလျှင်လည်း တစ်ခဏတာဖြစ်၍ မမျှော်လင့် မထင်မှတ်သော အကြောင်း တစ်ခုခုဖြင့် ချမ်းသာ တတ်ပါသည်။

( ၁၅ ) ဘယ်, ညာ လက်မောင်း (သို့မဟုတ်) လက်ဖျံ ဘယ်,ညာ တွင် မှဲ့ ရှိလျှင် ဆင်းရဲသူဖြစ်ပါက လူလတ် တန်းစား ဘဝဖြင့် အဆင်ပြေတတ်သည်။ အလယ် အလတ်တန်း အဆင့်ဖြစ်လျှင် ဇောတိက သူဌေးကဲ့သို့ ချမ်းသာကြွယ်ဝသော သူဌေး ဖြစ်တတ်ပါသည်။

( ၁၆ ) ရင်ဘတ် ဘယ်ဘက်နှင့် ညာဘက် တွင် မှဲ့ တစ်လုံးစီ ရှိ၍ ရင်ဘတ် အလယ်တည့်တည့် တွင် မှဲ့ တစ်လုံး၊ ခါးနား တွင် မှဲ့ တလုံး၊ ပါရှိခြင်းကို မှဲ့စလွယ် ဟု ခေါ်ဆိုသည်။

အသက်ရှည် ၍ ဗဟုသုတ ဉာဏ် အမြော် အမြင် ကြီးမားသော ရှေးလူကြီးများ၊ ရသေ့ ပညာရှိကြီးများ ၏ အဆိုအမိန့် အရ ယောကျ်ားတွင် မှဲ့ စလွယ် ရှိခြင်းသည် ယခင်ဘဝဟောင်း က မင်းဖြစ်ခဲ့သူဖြစ်သည်ဟု အဆို အမိန့်ရှိကြ၏။

မှဲ့စလွယ် ပါရှိသောသူသည် ဆင်းရဲ ဒုက္ခနှင့် မကြုံရဘဲ အဆင့် အတန်းမြင့်သည့်ဘဝမျိုးနှင့် နေနိုင်ရလိမ့်မည်။ လူ အများ၏ ကြည်ညိုလေးစားခြင်းကို ခံ၇တတ်သည်။ ဇနီးမယား အပေါ်တွင် သြဇာညောင်း တတ်ပါသည်။

( ၁၇ ) ဘယ်ဘက် (သို့မဟုတ်) ညာဘက် ပေါင် တွင် မှဲ့ ရှိလျှင် လျင်မြန် ဖျတ်လတ် သူ ဖြစ်တတ်သည်။ လူမှုရေး ကိစ္စ အဝဝ ကို သိနားလည်ပြီး အကင်းပါးသူ ဖြစ်တတ်သည်။

( ၁၈ ) တင်ပါး ၏ ဘယ်ဘက် (သို့မဟုတ်) ညာဘက် တွင် မှဲ့ ရှိလျှင် အရှက် အကြောက် အလွန်ကြီး တတ် ပါ သည်။ စိတ်သဘောထား နုတတ် သည်။ ယောကျ်ားဖြစ်ပါလျက်နှင့် တစ်ခါတစ်ရံတွင် မိန်းမ ဆန်သော အပြု အမူ အနေအထိုင် များကို တွေ့ရတတ်သည်။

( ၁၉ ) ယောကျ်ား တန်ဆာ ထိပ်ဖူး နားတွင် မှဲ့ ရှိလျှင် မိန်းမ တို့၏ ချစ်ခင် စွဲလမ်း နှစ်သက်ခြင်းကို ခံစားရ တတ် ပါသည်။ ရှေးဆရာကြီးများ ၏ အဆိုအမိန့် အရ မှဲ့များလေ ပို၍ အစွမ်းထက်လေဟု ဆို၏။ ထိပ်ဖူးနား တွင် မှဲ့ နှစ်လုံးထက် ပိုလျှင် အိမ်ထောင်ဆက် များတတ်သည်။ တန်ဆာ ၏ အရင်းပိုင်းတွင် မှဲ့ ပါရှိလျှင် မှဲ့မပါ သကဲ့ သို့ပင် စွမ်းအား မရှိဟု မှတ်ယူရပါမည်။

( ၂၀ ) ခြေဖဝါး အလည် တည့်တည့် တွင် မှဲ့ ရှိလျှင် တစ်နေရာတည်း တွင် အတည်တစ်ကျနေ မရဘဲ ခြေ သလုံး အိမ်တိုင် ဘဝဖြင့် သွားလာနေထိုင်ရကာ ဘဝ ဆုံးပါး ပျက်စီးတတ်ပါသည်။

( ၂၁ ) ဘယ် (သို့မဟုတ်) ညာ ခြေဖမိုး တွင် မှဲ့ များစွာ ပါရှိလျှင် သူရဲကောင်းဖြစ်တတ်သည်။ (သို့မဟုတ်) လူဆိုး၊ ဓားပြ ဖြစ်တတ်ပါသည်။ တုတ်၊ ဓား၊ လှံ စသည့် လက်နက်ကိရိယာများကို ဆောင်ထားတတ်သည်။ တိုက်ခိုက်ရေး ပညာ များတွင်လည်း ဝါသနာ ပါ၍ ပညာရှင်ဖြစ်တတ်သည်။

( ၂၂ ) ရင်ညွန့် တည့်တည့် တွင် ထင်ရှားသော မှဲ့ ရှိလျှင် သူတော်ကောင်း သူမြတ်လောင်း ဖြစ်တတ်သည်။ တရားဓမ္မ နှလုံးသွင်းတတ်သည်။ လောကီ သမထဈာန် တန်ခိုးဘက်သို့ လိုက်စားတတ်သည်။ သိဒ္ဓိ မဟိဒ္ဓိ တန်ခိုးများ ရ၍ ပေါက်မြောက်နိုင်သည်။

( ၂၃ ) ညာဘက်လက် တွင် မှဲ့ ပါရှိလျှင် ငွေကြေး ကို အကြောင်းပြု၍ အမှုဖြစ်တတ်ပါသည်။ ကပ်စေးနှဲသူ၊ မိမိ ကိုယ်ကျိုး တစ်ခုတည်း ကိုသာ ကြည့်မြင်တတ်သူ ဖြစ်တတ်ပါသည်။

( ၂၄ ) လက်ဖဝါးပြင် ၏ ဘယ် ညာ နှစ်ဖက်စလုံး ၏ အလယ် တည့်တည့် တွင် ထူးထူးခြားခြား မှဲ့ အစိမ်း တစ်လုံး ပါရှိလျှင် လူအများ ၏ ကြည်ညိုလေးစားခြင်း ခံရသော ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင် ဖြစ်တတ်ပါသည်။

ဝိဇ္ဇာဓိုရ်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ပုဂ္ဂိုလ်များနှင့် ပဋ္ဌာန်းဆက် ရှိသူဖြစ်သည်။ ဝိဇ္ဇာလမ်း သို့ လိုက်စားလျှင် ဆရာ သမားကောင်းနှင့် တွေ့ပြီး သိဒ္ဓိ ရတတ်ပါသည်။


မိန်းမ တို့၏ မှဲ့ တည်နေရာနှင့် အဟော
*********************************
( ၁ ) နဖူးပြင် ၏ မျက်ခုံး အထက် နားတွင် မှဲ့မည်း တစ်လုံးတည်း ရှိလျှင် ဂုဏ် ဓနနှင့်ကျော်စောသော လင်ယောကျ်ား ကို ရတတ်သည်။ အိမ်ထောင်ဆက် များတတ်သည်။ သားယောကျ်ား များ ထွန်းကားသည့် မိခင် ဖြစ်ပါလိမ့်မည်။

( ၂ ) ညာဘက် နားထင် မျက်ခုံး ၏ အနီးအနား ပတ်ဝန်းကျင် တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ် က ဆင်းရဲ၍ ကြီးသော် ချမ်းသာ တတ်ပါသည်။ အိုဇာတာ ကံကောင်းမည်။ မိမိသြဇာ ကို နာခံမည့် လင်ယောကျ်ားအား ရတတ် သည်။ အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။ သားယောကျ်ားမွေးပြီး အကျိုးပေး တတ်သည်။

( ၃ ) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတစ်ဝိုက် တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောကျ်ား များ ပေါ များတတ်သည်။ ယောကျ်ားများ ၏ နှစ်နှစ် ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။ မိမိ ကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်း စိတ် ကြီးတတ်သည်။ အစား အသောက်ကောင်း များကို အထူးကြိုက်နှစ်သက်သူဖြစ်သည်။

( ၄ ) ဘယ်ဘက် ပါးပြင်မို့ တွင် မှဲ့ ရှိလျှင် စိတ်နု ၍ အညှာလွယ် တတ်ပါသည်။ တစ်ဖက်သားပြော လာသည့် စကားကို မစဉ်းစားဘဲ အယုံ လွယ်တတ်ပါသည်။ ယောကျ်ားများ ၏ စိတ်ဝင်စားခြင်း၊ အရေးပေခြင်း ကို ခံရ တတ်သည်။

( ၅.) ညာဘက် ပါးပြင် မို့တွင် စံပယ်တင်မှဲ့ ရှိလျှင် လူချစ် လူခင် များတတ်သည်။ စန်း အလွန် ပွင့်တတ်သည်။ လင်ယောကျာ်း အပေါ် သစ္စာ ရှိတတ်သည်။ အလုပ် အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ ကံကောင်းသူ ဖြစ်တတ်ပါသည်။

( ၆ ) လည်ပင်း တွင် မှဲ့ ရှိလျှင် ချမ်းသာကြွယ်ဝ တတ်ပါသည်။

( ၇ ) ဘယ် ညာ လက်မောင်း (သို့) ဘယ် လက်ဖျံ ညာ လက်ဖျံတွင် မှဲ့ ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင် စားသောက်ခြင်း မပြုရဘဲ အေးအေး ချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည်။

( ၈ ) ညာဘက် သားမြတ် (သို့) ဘယ်ဘက် သားမြတ်ပေါ်တွင် မှဲ့ တစ်လုံးထက် ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘ တို့၏ စွန့်ပစ်ခြင်းကို ခံရတတ်သည်။ ပစ္စည်း ချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ် သည်။ လော ဘ ရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည်။ ကံဆိုးတတ် ပါသည်။

( ၉.) ရင် ၏ အလယ် ဗဟို တည့်တည့် တွင် မှဲ့ ရှိလျှင် ပစ္စည်း ဥစ္စာ ပြည့်စုံတတ် ပါသည်။ မိမိ အပေါ် အလို လိုက် အကြိုက်ဆောင်မည့် လင်ယောကျ်ား ကို ရတတ်သည်။ သားကောင်း သမီးကောင်း ထွန်းကားတတ် သည်။

( ၁၀ ) မိန်းမယောနိ တွင် ထင်ရှားစွာ မှဲ့ရှိလျှင် ရမ္မက် ကျူးတတ်သည်။ လျှပ်ပေါ်လော်လီ တတ်သည်။ မာယာ ပရိယာယ် များတတ်ပါသည်။ မိမိစိတ် ကို မထိန်းနိုင်လျှင် ဘဝပျက်တတ် ပါသည်။

( ၁၁ ) မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ် က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝ လာတတ်သည်။ ကတော် မယား ဖြစ် တတ် ပါသည်။ လူသိ များပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်း ကို ရတတ်ပါသည်။ မည်မျှ ဆိုးသွမ်းသော ယောကျာ်ား ဖြစ်စေကာ မူ မိမိ ၏သြဇာ ကို နာခံမည့် လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင် မည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  Myanma Spectrum
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top