ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

အဆိုေတာ္ႏွင့္ သရုပ္ေဆာင္ ဝိုင္းစုခိုင္သိန္း တစ္ေယာက္ကေတာ့ ေမြးေန႔ရိႈးက်ရင္ ပစ္မထားၾကပါနဲ႔လို႔ ပရိတ္သတ္ကို ယခုတည္းက ႀကိဳတင္ ေရးသားေတာင္းဆိုလိုက္ေၾကာင္း သိရွိရပါတယ္။

ဝိုင္းစုခိုင္သိန္းက မေန႔က(စက္တင္ဘာလ ၁၂ ရက္)တြင္ သူမရဲ့ ေဖ့စ္ဘြက္စာမ်က္ႏွာကေနၿပီးေတာ့ ေရးသားလိုက္တာျဖစ္ပါတယ္။ ‘’ ေမ့ေနၿပီလား ခ်စ္ဆံုးတို႔ေရ Birthday show(24.12.2017)က်ရင္လည္း ေမွ်ာ္ေနမယ္ ပစ္မထားၾကနဲ႔ေနာ္လို႔ ’’  လို႔ သူမက ေရးသားထားသည္။

ဝိုင္စုခိုင္သိန္းကေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္သလို အခ်စ္ေရး၊  အိမ္ေထာင္ေရးမ်ားနဲ႔ ပက္သက္ၿပီးေတာ့လည္း ေဝဖန္မႈမ်ားစြာ ကာလရွည္ၾကာ ခံလာရသူတစ္ေယာက္ျဖစ္ပါတယ္။

အခ်စ္ေရး၊ အိမ္ေထာင္ေရး အေျပာင္အလဲ အခ်ိဳးအေကြ႕႕မ်ားၾကားမွ အႏုပညာအလုပ္ေတြကို ျပတ္မသြားပဲ ေအာင္ျမင္မႈ၊ အားေပးမႈတို႔ကို ဆက္လက္ထိန္းထားႏိုင္တာကိုေတာ့ ေတြ႕ရမွာျဖစ္ပါတယ္။ အေခြမ်ားလည္း ပံုမွန္ထြက္ေနတာျဖစ္ပါတယ္။

ယခုလက္္ရွိေတာ့ အဆိုေတာ္ ေအာင္လနဲ႔ အတိအလင္းတဲြေနၿပီး အႏုပညာအလုပ္ေတြ လုပ္ကိုင္လွ်က္ရွိေနတာ ျဖစ္ပါတယ္။ ၁၂ လပိုင္း၊ ၂၄ ရက္ေန႔မွာက်င္းပမယ့္ သူမရဲ့ ေမြးေန႔ ရိႈးပဲြမွာလည္း ခမ္းခမ္းနားနား ျမင္ေတြ႕ရမယ္လို႔ ယူဆရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PannPwint

#Unicode Version#
အဆိုတော်နှင့် သရုပ်ဆောင် ဝိုင်းစုခိုင်သိန်း တစ်ယောက်ကတော့ မွေးနေ့ရှိုးကျရင် ပစ်မထားကြပါနဲ့လို့ ပရိတ်သတ်ကို ယခုတည်းက ကြိုတင် ရေးသားတောင်းဆိုလိုက်ကြောင်း သိရှိရပါတယ်။

ဝိုင်းစုခိုင်သိန်းက မနေ့က(စက်တင်ဘာလ ၁၂ ရက်)တွင် သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာကနေပြီးတော့ ရေးသားလိုက်တာဖြစ်ပါတယ်။ ‘’ မေ့နေပြီလား ချစ်ဆုံးတို့ရေ Birthday show(24.12.2017)ကျရင်လည်း မျှော်နေမယ် ပစ်မထားကြနဲ့နော်လို့ ’’  လို့ သူမက ရေးသားထားသည်။

ဝိုင်စုခိုင်သိန်းကအောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို အချစ်ရေး၊  အိမ်ထောင်ရေးများနဲ့ ပက်သက်ပြီးတော့လည်း ဝေဖန်မှုများစွာ ကာလရှည်ကြာ ခံလာရသူတစ်ယောက်ဖြစ်ပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေး အပြောင်အလဲ အချိုးအကွေ့များကြားမှ အနုပညာအလုပ်တွေကို ပြတ်မသွားပဲ အောင်မြင်မှု၊ အားပေးမှုတို့ကို ဆက်လက်ထိန်းထားနိုင်တာကိုတော့ တွေ့ရမှာဖြစ်ပါတယ်။ အခွေများလည်း ပုံမှန်ထွက်နေတာဖြစ်ပါတယ်။

ယခုလက်ရှိတော့ အဆိုတော် အောင်လနဲ့ အတိအလင်းတွဲနေပြီး အနုပညာအလုပ်တွေ လုပ်ကိုင်လျှက်ရှိနေတာ ဖြစ်ပါတယ်။ ၁၂ လပိုင်း၊ ၂၄ ရက်နေ့မှာကျင်းပမယ့် သူမရဲ့ မွေးနေ့ ရှိုးပွဲမှာလည်း ခမ်းခမ်းနားနား မြင်တွေ့ရမယ်လို့ ယူဆရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: PannPwint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top