ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရာသီလာျခင္းမွာ အမ်ဳိးသမီး တစ္ေယာက္ျဖစ္ ရျခင္း ၏ က်န္းမာေသာ သာမန္ အစိတ္အပိုင္း တစ္ခု ျဖစ္ သည္။ ပထမဆုံး ရာသီ စလာျခင္းမွာ မိန္းကေလး တစ္ဦးအျဖစ္မွ အရြယ္ေရာက္ အမ်ဳိးသမီး တစ္ဦး အျဖစ္ ေျပာင္းလဲျခင္း အမွတ္ သေကၤတျဖစ္ၿပီး အမ်ဳိးသမီးမ်ား ကိုယ္၀န္ စေဆာင္ရန္ ျဖစ္ လာ ေစႏုိင္သည္။

သို႔ေသာ္ ယေန႔ေခတ္ အမ်ဳိးသမီး မ်ားစြာမွာ ပုံမွန္ ရာသီလာျခင္းကို ေရွာင္ရွားႏုိင္မည့္ နည္းလမ္း မ်ား ေရြးခ်ယ္ လာၾကသည္။ စာ႐ႈသူတစ္ဦး ထဲမွ မ်ားမၾကာမီက ေအာက္ပါေမးခြန္းကို လက္ခံရရွိခဲ့သည္။

ေလးစားရပါေသာ ေဒါက္တာမန္နီရွင့္

ကြၽန္မလစဥ္ ရာသီလာတာကို တားဆီးဖို႔ သိပ္မၾကာမီက သေႏၶတားေဆးေတြ အဆက္မျပတ္ စေသာက္ခဲ့ ပါတယ္။ ဒါေပမဲ့ ကြၽန္မ ကိုယ္၀န္ေဆာင္ဖို႔ အဆင္သင့္မျဖစ္မီအခ်ိန္ထိ(ဒါမွမဟုတ္) ကြၽန္မရာသီလာတာကို အခ်ိန္အကန္႔အသတ္မရွိ တားထားဖုိ႔ သေႏၶတားေဆးေတြ ေသာက္တာအႏၲရာယ္ကင္းပါသလားရွင့္။

ေက်းဇူးတင္ပါတယ္

လုိရီ

အမ်ဳိးသမီးမ်ားသည္ ရာသီလာျခင္းကို တစ္ႀကိမ္(သို႔မဟုတ္) ႏွစ္ႀကိမ္အခ်ိန္အခါလုိက္၍ တားဆီး ရန္ ႏွစ္မ်ားစြာၾကာေအာင္ သေႏၶတားေဆးမ်ား အသုံးျပဳၾကသည္။ ရာသီေသြးဆင္းျခင္းကို တားဆီးရန္ နည္းလမ္းတစ္ခုအေနျဖင့္ သေႏၶတားေဆးမ်ား အၿမဲေသာက္ျခင္းကို မ်ားမၾကာမီက စတင္သိရွိခဲ့ရသည္။

သေႏၶတားေဆးကတ္ အမ်ားစုတြင္ ေဟာ္မုန္းမပါေသာ ေဆးလုံး ခုနစ္လုံး၊ ေဟာ္မုန္းပါေသာ ေဆးလုံး ၂၁ လုံးပါ၀င္ေလ့ရွိသည္။ လစဥ္ ရာသီလာျခင္းကို တားဆီးမည့္ အမ်ဳိးသမီးမ်ား သည္ ေဟာ္မုန္း မပါေသာ ေဆး လုံး မ်ားကိုေက်ာ္၍ ေသာက္သုံးၾကရာမွ ခ်က္ခ်င္းဆိုသလိုပင္ ေဟာ္မုန္းပါ၀င္ေသာ ေဆးကတ္အသစ္ကို စတင္ေသာက္သုံးခ်င္ၾကသည္။

ေနာက္လတြင္ ရာသီ ထပ္မလာေတာ့ျခင္းမွာ စိတ္ေက်နပ္စရာ ျဖစ္ပုံေပၚေသာ္လည္း ယင္းနည္းလမ္းမွာ အျပည့္အ၀ ေဘးကင္းစိတ္ခ်ရမႈ မရွိသျဖင့္ ကြၽမ္းက်င္သူအခ်ဳိ႕က စိုးရိမ္ေနသည္။

‘‘ကြၽန္မစုိးရိမ္တဲ့ ျပႆနာက ရင္သားက်န္းမာေရးပါပဲ။ သေႏၶတားေဆး ေသာက္ထားတယ္ ဆိုရင္ေတာင္ ေဟာ္ မုန္းကင္းလြတ္တဲ့ သီတင္းပတ္ဆုိတာ ရွိသင့္ပါတယ္။ အဲဒီသီတင္းပတ္မွာ ရင္သားေတြဟာ ေဟာ္မုန္း ေတြ ေၾကာင့္ သူ႔လုပ္ငန္း ေဆာင္တာအတုိင္း လုပ္ေဆာင္ခြင့္မရၾကပါဘူး’’ ဟု သားဖြားမီးယပ္ ေဟာ္မုန္း အထူးကြၽမ္းက်င္သူ ေဒါက္တာ ဂ်နီဖာလန္ဒါက FoxNews.com သို႔ ေျပာၾကား သည္။

‘‘အဲဒီေတာ့ ရင္သား က်န္းမာေရးအတြက္ စိုးရိမ္စရာျဖစ္လာပါတယ္။ ၿပီးေတာ့ အဲဒီလို သေႏၶတားေဆး ေတြ ေသာက္တာဟာ အဆင္ေျပေစခ်င္တာ တစ္ခုတည္း အတြက္ ဆိုရင္ေတာ့ အဲဒီ နည္းလမ္းဟာ ေဘးကင္းတယ္ဆိုတဲ့ အေထာက္အထား လုံး၀မေတြ႕ရပါဘူး’’ ဟု ေဒါက္တာ ဂ်နီဖာလန္ဒါ က ထပ္မံေျပာၾကားသည္။

တစ္ႏွစ္ထက္ေက်ာ္၍ သေႏၶတားေဟာ္မုန္းေဆးမ်ား ေသာက္သုံးျခင္းႏွင့္ ပတ္သက္သည့္ က်န္းမာေရး အႏၲရာယ္မ်ားကို ေဖာ္ျပေသာ ကာလၾကာေလ့လာမႈမ်ဳိး မျပဳလုပ္ရေသးေပ။ သို႔ေသာ္ ရာသီလာျခင္းကုိ တားဆီးရန္ ယင္းေဆးလုံးမ်ား ေသာက္သုံးျခင္းကို အေမရိကန္ အစားအစာႏွင့္ ေဆး၀ါးစီမံ ခန္႔ခဲြေရးဌာန (FDA)က ခြင့္ျပဳထားျခင္းမရွိေပ။

အကယ္၍ အျပင္ မထြက္ႏုိင္ေလာက္ေအာင္ျဖစ္ေစ၊ သံဓာတ္ခ်ဳိ႕တဲ့လြန္း၍ျဖစ္ေစ၊ သြားသြားလာလာ အဆင္မေျပ၍ျဖစ္ေစ၊ ရာသီေသြးအမ်ားႀကီးဆင္းေနပါက သေႏၶတားေဆး သုံးျခင္းမွာ ေရြးခ်ယ္စရာ နည္းလမ္း တစ္ခုျဖစ္ဖြယ္ ရွိေသာ္လည္း အမ်ဳိးသမီးမ်ား ရာသီလာျခင္းမွာ သဘာ၀ အတုိင္းသာျဖစ္ရန္ သေႏၶတားရန္ျဖစ္ေစ၊ ရာသီလာျခင္းကို ေရွာင္လဲႊရန္ျဖစ္ေစ စဥ္းစားေနပါက ဆရာ၀န္ႏွင့္ တုိင္ပင္ သင့္ေၾကာင္း ေဒါက္တာလန္ဒါ ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 Day Daily

#Unicode Version#
 ရာသီလာခြင်းမှာ အမျိုးသမီး တစ်ယောက်ဖြစ် ရခြင်း ၏ ကျန်းမာသော သာမန် အစိတ်အပိုင်း တစ်ခု ဖြစ် သည်။ ပထမဆုံး ရာသီ စလာခြင်းမှာ မိန်းကလေး တစ်ဦးအဖြစ်မှ အရွယ်ရောက် အမျိုးသမီး တစ်ဦး အဖြစ် ပြောင်းလဲခြင်း အမှတ် သင်္ကေတဖြစ်ပြီး အမျိုးသမီးများ ကိုယ်ဝန် စဆောင်ရန် ဖြစ် လာ စေနိုင်သည်။

သို့သော် ယနေ့ခေတ် အမျိုးသမီး များစွာမှာ ပုံမှန် ရာသီလာခြင်းကို ရှောင်ရှားနိုင်မည့် နည်းလမ်း များ ရွေးချယ် လာကြသည်။ စာရှုသူတစ်ဦး ထဲမှ များမကြာမီက အောက်ပါမေးခွန်းကို လက်ခံရရှိခဲ့သည်။

လေးစားရပါသော ဒေါက်တာမန်နီရှင့်

ကျွန်မလစဉ် ရာသီလာတာကို တားဆီးဖို့ သိပ်မကြာမီက သန္ဓေတားဆေးတွေ အဆက်မပြတ် စသောက်ခဲ့ ပါတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်မဖြစ်မီအချိန်ထိ(ဒါမှမဟုတ်) ကျွန်မရာသီလာတာကို အချိန်အကန့်အသတ်မရှိ တားထားဖို့ သန္ဓေတားဆေးတွေ သောက်တာအန္တရာယ်ကင်းပါသလားရှင့်။

ကျေးဇူးတင်ပါတယ်

လိုရီ

အမျိုးသမီးများသည် ရာသီလာခြင်းကို တစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်အချိန်အခါလိုက်၍ တားဆီး ရန် နှစ်များစွာကြာအောင် သန္ဓေတားဆေးများ အသုံးပြုကြသည်။ ရာသီသွေးဆင်းခြင်းကို တားဆီးရန် နည်းလမ်းတစ်ခုအနေဖြင့် သန္ဓေတားဆေးများ အမြဲသောက်ခြင်းကို များမကြာမီက စတင်သိရှိခဲ့ရသည်။

သန္ဓေတားဆေးကတ် အများစုတွင် ဟော်မုန်းမပါသော ဆေးလုံး ခုနစ်လုံး၊ ဟော်မုန်းပါသော ဆေးလုံး ၂၁ လုံးပါဝင်လေ့ရှိသည်။ လစဉ် ရာသီလာခြင်းကို တားဆီးမည့် အမျိုးသမီးများ သည် ဟော်မုန်း မပါသော ဆေး လုံး များကိုကျော်၍ သောက်သုံးကြရာမှ ချက်ချင်းဆိုသလိုပင် ဟော်မုန်းပါဝင်သော ဆေးကတ်အသစ်ကို စတင်သောက်သုံးချင်ကြသည်။

နောက်လတွင် ရာသီ ထပ်မလာတော့ခြင်းမှာ စိတ်ကျေနပ်စရာ ဖြစ်ပုံပေါ်သော်လည်း ယင်းနည်းလမ်းမှာ အပြည့်အ၀ ဘေးကင်းစိတ်ချရမှု မရှိသဖြင့် ကျွမ်းကျင်သူအချို့က စိုးရိမ်နေသည်။

‘‘ကျွန်မစိုးရိမ်တဲ့ ပြဿနာက ရင်သားကျန်းမာရေးပါပဲ။ သန္ဓေတားဆေး သောက်ထားတယ် ဆိုရင်တောင် ဟော် မုန်းကင်းလွတ်တဲ့ သီတင်းပတ်ဆိုတာ ရှိသင့်ပါတယ်။ အဲဒီသီတင်းပတ်မှာ ရင်သားတွေဟာ ဟော်မုန်း တွေ ကြောင့် သူ့လုပ်ငန်း ဆောင်တာအတိုင်း လုပ်ဆောင်ခွင့်မရကြပါဘူး’’ ဟု သားဖွားမီးယပ် ဟော်မုန်း အထူးကျွမ်းကျင်သူ ဒေါက်တာ ဂျနီဖာလန်ဒါက FoxNews.com သို့ ပြောကြား သည်။

‘‘အဲဒီတော့ ရင်သား ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ ပြီးတော့ အဲဒီလို သန္ဓေတားဆေး တွေ သောက်တာဟာ အဆင်ပြေစေချင်တာ တစ်ခုတည်း အတွက် ဆိုရင်တော့ အဲဒီ နည်းလမ်းဟာ ဘေးကင်းတယ်ဆိုတဲ့ အထောက်အထား လုံးဝမတွေ့ရပါဘူး’’ ဟု ဒေါက်တာ ဂျနီဖာလန်ဒါ က ထပ်မံပြောကြားသည်။

တစ်နှစ်ထက်ကျော်၍ သန္ဓေတားဟော်မုန်းဆေးများ သောက်သုံးခြင်းနှင့် ပတ်သက်သည့် ကျန်းမာရေး အန္တရာယ်များကို ဖော်ပြသော ကာလကြာလေ့လာမှုမျိုး မပြုလုပ်ရသေးပေ။ သို့သော် ရာသီလာခြင်းကို တားဆီးရန် ယင်းဆေးလုံးများ သောက်သုံးခြင်းကို အမေရိကန် အစားအစာနှင့် ဆေးဝါးစီမံ ခန့်ခွဲရေးဌာန (FDA)က ခွင့်ပြုထားခြင်းမရှိပေ။

အကယ်၍ အပြင် မထွက်နိုင်လောက်အောင်ဖြစ်စေ၊ သံဓာတ်ချို့တဲ့လွန်း၍ဖြစ်စေ၊ သွားသွားလာလာ အဆင်မပြေ၍ဖြစ်စေ၊ ရာသီသွေးအများကြီးဆင်းနေပါက သန္ဓေတားဆေး သုံးခြင်းမှာ ရွေးချယ်စရာ နည်းလမ်း တစ်ခုဖြစ်ဖွယ် ရှိသော်လည်း အမျိုးသမီးများ ရာသီလာခြင်းမှာ သဘာ၀ အတိုင်းသာဖြစ်ရန် သန္ဓေတားရန်ဖြစ်စေ၊ ရာသီလာခြင်းကို ရှောင်လွဲှရန်ဖြစ်စေ စဉ်းစားနေပါက ဆရာဝန်နှင့် တိုင်ပင် သင့်ကြောင်း ဒေါက်တာလန်ဒါ ကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top